ဖေဖေါ်ဝါရီလ-(၉) ရက်၊ ၂ဝ၁၃ ခုနှစ်။
ညီလေး-
ကိုကြီးစာရေးလိုက်တယ်။ ငါတို့ တပ်မဟာ (ရ)၊ တပ်ရင်း (၁၉)က တပ်...မှူးတယောက် ကရင်အမျိုး သားလက်နက်ကိုင်တပ်ပေါင်းစုံက အဆင့်အမြင့်ဆုံးစစ်ရေးတာဝန်ခံအဖြစ် အရွေးခံလိုက်ရတာ ကိုကြီးကျေ နပ်တယ်၊ ဝမ်းသာတယ်၊ ဂုဏ်ယူရတယ်။ တကယ်စစ်တိုက်ခဲ့တဲ့သူကို အမြင့်ဆုံးစစ်ရေးတာဝန်ခံအဖြစ် ရွေး ချယ်လိုက်တာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်လို့ အနာဂါတ် ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံဟာ “တိုက်တိုင်း အောင် တပ်မတော် ဖြစ်လာတော့မှာဖြစ်တယ်”လို့ မြင်နေတယ်။
