.

xxx

Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

March 25, 2013

ပုဂ္ဂလိကကုမ္မဏီ နဲ့ မြေယာသိမ်းယူမှု ပြဿနာ

Unknown | 3/25/2013 12:54:00 AM | Best Blogger Tips

 

ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင်

23.03.2013
စက်မှုလယ်ယာနဲ့ စက်မှုဇုန် အကောင်အထည်ဖော်ဖို့အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းနဲ့ လယ်ယာမြေဧက ကိုးသန်းကို ပုဂ္ဂလိက လက်ထဲလွှဲပြောင်းဖို့ စစ်အစိုးရက ခွင့်ပြုခဲ့ပေမယ့် ၂၀၁၁ အထိ ဧကနှစ်သန်းကျော်ကိုသာ ပုဂ္ဂလိကကုမ္မဏီ နှစ်ရာကျော်က သိမ်းယူထားကြောင်း သိရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်မြေသိမ်းယူမှု မရှိသေးပေမယ့် အရင်က မျိုသိပ်ခဲ့တာတွေ ပေါက်ကွဲတာကို မအူပင်၊ ရွှေနံသာနဲ့ လက်ပံတောင်းတောင် ပြဿနာတွေမှာ တွေ့နိုင်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

February 4, 2013

KNU နဲ့ ဗမာအစိုးရတို့ အပစ်ရပ် ပဏာမလက်မှတ်ရေးထိုးခြင်း တနှစ်ပြည့် ကရင်တို့ရဲ့ အမြင်တွေ

Unknown | 2/04/2013 02:23:00 AM | Best Blogger Tips

     

ဘလော့ဂ်ဂါ စောဒါးဘို(မလေးရှား)-

ဒို့ ကရင်လူမျိုးတွေရဲ့ မိခင်အဖွဲ့ အစည်း ကေအင်န်ယူဟာ ဗမာအာဏာပိုင်တွေနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ နိုင်ငံရေးအရ အသာစီးမရနိုင်တဲ့အပြင် ဗမာအစိုးရရဲ့ နိုင်ငံရေးမာယာထောင်ချောက်ထဲ ခြေတလှမ်း လှမ်းမိခဲ့ပြီလို့  ကျွန်ုပ်ယူဆပါတယ်။

ဆက်လက်ဖတ်ရှု့ရန်

January 11, 2013

ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ( မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက်)

Unknown | 1/11/2013 05:32:00 PM | Best Blogger Tips

ဦးကျော်ဇံသာ

09.01.2013

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ပိုပြီးရရှိရေးဟာ ကချင်အရေး အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်လို့ ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ် လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ပါမောက္ခ ဦးထွန်းအောင်ချိန်က ပြောလိုက်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ဖွဲ့စည်းပုံထက်ပိုပြီး Federal သဘောဆောင်တယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ပါမောက္ခ ဦးထွန်းအောင်ချိန်ကို မေးမြန်းပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြထားပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

January 9, 2013

ကချင်ပြည်နယ် တိုက်ပွဲများအတွက် အစိုးရ နဲ့ တပ်မတော်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြ

Unknown | 1/09/2013 05:41:00 AM | Best Blogger Tips


                     

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ် Ye Htut က ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ကချင်ပြည်နယ်မှာ လေကြောင်းနဲ့တိုက်ခိုက်တာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ညီပါကြောင်း ရေးသားဖြေရှင်းလာပါတယ်။
ဒီတော့ ဒီလုပ်ရပ်ဟာ စစ်တပ်နဲ့ အစိုးရတို့ တသဘောထဲ မျှတဲ့ လုပ်ရပ်ဆိုတာ အလိုအလျောက် ပေါ်လွင်လို့သွားတဲ့အတွက် ဒီကချင်ပြည်စစ်ပွဲများအတွက် အစိုးရ ကိုရော၊ နိုင်ငံသားတယောက်အနေနဲ့ စစ်တပ်ကိုရော ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချ လိုက်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန်

January 6, 2013

KNU ဘယ်လဲ KNU ဘာလဲ ??????

Unknown | 1/06/2013 04:13:00 AM | Best Blogger Tips



- ၂၀၁၃ မှာ K N U က ခေါင်း ဆောင် အ သစ် တွေ နဲ့ ထွက် လာ ပါ ပြီ၊

- က ရင် လူ ထု က တော့ ခေါင်း ဆောင် အ သစ် တွေ နဲ့ K N U ကို လှိုက် လှိုက် လှဲ လှဲ မ ကြို ဆို ကြ ပါ ဘူး။
ဆက်လက်ဖတ်ရှု့ရန်

January 4, 2013

မင်းအောင်လှိုင်က အထက်ကလား သိန်းစိန်က အောက်ကလား၊ အတူတူ ပူးရက်လား

Unknown | 1/04/2013 12:36:00 AM | Best Blogger Tips



                                              

မင်းထင်ကိုကိုကြီး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ပိုင်ခွင့် အတိအကျကို တိုင်းသူပြည်သားများအားလုံး ရှင်းရှင်းလင်းလင်း သိရန် လိုအပ်နေပါတယ်။ ထို့ အတူ လွှတ်တော်ဥက္ကဋ္ဌများ၊ သမ္မတ ဒုတိယသမ္မတများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့  ဖွဲ့  စည်းဆက်စပ်မှုပြ Structure ပုံစံကို သိသိသာသာ မြင်သာစေရန် ရေးဆွဲဖေါ်ပြရန်လည်း လိုအပ်ပါတယ်။

၂၀၀၈ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့  လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ပိုင်ခွင့်တွေကို အနည်းအကျဉ်းမျှသာ ဖေါ်ပြထားပါတယ်။

ဆက်လက်ဖတ်ရှု့ရန်

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၃)

Unknown | 1/04/2013 12:24:00 AM | Best Blogger Tips
ဆက်လက်ဖတ်ရှု့ရန်

December 27, 2012

ညီလာခံမတိုင်မီ စောတော၏ အကြံပြုချက်နှင့် တင်မောင်သန်း၏ တုံ့ပြန်ချက်

Unknown | 12/27/2012 04:39:00 PM | Best Blogger Tips






စောတော၏ အကြံပြုချက်Letter by Saw Taw
  
တင်မောင်သန်း၏ တုံ့ပြန်ချက်

KNU ညီလာခံ မတိုင်မီ ထွက်ရှိလာသော စောတော၏ အကြံပြုချက်ကို ထောက်ခံပါသည်။ စောတော၏ အကြံပြုချက်များသည် အလွန်ကောင်းမွန်ပါသည်။

ကရင့်တော်လှန်ရေးအတွင်း မိသားစုတော်လှန်ရေးသဏ္ဍာန်ဖြစ်နေခြင်းသည် မကောင်းကြောင်း အကိုးအကားနှင့်ထောက်ပြထားသည်မှာ လွန်စွာမှပင် အကျိုးရှိသော၊ ပွင့်လင်းမြင်သာသော ထောက်ပြမှုမျိုးဖြစ်ပါသည်။ ထို့အတူ တော်လှန်ရေးအတွင်း အသက်အရွယ် ရင့်လာသော
ဆက်လက်ဖတ်ရှု့ရန်

December 3, 2012

ခိုင်မာပြတ်သားစွာ မဆုတ်မနစ် ရပ်တည်နိုင်ရေး

Unknown | 12/03/2012 06:39:00 AM | Best Blogger Tips
အယ်ဒီတာ့အာဘော်
ပွင့်လင်းရာသီချိန်ကို ရောက်ရှိလာခဲ့ပြန်ချေပြီ။ ပြီးခဲ့သော ကာလများအတွင်း ဤအချိန်မှာ စစ်အစိုးရအတွက် တော် လှန်ရေး အဖွဲ့အစည်းများအား ထိုးစစ်ဆင်သည့် အချိန်ကောင်းဖြစ်သလို တော်လှန်သော အဖွဲ့အစည်းများဘက်ကလည်း သတိ ကြီးစွာ ထားရှိစောင့်ဆိုင်းနေရသည့်အချိန်ပင် ဖြစ်လေသည်။ လက်ရှိအခြေအနေ၌မူ အရပ်သားတပိုင်း စစ်အစိုးရသည် တော် လှန်ရေး အဖွဲ့အစည်း အများအပြားနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးလျက်ရှိပြီး တိုင်း ရင်းသားအဖွဲ့အစည်းများ လိုလားသော ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးကိုလည်း လိုက်ပါပြောဆိုလာနေကြပြီဖြစ်၍ ယခု လို အချိန်အခါအတွင်း ထိုးစစ်ဆင်မည့်ကိစ္စမှာ ဖြစ်နိုင်ချေမရှိကြောင်း အချို့ပုဂ္ဂိုလ်များက ဆိုကြသည်။
သို့ရာတွင် ကချင်နှင့် ညှိနှိုင်း ဆွေးနွေးနေစဉ်မှာပင် တိုက်ပွဲများက ဆက်လက် ရှိနေဆဲ ဖြစ်သည်။ အပစ်ရပ်သဘောတူ ထားခဲ့သည့်တိုင် ရှမ်းပြည်နယ်ထဲမှ မြို့နယ်အချို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ကရင်နီနယ်ထဲ၌လည်း စစ်ရေးသင် တန်းကျောင်းဖွင့်ကာ တပ်တွေပို့ထားပြီး အချိန်မရွေး တိုက်ခိုက်နိုင်သည့် အနေအထား ရှိနေသည်။ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်မှု၏ အစကနဦးခြေလှမ်း အပစ်အခတ် ရပ်စဲရေးမှာ တွေ့ဆုံဆွေးနွေးသည့်အဆင့်သာ ရှိသေးပြီး နှစ်ဘက်တပ်တည်နေ ရာများကိုပင် ညှိနှိုင်းပြောဆို၍ မရနိုင်သေးသည့်အနေအထား၌ အစိုးရတပ်များက ကေအဲန်ယူနယ်မြေအတွင်း တောင်ပတ်လမ်း များဖောက်၊ စီးပွားရေးဇုံများလုပ်၊ မှတ်ပုံတင်တွေလုပ်နေသည့်ကိစ္စ၊ ၎င်းတို့တပ်များ ယခင်နေရာများမှ မဆုတ်ခွာသည့်အပြင် နေရာတိုးလာခြင်း၊ တပ်အင်အားများ ဖြည့်တင်းလာခြင်း၊ လက်နက်ခဲယမ်း ရိက္ခာများ တိုး၍ပို့လာနေခြင်းများအပြင် ကေအဲန်ယူ ၏ တောင်ငူနယ်အတွင်း ရဟတ်ယာဉ်များဖြင့် စစ်ရေးလေ့ကျင့်နေသည်မှာလည်း ကေအဲန်ယူကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေ ကြောင်း သတိပေးနေလေသည်။
အရပ်ဝတ်တပိုင်းစစ်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ယုံကြည်မှုတည် ဆောက်ရန် လိုအပ်ကြောင်းနှင့် တိုင်းရင်းသားပြဿနာများ ပြေလည်ရေး ဖက်ဒရယ်စနစ် ကျင့်သုံးရန် လိုအပ်ကြောင်း ရှမ်းခေါင်း ဆောင်များက ပြောသည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ အခွင့်အရေးများ ရရှိရန်အတွက် လွှတ် တော်တွင်း လွှတ်တော်ပနည်းများဖြင့် တိုက်ပွဲဝင်နေသည်မှာလည်း ကာလကြာလာခဲ့ပြီ ဖြစ်သည်။ တကယ်တမ်း ဒီမိုကရေစီရေး ကို ဦးတည်ဆောင်ရွက်မည်ဆိုလျှင် ပြည်သူလူထုကို ဖိနှိပ်ကာ ၎င်းတို့စစ်အစိုးရ၏ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားသည့် ကာလုံ(အကလက)နှင့် စီးပွားရေး ဦးပိုင်လီမိတက်တို့ကို လုံးဝ ဖျက်သိမ်းပြီး ၂၀၀၈ အခြေခံဥပဒေကိုလည်း ထိရောက်စွာ ပြင် ဆင်ရမည် ဖြစ်သည်။ ထိုအရာများ မဖျက်သိမ်း၊ မပြင်ဆင်နိုင်သမျှ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စ၊ လူထု ဒီမိုကရေစီရေး ကိစ္စများ အမှန်တကယ် ပြေလည်လိမ့်မည် မဟုတ်ချေ။
နိုဝင်ဘာ ၁၉ရက်နေ့ အမေရိကန် သမတ၏ ရန်ကုန်တက္ကသိုလ် မိန့်ခွန်း၌ ဒီမိုကရေစီရေး ချီတက်ရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အရေးကြီးကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်မှုမရှိလျှင် ပြုပြင်ပြောင်းလဲရေး အောင်မြင်မည် မဟုတ်ကြောင်း၊ စစ်တပ်သည် အရပ်သားအစိုးရ လက်အောက်တွင် ရှိရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေး ဖြေရှင်းရန် နိုင်ငံ ရေးနည်းအရ ဆွေးနွေးရမည်ဖြစ်ကြောင်းများ ပြောသွားသည်ကို အရပ်ဝတ်စစ်အစိုးရအနေဖြင့် ပြည့်ပြည့်၀၀ လက်ခံနိုင်ပါ မည်လား။ ၎င်းတို့မှာ မိမိတို့၏ လုပ်ရပ်များကြောင့် ပေါ်ပေါက်လာသည့် ပြဿနာများကို လှီးလွှဲ ရှောင်ဖယ်တတ်သော အလေ့အ ထရှိ၏။ တဦးပေါ်တဦး အပြစ်ပုံချတတ်၏။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရန် ဆန္ဒပြတောင်းဆိုသူများ ကို သမ္မတရုံးဝန်ကြီးက သွားရောက်တွေ့ဆုံကာ ထိုကိစ္စမှာ ယခင်စစ်အစိုးရလက်ထက်က လုပ်ခဲ့သောကိစ္စဖြစ်၍ ၎င်းတို့နှင့် သက်ဆိုင်မှု မရှိသလိုပြောပြီး ထိုစီမံကိန်းကို ရပ်မည်မဟုတ်ကြောင်း အကာအကွယ်ပေးသော စကားတွေကို ပြော၏။
လက်ပန်းတောင်းတောင်အရေး ဆန္ဒပြ သပိတ်စခန်းမှ ပြန်သွားပြီးနောက် ရက်ပိုင်းအတွင်းမှာပင် သံဃာတော်များနှင့် လူထုကို အကြမ်းဖက် အင်အားသုံး ဖြိုခွင်းလိုက်ခြင်းမှာ အစိုးရအနေဖြင့် ၎င်းတို့ အယောင်ပြလုပ်ဆောင်နေသည့် ဒီမိုကရေစီ ရေးလုပ်ငန်းများကို နောက်ကြောင်းပြန်လှည့်မည့် ခြေလှမ်းများကို စတင်လိုက်ခြင်းဖြစ်ရာ နောက်ကွယ်က ကြိုးကိုင်နေသော စစ် အုပ်စုကသပ်သပ်၊ အရပ်သားအရေခြုံအစိုးရက သပ်သပ်ဟူ၍ ခွဲခြားရှုမြင်ရန် မလိုအပ်တော့ချေ။ ၎င်းတို့အားလုံး မတရားရယူ ထားသည့် ကိုယ်ကျိုးစီးပွားများ ပျက်ယွင်းမှုမရှိအောင် ကာကွယ်ရန်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ မြေယာ၊ ပစ္စည်း၊ အိုးအိမ် နှင့် နိုင်ငံတွင်းရှိ မြေပေါ်မြေအောက် သယံဇာတများကို လုယက်သိမ်းယူ၊ လက်ညှိုးထိုးရောင်းစားကာ ၎င်းတို့၏ အကျိုးစီးပွား များ ဆက်လက် ရရှိရေး ဆောင်ရွက်ရာတွင် တကျိတ်တည်း တဥာဏ်တည်းဖြစ်ကြောင်း ပေါ်လွင်နေပြီ ဖြစ်၏။
တကယ်တမ်း ငြိမ်းချမ်းရေးမှာ နှစ်လိုဖွယ်ကောင်း၏။ သို့ရာတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် ကာလအ တွင်းမှာပင် ကရင်ပြည်နယ်တွင်းမှ လယ်မြေများကို စစ်အုပ်စုက သိမ်းဆည်းခဲ့လိုက်သည့်ကိစ္စနှင့် မိမိနယ်မြေအတွင်း ကျီးလန့် စာစား နေထိုင်နေရသည့် ကိစ္စတို့မှာမူ ကရင်လူထု၏ အကျိုးစီးပွား အသက်အိုးအိမ်ကို အကာအကွယ်ပေးရန်အတွက် ကေအဲန် ယူတွင် တာဝန်ရှိနေမည် ဖြစ်သည်။ ယခု ကျင်းပနေသည့် ကေအဲန်ယူညီလာခံတွင် မိမိတို့အတွင်း သဘောထား မတူကွဲပြားမှု များကို ပြေလည်အောင် ညှိနှိုင်းကာ စစ်ရေး၊ နိုင်ငံရေး ကိစ္စရပ်များအတွက် စုပေါင်းဦးဆောင်မှု ရှိကြရမည် ဖြစ်သည်။ မိမိတို့၏ အမျိုးသား အကျိုးစီးပွားဆုတ်ယုတ်မှုကို ကာကွယ်နိုင်ရန်နှင့် အမျိုးသား အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် စေ့စပ်ပြေငြိမ်းမည့် ငြိမ်းချမ်းရေးကိစ္စကို စည်းကမ်းနည်းလမ်းတကျ ဖြစ်စေရေး ပြည်တွင်းပြည်ပ ကရင်အမျိုးသားထု၏ ဆန္ဒနှင့်အညီ ခိုင်မာသော မူ တရပ်ကို ညီညွှတ်စွာ ချမှတ် အကောင်အထည်ဖော်နိုင်ဖို့ရန် အရေးကြီးသည်။
တိုင်းပြည်ဘဏ္ဍာနှင့် သယံဇာတများကို လိမ်ညာခိုးဝှက် အနိုင့်အထက် ကျူးကျော်ကာ ကတိမတည်စွာ ပြုမူတတ် သော အရပ်ဝတ် စစ်အစိုးရနှင့် စေ့စပ်ပြေငြိမ်းရေး လုပ်နေခြင်းကို တိုင်းရင်းသားအဖွဲ့အစည်းတိုင်း ပြန်လည် သုံးသပ်သင့်သည်။ တော်လှန်ရေးတလျှောက် ကြီးမားသော သမိုင်းသင်္ခန်းစာများကို ရရှိခဲ့သည့် ကေအဲန်ယူအနေဖြင့် အချိန်ဆွဲ လိမ်ညာ ချော့မြူ သွေးဆောင်မှုများနောက်သို့ လိုက်ပါမိမည်ဆိုလျှင် မိမိတို့ ကရင်တမျိုးသားလုံးအတွက်သာမက လူမျိုးစုံ တော်လှန်ရေးအဖွဲ့အ စည်းများကိုပါ များစွာ ထိခိုက်နစ်နာစေမည် ဖြစ်လေသည်။

http://www.kicnews.org/?p=14446
ဆက်လက်ဖတ်ရှု့ရန်

November 15, 2012

ကရင်ရွှေပြည် မျှော်လေတိုင်းဝေး….မဖြစ်စေလို

Unknown | 11/15/2012 05:04:00 AM | Best Blogger Tips
ကရင်ရွှေပြည် မျှော်လေတိုင်းဝေး….
                         
မဖြစ်စေလို

မန်းဒဲ့ဒိုး- Karentimes



``မင်းတို့ ကရင်ငပွေးတွေ ငါတို့ စစ်တပ်က နည်းနည်းလေးတီးပေးရမှ ညီညွတ်တတ်ကြတယ် …ငါတို့ က မင်းတို့ တွေကို နည်းနည်းလေးအခွင့်အရေးတွေပေးလိုက်ရင် အချင်းချင်း ဆော်ကြတော့ တာဘဲ...ဒါတောင် မင်းတို့ ကိုယ်မင်းတို့ ..ရွှေကရင် အရေးကြီးရင်သွေးနီးတယ်ဟေ့..လာမပြောင်နဲ့ .. လို့  တလွဲဆံပင်ကောင်း ကြွေးကြော်တတ်ကြသေးတယ်မဟုတ်လား``

                               ကြာခဲ့ပြီး ဒီစကားကို ကြားခဲ့တာ…ဆယ်စုနှစ်တခုလောက်ရှိပြီ...အဲဒီတုန်းက ကျနော်တို့ ရွာထိပ်မှာရှိတဲ့ ဗမာစစ်တပ်စခန်းမှာ ကျနော်တို့ ရွာသားတွေတစု စခန်းပြင်ဆင်ပေး ဖို့ လုပ်အားပေးသွားလုပ်ရင်းနဲ့  စခန်းမှာထိုင်တဲ့ စစ်သားတယောက်က တစုံတယောက်ကို စကားပြောစက်နဲ့  ပြောထည့်လိုက်တဲ့စကားပါ။ ဒီစကားကို နားထဲမှာ စကြားကြားချင်း ရင်ထဲမှာ ကသိကအောက်ဖြစ်မိတာအမှန်ပါဘဲ...ရင်ထဲမှာလဲ ဒေါသတွေထွက်မိတယ်။
…………………….
တိုက်ဆိုင်မှုရှိရင် သတိရတတ်တယ်လို့ ဆိုရိုးစကားတခုရှိတယ်။ တချိန်တခါက ကိုယ်ကြားခဲ့ရတဲ့ စကားဟာ ကိုယ့်အတွက်ကသိကအောင့်ဖြစ်ခဲ့ပေမဲ့ အကြောင်းသင့်လို့ တိုက်ဆိုင်မှုတွေရှိလာရင် အဲဒီစကားကိုပြန်ကြားယောင်လာတာနဲ့ အမျှ ပြန်လည်သုံးသပ်မိလာတယ်။ ယနေ့ ဖြစ်ပေါ်လာတဲ့ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ အနေအထားအရ ပိုလို့ ပိုလို့  ပြန်လည်သုံးသပ်မိလာတယ်… ရှုထောင့်အဘက်ဘက်ကနေပေါ့...
…………………………….

ဆက်လက်ဖတ်ရှု့ရန်

November 13, 2012

ဖူးတာသီး၏ သုံးသပ်တင်ပြစာပေါ် ပြန်လည်သုံးသပ်ဖေါ်ပြခြင်း

Unknown | 11/13/2012 05:03:00 AM | Best Blogger Tips
အီးမေးမှတဆင့် လက်ခံရရှိပါသည်။
http://thawthikho.blogspot.com/
KNU's Inside News and Respond Letter to PuTaThee မှတ်ချက်။ ။ ဘလော့၏အာဘော်မဟုတ်ပါ။ သို့ ဖြစ်ပါ၍ ဤစာနှင့်ပါတ်သက်ပြီး တုံ့ ပြန်ဆွေးနွေးလိုပါက စောအယ်ထီးကော် - watcherboom@gmail.com သို့ တိုက်ရိုက်ဆက်သွယ်ပါရန်။
ဆက်လက်ဖတ်ရှု့ရန်