.

xxx

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

August 19, 2014

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

Unknown | 8/19/2014 02:27:00 AM | Best Blogger Tips

                                                                               

 ထိုင်း ရဲမှူးကြီး ချမ်နန်၏ ကိုယ်ပိုင်ကား အတွင်းတွေ့ရသည့် မူးယစ်ဆေးဝါးများ အပြည့် ထည့်ထားသော သေတ္တာတလုံး (ဓာတ်ပုံ – ဘန်ကောက်ပို့စ် )
ထိုင်း ရဲအရာရှိကြီး တဦးကို မြန်မာနယ်စပ်ကနေ ကိုယ်တိုင်သယ်လာတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင် ဒေသ မှာ သြဂုတ်လ ၁၈ ရက်က ဖမ်းဆီးရမိကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည်အလွန်ကြီးခဲ့ပြီး မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော်(ကျပ်ငွေ သန်း ၄၈ဝဝ ဝန်းကျင်) တန်ဖိုးရှိတဲ့ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား တွေနဲ့ အတူ ဖမ်းဆီးရမိခြင်းဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
ရဲမှူးကြီး ချမ်နန်ဟာ မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်မြို့က ထွက်ခွာလာစဉ် သူစီးလာတဲ့ တိုယိုတာအမျိုးအစား ကားထဲမှာ မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားတွေကို ခရီးဆောင် အိတ်တွေထဲ အပြည့်ထည့် တင်ဆောင်လာခဲ့ပြီး မယ်ဆိုင်အထွက် ချင်းရိုင်ဒေသ က စစ်ဆေးရေး ဂိတ်တခုမှာ ဖမ်းဆီးခံရတာပဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးရေးဂိတ်က ရဲမှူးကြီး ချမ်နန်ရဲ့ ကားကို စစ်ဆေးရာမှာ ကားနောက်ခန်းထဲမှာ ပါလာတဲ့ ခရီးဆောင်အိတ်ကြီး ၂ လုံးထဲမှာ စိတ်ကြွဆေးလုံး ၈ သိန်း၊ စိတ်ကြွဆေး ခရစ္စတယ်လ်(Crystal meth) ၁ ကီလို ဂရမ်တို့ကို တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်း မှာ ပါရှိ ပါတယ်။
ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး ပမာဏဟာ တရားမ၀င် အသုံးပြုနေကြတဲ့ သူတွေအကြား ၀ယ်ယူနေရတဲ့ ဈေးနှုန်းနဲ့ တွက်ကြည့်ရင် ဘတ်သန်း ၁၆၄ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
မယ်ဆိုင် ရဲတပ်ဖွဲ့က ထောက်လှမ်းရေး ကြိုတင် သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ ရဲမှူးကြီး ချမ်နန်ရဲ့ ကားကို ၎င်းတို့ တာဝန်ကျ နယ်မြေအတွင်းမှာပဲ ဖမ်းဆီးရမိခဲ့တာလို့ ပြောဆိုပါတယ်။
ရဲမှူးကြီး ချမ်နန်က မယ်ဆိုင်စစ်ဆေးရေးဂိတ်ရှိ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောဆိုရာမှာ သူဟာ အစိုးရရဲ့အရေးကြီး စစ်ဆင်ရေး တခုနဲ့ တရားမဝင် ပစ္စည်းတွေ ရှာဖွေဖို့ ညွှန်ကြားခံထားရတယ်ဆိုပြီး လိမ်ညာပြောတယ်လို့လည်း မယ်ဆိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ကို မြန်မာနိုင်ငံက ရှမ်းလူမျိုး မူးယစ်ဆေးဂိုဏ်း တခုက မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးဖို့ ထိုင်း ဘတ်ငွေ ၆ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ရဲမှူးကြီး ချမ်နန်က ဖြောင့်ချက်ပေး ဝန်ခံ ပြောဆိုထားပါတယ်။ သူ့အနေနဲ့ အကြွေး ဘတ်ငွေ ၃ သန်းလောက် ရှိနေတာကြောင့် အဲဒီကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။
ရဲမှူးကြီး ချမ်နန်ဟာ ရဲတပ်ဖွဲ့ သမဝါယမအသင်းက အကြွေးနဲ့ ၀ယ်ယူထားတဲ့ အိမ် ၂ လုံးအတွက် လစဉ်ကြေး သွင်းနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရဲမှူးကြီး ချမ်နန်ကို ရာထူးက ယာယီဖယ်ရှားထားပြီး မူးယစ်ဆေးဝါး တင်သွင်းရောင်းချမှု ကွန်ရက်မှာ ဘယ်သူတွေ ပါဝင် ပတ်သက် တယ်ဆိုတာ စုံစမ်းစစ်ဆေးသွားဖို့ကို ခေတ္တ ဆိုင်းငံ့ထားတယ်လို့ သူ့ကို စစ်ဆေးနေတဲ့ လက်ထောက် ရဲမှူးချုပ် Damrongsak Kittiprapas က ဘန်ကောက်ပို့စ်ကို ပြောဆိုထားပါတယ်။
ယခင်က ရဲမှုးကြီး ချမ်နန်ဟာ စစ်ဆေးရေးဂိတ်က တာဝန်ကျ ရဲတွေကို မူးယစ်ဆေး သယ်ယူမှုတွေကို ဖော်ထုတ်ဖို့ ဘယ်လို လုပ်ရ တယ်၊ မူးယစ်ဆေးတွေ သယ်လာနိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုရှိသလဲ ဆိုတာတွေကို ပုံမှန် ပို့ချသင်ကြား ပေးလေ့ ရှိသူလို့လည်း သိရပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

February 10, 2014

ဂေဘားမျိုးနွယ်စုမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်း အပေါ်

Unknown | 2/10/2014 05:00:00 AM | Best Blogger Tips


၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံတ၀ှမ်းရှိ ကရင်တိုင်းရင်းသားလူမျိုးများ သည် ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလ (၉-၁၀) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်းတွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲမှ သုံးသပ်ချက်များထဲတွင် “ကရင်တိုင်းရင်းသားလူမျိုးက သမိုင်းအရ အစဉ်တစိုက် သိရှိထားသော မိမိတို့၏ မျိုးနွယ်စုဝင်အချို့သည် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ ကရင်တိုင်းရင်းသားလူမျိုး၏ မျိုးနွယ်စု သတ်မှတ်ခေါ်ဝေါ်ရာတွင် အခြားသော တိုင်းရင်းသားလူမျိုးများ သတ်မှတ်စာရင်းထဲ၌ ထည့်သွင်းထားသည်ကို တွေ့ရသည်” ဟူသည့်အချက်ပါရှိခဲ့သည်။ ထို့အပြင် အကြံပြုတောင်းဆိုချက်များထဲတွင်လည်း “သန်းခေါင်စာရင်း လာရောက် ကောက်ယူချိန်၌် မိမိကိုယ်မိမိ ကရင်လူမျိုးဖြစ်ကြောင်းဖော်ပြရာတွင် မိမိ၏ကရင်မျိုးနွယ်စုအမည်ကို ရှင်းရှင်းလင်းလင်း ဖြေဆိုပေးရန်”ဟု ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှု့ရန်

January 18, 2014

New York မြို့ကို ထိပ်လန့်စေခဲ့တဲ့ မကောင်းဆိုးဝါးကလေးငယ်

Unknown | 1/18/2014 11:00:00 PM | Best Blogger Tips

Sunday, January 19, 2014

ထိပ်လန့်သည်းဖိုရုပ်ရှင် Devil’s Due ရဲ့ ထုတ်လုပ်သူတွေကတော့ New York မြို့မှာသူတို့ရဲ့ရုပ်ရှင်ကို အရောင်းမြှင့်တင်ဖို့ သမိုင်းတွင်တဲ့ စတန့်တစ်ခုကိုပြုလုပ်လိုက်ပါပြီ။

အရောင်းမြှင့်တင်ရေးကုမ္ပဏီ Thinkmodo ဟာလူသားနဲ့တူတဲ့ မကောင်းဆိုးဝါး ကလေးငယ်လေးကိုဖန်တီးပြီး အဝေးထိန်းစနစ်တပ်ဆင်ထားတဲ့ ကလေးထည့်တဲ့လက်တွန်းလှည်းထဲထည့်ကာ New York မြို့ Manhattan အနားတစ်ဝိုက်ကိုလှည့်လည်စေပါတယ်။ လူတွေရဲ့တုန့်ပြန်မှုကိုကြည့်ဖို့အတွက် ကင်မရာတွေကိုလည်းလျှို့ဝှက်တပ်ဆင်ထားတာဖြစ်ပါတယ်။

ဖြတ်သွားဖြတ်လာတွေဟာ ပိုင်ရှင်မဲ့တွန်းလှည်းလေးကိုမြင်တဲ့အခါအနားသွားပြီး ကလေးငယ်ကိုကြည်ပါတယ်။ အဲဒီ့အခါ ကလေးငယ်က ချက်ချင်းထထိုင်၊ မကျေနပ်တဲ့အကြည့်နဲ့ကြည့်၊ မကောင်းဆိုးဝါးသံတွေပြုပြီး အော့အံပါတော့တယ်။

လူတွေရဲ့တုန့်ပြန်မှုကိုတော့ youtube မှာဗီဒီယိုဖိုင် တင်ထားတာဖြစ်ပါတယ်။

ဒီအရောင်းမြှင့်တင်မှုကို အကြိမ်ရေပေါင်း ၂၂ သန်းကြည့်ရှုတဲ့အတွက်အောင်မြင်တယ်လို့ဆိုနိုင်ပါပြီ။

ဆက်လက်ဖတ်ရှု့ရန်

ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ် လုံခြုံရေးအတွက် NLD ပါတီ၏ လုံခြုံရေးအင်အား ၅၀၀ ကျော်အပြင် ပြည်နယ်ရဲတပ်ဖွဲ့မှလည်း ရဲအင်အား ပိုမိုအသုံးပြုထား

Unknown | 1/18/2014 10:50:00 PM | Best Blogger Tips

19.1.2014

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ခရီးစဉ်လုံခြုံရေးအတွက် NLD ပါတီ၏စီစဉ်မှုဖြင့် လုံခြုံရေးအင်အား ၅၀၀ ကျော် အသုံးပြုသကဲ့သို့ ပြည်နယ်ရဲတပ်ဖွဲ့မှလည်း ရဲအင်အား ပိုမိုအသုံးပြုဆောင်ရွက်ခဲ့သည်ဟု NLD ပါတီနှင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် လမ်းကြောင်းတစ်လျှောက်နှင့် လူထုတွေ့ဆုံပွဲများ၌ ၎င်း၏အနီးကပ် လုံခြုံရေးအဖွဲ့နှင့် ကရင်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်များအဖွဲ့တို့ ချိတ်ဆက်ဆောင်ရွက်ခဲ့သည့်အပြင် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီလူငယ်အဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှု့ရန်

January 17, 2014

အစိုးရ သန်းခေါင် စာရင်း ကောက်ယူမှု အပေါ် KNU သဘောထား

Unknown | 1/17/2014 03:41:00 AM | Best Blogger Tips


16.1.2014

အစိုးရ သန်းခေါင် စာရင်း ကောက်ယူ ရာတွင် ကရင် လူမျိုးကွဲ များအား အခေါ် အဝေါ် သတ်မှတ် ထားခြင်း၊ ကုဒ်နံ ပါတ် သတ်မှတ် ထားခြင်း ကောက်ယူ ပုံ ကောက်ယူ နည်း သင်တန်းပေးခြင်း အဆင့်များ ၌ ကရင် အမျိုးသား အ စည်း အရုံး KNU နှင့် ညှိနှိုင်း ရဦးမည် ဖြစ်ကြောင်း အတွင်း ရေးမှူး (၂) ဖြစ်သူ ပဒိုမန်း မန်းက ဆိုပါသည်။

“ကုဒ် အဖြစ် သတ်မှတ် ရာမှာ ကရင် လူမျိုးကို ကုဒ် (၃၀၁) ထားမယ် ဆိုရင် စကော ကရင် ကို (၃၀၂) ထားတာ မျိုး မဖြစ်သင့် ပါဘူး။ ကုဒ်ဆိုတာ က ကရင် လူမျိုး ကိုလည်း ကိုယ်စားပြု ရမယ်လူမျိုးကွဲ ကိုလည်း ကိုယ်စားပြု ရ ပါ့ မယ်၊ ဥပမာ (၃) ကို ကရင် လူမျိုးလို့ကုဒ် အကြီး သတ်မှတ်ရင် (၃) ၀၁ ဆိုရင် ဘယ်က ရင် လူမျိုးကွဲ (၃) ၀၂ ဆိုရင် ဘယ် ကရင် လူမျိုးကွဲ အဲဒီလို ဖြစ်စေ ချင်တာပါ။ ဒီကိစ္စ ကိုဝန်ကြီး ဦးခင်ရီနဲ့ တွေ့တုန်းက လည်း ကျနော် တင်ပြ ထားပြီး ပါပြီ” ဟု ဆိုပါသည်။
ဆက်လက်ဖတ်ရှု့ရန်

January 16, 2014

သန်းခေါင်စာရင်း ကောက်ယူမည့် သင်္ကေတ တိုင်းရင်းသားများ ကန့်ကွက်

Unknown | 1/16/2014 04:42:00 AM | Best Blogger Tips

သူဇာ

တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူသွားမည့် အစီအစဉ်တွင် အဓိကကျသည့် တိုင်းရင်းသားများ အမည် သတ်မှတ်ချက် ကုဒ်နံပါတ်နှင့် ပတ်သက်ပြီး ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

တိုင်းရင်းသားများ အကြား မျိုးနွယ်စုများကွဲပြားစေရန် လုပ်ဆောင်ချက် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် တိုင်းရင်းသားများက ကန့်ကွက်နေခြင်း ဖြစ်သည်။

ကရင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ကရင် တိုင်းရင်း သား များ စုပေါင်းပြီး ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်

January 5, 2014

ထိုင်းရောက် မြန်မာလုပ်သား ၁၀ ဦး အဖမ်းခံရ၍ လုပ်သား ၆၀၀ ကျော် ဆန္ဒပြ

Unknown | 1/05/2014 11:45:00 PM | Best Blogger Tips


6.1.2014

ပိတ်ရက်တွင် အလုပ်ဆင်းရန် ငြင်းဆန်သဖြင့် ထိုင်းနိုင်ငံ နခွန်ပတုန်မြို့ စိုင်းစီရပ်ကွက်ရှိ LAEM THONG FOOD စက်ရုံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သား ၁၀ ဦးကို ထိုင်းရဲက ရိုက်နှက် ဖမ်းဆီးမှုကြောင့် အဆိုပါ စက်ရုံမှ မြန်မာလုပ်သား ၆၀၀ ကျော် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဆန္ဒပြကြကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

နှစ်သစ်ကူးပိတ်ရက် လေးရက်အစား တနင်္ဂနွေနေ့များတွင် လုပ်အားခ မရဘဲ အလုပ် ဆင်းပေးရမည်ဆို၍ လုပ်သားများ မကျေနပ်ဖြစ်ကာ ဇန်နဝါရီလ ၅ ရက်နေ့တွင် အလုပ်မဆင်းသဖြင့် ထိုင်းရဲက လုပ်သား ၁၀ ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုလုပ်သား ၁၀ ဦးကို ပြန်လွှတ်ပေးရန်၊ တနင်္ဂနွေ အလုပ်ဆင်းရက်များအတွက် လုပ်အားခပေးရန် လုပ်သားများက တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဆက်လက်ဖတ်ရှု့ရန်

January 1, 2014

သမိုင်းဝင် ကရင်နှစ် သစ်ကူး သဘင်နှင့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး

Unknown | 1/01/2014 05:18:00 AM | Best Blogger Tips


1.1.2014
                                                

ကရင့် လက်နက်ကိုင် တပ်ဖွဲ့များ ၏ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး နှင့် ကရင့် အမျိုးသား စည်းလုံး ညီညွတ် မှုကို ပြသသော အားဖြင့် ကရင့် သက္ကရာဇ် (၂၇၅၃) ခုနှစ် ပြာသို လဆန်း တရက်နေ့ (၂၀၁၄) ခုနှစ် ဇန်နာဝါရီလ (၁) ရက်နေ့ တွင်ကျ ရောက်သော ကရင့် နှစ်သစ်ကူး နေ့ထူး နေ့မြတ်ကို ယနေ့ မနက်ပိုင်း တွင် ကရင် ပြည်နယ် မြ၀တီ မြို့နယ် ရွှေ ကုက္ကို မြိုင် ကျေးရွာတွင် စုပေါင်း ကျင်းပရာ လူထု သောင်းချီ တက်ရောက်ပြီး အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပါသည်။

“ဟုတ်ပါတယ်။ ကရင့် အမျိုးသား စည်းလုံး ညီညွတ်ရေး နဲ့ အရင်က မလုပ်နိုင် ခဲ့တဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး မှာ ကျရာ အခန်းကဏ္ဍ ကနေ ပူးပေါင်း ဆောင်ရွက် နိုင်တယ် ဆိုတဲ့ သက်သေ အနေနဲ့ ထူး ထူးခြားခြား ကျင်း ပခဲ့တာ ဖြစ်တယ်။” ဟု ကျင်းပရေး ကော်မီတီ ဒုတိယ ဥက္ကဌ ပဒို လှထွန်းက ဆိုပါသည်။

အခမ်း အနားသို့ ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်း ခေါင်း ဆောင်သော ငြိမ်းချမ်းရေး ကိုယ်စား လှယ် များနှင့် ကရင် ပြည်နယ် အစိုးရ အဖွဲ့ဝင် တို့ တက် ရောက် ခဲ့ကြပြီး အခမ်း အနားကို ၀န်ကြီး ဦး အောင်မင်း မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပါသည်။

အလံတင် အခမ်း အနား ကို ကရင် ပြည်နယ် နယ်ခြား စောင့်တပ် (BGF)၊ ကရင် အမျိုးသား အစည်း အရုံး (KNU)နှင့် ကရင်ငြိမ်း ချမ်းရေး ကောင်စီ (KPC) တပ်ပေါင်း များ ပါသော အလံတင် ဂုဏ်ပြု တပ်ဖွဲ့ဖြင့် စတင်ခဲ့ ပါသည်။ အဖွင့်မိန့် ခွန်းကို ကျင်းပရေး ကော်မီတီ နာယက (KNU) စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ကြီး ဂျော်နီမှ ပြောကြား ခဲ့ပြီး ၀န်ကြီး ဦးအောင် မင်းမှ အစိုးရ၏ လက်ရှိ သဘောထား တချို့ကို မိန့်ကြား ခဲ့ပါသည်။

၎င်း ၏ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန် ဦးဆောင် သော လက်ရှိ အစိုးရသည် ဒီမိုကရေစီ နိုင်ငံတော် သစ်ကို တည် ဆောက် နေရာတွင် (၁) ပြည်တွင်း ငြိမ်း ချမ်းရေး ရရှိရေးနှင့် (၂) နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကို ဦးစားပေး ဆောင်ရွက် နေခြင်းဖြစ် သည်ဟု ထုတ်ဖေါ် ပြောကြားခဲ့ ပါသည်။

ထို့အပြင် ကရင်အဖွဲ့ အစည်းများ ၏ သ၀ဏ်လွှာ များအရ ကရင် လူမျိုးတို့ သည် တန်းတူရေး နှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် ရရေးကို တောင်းဆိုနေ ကြကြောင်း၊ ဤသည် ဖက်ဒရယ် ပြည်ထောင် စုကို ရည်ရွယ်သည် ဖြစ်၍ နိုင်ငံတော် အစိုးရ ကလည်း ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေး ကို အကောင်အ ထည် ဖေါ်နေပြီး ဖြစ်သည်ဟု ဆိုပါသည်။

ထို့နောက် ကရင် ပြည်နယ် အစိုးရ ကိုယ်စား လှယ်များမှ ရာနှင်ချီ သော ကရင် ၀တ်စုံများ ကို လက်ဆောင် ပေးခဲ့ပါ သည်။

ထို့နောက် အစီစဉ် (၈)ခုထဲမှ ဖါးအံမြို့မှ တောင်ကလေး ဆရာတော် အပါဝင် (BGF)၊ (KPC)၊ (KNU) အဖွဲ့ နှင့် ကရင် ပြည်နယ် အစိုးရ ကိုယ်စား လှယ်များက ၄င်းတို့၏ သ၀ဏ် လွှာများကို ဖတ်ကြား ကြပါသည်။ အခမ်း အနားသို့ တက် ရောက် လာသော နိုင်ငံရေး အဖွဲ့ အစည်းများ မှာ (DKBA)၊ ကယား ပြည်နယ် လူ မျိုး ပေါင်းစုံ လွတ်မြောက် ရေးအဖွဲ့၊ ကရင်နီ မျိုးနွယ်စု၊ ပြည်တွင်း၊ ပြည်ပ ကရင့် နိုင်ငံရေး အဖွဲ့ အစည်း များ နှင့် တော် လှန်ရေး အဖွဲ့အ စည်းများ စုစု ပေါင်း အဖွဲ့(၂၀)ကျော် တက်ရောက် ခဲ့ပါသည်။

သောင်းနှင့် ချီသော လူထုများမှာ ကရင် ပြည်နယ် မြ၀တီမြို့ နယ်၊ ဖါးအံ၊ လှိုင်းဘွဲနှင့် ကော့ကရိတ် မြို့နယ် များမှ ဖြစ် ကြပြီး ပြိုင်ဒုံး (၁၉) အဖွဲ့အပါ ၀င် ဖျော်ဖြေ ရေးဒုံး (၁၀)ဖွဲ့ဖြင့် အခမ်း အနားအား တက်ရောက် အားပေး ခဲ့ကြပါ သည်။

ထို့ပြင် ကရင့်ရိုးရာ ၀တ်စုံပြခန်း၊ တူရိယာ ပြခန်း၊ ကရင် ကောက်သစ် စားပွဲ ဓလေ့ ပြခန်း၊ သမိုင်းဝင် ကရင့် အမျိုး သားခေါင်း ဆောင်များ ပြခန်းများပါ ခင်း ကျင်း ပြ သပြီး မီးပုံးပျံ လွှတ်တင်ပွဲ များလည်း ကျင်းပကြ ပါသည်။ အားကစား ပွဲ အဖြစ် လက်ဝှေ့ ထိုးပွဲနှင့် ဘောလုံး ပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။

ထို့နည်းတူ ယနေ့ ကျင်းပသော ကရင် နှစ်သစ်ကူး အခမ်း အနားသို့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး များမှ အဖွဲ့ အ စည်းပေါင်းစုံ တက်ရောက် လာသဖြင့် အမျိုး သား ပြန်ရင်ကြား စေ့ရေးကို ဦးတည်သော ကရင် လူငယ် တွေ့ဆုံပွဲများ နှင့် အဖွဲ့ အစည်းစုံ နိုင်ငံရေး ဆွေးနွေးပွဲ များလည်း ကျင်းပကြပါသည်။

ဤသည် ကရင် လက်နက်ကိုင် အဖွဲ့များ စုပေါင်း ကျင်းပသော ကရင်နှစ်သစ် ကူးနေ့အခမ်း အနား အစီစဉ်များ ဖြစ်ပါ သည်။ ကရင် နှစ်သစ်ကူး နေ့ အခမ်း အနား သည် လက်နက်ကိုင် အဖွဲ့ချင်း ညီညွတ်မှု ပြန်လည် ရရှိ လာစေရန် အဖွဲ့ဖွဲ့စည်းခြင်း၊ ဘုံအကျိုးတူ လုပ်ငန်း များဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊နားလည်မှု ရရှိ နိုင် မည့် အမျိုးသား အကျိုး စီး ပွားနှင့် ပါတ်သက်သည့်လုပ်ငန်း များကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ဆိုသည့် မူလရည်မှန်း ချက်ထဲမှ သက် သေ တခု ဖြစ်ပါ သည်။

ယနေ့ မျက်မှောက် ကရင် လူမှု အဖွဲ့အစည်း များထဲတွင် လက်နက်ကိုင် အဖွဲ့အစည်း (၅) ဖွဲ့ ရှိနေ ပါသည်။ ၄င်းတို့မှာ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမို ကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကရင်ပြည်နယ် နယ်ခြား စောင့် တပ် (BGF) ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် ကရင် ငြိမ်း ချမ်းရေး တပ်ဖွဲ့ (KPF) အဖွဲ့တို့ ဖြစ်ပါသည်။ ဤ အထဲတွင် ပဒိုအောင်ဆန်း ဦးဆောင်သော ဘုရားတောင် အဖွဲ့လည်း ပါဝင် ခဲ့ပါသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်း များသည် ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေးကိုရည်စူးပြီး လာမည့် (၂၀၁၄) ကရင် နှစ်သစ်ကူး ပွဲကို အတူတကွ ပူးပေါင်း ကျင်းပရန် ပြီးခဲ့သည့် အောက်တိုဘာ (၁၅)ရက်နေ့ ကတည်းက ထပ်မံ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါသည်။ စစ်ရေးပြ အခမ်း အနားဖြင့် ကျင်းပရန်ရည်ရွယ် ထားသော် လည်း အစိုးရ သဘော ထား ကြောင့်၊ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြေနပ် ခဲ့ရပါသည်။

သက္ကရာဇ် ၂၇၅၃ ခုနှစ် ကရင် နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မီတီ ဥက္ကဌ ကို နယ်ခြား စောင့်တပ် (BGF)မှ ခစ တ (၁၀၁၈) တပ်မှူး ဗိုလ်မှူး စောမောင် ၀င်း ဦးဆောင်ပြီး ဒုဥက္ကဌ ပဒို စောလှထွန်း (KNU)၊ အတွင်းရေး မှူး ဦးမန်း အုန်းရွှေ၊ ဘဏ္ဍာရေးမှူး မန်းပြည်အေး၊ နှင့် စာရင်းစစ် ပဒို အောင်မော်အေး တို့နှင့် ဖွဲ့စည်း ခဲ့ပြီး ဆပ်ကော်မီတီ (၁၉) ခု ရှိပါသည်။ ရံပုံငွေ အဖြစ် ကျပ်ငွေသိန်း (၅) ထောင်ခန့် သုံးစွဲကြမည် ဖြစ်ပြီး အထူး သဖြင့် (BGF) မှ ဗိုလ်မှူးချုပ် စော ချစ် သူက ဦးဆောင် ထည့်ဝင် မည်ဖြစ်သည်။

ကျင်းပရေး နာယက အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး ဂျော်နီနှင့် နယ်ခြားစောင့်တပ် BGF ဗိုလ်မှူးချုပ် စောချစ်သူ တို့က ဆောင်ရွက် ခဲ့ပါသည်။ ကိုယ်စားလှယ်ပေါင်း (၁၃၀) ကျော် တက်ရောက် ခဲ့ပြီး၊ လွှတ်တော် အမတ် အပါဝင်၊ ကရင် လူငယ် အဖွဲ့၊သံတောင် မြောက်ခြမ်း ငြိမ်းချမ်းရေး အဖွဲ့၊ ဘာသာရေး အဖွဲ့ အစည်းပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ KNU၊ BGF ၊ KNLA-PC နှင့် ကရင် ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော KPF) တို့က တက်ရောက် ခဲ့ ပြီး ကျင်းပ ရေး အစီစဉ် ကို ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါသည်။

ရွှေဟသာင်္
 
ဆက်လက်ဖတ်ရှု့ရန်