.

xxx

Showing posts with label တွေ့ဆုံမေးမြန်းခန်း. Show all posts
Showing posts with label တွေ့ဆုံမေးမြန်းခန်း. Show all posts

October 13, 2013

လွတ်လပ်ရေး နှစ်မျိုးနှင့် ဗမာပြည်

Unknown | 10/13/2013 04:04:00 AM | Best Blogger Tips

ကရင့် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသေ (Timothy)
ဓါတ်ပုံ - (ရွှေဟင်္သာ)

ကရင့် ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) သည် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် KNU မှ ခွဲထွက်
ခဲ့ပါသည်။ ၄င်းတို့ ခွဲထွက် လာပြီး နောက်ပိုင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။
၎င်းတို့ ဘာကြောင့် KNU မှ ခွဲထွက်ခဲ့ရတာလဲ ?
ငြိမ်းချမ်းရေးသဘောထားနှင့် ကရင့်အမျိုးသား ရင်ကြားစေ့ရေးအတွက် ဘယ်လိုသဘောထားပြီး ဘာတွေ
ဆောင်ရွက်နေတာလဲ ?
စသည်များအား သိရှိနိုင်ရန် ကရင့် ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ်လည်းဖြစ် ဒေါက်တာတဦးလည်းဖြစ်
သူ တီမိုသေ (Timothy) အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှု့ရန်

March 20, 2013

"ကျနော်တို့ ကိုယုံပါ" ဆိုတဲ့ ၀န်ကြီးဦးခင်ရီ

Unknown | 3/20/2013 04:08:00 PM | Best Blogger Tips
 သြစတျေးလျရောက် မြန်မာဝန်ကြီး ၃ ဦးနှင့် အတိုက်အခံများ ဆွေးနွေးပွဲ အပြည့်အစုံ (အသံဖိုင်)

ဆက်လက်ဖတ်ရှု့ရန်

January 31, 2013

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြှစ်ပြတ် ချေမှုန်းရေးပဲ ဖြစ်တယ် (နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့်တွေ့ဆုံမေးမြန်းခန်း)

Unknown | 1/31/2013 05:38:00 AM | Best Blogger Tips

၂၀၁၂ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ် လိုင်ဇာမြို့အနီးရှိ စိုးမိုးကုန်းများအား အစိုးရတပ်မှ သဲသဲမဲမဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ တစ်လကျော်ကြာ နှစ်ဘက် အပြင်းထန်ဆုံး သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယခုအခါ နှစ်ဘက် တိုက်ပွဲအရှိန်ကျလာပြီး လာမည့် ဖေဖေါ်ဝါရီလ ပထမအပတ်တွင် KIO နှင့် အစိုးရကိုယ်စားလှယ်များ သည် UWSA “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ ဖိတ်ကြားချက်အရ UWSA ဗဟိုဋ္ဌာနချုပ်ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

၎င်းလက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကလည်း ယခုလ ၂၈ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

အထက်ပါ ကိစ္စများ အပေါ် ခြုံငုံသိရှိနိုင်ရန် တရုတ်နယ်စပ် နိုင်ငံရေး ၊ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောအား သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားသည် ။

ဆက်လက်ဖတ်ရှု့ရန်

January 10, 2013

ရွှပါရမီတောရကျောင်းဆရာတော် အရှင်ဆန္ဒာဓိက က ဒီဗီဘီနဲ့ သီးသန့် ဆက်သွယ်မေးမြန်း လျှောက်ထားချက

Unknown | 1/10/2013 04:58:00 AM | | Best Blogger Tips
ကိုယ်နဲ့ ကိုယ့်အပေါင်းအပါတစုအကျိုးစီးပွားအတွက်ပဲ စစ်တိုက်နေတာဆိုရင်တော့ လုံးဝကို ရပ်ဆိုင်းသင့်တယ်၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွား တိုင်းရင်းသားတွေအားလုံးရဲ့ အကျိုးစီးပွားအတွက် တိုက်နေရတာပါဆိုရင်တော့ စစ်တိုက်စရာကို လုံးဝမလိုတော့ဘူး" လို့ ရွှေပါရမီတောရကျောင်းဆရာတော် အရှင်ဆန္ဒာဓိက က ဒီဗီဘီနဲ့ သီးသန့် ဆက်သွယ်မေးမြန်း လျှောက်ထားချက်မှာ မြွက်ကြားလိုက်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

January 7, 2013

KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် ကရင်သတင်းဌာန (ကေအိုင်စီ) တွေ့ဆုံမေးမြန်းချက်

Unknown | 1/07/2013 12:12:00 AM | Best Blogger Tips

KIC – ၁၅ကြိမ်မြောက် ကွန်ကရက်အပြီးနောက်ပိုင်း ကေအဲန်ယူရဲ့ ရပ်တည်ချက်နဲ့ ရှေ့ဆက် ဦးတည်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ် တွေကို ပြောပြပေးပါလား။
ပဒိုစောကွယ်ထူးဝင်း – စည်းလုံးညီညွတ်မှုဟာ ကျနော်တို့ ရှေ့ဆက်လုပ်ငန်းစဉ်အတွက် အရေးကြီးဆုံးဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေကိုလည်း လုပ်မယ်။ ဒါတွေဟာ မရှိမဖြစ် ရှိသင့်တဲ့အရာဖြစ်တယ်။ ဒါတွေအားလုံးဟာ ပြည်သူလူထုအတွက် အကျိုးသက်ရောက်မှု ရှိရမယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်။ ရှေ့ဆက် အမျိုးသမီးပါဝင်မှုမှာလည်း ဦးဆောင်မှုကော၊ ပူးပေါင်းဆောင်ရွက်မှုပါ ကျနော်တို့ မြှင့်တင်ပေးဖို့ လိုတယ်။ ဒီအတိုင်းပဲ ကျနော်တို့ဟာ ကိုယ့်ပြည်သူလူထု အခွင့်အရေးအတွက် ဦးဆောင်သွားမယ့်
ဆက်လက်ဖတ်ရှု့ရန်

November 29, 2012

“ဒဏ်ရာတွေကို ဖုံးဖိထားလို့ မရဘူး”

Unknown | 11/29/2012 11:02:00 PM | Best Blogger Tips
နိုဝင်ဘာလ၂၉ ရက်နေ့ မနက် ၃ နာရီမှာ မုံရွာမြို့နယ် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း သပိတ်ကို အစိုးရ လုံခြုံရေး ရဲ တပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ ရဟန်းရှင်လူ ၁၀၀ ကျော် မီးလောင် ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ပါတယ်။ သမ္မတရုံးက ဓာတုဆေးဝါးပါဝင်တဲ့ဗုံးကို အသုံးမပြုခဲ့ဘူးလို့ (တရားမဝင် ဖေ့ဘွတ်ကတဆင့်) ဆိုပေမယ့် ဒဏ်ရာရသူတွေနဲ့ မျက်မြင်အရပ်ဘက် သတင်းတွေ၊ မုံရွာဆေးရုံ သတင်းရပ်ကွက်တွေကတော့ ဒါဟာ လူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ လောင်ကြွမ်းစေတဲ့ ဓာတုဆေးရည်ပါတဲ့ မီးလောင်ဗုံးတွေ ဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင် စစ်အစိုးရ လက်ထက် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်တဲ ကပစ(ကာကွယ်ရေး ပစ္စည်းနဲ့ စစ်လက်နက် ပစ္စည်း ထုတ် စက်ရုံ) အမှတ်(၃) မှာ အာပီဂျီ အလုပ်ရုံ ခွဲမှူး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း နဲ့  ဧရာဝတီ သတင်းထောက် ကိုညို (အော်စလို) ဆက်သွယ်မေးမြန်း ခဲ့တာတွေကို တင်ပြလိုက်ပါတယ်။

မေး ။  ။ လက်ပံတောင်းတောင် သပိတ် အကြမ်းဖက်ဖြိုခွဲတာနဲ့ ပတ်သက်ပြီး မျက်ရည်ယို ဗုံးလား၊ မီးလောင်ဗုံးလား လို့ အငြင်းပွားနေတာကို ကာကွယ်ရေး ၀န်ကြီးဌာန စစ်လက်နက်ထုတ် ပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူ တယောက်ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး ဘယ်လိုသုံးသပ်မှု ပေးချင်သလဲ။

ဖြေ ။  ။ မျက်ရည်ယိုဗုံး(Tear Gas)ဆိုတာ မီးခိုးဗုံးပဲလေ၊ သူကမျက်စိနဲ့ ထိမှန်ရင် စပ်ပြီး မျက်ရည်ကျအောင် စီမံထားတဲ့ ဓာတ်ငွေ့ချည်း သက်သက်ထွက်တဲ့ ဗုံးပါ။ မီးပန်း ထွက်စရာမလိုဘူး။ အခုဟာက မီးပန်း မီးပွားတွေ ပန်းထွက်နေတဲ့အခါကျတော့ ဘယ်လိုမှ မီးခိုးဗုံး မဖြစ်နိုင်ဘူးပေါ့ဗျာ။ သတင်းတွေအရ ဆိုးဆိုးရွားရွား သိရတာက ဗုံးထဲကနေ လွင့်စင်လာတဲ့ အဖြူရောင် အနှစ်တွေက လူ့ခန္ဓာကိုယ်ထဲ စွဲကပ်ပြီး မီးလောင်တယ်၊ ရေထိတော့ပိုလောင်တယ်၊ ဒါဆို မီးစုန်းဗုံး သဘောမျိုးဖြစ်သွားပြီ။ ကျနော်တို့က ဗုံးအမျိုးအစားကို မျက်မြင်တွေ့ရတဲ့ အခြေအနေကြည့်ပြီး ခွဲခြားရတာ၊ မီးထွက်တဲ့ ဗုံးကို မီးလောင်ဗုံးပဲ ခေါ်မယ်၊ မီးခိုးပဲထွက်တဲ့ ဗုံးကို မီးခိုးဗုံးလို့ ခေါ်မှာပေါ့ဗျာ။ အခုဟာက မီးတွေပန်းထွက်နေတဲ့ ဗုံးမို့ မီးလောင်ဗုံးလို့ တိတိကျကျပြောတာပါ။

မေး ။  ။ ဒီလို ဗုံးအမျိုးအစားကို တပ်မတော်က ဘယ်လိုအချိန်အခါမှာ သုံးသလဲ၊ အခုလို ဆန္ဒပြတာမျိုးမှာ သုံးရမည့် ညွှန်ကြားမှုမျိုးတွေရောရှိခဲ့ဖူးလား။

ဖြေ ။  ။ ဗီယက်နမ် စစ်ပွဲတွေမှာ အမေရိကန် တပ်က သုံးတယ်၊ ဗီယက်နမ်တွေက တောတောင်သစ်တောတွေကို အကာအကွယ် ယူပြီး ပြောက်ကျားစစ်ကိုသုံးလို့ အမေရိကန်တွေ အထိနာတယ်။ ဗီယက်နမ် ပြောက်ကျားတွေ တောတောင်နဲ့ မြေအောက်ဂူတွေ၊ ကျင်းတွေထဲခိုလို့ မရအောင် မီးတိုက်နှိမ်နင်းဖို့ နပမ်းဗုံး(ဗုံးဒဏ်သင့် ဗီယက်နမ် ကလေးမလေး အမည် Napalmကို အစွဲပြုသုံး)ဆိုပြီး ထွင်သုံးတာ။ အဲဒီ နပမ်းဗုံးက ဓာတုဆေးရည်တွေနဲ့ ဖော်စပ်ထားတာ၊ အပင်တွေကို ဆေးရည်ထိရင် ဆေးရည်မကုန်မချင်း မီးမငြိမ်း ဘူး။ သစ်ပင်တွေ၊ သစ်တောတွေ မီးလောင်ပြာကျအောင် ထွင်ထားတာ။ နောက်ပိုင်း ဒီဗုံးရဲ့ဆိုးကျိုးကို ဗီယက်နမ်မလေး Napalm ရဲ့ ဖြစ်ရပ်က တဆင့် စစ်မြေပြင် သတင်းထောက်တွေ ဖော်ထုတ်သိရပြီး ကန့်သတ်တားမြစ်မှုတွေ ပေါ်လာတာ။

ဥပမာ Flame Thrower လို ပေ၂၀ လောက် မီးပန်းထွက်တဲ့ မီးသေနတ်တွေကို ဘန်ကာ၊ ကတုတ်ကျင်းထဲက ရန်သူတွေကို တိုက်ရာမှာပဲသုံးပြီး၊ မြေပြင်တက် တပ်ဖွဲ့တွေကို မသုံးရဘူး။ ဂျနီဗာ စာချုပ်မှာ ကန့်သတ်ထားတယ်။
ပြောချင်တာက မီးလောင် ဒဏ်ရာရစေတယ် ဆိုတာ ပြင်းထန်အောင် ထိခိုက်တဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုမျိုး ဖြစ်တယ်။

စစ်တိုက်တယ် ဆိုတာတောင် မချိမဆန့် ဒဏ်ရာရစေရင် လူမဆန်ဘူးလို့ သတ်မှတ်တယ်။ ဒီလို မဖြစ်အောင် နိုင်ငံတကာ ဆန္ဒပြမှုတွေကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတာပေါ့။ စစ်ပွဲမှာတောင် လက်မခံတဲ့ကိစ္စကို လက်နက်မဲ့ ဆန္ဒပြသူတွေကြား သုံးတယ် ဆိုတာ ရာဇ၀တ်မှု ကျူးလွန်တာပဲ ဖြစ်တယ်။ အခုဖြစ်တဲ့ဟာမှာ မီးလောင်ဗုံးတွေ သုံးခဲ့တယ်ဆိုတာ ဒဏ်ရာတွေ ကြည့် ရင် သိသာတယ်။ ဒဏ်ရာတွေကို ဖုံးဖိထားလို့မှ မရတာ။

မေး ။  ။ တပ်မတော်ကရော ဒီလို မီးလောင်ဗုံးတွေ ဘယ်လို နေရာမှာသုံးလဲ။

ဖြေ ။  ။ ကျနော်တို့ ကပစ မှာတော့ ပေါင်၂၀၀ မီးလောင်ဗုံးတွေ ထုတ်ထားတာ ရှိတယ်။ အဓိကရုဏ်း နှိမ်နင်းဖို့ မျက်ရည်ယိုဗုံးတွေထုတ်တာရှိတယ်။ ဒါလဲ ကျနော်တို့ဆီက လိုအပ်မှ ထုတ်တာ။ ကျနော်မှတ်မိနေတာ တခုရှိတယ်။ ၁၉၉၆ ခုကျောင်းသား အရေး အခင်းကို ဖြိုခွဲတုံးက ကျနော်တို့ စက်ရုံကို အဓိကရုဏ်း နှိမ်နင်းရေးအတွက် မျက်ရည်ယိုဗုံးတွေထွင်ပြီးထုတ်ခိုင်းတယ်။ ကျည်ဆန် တွေမှာ ဆေးအကြည်တွေထည့် ပစ်ရတာ၊ ကျည်ထဲမှာ ခဲဖူးလေးတွေ ပါတယ်၊ အဲဒီ ခဲဖူးတွေကို အပေါ်က ရာဘာ အုပ်ထားတာ။ ရာဘာကျည်ဆန် မှန်တာနဲ့ အသားအကွင်းလိုက် ပျက်ကျတာပေါ့။ မျက်လုံးထိရင် ကန်းတယ်။ သေတော့ မသေနိုင်ဘူး။ သိတ်မပြင်း တော့ ဗိုလ်ချုပ်မောင်အေး က တိုက်ရိုက် အမိန့်ပေးဖူးတယ်။
“သေချင် သေပစေကွာ၊ ယမ်းအား မြှင့်ပြီးထုတ်”လို့ ဆိုတော့ ယမ်းအားမြှင့်ပြီး အစမ်းပစ် ကြတယ်။ ကျနော့် ရှေ့ အရင်ရောက် နေ တဲ့ ဆရာ တယောက် ပြန်ပြောပြလို့ သိရတာက အဲဒီ ယမ်းအားမြှင့် ကျည်တွေနဲ့ ရဲဘော်တချို့ကို အဝေးကနေ စမ်းပစ်ကြတာ၊ ဒဏ်ရာတွေ ရကုန်တယ်တဲ့။

မေး ။  ။ ဒါဆို အခု လက်ပံတောင်းတောင် သပိတ်မှာ စွမ်းရည်မြှင့် မီးခိုးဗုံးတွေ ထုတ်သုံးတာရော မဖြစ်နိုင်ဘူးလား။

ဖြေ ။  ။ ကပစ ကတော့ မီးခိုးဗုံးပဲ ပုံမှန်ထုတ်တာပေါ့။ ဒါပေမယ့် အကြီးအကဲ အရာရှိတယောက်ယောက်က မီးခိုးဗုံးကို စွမ်းရည်မြှင့် ထုတ်ခိုင်းတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ကပစ ထုတ်တဲ့ မျက်ရည်ယိုဗုံးက စံချိန်နဲ့မကိုက်ညီတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ် မိမလား မသိဘူး၊ ၂၀၀၇ ရွှေဝါရောင် တုံးက ရွှေတိဂုံဘုရား စောင်းတန်းတခုမှာ မီးခိုးဗုံးတခုကနေ မီးပန်းတွေ ဖြာထွက်နေတဲ့ ဗီဒီယို ကလစ်လေး တခု သတိထားမိတယ်။

မေး ။  ။ တချိန်က ကရင်ပြည်နယ် ၀မ်ခ တိုက်ပွဲမှာရော၊ မာနယ်ပလော နဲ့ အခုနောက်ပိုင်း ကချင် စစ်မြေပြင်မှာပါ တပ်မတော်က ဓာတု လက်နက်တွေ ထုတ်သုံးတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ခဲ့ဖူးတယ်။ လူမသေပဲ၊ အရေပြားတွေ လောင်တာ၊ နားထဲက သွေးထွက်တာ၊ မူးဝေအော့အန်ပြီး လမ်းဆက်မလျှောက်နိုင်တာ စတဲ့ လက္ခဏာတွေ ပေါ်တယ်လို့ သတင်းတွေ ဖတ်ဖူးတယ်။ တပ်မတော်က တိုင်းရင်းသားတွေနဲ့ စစ်ခင်းရာမှာ ဓာတုလက်နက်တွေ သုံးတတ်သလား။

ဖြေ ။  ။ သုံးတတ်ပါတယ်။ ကိုယ်တိုင်တော့ အဲဒီလို တိုက်ပွဲတွေ မမီခဲ့ပေမယ့် ကျနော်တို့ စစ်အင်ဂျင်နီယာ သင်တန်းမှာ ဓာတု လက်နက် ကိစ္စတွေလည်း ဘာသာရပ်ခွဲတခု အနေနဲ့ သင်ခဲ့ရတယ်။ သင်တန်းတခုမှာ ကပစ (၅)က ဒု တပ်ရင်းမှုး ဗိုလ်မှူးကြီး ဉာဏ်ထွန်း က ပြောဖူးတာပေါ့။ သူက ဓာတုလက်နက်ဆိုင်ရာ သင်တန်းပေးတာ၊ သူက ကရင်ပြည်နယ် ၀မ်ခမှာ တိုက်ပွဲတွေဖြစ် တော့၊ တပ်က လူတွေအများကြီး သေတယ်ဗျာတဲ့။

တဖက်က၊ ကတုတ်ကျင်းတွေ ထဲကနေ ခံပစ်တော့ တက်မရဘူး၊ ဒါနဲ့ အခုပြောနေကြတဲ့ မီးလောင်ဗုံးတွေ စပြီး စမ်းသပ်လုပ်ကြ တာပေါ့ လို့ ပြောဖူးတယ်။ နောက် Pressure Bomb လို့ ခေါ်တဲ့ မိုင်းရှင်းတဲ့ ဗုံးလဲ စမ်းကြတယ်။ သူက အမြှောက်ဆံနဲ့ မိုင်းရှိမယ် ထင်တဲ့ မြေပြင်ပေါ်ကို ပစ်လိုက်ရင်၊ ပေါက်ကွဲအားပြင်းတော့ လေထုထဲမှာ လေဟာနယ် ဖြစ်သွားပြီး ရုတ်တရက် ပြင်ပ လေထုတွေဝုန်းခနဲ ပြန်စုတော့ မြေကြီးကိုဖိအားနဲ့ ရိုက်သလိုဖြစ်ပြီး မြှုပ်ထားတဲ့ ဗုံးတွေပေါက်ကွဲတဲ့ သဘောပဲ။ ကတုတ်ကျင်းထဲ ရေအပြည့် ထည့်ထားတဲ့ တိုင်ကီပုံး တလုံးတည်း စမ်းတာ၊ အဲဒီ Pressure ဗုံးကြောင့် တိုင်ကီထဲ ရေတစက်မှ မကျန်အောင်လွင့်စင်ပြီး တိုင်ကီ လည်း လိန်ပိန် တွန့်ခေါက်သွားတာ။

အဲဒီလို ဖိအားပေး မိုင်းရှာဗုံးတွေ(Pressure Bomb)နဲ့ မီးလောင်ဗုံး(Incendiary)တွေ သုံးတော့ ကတုတ်ကျင်းထဲက လူတွေလည်း ဘယ်ခံနိုင်မှာတုံး။ အဲဒီလို ဓာတုလက်နက်တွေ သုံးရင် ဂျနီဗာ သဘောတူညီချက်နဲ့ မညီဘူး။ ဒါကြောင့် တပ်က ဓာတုလက်နက် သုံးမယ်ဆို လူသိမခံဘူး။
ဥပမာ ရှေ့တန်း စစ်မြေပြင်တခုမှာ ဓာတုလက်နက် သုံးမယ်ဆိုတာ ခြေလျင်တပ် အရာရှိတွေကိုတောင် ပေးမသိစေဘူး။ ကျနော် တို့ ကာကွယ်ရေး စက်ရုံက အရာရှိတွေကိုယ်တိုင် သွားပစ်တာ။ ခြေလျင်တပ်သားတွေကို အနားမှာ မရှိစေဘူး။

မေး ။  ။ ကျနော်တို့ အတွေ့အကြုံအရ ဆန္ဒပြမယ်ဆိုရင် ရဲတပ်ဖွဲ့က ပထမ လူစုခွဲဖို့ သတိပေးမယ်။ ဒုတိယ တားမြစ်ထားတဲ့ အရံ အတားကို မကျော်ရဘူး၊ တတိယ အဆင့်က မီးသတ်ပိုက်နဲ့ပက်မယ်၊ အဲဒါမှ မရရင် မျက်ရည်ယိုဗုံး ဖောက်မယ်၊ နောက်ဆုံး နံပါတ် တုတ်နဲ့ ရိုက်မယ်၊ ဖမ်းမယ်ပေါ့။ ဒါကလည်း ဆန္ဒပြလူထုက ထကြွပြီး ချိုးဖောက်ရန်မူမှ ဖြစ်တာ၊ ဆန္ဒပြသူတွေ ငြိမ်းငြိမ်းချမ်းချမ်း ထိုင်နေရင် ရဲက ကျန်းမာရေးနဲ့ လုံခြုံရေးတောင် တာဝန်ယူရသေးတယ်။

ဒီမိုကရေစီ နိုင်ငံတွေမှာတော့ ကျနော်တို့ အဲဒီလိုပဲ ကြုံဖူးတယ်။ အခုဖြစ်တာက သံဃာတော်တွေ ကိုယ့်သပိတ်စခန်းထဲ ထိုင်ပြီး မေတ္တာပို့နေတာကို လှမ်းပစ်တာ ဆိုတော့၊ တပ်မတော် အရာရှိဟောင်း တယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။  ။ အခုဖြစ်နေတဲ့ဟာက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့လုံးဝမှ မကိုက်ညီဘူးလေ။ နိုင်ငံတကာ စံနှုန်းက စစ်မြေပြင်မှာတောင်၊ အခုလို မီးလောင်ကြွမ်း ဒဏ်ရာရစေမှုကို အကန့်အသတ်နဲ့ပဲ သုံးရတယ်။ အခု မြန်မာပြည်မှာ လုပ်နေတဲ့ဟာတွေက မျက်ကန်း တစ္ဆေမကြောက်၊ ထင်သလို လုပ်နေသလိုပဲ။ ဒီမိုကရေစီ နိုင်ငံတိုင်းလည်း ဆန္ဒပြသူတွေကို အရေးယူတာတွေ ရှိတာပဲ။ ကိုယ့်လက်ဆ ကိုယ်သိဖို့တော့ လိုတာပေါ့။ ဒီမိုကရေစီ စိတ်၊ ပြုပြင် ပြောင်းလဲချင်စိတ်တော့ ရှိရမှာပေါ့။  ။
ဧရာဝတီ
ဆက်လက်ဖတ်ရှု့ရန်

November 15, 2012

ထားဝယ်အတွက် မာတာပွတ် သင်ခန်းစာ

Unknown | 11/15/2012 12:07:00 AM | Best Blogger Tips
7Day News Journal

ရေးသားသူ- အေးမြကျော်
ထားဝယ်အတွက် မာတာပွတ် သင်ခန်းစာ

ရေးသားသူ- အေးမြကျော်

တစ်ဝီးဝီးလည်နေတဲ့ အားပြင်းပန်ကာနှစ်ခုရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ကာအသက်ကို တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းရှိုက်ရှုလိုက်ရင်း အသက် (၆၃) နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးမီဖဆိုင်ဒွန်ဖယူက သူမအတွေ့အကြုံများကို မြန်မာပြည်ကလာသော သတင်းသမားများကို ဝေငှနေသည်။ သူမတို့နေထိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် သူမအပါအ၀င် အနီးအနား၌ နေထိုင်သောဒေသခံထိုင်းလူမျိုး ၁၀ ယောက်ကျော်လည်း စုဝေးရောက်ရှိကာ သူတို့ခံစားနေရသော မာတာပွတ်စက်ရုံများ အကြောင်းကို ပြောပြရန် စိတ်ထက်သန်နေကြသည်။

အဖြူရောင်သမ်းနေသော ဆံပင်တိုတိုနှင့် ရှပ်အကျခပ်နွမ်းနွမ်းဝတ်ဆင်ထားသော သူမကရှေ့တွင်  ထိုင်နေကြသော  ၁၂ ယောက်သော မြန်မာသတင်းသမားများကို “ထားဝယ်မှာ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းလို့ရတဲ့ အခွင့်အရေးရှိတယ်။ အဲဒါကတော့ မာတာပွတ်ရဲ့ သင်ခန်းစာကို နမူနာယူဖို့ပဲ” ဟု ဒွန်ဖယူက လက်ကိုမြှောက်ကာပင့်ကာ ပြောသည်။

ထိုင်းအမျိုးသမီးကြီး ဒေါ်ဖယူတို့ နေထိုင်သော နွမ်ဝိုင်းရပ်ကွက် ငါးနေရာမှာ ရယောင်းပြည်နယ်၊ မာတာပွတ်ဒေသတွင်ရှိပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုလုပ်ငန်းစီမံကိန်းကို ကားဖြင့် ၁၀ မိနစ်ခန့်မောင်းလျှင် ရောက်နိုင်သည့်နေရာလည်းဖြစ်သည်။

မာတာပွတ်စက်မှုလုပ်ငန်း စီမံကိန်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က အစပျိုးခဲ့ပြီး ယခုအခါ မြေဧက ၁၆၀၀ ပေါ်တွင် စက်ရုံပေါင်း ၆၅ ရုံကျော် တည်ဆောက်ပြီးစီး လည်ပတ်နေပြီဖြစ်သည်။ အရှိန်ကောင်းကောင်းလည်ပတ်နေပြီး ထိုစက်ရုံများမှ ထွက်သောမီးခိုးငွေ့များကို မာတာပွတ်ကောင်း 
ကင်တစ်ခွင် အတိုင်းသား မြင်တွေ့နိုင်သည်။

လေထုကို အကြီးအကျယ် ညစ်ညမ်းစေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံများက နိုင်ငံဝင်ငွေကို တိုးပွားစေသလို ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သလို ကင်ဆာရောဂါဝေဒနာရှင်အသစ်များနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်အသစ်များကိုလည်း တစ်ပါတည်းဖန်တီးပေးခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်ကာလအတွင်း မာတာပွတ်စက်ရုံများအနီးတွင် နေထိုင်သူများတွင် ကင်ဆာရောဂါများ ဖြစ်ပွားလာပြီး ၁၉၉၇ မှ ၂၀၀၅ ခုနှစ်အထိ ထိုင်းကျန်းမာရေးဌာနက ပြုလုပ်ထားသော စာရင်းများအရ ကင်ဆာဖြစ်ပွားမှုနှုန်းမှာ သုံးဆနီးပါး မြင့်တက်လာပြီး ယခုနောက်ပိုင်းနှစ်များတွင်  ဆက်လက်ပြုလုပ်သော စာရင်းအတိအကျမရှိသော်လည်း ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ယင်းဒေသတွင် သိသိသာသာမြင့်တက်လာသည်ဟု ထိုင်းပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေး လုပ်ငန်းကျွမ်းကျင်သူ မစ္စတာသာမန်နွန်းအပ်ချရီရာမတ်က မြန်မာသတင်းသမားများကို ပြောကြား သည်။

“မြန်မာမှာလည်း ဆင်တူတဲ့ပြဿနာတွေ ကြုံတွေ့လာလိမ့်မယ်” ဟု မစ္စသာမန်နွန်းက ပြောကြားသည်။
မစ္စတာသာမန်နွန်းဆိုလိုသည်မှာ မြန်မာနိုင်ငံတွင်လည်း ထိုင်းနိုင်ငံ ရယောင်းဒေသရှိ မာတာပွတ်စက်မှုဇုန် စီမံကိန်းကဲ့သို့အလားတူစီမံကိန်းတစ်ခု ထားဝယ်ဒေသတွင် အစပျိုးနေခြင်းကို ရည်ရွယ်လိုခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘော တူညီထားသည့် စီမံကိန်းကို စတင်ရန် မြေနေရာရှင်းလင်းရေးများ၊ ဒေသခံများအား ရွေ့ပြောင်းခြင်းများ စတင်လုပ်ဆောင်နေပြီး အဓိကရင်းနှီးမြှုပ်နှံ သော အီတာလျံထိုင်းကုမ္ပဏီက ၂၀၁၉ တွင် စီမံကိန်းအပြီး အကောင်အထည်ဖော်မည်ဟု ပြောထားသဖြင့် ၂၀၁၉ အလွန်တွင် စီမံကိန်းမှာ အကောင်အထည်ပေါ်လာပေလိမ့်မည်။

ထားဝယ်ရေနံဆိပ်ကမ်း စီမံကိန်းတည်ဆောက်ရေးကို စောင့်ကြည့်လေ့လာသူများ အဆိုအရ ထားဝယ်စီမံကိန်းမှာ မာတာပွတ်ထက် ၁၀ ဆကြီးမည့် စီမံကိန်းဖြစ်ပြီး စက်ရုံများမှ စွန့်ထုတ်သောမီးခိုးငွေ့များနှင့် သဘာဝပတ်ဝန်းကျင်သို့ သက်ရောက်ပျက်စီးမှုမှာလည်း အဆပေါင်းများစွာ ပိုများ နိုင်သည်ဟု ယင်းတို့က ခန့်မှန်းကြသည်။

ထားဝယ်ရေနက်စီမံကိန်းကိုတည်ဆောက်ရန် စတင်သဘောတူစဉ်ကာလက ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သော မစ္စတာအဘီဆစ်က ထိုင်းသတင်းဌာနများကို “ထိုင်းနိုင်ငံအတွင်း တည်ဆောက်ရန် မသင့်တော်သောစက်မှုဇုန်များကို ထားဝယ်ဒေသသို့ ပြောင်းရွှေ့တည်ဆောက်
သွားရန် ဆုံးဖြတ်လိုက်သည်” ဟု ပြောကြားခဲ့ဖူးသည်။

ရယောင်းဒေသတွင် မွေးကတည်းကနေထိုင်ပြီး အသက် ၆၅ နှစ်ရှိပြီဖြစ်သော နွမ်ဝိုင်းရပ်ကွက် ၅ အုပ်ချုပ်ရေးမှူး ဟူဒုန်ဆလီဖက “အခုကျွန်တော်ကိုယ်တိုင်လည်း ကင်ဆာရောဂါခံစားနေရတယ်။ ဆေးတွေကို ဈေးကြီးပေးဝယ် သောက်နေရတယ်” ဟု သူ၏ ကိုယ်တိုင်တွေ့ကြုံခံစားနေမှုများကို ဝေငှသည်။

သူ၏ အိမ်တွင်းဧည့်သည့်များရှေ့တွင် ချထားသော အားပြင်းလှသည့် ပန်ကာများကို ပိတ်ပစ်၍ မဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် ပန်ကာလေများက ချဉ်စူးစူးအနံ့အသက်များနှင့် တစ်ချက်တစ်ချက် လေအဝှေ့တွင် အက်ဆစ်နံ့လိုလို စူးရှရှအနံ့များမရအောင်ကာကွယ်ပေးနိုင်၍ ဖြစ်သည်ဟု သူက ဧည့်သည်များကိုရှင်းပြသည်။

ရယောင်းဒေသမှာ စက်မှုလုပ်ငန်းကြီးများ ရောက်မလာမီက ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးကြသော ဒေသတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ် ၃၀ ခန့်က နိုင်ငံ၏ အကြီးမားဆုံးသော စက်မှုလုပ်ငန်း စီမံကိန်းကြောင့် ဥယျာဉ်ခြံမြေများစွာကွယ်ပျောက်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ဒူးရင်း၊ ပင်မှည့်၊ သရက် စသည့်အပင်များ စိုက်ပျိုးကာ ၀င်ငွေရှာဖွေခဲ့သော ထိုဒေသတွင် နှစ် ၃၀ ကြာလာသော ယနေ့အချိန် အခါတွင်တော့ အပင်များမှာ ပိုးကျခြင်း၊ အသီးများအချိန်မတိုင်မီ ကြွေကျခြင်းများ ဖြစ်လာပြီး မဖြစ်ထွန်းတော့ဘဲ ထိုသို့ဖြစ်ရခြင်းမှာ မာတာပွတ်စက်ရုံများမှ ထွက်သော ဓာတုအဆိပ်များကြောင့်ဖြစ်ကြောင်း ဒေသခံများက ထစ်ချယုံကြည်ကြသည်။

“မိုးရေတွေဟာလည်း အရင်လိုမသန့်တော့ဘူး။ မိုးရေတွေထဲမှာမည်းမည်းအဖတ်တွေအမြဲပါတယ်။ မိုးရေထိတဲ့ သူတွေလည်း အရေပြားယားယံတာတွေ အမြဲဖြစ်တယ်” ဟုရယောင်းဒေသတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။ ရယောင်းဒေသတွင် စက်ရုံ များတည်ဆောက်ပြီးနောက်မှ ကိုယ်ခန္ဓာချို့ယွင်းသူများနှင့် မသန်စွမ်းသူများအတွက် နှစ်ဧကကျော်ခန့် ကျယ်ဝန်းမည့် မြေပေါ်တွင် ကျောင်းဆောက်လုပ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ ၁၀ နှစ်တာကာ လအတွင်း နာမကျန်းဖြစ်သူဦးရေမှာ အဆမတန်မြင့်တက်လာသည့်အတွက် ရယောင်းမှ ဆေးရုံများကို တိုးချဲ့ဆောက်လုပ်လိုက်ရပြီး ဆေးရုံများတွင် ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ရယောင်းဒေသ ပြည်သူ့ ကျန်းမာရေးဌာနမှ ကျွမ်းကျင်ဝန်ထမ်းတစ်ဦးက ပြောသည်။

“တစ်ဖက်က စီးပွားရေးတိုးတက်ဖို့ လုပ်သလို တစ်ဖက်မှာလည်း အခြားကျန်းမာရေးနဲ့ အရေးကြီးတဲ့ ကိစ္စတွေရှိသေးတယ်။ ဒါကို အချိုးညီညီလုပ်နိုင်ဖို့ အရေးကြီးတယ်။ မြန်မာအစိုးရအနေနဲ့ ထားဝယ်စီမံကိန်းကို မာတာပွတ်က သင်ခန်းစာကို နမူနာယူပြီး ဆက် လုပ်သင့်တယ်လို့ထင်တယ်” ဟု ယင်းကပင် အကြံပြုပြောကြားသည်။

ထားဝယ်ဒေသတွင် ထိုင်းမှ အဓိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုစီမံကိန်း ကနဦးစတင်ပြီး မကြာမီမှာပင် အစိုးရက မဂ္ဂါဝပ် ၄၀၀၀ ကျောက်မီးသွေး လျှပ်စစ်စက်ရုံကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဧကငါးသောင်းကျော် မြေနေရာပေါ်တွင် အကြီးစားစက်ရုံ အလုပ်ရုံများကို ဆက်လက်တည်ဆောက်သွားမည်ဟု သတင်းထုတ်ပြန်သည်။ အမေရိကန် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုနှင့် ၁၀ နှစ်တာအတွင်းအပြီး အကောင်အထည်ဖော်သွားမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသဖြင့် နောင် ၁၀ နှစ်ကျော် ကြာလျှင် ထားဝယ်ကောင်းကင်ပြင်တွင် မာတာပွတ်တွင်ကဲ့သို့ မီးခိုးငွေ့များ ပြန့်ကြဲနေပေလိမ့်မည်။ 

တစ်ချိန်က ခရီးသွားဆွဲဆောင်မှု တစ်နေရာဖြစ်ခဲ့သော မာတာပွတ်ကမ်းခြေ ပြာလဲ့လဲ့မှ အမည်းဖတ်၊ အမှိုက်များနှင့် နောက်ကျိနေသော ငံပြာရည်ရောင် ပြောင်းသွားသကဲ့သို့ ထားဝယ်မောင်းမကန်ကမ်းခြေအရောင်ပြောင်းသွားမည်လားဆိုသည်ကတော့ မေးခွန်းတစ်ခုဖြစ်နေသည်။
မာတာပွတ် ဒေသခံများက နောက်ကျမှသိခဲ့ရသော စက်ရုံအလုပ်ရုံများမှ ဓာတုအဆိပ်များကြောင့် ယင်းတို့၏ ကျန်းမာရေးနှင့်လူမှုဘ၀အထွေထွေကို ဆိုးရွားစွာ သက်ရောက်ခဲ့ရခြင်းကို နည်းမျိုးစုံဖြင့် အားအင်ရှိသမျှ တားဆီးခဲ့သော်လည်း နောက်ဆုံးတွင် အားမတန်မာန်လျှော့ခံရကြောင်း ဒေသခံများက မြန်မာသတင်းသမားများကို ပြောသည်။

“မလုပ်ခင်ကတည်းက ဘာမှမလုပ်စေတာကောင်းတယ်။ အကောင်းဆုံးကတော့ တိုင်တစ်တိုင်တောင် လာအစိုက်မခံနဲ့” ဟု  ခံပြင်း ဒေါသထွက်နေဟန်ရှိသော ဒွန်ဖယူက မြန်မာသတင်းသမားများမှ တစ်ဆင့် ထားဝယ်ဒေသခံများကို စကားပါးလိုက်ပါသည်။
တစ်ဝီးဝီးလည်နေတဲ့ အားပြင်းပန်ကာနှစ်ခုရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ကာအသက်ကို တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းရှိုက်ရှုလိုက်ရင်း အသက် (၆၃) နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးမီဖဆိုင်ဒွန်ဖယူက သူမအတွေ့အကြုံများကို မြန်မာပြည်ကလာသော သတင်းသမားများကို ဝေငှနေသည်။ သူမတို့နေထိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် သူမအပါအ၀င် အနီးအနား၌ နေထိုင်သောဒေသခံထိုင်းလူမျိုး ၁၀ေ...
ယာက်ကျော်လည်း စုဝေးရောက်ရှိကာ သူတို့ခံစားနေရသော မာတာပွတ်စက်ရုံများ အကြောင်းကို ပြောပြရန် စိတ်ထက်သန်နေကြသည်။

November 5, 2012

“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်” (KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် ဧရာဝတီ အင်တာဗျူး)

Unknown | 11/05/2012 03:25:00 AM | | Best Blogger Tips
                               
ကချင်လွတ်လပ်ရေးတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ–နန်းသီရိလွင်/ဧရာဝတီ)

“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”
KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် အင်တာဗျူး
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။
ဆက်လက်ဖတ်ရှု့ရန်

November 1, 2012

“သူ့ဘက်ကလည်း မျှတ၊ ကိုယ့်ဘက်ကလည်း မျှတရမယ်”လို့ဆိုတဲ့ နော်အုန်းလှ ရဲ့ ကေအဲန်ယူအပေါ်အမြင်

Unknown | 11/01/2012 12:05:00 AM | | Best Blogger Tips
နိုဝင်ဘာ ၁ရက်၊ ၂၀၁၂။ (ကေအိုင်စီ)

 မေး – လက်ရှိ ကေအဲန်ယူမှာ ခေါင်းဆောင်ပိုင်း ပဋိပက္ခ ဖြစ်နေတယ်လေ။ ဒီအပေါ်မှာ ဘယ်သူတွေကို ဘယ်လိုရိုက်ခတ်မှု ဖြစ် မလဲ။
ဆက်လက်ဖတ်ရှု့ရန်

October 31, 2012

KNU အနေနဲ့ ကရင်မဟုတ်သူတွေရဲ့ စကားကို မယုံကြဖို့ ဦးပညာသာမိ မိန့်ကြား

Unknown | 10/31/2012 11:46:00 PM | | Best Blogger Tips
(တောင်ကလေးဆရာတော် ဦးပညာသာမိကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းထားတာတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကရင်အမျိုးသားအစည်းအရုံးအပေါ် ထားရှိတဲ့ ဦးပညာသာမိရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာ ဖြစ်ပါတယ်။)
ဆက်လက်ဖတ်ရှု့ရန်