.

xxx

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

March 3, 2013

ဖက်ဒရယ် ပြည်ထောင်စု သဘောတရားဆိုတာ ဘာလဲ

Unknown | 3/03/2013 05:30:00 PM | Best Blogger Tips


                                   
ဦးမျိုး (ဥပဒေ)
မတ်လ ၃၊ ၂၀၁၃

ဖက်ဒရယ်ဆိုတာ သဘောတူညီသည့် စာချု့ပ် လို့အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား ‘foedus’ မှဆင်းသက် လာပြီး သဘောတူညီမှု “covenant” လို့ အဓိပ္ပါယ် ထွက်ပါတယ်။ နှစ်ဦး နှစ်ဖက် သဘောတူညီမှုနဲ့ အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို အခြေခံလို့ နိုင်ငံတခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြတာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တဦးတဖွဲ့ချင်း အသိအမှတ်ပြုခြင်းနဲ့ ခွဲခြားလို့ မရဘဲ တစည်းတလုံးတည်း တန်းတူရည်တူ ဖြစ်မှုဟာ တပြိုင်နက်တည်း တည်ရှိနေပါတယ်။(Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်နေကြသူအားလုံးက ငါတို့ အတူ တကွ ပူးပေါင်းနေထိုင်ကြစို့ ပါလို့ အားလုံးက မိမိတို့ရဲ့ ဆန္ဒသဘောထားကို အလိုအလျှောက် ဖော်ထုတ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနဲ့ကိုယ် (voluntarily) ပါဝင်ဆောင်ရွက် သဘောတူညီကြရပါတယ်။ ဒီဥပဒေရေးရာ ၀ိညာဉ်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ သဘောထား (concept) ကျမှ လက်တွေ့လုပ်လို့ရပါတယ်။
ဒီစနစ်ဟာ နိုင်ငံတနိုင်ငံမှာ မတူကွဲပြားနေတဲ့ လူမျိုးများ၊ ပြည်နယ်များ၊ အုပ်စုများ က အတူတကွ စုစည်းလို့ အချုပ်အခြာအာဏာကို ခွဲဝေအုပ်ချုပ်တဲ့ အယူအဆတရပ်လည်း ဖြစ်ပါတယ်။ဖက်ဒရယ်ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တနိုင်ငံလုံးနှင့် သက်ဆိုင်တဲ့ အဖွဲ့ဝင် ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ဗဟို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရ အဖြစ်ဖွဲ့စည်းထူထောင် ထားကြပါတယ်။
သက်ဆိုင်ရာ အစိုးရ အသီးသီးတိုင်းဟာ အချုပ်အခြာအာဏာကို အားလုံးရဲ့ သဘောတူညီမှုများနဲ့ ခွဲဝေအပ်နှင်းထားတဲ့အတိုင်း အပြည့်အ၀ ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ အဖွဲ့ဝင် ပြည်နယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရာ မှာ ဘယ်သူကမျှ လွှမ်းမိုးမှုမရှိစေရဘဲ ဆောင်ရွက်ရမယ့်မူကို အဓိက ဖော်ဆောင်ကြရ ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ပုံသေ တသမတ်တည်းမယူဆရဘဲ၊ အချင်းချင်း အပေးအယူ၊အလျော့အတင်းများရှိကြပါတယ်။ အရေးကိစ္စရပ်တိုင်းကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း စဉ်းစားညှိနှိုင်း ဆွေးနွေးကြရပါတယ်။ အဖွဲ့ဝင် များရဲ့သဘောတူညီချက်နဲ့သာ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း အုပ်ချုပ်ကြရပါတယ်။ အဖွဲ့ဝင်ပြည်နယ်များအတွင်း စုစည်းညီညွတ်မှုဟာ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုတွေကို အခြေခံရပါတယ်။
ဖယ်ဒရယ် ပြည်ထောင်စု စနစ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-Rule) နဲ့ မျှဝေ အုပ်ချုပ်ခြင်း (Shared-Rule) တို့ပဲဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်နယ်များအချင်းချင်း စိတ်တူကိုယ်တူ သဘောတူလက်ခံတဲ့ ဘုံသဘောတူညီတဲ့ စိတ်ဓါတ်တူညီမှု ရှိရေးဟာ အဓိကကျပါတယ်။ သဘောတရားညီညွတ်မှ အလုပ်ညီညွတ်ပါမယ်။ အတွေးအခေါ်ရှိရှိ လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်ပါမယ်။ ဒီနေရာမှာ အမျိုးသားအသီးသီး တန်းတူညီမျှဖို့၊ စည်းလုံးညီညွတ်ဖို့ နှဲ့ အတူတကွ တိုးတက်ကြီးပွားဖို့ မူကို အခိုင်အမာ လိုက်နာရပါလိမ့်မယ်။ လူမျိုးတိုင်းရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အခွင့်အရေးကို နိုင်ငံတော်က အပြည့်အ၀ အလေးထားကာ အာမခံပေးနိုင်ရပါမယ်။
နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းရပ် တစုံလုံးကို အလုပ်အကျွေးပြုရေးအတွက် ကိုယ့်ဒူးကိုယ်ချွန် အဆင်းရဲအပင်ပန်းခံ လုံးပမ်းတဲ့စိတ်ဓါတ်ထားကာ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေအရ စီးပွားရေးနဲ့ ယဉ်ကျေးမှုကို မြှင့်မားလာဖို့ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီ မြင့်မြင့်မားမားရှိတဲ့ နိုင်ငံအဖြစ်ထူတောင်နိုင်ဖို့ အရေးကြီးတဲ့ နိုင်ငံရေးစနစ်တရပ်လည်း ဖြစ်တယ်ဆိုတာကို နုလုံးသွင်းကြရပါမယ်။
ဖယ်ဒရယ် ပြည်ထောင်စုစနစ်ဆိုတာ ပြည်နယ်များစုပေါင်းထားတဲ့စနစ်ဖြစ်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုပါလီမန်၊ ပြည်ထောင်စုတ ရားရုံးတို့နဲ့ ပြည်ထောင်စု အဆင့်မှာ ဖွဲ့စည်းထားသလို ပြည်နယ်များအတွက်လဲ ပြည်နယ်အစိုးရ၊ ပြည်နယ်ပါလီမန်၊ ပြည်နယ်တရားရုံးတို့နဲ့ လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားကြတာ ဇြစ်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုရဲ့ သဘောတရားကိုယ်၌က မိမိတို့ရဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ မိမိတို့ကိုယ်စား ဘုံလုပ်ငန်းအကျိုးစီးပွားကို အကောင်အထည် ဖော်ဆောင်မယ့်သူကို လွှဲအပ်လုပ်ဆောင်စေတာဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးစနစ်တရပ်ကို ကျင့်သုံးခြင်းဟာ ပြည်သူ့အုပ်ချုပ်ရေး ဆိုတဲ့ ဒီမိုကရေစီကို ပိုမိုအားကောင်းလာစေပါတယ်။ ဒီမိုကရေစီ ရှိရှိ ပြည်ထောင်စု စစ်စစ် နိုင်ငံတော်ကို ထူထောင်နိုင်ပါမယ်။
 နိုင်ငံရဲ့ နိုင်ငံရေးစနစ်တရပ်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ချမှတ်ကျင့်သုံးရာမှာ အရေးကြီးတဲ့ အခြေခံမူ ၃ ချက်ကို လိုက်နာကျင့် သုံးကြပါတယ်။
(က) လွတ်လပ်မှု
လူတိုင်း လွတ်လွတ်လပ်လပ် ပါဝင်လာနိုင်စေဖို့ လွတ်လပ်မှုကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးရပါတယ်။လွတ်လပ်မှုကို ကျင့်သုံးတဲ့နေ ရာမှာလည်း တခြားသူများရဲ့ အကျိုးကို ထိခိုက်နစ်နာစေတဲ့ လုပ်ငန်းရပ်တွေ မပါစေရပါဘူး။ဒီမိုကရေစီ အခြေခံလွတ် လပ်မှုတစုံလုံးရှိရပါမယ်။
(ခ) ပူးပေါင်းပါဝင်ဆောင်ရွက်မှု
ဆန္ဒအလျှောက် ပူးပေါင်းပါဝင်တာမျိုးဖြစ်ရပါမယ်။ ဘယ်မူဝါဒကိုမဆို ချမှတ်ထားတဲ့နေရာမှာ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် ဖယ်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို ရောက်ဖို့ မလွယ်ကူပါဘူး။ ပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီကျင့်သုံးရာမှာ အများဆုံး တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကို အကောင်အထည် ဖော်ဆောင်ရာမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒီမိုကရေစီသဘောတရား အခြေခံကို စနစ်တကျ လိုက်နာရပါတယ်။
(ဂ) ကောင်းမွန်သည့် အစိုးရတရပ်
စီမံအုပ်ချုပ်မှုကောင်းမွန်တယ်ဆိုတာ ပြည်သူလူထုရဲ့ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တရားမျှတ နည်းလမ်းကျစွာ စီမံခန့်ခွဲတာကို ခေါ်ပါတယ်။ အဂတိတရား လုံးဝကင်းရှင်းရပါမယ်။ စစ်စစ်မှန်မှန် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ဖြစ်ရပါမယ်။စစ်မှန်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး ဖြစ်ရမယ်။ တရားမျှတတဲ့ အာဏာခွဲဝေမှု မျိုး ရှိရပါမယ်။
ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ့ အုပ်ချုပ်လျှင် ဗဟိုပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတို့ဟာ အရာရာတိုင်းမှာ ဆွေးနွေးမှုနဲ့သဘော တူညီမှုအပေါ်မှာ အခြေခံရပါတယ်။ ဒီသဘောတူဆုံးဖြတ်ချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေကသာ အာမခံထားရပါတယ်။ ပြည်ထောင်စု စနစ်ဟာ စေ့စပ်ညှိနှိုင်းမှုမှာ အလွန်အရေးကြီး ပါတယ်။ ညှိနှိုင်းမှုမရှိ၊ အလျော့အတင်းမရှိလျှင် ဘယ်လိုမှ ရှေ့ဆက် လျှောက်လှမ်းနိုင် မှာမဟုတ်ပါ။ ညှိနှိုင်း အဖြေရှာလိုတဲ့ စိတ်ရင်း ဆန္ဒရှိရပါမယ်။ တဖက်နှင့် တဖက် အပြန်အလှန် လေးစား အပြန်အလှန် အသိအမှတ်ပြုရပါမယ်။ သည်းခံ စိတ်ရှည်မှု့နဲ့သာ ညှိနှိုင်း ဆောင်ရွက်ကြရပါမယ်။ ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့ဆိုလျှင် တဖက်လူရဲ့ ဆန္ဒကိုလည်း လေးစားရမယ်။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ချည်း လျှောက်လှမ်းလို့ မရပါ။အားလုံးသဘောတူညီမှုအပေါ် အခြေခံပြီး စိတ်ရှည်ရှည်ထား ဆောင်ရွက်သွား ရန်လိုပါတယ်။
- See more at: http://moemaka.com/?p=32733#sthash.WkNiwy8W.dpuf
ဆက်လက်ဖတ်ရှု့ရန်

February 20, 2013

ပြည်တွင်းစစ်တွေ ရပ်ပါတော့

Unknown | 2/20/2013 06:17:00 AM | Best Blogger Tips

                              



ဒီစာကို မတင်ချင်ဘူး ။
ထို့နည်းတူ ၊ ရေးထားတဲ့ အကြောင်းရာတွေဟာလည်း ဘယ်တုန်းကမှ မဖြစ်သင့်ခဲ့တာ အသေချာ ။

လျှံကျနေတဲ့ နာကျည်းမှုတွေကို ဘယ်သူအတွေးထဲကိုမှ မစီးဆင်းစေချင်ဘူး ။
ဒါပေမယ့် ၊ မမြင်ရာမှာ ရွာသွန်းနေတဲ့ ငရဲမီးမိုးတွေအတွက်လည်း ၊ စာနာမှု အမိုးအကာတွေ လစ် ဟာ
လိုအပ်နေတယ် ။

ဆိုးရွားလွန်းတဲ့ သံသရာတွေကို ထပ်ထပ်ပြီး လည်မပတ်စေချင်ဘူး ။
သို့သော် ၊ နတ်ဆိုးဝိဥာဉ်တွေကလည်း ၊ မြေပြင်အနှံ့မှာ ကခုန်နေကြတာမို့ ၊ ပူလောင်သံစဉ်တွေ ထာဝရ
မဖုံးလွမ်းရအောင် ၊ နှုတ်ကြမ်းကြမ်းနဲ့ ၊ အိပ်မက်နှိုး မိုးကြိုးပစ်သံတွေ လက်ဆင့်ကမ်းကောင်း ကမ်းရမယ် ။
ဖြစ်နိုင်ရင် .. မနက်ဖြန် နေအပွင့်မှာ ၊ နှလုံးသား ကြမ်းရင့်နေသူတွေကို ၊ မေတ္တာလက်လှမ်းကမ်းပေးလိုက်
ချင်တယ် ။
ဆက်လက်ဖတ်ရှု့ရန်

February 18, 2013

ခရိုနီတွေ နာလန်ထချိန်

Unknown | 2/18/2013 05:56:00 PM | Best Blogger Tips


                                    



မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး စီးပွားရေးသမားများအကြောင်း သတင်းစာတွေမှာ တွေ့ရပြန်ပါပြီ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဆက်စပ်တာမဟုတ်ဘဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဆက်စပ်ပြီးတော့ တွေ့မြင်ရတာပါ။

ဆက်လက်ဖတ်ရှု့ရန်

February 12, 2013

စောဘဦးကြီးလိုလူစား များများလိုသည်

Unknown | 2/12/2013 11:45:00 PM | Best Blogger Tips

By မင်းစိုးစံ
                               
ဒီကနေ့ အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ကရင်အဖွဲ့အစည်းတွေ အားလုံးလိုလိုပေါ့လေ၊ အဖွဲ့ကို လက်ရှိဦးစီး ဦးဆောင်နေတဲ့လူတွေ၊ ပြီးတော့ ဦးဆောင်ချင်တဲ့လူတွေ၊တခါ ဦးဆောင်မှုရအောင် ကြိုးစားနေကြတဲ့လူတွေဆိုပြီး အဖွဲ့အစည်းတွေတိုင်းမှာ အဲဒီလိုတွေရှိကြမှာအသေအခြာပါပဲ။

ဆက်လက်ဖတ်ရှု့ရန်

ဘာကြောင့် ဖက်ဒရယ်မူတောင်းကြသလဲ

Unknown | 2/12/2013 06:36:00 AM | Best Blogger Tips




ပြည်ထောင်စုစနစ်တွင် အာဏာနှင့် အခွင့်အရေး ခွဲဝေပုံမှာ သုံးမျိုးသုံးစားသာရှိသည်။ ၄င်းတို့မှာ


(၁) ပြည်ထောင်စုစစ်စစ် နိုင်ငံများတွင် (extreme type of federal system) ဗဟို ပြည်ထောင်စုအား အများနှင့် ဆိုင်သော အာဏာနှင့် အခွင့်အရေးများသာ ပေးထားပြီး ကျန်အာဏာနှင့် အခွင့်အရေးများ အားလုံး (residuary powers) ကို ပြည်နယ်များတွင် အပ်နှင်းထားသည်။ ဥပမာ - ဆွစ်ဇာလန် ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေလျ။
ဆက်လက်ဖတ်ရှု့ရန်

February 10, 2013

အမျိုးပြုတ်တော့မယ့် ကရင် အပိုင်း(၂)

Unknown | 2/10/2013 05:10:00 AM | Best Blogger Tips



                                    
February 10, 2013
By မင်းစိုးစံ

လွန်ခဲ့တဲ့   အပိုင်း(၁) မှာ ကရင့်စကား၊ ကရင့်စာပေ၊ ကရင့်ဝတ်စုံနဲ့ ကရင့်တူရိယာပစ္စည်းတွေအကြောင်းအစမ်းသဘောလေး ရေးသားဖေါ်ပြခဲ့ပြီးဖြစ်ပါတယ်၊ အခုရေးမယ့် အပိုင်း(၂)မှာတော့ ကရင့်ရိုးရာဓလေ့ ထုံးစံလေးအကြောင်း ရေးဘို့စဉ်းစားထားပါတယ်။

ရိုးရာ ဆိုတဲ့အသံကိုကြားလိုက်တာနဲ့ ငယ်ထိပ်ကိုမြွေအပေါက် ခံရသလို တုန်လှုပ်သွားကြတဲ့သူတွေရှိသ
လို အချို့ကျပြန်တော့ တီကောင်ကိုဆားနဲ့ပက်သလို တွန့်လိန်ကွေးကောက်နေအောင် မခံချိမခံသာ ဖြစ်
တတ်တာမျိုးတွေ ရှိတတ်တာမို့ ပယ်ပယ်နယ်နယ်ပြစ်ပြစ်နှစ်နှစ်ရေးမပြပဲ သဘောလောက်မြင်အောင်ရေး
ပြပါ့မယ်။

ဒီနေရာမှာ ရိုးရာဆိုတာဘာလဲ၊ ဘာကြောင့်မို့လို့ ရိုးရာလို့ခေါ်ရသလဲ၊ ဘယ်အပေါ်မှာအခြေခံပြီး ရိုးရာဆို
တာဖြစ်ပေါ်လာသလဲ၊ ကျုပ်တို့ကရင့်ရိုးရာတွေက ဘာတွေလဲ၊ ဘာကြောင့် မယိုမယွင်းမပျက်မစီးအောင်
ထိန်းသိမ်းဘို့လိုအပ်သလဲ။

ရိုးရာနဲ့ပတ်သက်ပြီး လုံးဝ,လက်မခံတဲ့အပြင် လုံးဝ,နားမလည်ချင်တော့တဲ့လူတွေ ရိုးရာဆိုတဲ့ စကားလုံးကို မကြားချင်တဲ့လူတွေလည်း နားလည်လက်ခံနိုင်လောက်မယ်ထင်ရတဲ့ အရှင်းဆုံးစကားလုံးတွေနဲ့ အတတ်
နိုင်ဆုံးရေးပြပါ့မယ်။
ဘာကြောင့်လဲ ဆိုလျင် နတ်တွေ ဒုံးအက,တွေ ကန်တော့ပွဲတွေအကြောင်း ရေးချပြလိုက်လျင် ကျုပ်ဆိုလို
ချင်တာတွေကို နားလည်မှု လွဲသွားမှာစိုးလို့ပါ။

ဒီကနေ့လူသားတွေ မျိုးဆက်တည်တံ့နိုင်အောင် လူအထီးနဲ့ လူအမ,အတူနေပြီး မျိုးပွါးကြပါတယ်။ မင်္ဂလာ
ဆောင်ကြတယ်။ တစ်အိုးတစ်အိမ်ထူထောင်ကြတယ်။ ဒါဟာ အရွယ်ရောက်ပြီးတဲ့လူမှန်သမျှ မဖြစ်မနေ
လုပ်ဆောင်ကြရမယ့် ဘ၀,ပေးတာဝန်ဖြစ်ပါတယ်။ ထုံးစံဖြစ်တယ်။ တနည်းအားဖြင့် ရိုးရာဖြစ်တယ်။

ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။
(ဆာလံ၊ ၁၂၇း၁)

ဘုရားသခင်သည် လူယောက်ျားကိုဖန်ဆင်းပြီးနောက် လူသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်
မိတ်ဆွေဖြစ်ရန် အဖော်လိုအပ်သည်သာမက အထောက်အမ,အကူအညီလည်းလိုအပ်သဖြင့်၊ လူမိန်းမ,ကို
ဖန်ဆင်းခဲ့ကြောင်း၊ ထိုအချိန်မှစ,၍ အိမ်ထောင်ပေါ်ပေါက်လာရသည်။ မင်္ဂလာဆောင်ခြင်းအမှုကိုဘုရားသ
ခင်မှ စ,တင်ခြင်းဖြစ်သည်။
အပြည့်အစုံဖတ်ချင်လျင် http://www.mbc-1813.org/?view=sermon&page=4

မင်္ဂလာဆောင်တာကို တနည်းအားဖြင့် အာဝါဟ ၀ိဝါဟ လုပ်တယ်လို့ ဆိုကြပါတယ်။ အဲဒီစကားလုံးက ပါဠိ
သက်ဝေါဟာရ,ဖြစ်တယ်လို့ဆိုကြတဲ့အတိုင်း အာဝါဟ,ဆိုတာက သတို့သမီးက သတို့သားအိမ်မှာလာလုပ်
တဲ့မင်္ဂလာ(သတို့သားအိမ်မှာ မင်္ဂလာဆောင်တာ) ဝိဝါဟ,ဆိုတာက သတို့သားက သတို့သမီးအိမ်မှာလာ
လုပ်တဲ့ မင်္ဂလာ(သတို့သမီးအိမ်မှာ မင်္ဂလာဆောင်တာ) သတို့သမီးအိမ်လည်းမဟုတ်၊ သတို့သားအိမ်လည်း
မဟုတ်ဘဲ တစ်ခြားနေရာမှာလုပ်တဲ့ မင်္ဂလာကြတော့ စရ,မင်္ဂလာ (ရုံးတက်ပြီးလက်မှတ်ထိုးတာမျိုး)။
ဒါဟာ လူသားတိုင်း လူမှန်လျင် လူ့ဝတ္တရားအတိုင်း ထိန်းသိမ်းလာခဲ့ကြတဲ့ ထိန်းသိမ်းနေကြတဲ့ ထိန်းသိမ်း
သွားကြရမယ့် ဓလေ့ထုံးစံဖြစ်ပါတယ်။ တနည်းအားဖြင့် အနီးစပ်ဆုံး အဲဒါမျိုးကို ရိုးရာလို့ပြောလျင် ရ,နိုင်ပါ
တယ်။

အဲဒီလို နည်းတွေနဲ့မဟုတ်ပဲ ဖြစ်သလိုမျိုးပွါးကြတဲ့အလုပ်ကတော့ လူဖြစ်ပေမယ့် ကောင်းကင်ကို ကျောပေး
ပြီးအသက်ရှင်နေကြတဲ့ သတ္တ၀ါတွေနဲ့အလားသဏ္ဍန်တူပါတယ်။ အဲဒါကိုမှ နှစ်နှစ်ခြိုက်ခြိုက် ခုံခုံမင်မင်လုပ်
တဲ့လူတွေများလာခဲ့မယ်ဆိုလျင် လူ့ပတ်ဝန်းကျင်နဲ့ လောကကြီးတခုလုံး ဘယ်လိုတွေဖြစ်ကုန်မလဲဆိုတာ မ
တွေးရဲတော့ပါဘူး။

နိုင်ငံခြားကိုရောက်နေတဲ့ အရွယ်ရောက်ပြီးသူတွေထဲက အမျိုးသမီးနဲ့အမျိုးသား အချို့တို့ living together
ဆိုတာကြီးကို အင်မတန်နှစ်ခြိုက်ပြီး သဘောကျနေတတ်ကြတာဟာ ရိုးရာကို ပစ်ပယ်ခြင်း၊ ဒါမှမဟုတ် လူ
သားဝတ္တရားကို ဖယ်ကြဉ်ခြင်း၊ နောက်တနည်း လူ့ကျင့်ဝတ်ကို ဖေါက်ဖျက်ခြင်းလို့ ပြောလိုပါတယ်။
အဲဒီတော့ ကျုပ်တို့ကရင့်ရိုးရာတွေကို ထိန်းသိမ်းတဲ့လူ နည်းပါးယုတ်လျှော့လာတာနဲ့အတူ ကရင့်အမျိုး
ပြုတ်ဘို့ ပိုပြီးနီးလာပြီလို့ ပြောနေခြင်းဖြစ်ပါတယ်။

ကရင့်ရိုးရာတွေကို ထိန်းသိမ်းနေကြသူတွေဟာ ဘယ်လိုကရင်တွေလဲ။
သူတို့ ဘာကြောင့်ထိန်းသိမ်းနေကြတာလဲ။
ဘယ်လိုနည်းတွေနဲ့ ကရင့်ရိုးရာကို ထိန်းသိမ်းကြသလဲ။
ကရင့်ရိုးရာတွေကို ပစ်ပယ်နေကြသူတွေဟာ ဘယ်လိုကရင်တွေလဲ။
ဘာကြောင့် ကရင့်ရိုးရာကို ပစ်ပယ်ကြသလဲ။
ဘယ်လိုနည်းတွေနဲ့ ကရင့်ရိုးရာကို ပစ်ပယ်နေကြသလဲ။
အဲဒီမေးခွန်းကို မေးကြမယ်။ ဖြေကြမယ်ဆိုလျင် မေးစရာ ဖြေစရာတွေ စဉ်းစားတွေးတောစရာတွေများ
လွန်းလို့ လေးလေးနက်နက်ထားပြီး သုံးသပ်ကြ စမ်းစစ်ကြမယ်ဆိုလျင် အခုလို အရည်မရ(အရေမရ) အ
ဘတ်မရ(အဖတ်မရ) စာလုံးတွေ ရေးဘို့တောင်အချိန်မရှိနိုင်ပါဘူး။

ဒီထက်ပိုပြီး စဉ်းစားတွေးတောမယ်ဆိုလျင် ကရင့်စကားကို ကရင်တွေ ပီပီသ,သ,ပြောနိုင်အောင် ဘယ်လို
လုပ်ကြမလဲ။ ကရင်စကားပြောချင်လာအောင် ဘယ်နည်းသုံးရမလဲ။
ကရင့်စာကို ကရင်တွေ သတ်ပုံမှန်အောင်ရေးတတ်ဘို့ အသံထွက်မှန်ဘို့ ဘယ်လိုလုပ်လျင်ကောင်းမလဲ။
ကရင့်ရိုးရာတူရိယာပစ္စည်းတွေအပေါ် မျိုးဆက်သစ်လေးတွေ သုံးစွဲချင်စိတ်ရှိလာအောင် သုံးစွဲတတ်အောင်
စိတ်ပါဝင်စားမှုရှိလာအောင် ဘယ်လိုလုပ်ကြမလဲ။
ကရင့်ရိုးရာဆိုတာကို လက်ခံဘို့မဆိုထားနဲ့ စကားလုံးကိုတောင် မကြားချင်လောက်အောင်ဖြစ်နေကြသူ
တွေကို ဘယ်လိုနည်းနဲ့ သဘောပေါက်အောင်ပြောဆိုကြမလဲ။ ရှင်းပြပေးနိုင်မလဲ။
သူ့အလိုလိုနားလည်ချင်လာအောင် နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုစည်းရုံးသိမ်းသွင်းရမလဲ။
နောက်တဆင့် လက်ခံကျင့်သုံးလာအောင် သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်အောင် ဘယ်လို
လုပ်မလဲ။
စ,တာတွေကို အလေးအနက်ထားပြီး စဉ်းစားလိုက်မယ်ဆိုလျင် နေ့နေ့ညညအိပ်လို့တောင်ရနိုင်မယ်မထင်
ဘူး။

စကားစပ်မိလို့ နည်းမှန်လမ်းမှန်နဲ့ စည်းရုံးသိမ်းသွင်းတာလေးကို ရေးပြပါရစေ။ အမျိုးသမီးတစ်ယောက်နဲ့
အမျိုးသားတစ်ယောက်တို့ဟာ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်ခင်စုံမက်ကြပြီး
ဘ၀,တစ်ခုကို နှစ်ယောက်ပေါင်းပြီး တည်ထောင်ကြမယ်ဆိုပါစို့။
အမျိုးသမီးနဲ့အမျိုးသားတို့ဟာ ယုံကြည်ကိုးကွယ်မှု မတူတဲ့အသိုင်းအ၀ိုင်းနှစ်ခုက,လို့ဆိုပါစို့။
သက်ဝင်ယုံကြည်မှုနဲ့ပတ်သက်ပြီး အတိမ်းအစောင်းမခံတဲ့ အမျိုးအနွယ်တွေဖြစ်ပေမယ့် သူတို့နှစ်ဦးက
တော့ဘာသာရေးနဲ့ပတ်သက်ပြီး အမြင်ကျယ်တဲ့ ချစ်သူစုံတွဲ များဖြစ်ကြတယ်။
အဲဒီနှစ်ယောက်ထဲက တယောက်ယောက်ဟာ မိမိနဲ့သက်ဝင်ယုံကြည်မှုမတူတဲ့ဘက်ကို မကူးမပြောင်းလျင်
မဖြစ်နိုင်ဘူးဆိုပါစို့။

နောက်စုံတွဲတစ်တွဲကျတော့ ပထမစုံတွဲလိုပဲ နှစ်ယောက်ပေါင်းပြီး ဘ၀သစ်တခုကို တည်ထောင်ကြမယ့် သူ
တွေ။သက်ဝင်ယုံကြည်မှုမတူဘူး။ ယုံကြည်မှုကို အတိမ်းအစောင်းမခံနိုင်တဲ့ အသိုင်းအ၀ိုင်း။ တယောက်ကို
တယောက်သိပ်ချစ်ကြ တဲ့သူတွေ။ သို့သော် အမျိုးသားဘက်ကပဲဖြစ်ဖြစ် အမျိုးသမီးဘက်ကပဲဖြစ်ဖြစ် ဘာ သာရေးနဲ့ပတ်သက်လာလျင် နှစ်ယောက်စလုံးဟာ အသက်နဲ့ထပ်တူထပ်မျှတန်ဘိုးထားလေးစားကြတဲ့ ချစ်
သူစုံတွဲတွေဆိုပါစို့။ နှစ်ယောက်စလုံးဟာ ယုံကြည်ကိုးကွယ်မှု တူအောင်လုပ်ဘို့ လိုအပ်တယ် ဆိုပါစို့။

ဒီနေရာမှာ ဘာသာရေးအမြင်ကျယ်သူနဲ့ ဘာသာရေးကိုလေးစားတန်ဘိုးထားသူဆိုတာလေးကို နည်းနည်း
ရှင်းပြချင်ပါတယ်။ ဘာသာရေးအမြင်ကျယ်သူဆိုတာက ဘာသာတရားတိုင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာ
သူလို့ ဆိုလိုချင်တာ ဖြစ်ပြီး ဘာသာတရားကို မိမိအသက်နှင့်ထပ်တူယုံကြည်သူကိုတော့ မိမိကိုးကွယ်နေ
တဲ့ဘာသာတရား တစ်ခုတည်းက,လွဲပြီး အခြားဘာသာကို လေ့လာဘို့ ပျက်ကွက်နေသူလို့ ဆိုလိုခြင်းသာ
ဖြစ်ပါတယ်။ ဘာသာတရားကို အလေးမထားသူစုံတွဲနဲ့ ဘာဘာရေးအစွန်းရောက်သူစုံတွဲ လို့ဆိုလိုခြင်းမ
ဟုတ်ပါ။

ကဲ အဲဒီစုံတွဲနှစ်တွဲရဲ့ အိမ်ထောင်ရေး သာယာဝ,ပြောစွာနဲ့ အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နေသွားနိုင်ဘို့
ယုံကြည်သက်ဝင်မှုနဲ့ပတ်သက်ပြီး တသက်တာလုံး စိတ်အနှောင့်အယှက်မဖြစ်ဘို့ နှစ်ဘက်စလုံးဟာ နား
လည်မှုရှိရှိနဲ့ တစ်ယောက်က,တစ်ယောက်ကို နည်းမှန်လမ်းမှန်နဲ့ စည်းရုံးသိမ်းသွင်းတတ်မှသာ ငြိမ်းချမ်း
သာယာတဲ့ မိသားစုလေးဖြစ်လာမှာပါ။

ကျုပ်တို့ကရင်တွေလည်း ကရင့်အမျိုးမပြုတ်အောင် လိုအပ်နေတဲ့ ကရင့်စကား၊ ကရင့်စာပေ၊ကရင့်ယဉ်
ကျေးမှု  အနုသုခုမ၊ ကရင့်ဝတ်စားဆင်ယင်မှု၊ ကရင့်ရိုးရာဓလေ့ ဆိုတာတွေကို ကရင်တွေ ထိန်းသိမ်းချင်
တဲ့စိတ်ရှိလာအောင် စည်းရုံးသိမ်းသွင်းရာမှာ နည်းမှန်လမ်းမှန်ဖြစ်မှသာ နည်းလမ်းကျမှသာလျှင် ကရင့်
အမျိုးသား တိုးတက်ရေး သာယာဝ,ပြောရေး ဘက်ပေါင်းစုံဖွံ့ဖြိုးရေးတွေကို အားမာန်အပြည့်လုပ်လာနိုင်
တာနဲ့အညီ ကရင်အမျိုးမပြုတ်ရေးအတွက် တားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကရင့်အမျိုးမပြုတ်နိုင်မှာ
ဖြစ်ပါတယ်။
တဆက်တည်း ကမ္ဘာကျော်ကရင်တွေ ဧကန်မုချတိုးပွါးလာမှာ ဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဆက်ရန်ရှိသေးသည်

ဖူ့တာမိက် မှကူးယူဖေါ်ပြသည်။
ဆက်လက်ဖတ်ရှု့ရန်

February 9, 2013

ကော်သူးလေအတွက် သွေးစွန်းတဲ့ ချစ်သူများနေ့

Unknown | 2/09/2013 01:32:00 AM | Best Blogger Tips


                                            
                           (ပဒိုမန်းရှာအတွက် ငါးနှစ်ပြည့် အောက်မေ့ဖွယ် အမှတ် တရ ဆောင်းပါး)

ဇကောလောက်မှ ဇောက်မနက်ပဲ အသားထဲက လောက်ထွက် သူများရဲ့ လက်ချက်နဲ့ ကရင့်အမျိုးသားတော်လှန် ရေးကို မှန် ကန်စွာ ဦးဆောင်မှုပေးနေခဲ့တဲ့ ဖထီးမန်းရှာ(ပဒိုမန်းရှာ လားဖန်း) ကျဆုံးသွားခဲ့ရပါတယ်။ မြန်မာ ပြည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ တန်းတူအခွင့်အ ရေးရရှိရေးနဲ့ ဒီမိုကရေစီ ထွန်းကား လာရေး အတွက် အရှိန်မြင့် ချီတက်လာတဲ့ တော်လှန်ရေး လမ်းကြောင်း လမ်း ခုလတ်တွင် ယခုလို ခေါင်းဆောင်ကောင်း တယောက် ဆုံးရှုံးသွားခဲ့ရတဲ့အတွက် ကရင့်တော် လှန်ရေး အတွက်ရော မြန်မာပြည် ဒီမိုကရေစီရေး အတွက်ပါ များစွာ ထိခိုက်နစ်နာ ခဲ့ရပါတယ်။

ဖထီးမန်းရှာ လုပ်ကြံခံရတာ လာမယ့် ၂၀၁၃ခုနှစ် ဖေ ဖော်ဝါရီလ ၁၄ရက် နေ့ မှာ လေးနှစ် တင်း တင်း ပြည့်ပြီဖြစ် သော်လည်း ကျနော့်အတွက်ကတော့ မနေ့တနေ့က လိုပဲ ခံစားနေ ရဆဲပါ။ ဖထီးမန်းရှာ လုပ်ကြံခံရတဲ့ အကြောင်းကို တွေးမိတိုင်း ရင်ထဲမှာ အမြဲပဲ အမှတ်ရနေ မိပြီး ယူကျုံးမ ရတဲ့စိတ်၊ နှမြောတသတဲ့ စိတ်၊ ၀မ်းနည်းကြေကွဲတဲ့ စိတ်တွေဟာလည်း ရင်ထဲ နှလုံးသား ထဲမှာ ဖော်ပြမရနိုင် လောက်အောင်ပဲ တရိတ်ရိတ် ဖြစ်ပေါ်လာခဲ့ရပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

February 7, 2013

အမျိုးပြုတ်တော့မယ့် ကရင် အပိုင်း(၁)

Unknown | 2/07/2013 11:58:00 PM | Best Blogger Tips



 


                             အပိုင်း(၁)

February 7, 2013
By မင်းစိုးစံ

ခေါင်းစည်းကိုမြင်လိုက်တာနဲ့ ပြူးသွားပြီလား။ (မျက်လုံး)
ကရင်တွေ နိုင်ငံတကာကိုရောက်နေပြီ အမျိုးမပြုတ်နိုင်တော့ဘူး။
ကရင်ထီးနဲ့ ကရင်မ,ညားကြတယ်၊ ကရင်ကလေးတွေမွေးလာတယ်။
ကရင့်အမျိုးသားအခန်းအနားတွေကို မိမိရောက်နေတဲ့ နေရာတိုင်း ဒေသ,တိုင်းမှာကျင်းပ,ကြတယ်။
ကရင်ပညာတတ်တွေ များလာပြီ ကရင်အမျိုးမပြုတ်နိုင်တော့ဘူး။
ဆက်လက်ဖတ်ရှု့ရန်

လိုင်ဇာသိမ်း တိုက်ပွဲ ဘယ်သူနိင်ပါသလဲ Pyrrhic victory in Myanmar

Unknown | 2/07/2013 06:26:00 AM | Best Blogger Tips


February 7,2013 by ရွှေင်္ဟသာသတင်းဌာန

တပ်မတော် ရဲ့ လိုင်ဇာသိမ်း တိုက်ပွဲအပေါ် ဘန်ကောက် အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူ Anthony David ရဲ့ စစ်ရေးသုံးသပ်ချက်ပါ၊ စစ်ရေး စိတ်ဝင်စားသူများ ဖတ်သင့်တဲ့ ဆောင်းပါးပါ စစ်ပွဲတစ်ပွဲမှာ လိုချင်တဲ့ နယ်မြေကို ရတာ နဲ့ အောင်နိင်တယ်လို့ ပြောလို့ရပါသလား၊ အဲဒီအတွက် ပေးဆပ်ခဲ့ရတာနဲ့ ပြန်ရတာ မကာမိရင် ဒီ အောင်ပွဲကို အချည်းနှီး အောင်ပွဲလို့ပဲ သတ်မှတ်ရမှာပါပဲ။ ဒီဆောင်းပါးမှာ
ဆက်လက်ဖတ်ရှု့ရန်

January 31, 2013

လောင်းကစားဝိုင်းများ နှင့် ငြိမ်းချမ်းရေး- (လောက)

Unknown | 1/31/2013 11:10:00 PM | Best Blogger Tips



                                 


ယနေ့ဟာ ကရင်အမျိုးသားအပေါင်းတို့၏ ကိုယ်ပိုင်ပြငှာန်းခွင့်နှင့် တန်းတူအခွင့်အရေးရရှိရန်  မြန်မာ အစိုးရ၏ မတရားဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ပြီး တရားမျှတသောအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာရန် အတွက် ကရင်အမျိုးသားအပေါင်းတို့သည်မြန်မာအစိုးရအဆက်ဆက်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့သည်မှာ (၆၄) နှစ်ပြည့်သော နေ့ရက် အချိန်အခါလည်း ဖြစ်သည်။ 

ထိုကြောင့် အနယ်အနယ်အရပ်ရပ်တွင်ရှိသော ကရင်အမျိုးသားအပေါင်းတို့သည် (၆၄) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုနေကြသော အချိန်လည်းဖြစ်ပြီး ကရင်အမျိုးသားများ အတွက် နေ့ထူးနေ့မြတ် တစ်ရပ်လည်းဖြစ်ပါသည်။ 
ဆက်လက်ဖတ်ရှု့ရန်

လေလှိုင်းထဲက ကချင်တိုက်ပွဲ

Unknown | 1/31/2013 03:40:00 AM | Best Blogger Tips


ဆောင်းပါး - လဖိုင် (ဧရာဝတီ)

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာမြို့ မြင်ကွင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
                                 

မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း ရဲ့ အဲဒီကြွေးကြော်သံဟာ ပဲ့တင်ကျန်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ မီဒီယာ တိုက်ပွဲကတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသမှာ ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အခြေစိုက် သဇင် FM နဲ့ လိုင်ဇာ အခြေစိုက် လိုင်ဇာ FM တို့ ကြားက တိုက်ပွဲပဲဖြစ်ပါတယ်။ မြေပြင်မှာ လက်နက်တွေနဲ့ တိုက်သလို ဝေဟင်မှာ အသံလှိုင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလိမ့်မယ်လို့ မထင်ပါနဲ့။ ဒီ FM တိုက်ပွဲမှာ လိုင်ဇာ FM က ခံနေရတာပါ။

ဆက်လက်ဖတ်ရှု့ရန်

January 28, 2013

ဟားတိုက်ရယ်တယ် မထင်လိုက်နဲ့ ငြုပ်သီးစပ်လို့

Unknown | 1/28/2013 05:22:00 PM | Best Blogger Tips

ကေအိုင်စီသတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် M ထက်ခေါင်ရဲ့ စပယ်ရှယ် ဆောင်းပါးတပုဒ်ပါ။


M. ထက်ခေါင်

(၁)
ကချင်ပြည်နယ်အတွင်း ရန်သူစစ်အုပ်စုက ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်တို့ဖြင့် နေ့စဉ်ရက်ဆက် ကျူးကျော် ထိုးစစ်ဆင်လျက်၊ ကချင်ပြည်သူများအား စော်ကား သတ်ဖြတ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် ကေအိုင်အို၏ စစ်ရေး နိုင်ငံရေး အသာစီးရရှိလာမှုနှင့်အတူ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအဲန်အက်ဖ်စီ၏ အခန်း ကဏ္ဍသည်လည်း ထင်ရှားတောက်ပြောင်လာချိန်၊ ယူအဲန်အက်ဖ်စီ အဖွဲ့တွင် အထင်ကရ အဖွဲ့ဝင်တဦးဖြစ်သော ကေအဲန်ယူ၏ အခန်းကဏ္ဍမှာမူ ကရင်လူထုများအကြားမှာပင် ရေပန်းမစားတော့ဘဲ ဖြစ်လာသည်။ တချိန်တည်းမှာပင် စစ်ကို အယောင်ပြ ရပ်ဆိုင်းခိုင်းနေသည့် အရပ်ဝတ်အရေခြုံ လူထုဆန္ဒမပါသော မဲလိမ်မဲခိုး သမ္မတနှင့် လူထုဆန္ဒကို မျက်ကွယ်ပြုကာ စစ်အုပ်စု လက်က သုံးတောင်ဝှေးအဖြစ် မိမိကိုယ်မိမိ ထိုးအပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်တို့၏ ဂုဏ်သတင်းမှာလည်း ပျက်ယွင်းမှေး မှိန်လာခဲ့ပြီ ဖြစ်လေသည်။
နယ်မြေအတွင်း ကျူးကျော်လာသည့် တိုက်လေယာဉ်များ၊ စက်သေနတ်များ၊ စွမ်းအားပြင်း အမြောက်ကြီးများ၊ မီး လောင်ဗုံး အပါအ၀င် ဓာတုဗုံးလက်နက် ကြဲချခြင်းများကို ခိုင်မာပြတ်သားသည့် ရပ်တည်ချက်ဖြင့် မဆုတ်မနစ် တွန်းလှန် လျက်ရှိသော ကေအိုင်အိုကို ကမ္ဘာက အာရုံစိုက်လာကြပြီ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂကကော အမေရိကန်ကပါ မခံမရပ်နိုင် ဖြစ်လာကြပြီး ဗြိတိန်ကလည်း စီးပွားရေးပိတ်ဆို့မှုများ ရပ်ဆိုင်းခဲ့သည့်ကိစ္စအပေါ် ပြန်လည် စဉ်းစားသုံးသပ်မည်ဟု ဆိုလာပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှု့ရန်

January 25, 2013

တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ

Unknown | 1/25/2013 05:57:00 AM | Best Blogger Tips

  ကေသွယ်ရဲ့ ဆောင်းပါးကောင်းလေးတပုဒ်ပါ။ အနာဂါတ်မှာ ကရင်ပြည်နယ်မှာ တောင်တွေကိုဖြို တူးဖို့ ပြင်နေကြပြီမို့ ဗဟုသုတအတွက် ထပ်ဆင့်တင်ပြပေးလိုက်ပါသည်။

တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ

Development or Die

မြို့လယ်ခေါင် လူစည်ကားရာ နေရာမှာ၊ ချိတ်ဆွဲထားတဲ့ Development or Die ဆိုတဲ့ လစ်ဘရယ်ပါတီ
ရဲ့ မဲဆွယ်ဆိုင်းဘုဒ် ကလေးကို မြင်တော့၊ ပြုံးမိရသည်။ ဒီမြေတွေကို ဒီအတိုင်းပဲ ထားရင်း သေသွားကြမလား.. ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမလား လို့ ဆိုချင်ဟန် တူပါရဲ့။

သြစတြေလျ မှာက၊ သတ္တုတူးဖော်ရေး (Mining) လုပ်ငန်းက အဓိက ဖြစ်ပြီး ၊ တနိုင်ငံလုံးရဲ့ GDP ကို ၁၀ ရာနှုံးထိအောင် ထောက်ကန်ပေးခဲ့ဘူးသည် ဆိုတော့ နိုင်ငံရေးပါတီတွေရဲ့ အဓိက အသုံးချစရာ လက်နက်ကိရိယာကလည်း မိုင်းနဲ့ပတ်သတ်တဲ့ ပေါ်လစီတွေ အခွန်အခကိစ္စတွေသာ ဖြစ်လေ့ရှိသည်။ ပြီးခဲ့တဲ့ နှစ်တွေကပင် လေဘာပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဂျုလီယာဂေလာ့ဒ်က Mining Super Tax ဆိုပြီး ကုမ္ပဏီကြီးတွေကို အခွန် ၄၀% ထိ တိုးကောက်ဖို့လုပ်တော့ အကြီးအကျယ် အငြင်းပွားခဲ့ကြသေးသည်။ အဲဒီလို မိုင်းလုပ်ငန်းတွေ ဖွံ့ဖြိုးနေတဲ့ အထဲကမှ သြစတြေလျတင်မက တောင်ကမ္ဘာခြမ်းမှာပါ အကြီးဆုံး ဆိုတဲ့ Super Pit မိုင်းတွင်းကြီးကို မေးတင်ထားတဲ့ မြို့လေးတမြို့မှာ ၊ ရောက်ရှိ နေထိုင်နေသူ တဦးအတွက်တော့ မိုင်း နဲ့ စပ်ဆိုင်သမျှ အားလုံး သည်၊ စိတ်ဝင်စားစရာ ဖြစ်လို့ နေသည်။ တမြို့လုံးလိုလိုကလည်း ဒီ မိုင်းလုပ်ငန်း တွေ အပေါ်မှာ မှီခို လုပ်ကိုင်နေကြတဲ့ သူတွေ ချည်း။ မိုင်းအင်ဂျင်နီယာက စလို့၊ မိုင်းသန့်ရှင်းရေး လုပ်တဲ လူ အထိ၊ မိုင်းအလုပ်ကြမ်း ၀တ်စုံ နဲ့ လူကြီး လူငယ် ယောက်ျား မိန်းမ အစုံစုံ ဟာ၊ ညနေစောင်း အိမ်ပြန်ချိန် လမ်းတွေပေါ်မှာ အပြည့် ။ ဒါ့အပြင် Western Australia School of Mines ဆိုတဲ့ ၊ တက္ကသိုလ်လေး တခု လည်း ရှိနေသေးသည် ဆိုတော့၊ ဒီမြို့ကို မှ မိုင်းမြို့ လို့ မခေါ်ရင်၊ ဘာကို ခေါ်တော့မလဲ။
ဆက်လက်ဖတ်ရှု့ရန်

January 24, 2013

ပညာတတ်တစ်ယောက်၏တန်ဘိုး

Unknown | 1/24/2013 04:46:00 AM | Best Blogger Tips


အက်ဆေး
Written by ဇော်ဇော်အောင်

၁။ ပညာနဲ့ ပတ်သက်တဲ့ အမြင်တစ်ခုကို ဘက်တစ်ဘက်ကတင်ပြပါမယ်။
                                               


၂။ ငယ်စဉ်တုန်က ကြားဖူးခဲ့တဲ့ ပုံပြင် တစ်ပုဒ် ရှိပါတယ်။ ကျေးလက်က လူငယ် တစ်ယောက်က မြို့တက်ပြီး ပညာသင်ယူတယ်။ တက္ကသိုလ်က ဘွဲ့ရပြီး ရွာပြန်လာတယ်။ အားလုံးက ဂုဏ်ယူ ပျော်ရွှင်ကြလို့ ရွာဦးကျောင်းက ဆရာတော့်ဆီသွားကန်တော့တယ်။ ဆရာတော်ကလည်း ဝမ်းသာ အားရ မင်းတက္ကသိုလ်ကြီးက ဘာ ပညာ တွေသင်လာခဲ့သလဲ။ တပည့်တော် ဒဿနိကဗေဒ ပညာရပ်နဲ့ဘွဲ့ရခဲ့ပါတယ် ဘုရား။ `အေး….. ကောင်း၊ အတော်ဘဲ ငါ့ကျောင်းက တိုင်ကပ်နာရီကြီး ပျက်နေတာ တစ်လလောက်ရှိပြီ။ အဲ့ဒါ ပြင်ပေးခဲ့ စမ်းကွာ´ လို့ ဆရာတော်က မိန့်တယ်။ ဒီပုံပြင်က အတော်ကြာပါပြီ။ ဆက်စဉ်းစားလို့ရပါတယ်။ မြန်မာစာနဲ့ သို့မဟုတ် အင်္ဂလိပ်စာနဲ့၊ သမိုင်းနဲ့ဘွဲ့ ရခဲ့ရင်လည်း နာရီတော့ ပြင်တတ်မယ် မဟုတ်ပေဘူး။

ဆက်လက်ဖတ်ရှု့ရန်

ငြိမ်းချမ်းရေးခရီး

Unknown | 1/24/2013 01:03:00 AM | Best Blogger Tips



                                



ဒီကနေ့ ၂၀၁၃ ခုနှစ် ဇန်ဝါရီလ (၁၂) ရက်နေ့၊ ပြည်ထောင်စု အစိုးရနဲ့ ကရင် အမျိုးသားအစည်းအရုံး(KNU) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့တာ တစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့ ကျရောက်တဲ့ ၂၇၅၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သန်း(၆၀)ထဲက ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံသားတစ်ဦး အနေနဲ့၊ တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်း ရာထောင်ချီ ခိုင်မြဲစေချင်ပါတယ်။ ကျွန်တော့်လိုပဲ မိတ်ဆွေများလည်း အပစ်အခတ် ရပ်စဲမှုကို ပျက်စေချင်ကြမှာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးကို ခိုင်မြဲ စေချင်ကြမှာပါ။

ဆက်လက်ဖတ်ရှု့ရန်

January 23, 2013

သယံဇာတကျိန်စာ မြန်မာတွင် ဖြစ်ပေါ်နေပြီဟု ဆို

Unknown | 1/23/2013 04:30:00 AM | Best Blogger Tips

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။

သယံဇာတအလွန်အကျွံထုတ်ယူ သောနိုင်ငံများသည် သယံဇာတ ကျိန်စာ များဟုဆိုသော လူမှပြုလုပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်း (ဥပမာ-မြေဖို့ထားသောတောင်များ ပြိုခြင်း၊ သယံဇာတထုတ်ယူမှုကြောင့် ကမ်းပါးများပြိုကျခြင်း)၊ နိုင်ငံတကာ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း သုံးငွေတန်ဖိုး တက်လာခြင်း၊ သယံ ဇာတထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဒေသခံကလေးများတွင် အင်္ဂါချို့တဲ့မှုများ ဖြစ်ပေါ်ခြင်း၊ သယံ ဇာတပိုင်ဆိုင်လိုမှုကြောင့် ပြည်တွင်းစစ် များဖြစ်ပေါ်ခြင်း၊ လူကုန်ကူးမှု များ ပေါ်ပေါက် လာခြင်းများကို တွေ့ရှိရ သည်ဟု သိရသည်။
ထို့အပြင်အစိုးရသည် သယံဇာတ များရောင်းချခြင်းဖြင့် အလွယ်တကူ ဝင်ငွေရရှိလာခြင်းကြောင့် တိုင်းပြည် အတွက် ငွေကြေးသုံးစွဲမှုတွင် ချင့်ချိန်မှု မရှိဘဲ မလိုလားအပ်သော စီမံကိန်း ကြီးများ ရေးဆွဲဖော်ဆောင်မှု ပြုလုပ် သည်။

ဆက်လက်ဖတ်ရှု့ရန်

January 10, 2013

တရုတ်နှင့် ဂျပန်တွေစိတ်ဝင်စားနေတဲ့ သဲများအကြောင်းသိထားသင့်သမျှ

Unknown | 1/10/2013 01:43:00 AM | Best Blogger Tips


ဒီတလောသတင်းတွေမှတွေ့ နေရတာက ရခိုင်ပြည်နယ်က အနက်ရောက်သဲများကို တရုတ်ပြည်က စိတ်ဝင်စားပြီးလာေ၇ာက်စမ်းသပ်မှုတွေပြုလုပ်နေတယ်ဆိုတာပါဘဲ။ မြန်မာပြည်သူ အများစုကတော့အဲဒီ အနက်ရောင်သဲတွေကဘာလဲ ဘယ်မှာသွားသုံးမှာလဲ၊ ဘာတန်ဘို့ ရှိလည်းဆိုတာ သိကြဦးမည်လို့ မထင်ပါ။
                          


စာရေးသူ ကိုယ်တိုင်လည်း အဲဒီသဲတွေကိုမမြင်ဘူး အကြောင်းလည်းမသိပါ။
ဆက်လက်ဖတ်ရှု့ရန်

January 8, 2013

သမိုင်းဆိုတာ မမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း

Unknown | 1/08/2013 02:57:00 AM | Best Blogger Tips

ဆောင်းပါး - ကညောကော်


ဒီ ဆောင်းပါး ကို ဒီနေ့ ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့် လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို့ သောသူများက အမြင်ကျဉ်းသူ၊ လူမျိုးရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့ သို့ သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့ လာခဲ့ပါသည်။
ဆက်လက်ဖတ်ရှု့ရန်

January 7, 2013

တပ်မတော်ရဲ့ ရှေးရိုး အစဉ်အလာနဲ့ အစွဲအလန်း ကြီးမားမှု ဖြစ်စဉ်များ (နှစ်သစ်ကူး ဂုဏ်ပြု အစီအစဉ်) - အပိုင်း (၁)

Unknown | 1/07/2013 10:49:00 PM | Best Blogger Tips

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

တပ်မတော်စတင်ဖွဲ့စည်းကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေဟာ ဘန်ကောက်မှာ လက်မောင်းသွေးဖောက်ပြီး သစ္စာဆိုခဲ့ပါတယ်။ အဲဒီ သစ္စာမှန်ကန်တာကြောင့် တပ်မတော်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိလာကာ အင်အားတောင့်တင်းလာတာကြောင့် ဖက်ဆစ်ဂျပန်နှင့် နယ်ချဲ့အင်္ဂလိပ်တို့က ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ သမိုင်းအစဉ်အလာစတင် တာထွက်ကတည်းက ကောင်းမွန်ခဲ့ပါတယ်။ စစ်ထဲဝင်လာပြီဆိုကတည်းက စစ်သားတိုင်း အလံကိုင်ပြီး သစ္စာဆိုရပါတယ်။ စစ်သည်တိုင်း သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆိုရပါတယ်။ နေ့စဉ် ဗိုလ်လောင်းတွေ နေ့လည်စာ/ ညနေစာမစားခင်မှာ ပြည်သူလူထုကျွေးတဲ့ ထမင်းကို သစ္စာစောင့်ရမယ်ဆိုတဲ့ ရွတ်ဆိုသံတွေနဲ့ သစ္စာလေးချက်
ဆက်လက်ဖတ်ရှု့ရန်