.

xxx

August 19, 2014

Get Hibernate Option In Windows 8

Unknown | 8/19/2014 02:12:00 AM | Best Blogger Tips



Hibernate ဆိုတာ ကွန်ပြူတာ ပိတ်တာပါပဲ လို့တော့ပြောလို့မရပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ သူကကွန်ပြူတာ မှာ လက်ငင်းလုပ်နေတဲ့ အလုပ်တွေ အကုန်လုံးကို သိမ်းလိုက်ပါတယ် နောက်တစ်ခါ ကွန်ပြူတာကို ပြန်ဖွင့်လိုက်တဲ့ အခါမှာ ထပ်ပြီးတော့ ဖွင့်စရာ မလိုပဲနှင့် ဖွင့်လိုက်တာနှင့် ဆက်လုပ်လို့ရအောင် လုပ်ဆောင်ပေးပါတယ်။
ကွန်ပြူတာကို ကိစ္စ တစ်ခုကြောင့် ပိတ်ချင်ရင် Sleep လုပ်ကြပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သုံးတဲ့ ဆော့လ်ဝဲတွေကို နောက်တစ်ခါ ဖွင့်စရာ မလိုတော့တာမို့လို့ပါ ၊ အဲ့လိုပါပဲ ခက်ကြာကြာပိတ်ထားချင်တယ် ဒါပေမယ့် နောက်တစ်ခါ ဆော့လ်ဝဲတွေ ထပ် မဖွင့်ချင်ရင် Hibernate လုပ်ပါတယ် ၊ နောက်တစ်ခုလည်း သုံးကြပါတယ် ဘာလဲဆိုတော့ Windows တက်တဲ့ အချိန်ကို ကြာကြာ မစောင့်နိုင်ရင် သုံးပါတယ် ၊သူက လက်ရှိလုပ်နေတဲ့ အလုပ်တွေကို လုံးဝ ပိတ်မပြစ်တဲ့ ခဏ သိမ်းထားတာဖြစ်တဲ့ အတွက် ပုံမှန် Shutdown ချပြီး Windows တက်တာထက် Hibernate လုပ်ပြီး Windows တက်တာက ပိုပြီးတော့ မြန်ပါတယ်၊
Windows8 မှာတော့ Hibernate Option ကို ဖြုတ်ထားပါတယ် ဒါကလည်းအကြောင်းရှိပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ Windows 8 ကို Shutdown ချလိုက်ရင် Windows7 မှာလို လုံးဝ မပိတ်သွားပါဘူး Hibernate မကျ Shutdown မက လို့ပြောရမှာပါ Hybrid Shutdownပါ  အဲ့တာမိုလို့ Windows 8 မှာ ကွန်ပြူတာ ဖွင့်တာ အရင် Windows တွေထက်ပိုပြီးတော့ မြန်တာကို တွေ့မှာ ဖြစ်ပါတယ်။ အဲ့တာမိုလို့ Hibernate Option ကို ဖြောက်ထားတယ် ထင်ပါတယ်။ 

ဘယ်လိုပြန်ဖော်မလဲ ?
============
1) Win+R=>powercfg.cpl
2) Click => Choose what the power buttons do
3) Click => Change settings that are currently unavailable
4) Check Hibernate

No comments: