.
xxx
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
February 13, 2013
မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရသော ပန်း
Unknown | 2/13/2013 04:37:00 PM | Best Blogger Tips
မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရသော ပန်း
ရှာ....... ကြယ်ကလေးလို လမ်းပြသူ
လှား..... လမင်းလို အေးမြမှုတွေ ပေးသူ
ဖန်း...... အမှောင်လမ်းမှ အလင်းဖြာဝေသူ
ကရင့်တော်လှန်ရေး ခရီးကြမ်းထဲက
မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရသူ
ပဒိုမန်းရှာ စလှားဖန်း
ချစ်သူတွေ ပျော်တဲ့ ၁၄ရက်နေ့
ဒီနေ့ ဒီနေ့ မေ့လို့ မရတဲ့ နေ့
ပျော်စရာတွေ ကင်းမဲ့ ရင်ခွင်နဲ့
ကော်သူးလေ ရဲ့ မျက်ရည်
ချစ်သော သားအဖို့
သွေးမျက်ရည်တွေ သောင်ရင်းမြစ်ထဲ
သွန်းအန်ချတဲ့ နေ့
ဖေဖ၀ါရီ ၁၄ ရက်နေ့......
ဒေါနတောင်းတန်းပေါ်က
တောရိုင်းပန်းကလေးတွေ ငိုကြွေးတဲ့ နေ့
ရိုးမတောင်တန်းပေါ်က အိမ်မက်ညတွေ
ကြွေကြွေ လွင့်တဲ့ နေ့
တိမ်စိုင်တွေ ဖုံးအုပ်ပေမယ့် ကောင်းကင်ထက်က
လမ်းပြကြယ်လေး ကြွေကျ မြေခ ခဲ့ရတဲ့ နေ့
ဒီနေ့ ဒီနေ့ ကရင်လူမျိုးအဖို့
မျှတမှုကိုတောင်းဆို အမှန်တရားမြတ်နိုးသူတွေ
နှမျောတသ ဖြစ်ရတဲ့ ဖေဖ၀ါရီ ၁၄ ရက်နေ့.......
"တောက်" မတန်ဘူးဗျာ မတန်ဘူး
သွေးအိုင် ထဲမှာ ပက်လက်
အမျိုးမချစ် မျိုးမစစ်
သူတို့ သူတို့ လက်ချက်ကြောင့်
သူတို့ကိုယ်ကျိုးဘ၀ ကောင်းစားဖို့
မန်းရှာ ကို မန်းရှာ ကို
ကော်သူးလေ မင်းရဲ့ ရင်ခွင်က နေ
သူတို့ ဆွဲထုတ်ပြစ်လိုက် ကြပြီး......
ဇာတိက ပန်းတနော်
မြစ်ဝကျွန်းပေါ်သား ပေမို့
ငါတို့ရဲ့ သိက္ခာ ငါတို့ ရဲ့ ဘ၀တွေ
ငါတို့ရဲ့ အမျိုးချစ်တဲ့ စိတ်ဓာတ်တွေ ကို
မိခင် ကော်သူးလေ ရင်မှာ
"မန်းရှာ" ယူဆောင် သွားနှင့်ခဲ့လေပြီးမို့
ရင်မှ စကား တစ်ခွန်းလေးဖြင့်
"စခုတ်စတား" မန်းရှာ......
ရာထူးမရှိ စည်းစိမ်းမဲ့လည်း
ကျရာတာဝန် ကျေပွန်ခဲ့သူ
ရေဆန်လမ်းမှာ မုန်းတိုင်းကြမ်း
ရေစုန်မှာမျော ကိုယ်ကျိုး မကြည့်ခဲ့သူ
တော်လှန်ရေးမှာ ခရီးကြမ်း
ဆူးငြောင့်တွေနဲ့ ခလုတ်ပေါ လည်း
အသက်ကို စတေး လူမျိုးအဖို့
မတွန့်တို ခဲ့သူ.........
မန်းရှာရေ ............
အမျိုးမချစ် မျိုးမစစ်
သူတို့တွေကြောင့် သူတို့တွေကြောင့်
စောဘဦးကြီးအစ မန်းရှားအဆုံး
မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရပြီးမို့
ကောင်းကင်ယံထက် မောပန်းခြင်းတွေကို
ဖြေသိမ့်ကာ ကရင်လူမျိုးတွေအဖို့
ကြယ်ကလေးလို လမင်း ကြီးလို
အေးမြခြင်းအလင်းရောင်အသွင်
ကော်သူးလေ ရင်ခွင်ထဲ
သွန်းလောင်းချပေးပါဦး.....မန်းရှာ......
မေ့လို့မရတဲ့ နေ့ မေ့လို့မဖြစ်တဲ့နေ့
ငါတို့ရဲ့ ကော်သူးလေ ရင်မှာ သွေးကွက်စွန်းတဲ့
ဖေဖ၀ါရီ ၁၄ ရက်နေ့
စလှားဖန်း
    from http://www.9dblood.com/2013/02/blog-post_14.html
ဆက်လက်ဖတ်ရှု့ရန်
December 31, 2012
ဒေါ်စုနဲ့ တယောသမားများသို့
Unknown | 12/31/2012 06:00:00 AM | Best Blogger Tips
ဒေါ်စုနဲ့ တယောသမားများသို့
မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။
ကချင်မှာ …
ဆက်လက်ဖတ်ရှု့ရန်
December 27, 2012
ကိုပေါလို့အများခေါ်တယ်
Unknown | 12/27/2012 09:52:00 PM | Best Blogger Tips
 ကိုပေါလို့ အများခေါ်တယ်(လကာင်္ဒီပ)
ကေအိုင်စီရဲ့ ပင်တိုင်ကဗျာဆရာ လကာင်္ဒီပရဲ့ ကိုပေါလို့ အများခေါ်တယ် ကဗျာခေါင်းစဉ်ကို ဖတ်မိရုံနဲ့
''တခါတုန်းက တို့ရွာမှာ သဘောကောင်းပြီး ဆင်းရဲတယ်၊ ကိုယ်ပေါလို့အများခေါ်တယ်၊ ပေါချာချာ
သူလေးရယ်၊'' ဆိုတဲ့ လွှမ်းမိုးရဲ့ သီချင်းစားသားကို ပြေးသတိရမိပါတယ်။
ဒါပေမဲ့ လွှမ်းမိုးသီချင်းထဲက ကိုပေါဆိုတဲ့ ဇာတ်ကောင်က သူဌေးသမီးကို တဘက်သတ်စွဲလန်းနေတဲ့
အကြောင်းအရာပါ။ လကာင်္ဒီပရဲ့ ဇာတ်ကောင်ကိုပေါကရော ဘယ်လိုလူစားမျိုးလဲ။ အမျိုးသားရေးကဗျာ
တွေအရေးများတဲ့ လကာင်္ဒီပရဲ့ ဇာတ်ကောင်က ကရင်လူထုအတွက် အကျိုးပြုလူသားလား။ ကရင်လူထုအတွက် အမြော်အမြင်ကြီးစွာနဲ့ မနက်ဖြန်များစွာကို ပုံဖေါ်ပေးမဲ့ ခေါင်းဆောင်ကောင်းလား။
ကိုပေါဟာ သမိုင်းရဲ့ တရားခံလားဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်လား။      ။
စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးပြည့်စုံစေချင်တာ
ကိုယ့်မှာတော့ ဘာမှမရှိချင်နေ
လေလေးချွှန် နှီးလေးဖျာ
ဝမ်းတထွာလေး ပြည့်ရင်တော်ပြီပဲဆိုတဲ့
အတ္တမဲ့သူ့အသွင်သဏ္ဍန်
ဗြဟ္မစိုတရားပဲ လက်ကိုင်ထားလေသလား။
ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားသလားလို့တောင် ထင်မှတ်ရတဲ့ ပရဟိတသမားကြီးရဲ့ စိတ်အရင်းခံ
ကတော့ အေးအေးလူလူ လို့ပဲ ယူဆနိုင်ပါတယ်။ သူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်မယ်လို့တောင်
မထင်ရတဲ့ လကာင်္ဒီပရဲ့ ဇာတ်ကောင်အကြောင်းကို ဆက်ဖတ်ကြည့်ရအောင်။
စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးငြိမ်းနေစေချင်သူ
ကိုယ့်လူမျိုးမှာ ဘာဖြစ်ဖြစ် ဖာဖြစ်ဖြစ်
နွံနစ်နစ် ကျွန်ဖြစ်ဖြစ်
မွဲတေပေရစ်နေပါစေကွယ်
ငယ်နိုင်လိုပြုကျင့်လူ့အလွှာ
စိုပြေသာယာဖွံ့ဖြိုးရေး
ပူးတွဲပေးဆပ်ချင်တဲ့လူစား
ရိုးသားလွန်းသလား “အ”သလား။
စိတ်စေတနာ တပုံတပင်နဲ့ ပရဟိတသမားကြီးရဲ့ အဇ္ဈတ္တကို ဒီနေရာမှာ ကောင်းကောင်းကြီး တွေ့မြင် ခွင့်ရမှာ ဖြစ်ပါတယ်။ သူရဲ့စေတနာဟာ ကိုယ့်လူမျိုးအတွက် ဝေဒနာပေးမဲ့ လူစားမျိုးပါလား။
ကိုယ့်လူမျိုးဘာဖြစ်ဖြစ် -ာ ဖြစ်ဖြစ်၊ သူ့အလွှာကောင်းစားဖို့အတွက်ဆိုရင်တော့ သူဟာ ''အ'' တာ
ဆက်လက်ဖတ်ရှု့ရန်
December 10, 2012
မြေကမ္ဘာဟာ ….ငါတို့ဖြစ်တယ်
Unknown | 12/10/2012 07:24:00 AM | Best Blogger Tips
မြေကမ္ဘာဟာ ….ငါတို့ဖြစ်တယ်
ကမာပုလဲ၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂
မနေ့ကတော့
ပန်းကလေးတွေက ဝေကာဆာကာ
ယဉ်ယဉ်ကျေးကျေး ဆံမြိတ်ချ
မိန်းမလှချင်းတောင် မနာလိုချင်စရာ
ငေးနေကြရပုံများနှယ်….။
မာနတွေလည်း မကြီးခဲ့ပါဘူး
ချစ်ချင်းတွေကိုလည်း မတွန့်တိုခဲ့ဘူး
ပေးဆပ်ကုစားလိုတဲ့ စရဏတရား
နိမ့်ပါးသူတွေအပေါ်မှာ ….
ချစ်တတ်ကြသူချင်းသာ အသိဆုံးလေ။
သည်လို… မနက်ခင်းရဲ့ မျက်နှာမျိုးတွေနဲ့
တခါက အလှတွေ
ပျက်နေ စီးနေ လိုက်ပုံများ
အိုဘယ့် ….
မတွေးရက် မမြင်ရက်
မရှုရက်နိုင်စရာတွေသာ….။
မြေနိမ့်ရာ လှံစိုက်သတဲ့လား 
ဒီလိုသာ လွယ်လွယ်အရှုံးပေးနေတတ်ရင် 
ဘ၀က သင့်ကို သရော်လိမ့်မယ် 
ကြယ်တွေကြွေတာ မဆန်းပါဘူး 
အရေးကြီးတာက 
မဖေါက်မပြန် … လွမ်းရဲဖို့ ။ ။
Copy from http://moemaka.com/?p=29987
ဆက်လက်ဖတ်ရှု့ရန်
December 6, 2012
ပြောင်းလဲခြင်း(ကဗျာ)
Unknown | 12/06/2012 01:57:00 AM | Best Blogger Tips
“ပြောင်းလဲခြင်း”
                   (၁)
        ကာလကြာညောင်း တစ်နှစ်ဟောင်းလို့ 
          နှစ်သစ်တစ်နှစ်ပြောင်းပြန်ပြီ။     
       အဟောင်းတွေကိုဆုပ်ကိုင် အတ္တမန္ဋတ်တိုင်တက်
“လူ့ မလိုင်ပျက် အမျိုးဖျက်” တဲ့
ထိုထို “လူပျက်” တွေရဲ့ အသက်ရှင်သန်မှု
အမျိုးသားရေးကို ရှေးရှုလို့ 
ဘာတွေ အကျိုးပြုနေပါသလဲ...။
                         (၂)
       ဟိုး...သမိုင်းမတိုင်ခင်ကာလ
          တိဗက်ကုန်းမြင့်ကစ ထီးဆဲ့မဲ့ယွာ
တို့ တွေရဲ့အတိတ်တိုင်းမှာ
“အစွန့် ပယ်ခံ အနိုင်ကျင့်ခံ
အရက်စက်ခံ အနင်းချေခံ”
လူ့ အခြေခံအခွင့်အရေးရဖို့ ဝေးသမို့ 
အန္တရာယ်ကိုတည့်တည့်တိုး လမ်းဆိုးတွေပေါ်မှာလျှောက်
တောင် မြောက် အနောက် အရှေ့ သိသရွေ့ လေးနဲ့ 
ရေကြည် မြက်နုရာကို ရှာခဲ့ပါတယ်...
တို့ တတွေ ဘာများရခဲ့ပါသလဲ။           
                            (၃)
          မိစ္ဆာအသိတရားက ကွဲပြားမှုရဲ့ အဓိကအစ
          ဖောက်ပြန်တဲ့ အတ္တတယူသန်စွဲတွေကြောင့်
          “စည်းလုံးခြင်း”ဆိုတာလေ ခေတ်အဆက်ဆက်တိုင်းမှာ
          မိုးမှောင်ကျ ညလဲအနက် ခရောင်းလမ်းပျက်ထဲလှမ်းရသလို
          အလဲလဲ အပြိုပြို ဖရိုဖရဲနဲ့ ပါ...။  
        တို့ တွေလဲ တကွဲတပြား တိုင်းခြားပြည်ခြား
          ရေမြေခြားလို့  အနေအစားမှားခဲ့ကြရပြီ....
          ဒါ……..    တို့ တွေရဲ့ ကြမ္မ္မာဝဋ်ကြွေး
          အတိတ်အကျိုးပေးတဲ့လား...
          ဒါ….. တို့ မျိုးဆက် အဆက်ဆက်တိုင်းမှာ ရှာခဲ့တဲ့ ”အဖြေ” တဲ့လား...။     
                           (၄)
        ဟို စနစ်ဆိုးတွေရဲ့အပြစ်     ခေတ်ဆိုးတွေရဲ့အပြစ်တွေပါလို့ 
          လက်ညှိုးထိုးရမည်ရှာ “၀ိနည်း”မရှောင်ကြလေနဲ့ ...။      
          “ပစ္စုပ္ပန်ရဲ့ အမှန်ကိုကြည့်  ကိုယ့် ကိုယ်ကိုကရင်မှန်းသိ
          မည်သည့်မတရားမှုမျိုးကိုမဆို ခေါင်းမလျှို လက်မမြှောက်
           အညံ့မခံ    ဒူးမထောက်မိစေနဲ့ ...”။    
        ဒီပေတံ  ဒီစံနဲ့ တိုင်း ရာဇ၀င်တိုင်းမရိုင်းခဲ့ရင်လေ
          ပန်းတုံးတိုင်ဆိုတာမဝေး လက်တစ်ကမ်းလေးမှာမို့ 
          ပြာသိုလဆန်းတရက် နှစ်အသစ်စက်စက်မှာ
          မကောင်းမသင့်တဲ့ အဟောင်းအမြည့်အသိ
          အဆိုးအပုပ်  “အမျိုးဆုတ်(ယုတ်)”စေတာတွေကို
          နှစ်အဟောင်းမှာချထား နှစ်သစ်ဆီသယ်မသွားပဲ
          “ပြောင်းလဲ” လိုက်ကြစို့ .....။              
စဘီ (ထီးထာစွေး)
ဆက်လက်ဖတ်ရှု့ရန်
“နှစ်သစ် ဆုတောင်း” စ’ဘီ(ထီးထာစွေး)
Unknown | 12/06/2012 01:48:00 AM | Best Blogger Tips
စ်သစ် ဆုတောင်း
         စိတ်အတွေးထဲက
အစွန်းကျအတ္တတွေကိုလဲ မခုတ်ထွင်
သီလချိုတဲ့  ကျိုးပဲ့နေသော  
ကျင့်ဝတ်ပေါင်းဆိုးတွေလဲ  မရှင်းလင်း
ကိုယ့် ရင်ဘတ်ထဲကအမျိုးသားရေးယာ’ ကိုလဲ
ညက်အောင်  မထွန်ယက်
သေးသိမ်လွန်းတဲ့ အတွေးအခေါ်
လောကပါလ ဓမ္မကန်သင်းမဖေါ်
သစ္စာမြေသြဇာလဲ မတိုက်ကျွေး
ပြီးစလွယ်လေးနဲ
စိုက်မွေးထားမှတော့
                                                မျိုးစေ့ဘယ်လောက်မှန်မှန်
ဘာအပင် သန်မှာမို့ လဲ....             
         ရွှေကရင် တို့ ရေ
ကိုယ့်အချင်းချင်းတော့ လက်ညှိုးထိုး
ဟိုအပြစ်ရှာ ဒီအမှားရှာ
ဒီကောင်တွေ ဗါလာနံပါကွာလို အော်ဟစ်
အမျိုးသားရေးရန်သူစစ်စစ် တွေကိုတော့
ဦးချရှိခိုး  မြွေစွယ်ကျိုးလို့
ဘုရားကိုး ကိုး....
အမျိုးလဲမချစ်
မျိုးမစစ်အတ္တတွေနဲ့ အလံလွှင့်
သင့်နီးစပ်ရာတချို့ တလေရဲ့ 
အကျိုးတွေပဲကြည့်နေရင်
အမျိုးသားရေးလမ်းတစ်ထောက်မှာ
မျိုးချစ်စိတ်အစစ်ခမ်းခြောက်
အမျိုးပါကွယ်ပျောက်လိမ့်မယ်....                
         ဒွိဟ၀ိရောဓိတွေ 
တောင်စဉ်ရေမရတွေနဲ
သူမှားတယ် ငါမှန်တယ်ဆိုရအောင်
အမှားနဲ့ အမှန် ဧကန် ဧက ခွဲခြားပြရင်
အလွှာအက်တမ်ပါးပါးလေးပဲ ခြားသတဲ့....                 
      မျိုးချစ်စစ်တဲ့  တို့ ဘိုးဘေးအသင်္ချေ
ကရင်မှန်တဲ့  လူသန်မပြောတွေက
ဒို့ ရဲ့ ဖြစ်တည်မှု 
ကျန်နေရစ်ရအောင်
ဘယ်အနူအနာမှ 
မြေမလှန်ပစ်ရအောင်
ကြံဟ ဖန်ဟ တွန်းကြ တိုက်ကြ နဲ
ဒို့ တတွေ မြေး မြစ် အဆက်ဆက်
ကမ္ဘာမဝေခင်ကာလအတွက်
အမျိုးသားရေးအတွေး ထက်မြက်နေစေဖို့
ကရင့်နှစ်ကူးတစ်ရက် 
ကရင့်အလံတလက်
ချွေး၊သွေး တစက်မှမကျန်အောင်
လောကဓံကိုခြေစုံကန်ပြီး
        ဒို့တွေအတွက် ဖန်တီးထားရစ်ခဲ့ကြတယ်....               
      ဒို့ များခေတ်ရောက်မှ  ဟိုလူး ဒီလူး
ဟိုလမှာနှစ်ကူး ဒီလမှာနှစ်ကူး
ဟိုဘာသာရဲ့နှစ်ကူး  ဒီဘာသာရဲ့နှစ်ကူး”...နဲ
ပြာသိုရူး တပို့ တွဲရူးမရူးချင်စမ်းနဲ ....                     
         နှစ်သစ်ကူးရဲ့အနှစ်သာရအမှန်
ဧကန်သိအောင်လုပ်
                                       နှဲ့တိုင်း  မနဲ့ ၊မြှောက်တိုင်း မမြောက်
ချော့တိုင်း မပျော့၊ ခြောက်တိုင်း မကြောက်
အမြီး အမောက်တည့်အောင်နေ
လာမယ့်နှစ်ဆန်းမှာလေ
မတော်သင့်တာတွေ ဝေးနေရအောင်
အတွေးသစ် နဲ အသစ်တွေး
 ကြိုက်ရာကိုသာရွေးပေတော့
ကရင့်အမျိုးသားအရေးဆိုတာ
အမှန်အကန်ကရင်များသာအဓိကတွေးသမို
အမျိုးမှန် အဖိုးတန်တဲ့ 
အမှန်အကန်ရွှေကရင်များ
ဖြစ်ကြပါစေသား.....                    
စ’ဘီ(ထီးထာစွေး)
ဆက်လက်ဖတ်ရှု့ရန်
December 3, 2012
ဇွဲကပင်မြေမှဖိတ်ခေါ်ပါရစေ
Unknown | 12/03/2012 05:24:00 PM | Best Blogger Tips
ဇွဲကပင်မြေမှဖိတ်ခေါ်ပါရစေ
လွမ်းမောသာစည် ကရင်ပြည်မှ
နွေနှောင်းလွန်စ မိုးဝသာန်ကြို၏
ဝါခေါင်ဝသာန် ရေဖေါင်ဖေါင်နှင့်
သံပြိုင်မြူးကြွ ဒုံးအကနှင့်
နှုတ်ခွန်းဆက်သလိုက်ပါသည်။
မိုးနှင်းရည်ဆမ်း ၀ါဆိုပန်း
ဖားစည်သံနှင့် ကရင့်သစ္စာမျိုးမဟာ
ရိုးရာယဉ်ကျေး ချည်ဖြူဖွဲ့လေး
ဝဿန်လေမြူးသည့် ချည်ဖြူပွဲတော်
တူနွဲပျော်ဖို့ ဇွဲကပင်မြေမှ
ဖိတ်ခေါ်ပါရစေ
အို.......မိတ်ဆွေ။
ဆက်လက်ဖတ်ရှု့ရန်
November 21, 2012
စောင့်လေမျိုးနွယ်
Unknown | 11/21/2012 06:34:00 AM | Best Blogger Tips
ဘိုးဘေးမျိုးနွယ်
...
တည်လာနှစ်ပေါင်း
၂၀၀၀ ကျော်တိုင်
ဂုဏ်ရည်မပျက်
အမျိုးတည်လျက်
ရိုးရာကိုထိန်း
ရည်ငံမျိုးတူ
ဆင်းသက်ခဲ့ဧ။်
အခုချိန် အခုခါ
စောင့်လေမျိုးနွယ်
သမိုင်းပေးဆို
တာဝန်အသိ
ဝတ္တရားဖြင့်
ကိုယ့်မျိုးနွယ်ကို
ကိုယ်စောင့်ထိန်းပါ
အိုကရင်လေး
ဖြူစင်သောနှင်း
သူ့အလှနှင့်
ကရင်ပီသ
ပျိုနှမကို
ရင်မှမွှေးသော
ချစ်စကားဖြင့်
ခွင့်ပန်ဖို့ရာ
ဝန်မလေးသင့်
ပျိုမေကညာ
ကရင်သူလည်း
ဂုဏ်အင်ပီသ
ထည်ဝါခြင်းငှာ
အကြင်နာပိုပို
ရွှေရင်ဖိုကာ
ကရင်ချစ်ခြင်း
လက်ခံပေးပါ....
စောင့်လေမျိုးနွယ်
ကရင်မျိုးချင်း
တင့်တယ်စေချင်သည်....
...
စလှားဖန်း...
ဆက်လက်ဖတ်ရှု့ရန်