.

xxx

Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

February 2, 2013

မျိုးချစ်လူငယ်များအကျိုးဆောင်ကွန်ယက် ကော်မတီ ၅ရပ်ဖြင့်ဖွဲ့စည်းထားကြောင်း ကြေညာချက်ထုတ်ပြန်

Unknown | 2/02/2013 04:45:00 AM | Best Blogger Tips



ရန်ကုန်-ဖေဖော်ဝါရီ၂
               
မျိုးချစ်လူငယ်များအကျိုးဆောင်ကွန်ယက်ကို ကော်မတီ ၅ရပ်ဖြင့်ဖွဲ့စည်းထားကြောင်းကြေညာချက်ထုတ်ပြန်လိုက်သည်။
ဗုဒ္ဓဘာသာ အကျိုးစီးပွားစောင့်ရှောက်ရေးကော်မတီ၊ဗုဒ္ဓဘာသာ ၀င်ဆင်းရဲသူများကိုစောင့်ရှောက်ရေးကော်မတီ၊သတင်းအချက်အလက်စုဆောင်းရေးနှင့် ဆက်သွယ်ရေးကော်မတီ၊ရန်ပုံငွေရှာဖွေရေးကော်မတီ၊လုံခြုံရေးနှင့်တန်ပြန်စုံစမ်းရေးကော်မတီတို့ဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။


https://www.facebook.com/PopularNewsJournal
ဆက်လက်ဖတ်ရှု့ရန်

January 30, 2013

မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်

Unknown | 1/30/2013 04:48:00 AM | Best Blogger Tips



ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၄၀ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ အစိုးရ စစ်တပ်ဘက်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်ဆိုင်း၍ နိုင်ငံရေး
ဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ယနေ့ ထုတ်ပြန်လိုက်သည်။

တနှစ်တကြိမ် ကျင်းပပြုလုပ်သော KBC အသင်းတော်၏ သုံးရက်ကြာ အုပ်ချုပ်စီမံ အစည်းအဝေး အပြီးတွင် ယနေ့ ဗုဒ္ဓဟူးနေ့မှာ ယင်းတို့၏ သဘောထားကို နောင်နန်းကျေးရွာရှိ “ရာပြည့်တောင်” (Jaw Bum) တွင် ဆုတောင်း၍ ထို ထုတ်ပြန်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် KBC အသင်းတော်မှ ဘာသာဝင် လေးသိန်း၏ ကိုယ်စားလှယ် ၁၆၀ ဦး တက်ရောက်ခဲ့သည်
ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။

“ဒီကချင်ဒေသမှာ ဖြစ်နေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးက ကချင်လူမျိုးတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးလို ဖြစ်နေ
တာကို ကျနော်တို့ ဆုတောင်းတဲ့ အုပ်ချုပ်စီမံ အစည်းအဝေးမှာ ကျနော်တို့ရဲ့သဘောထားကို ထုတ်ပြန်လိုက်ပါ
တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဆက်လက်ဖတ်ရှု့ရန်

January 15, 2013

ရှမ်းပြည်နယ် အထူးဒေသ(၂) UWSA(၀ ပြည်နယ်)၊ ရှမ်းပြည်နယ် အထူးဒေသ(၃) (SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) (မိုင်းလား) တို့မှ ပူးတွဲ ထုတ်ပြန်ကြေညာချက်

Unknown | 1/15/2013 04:19:00 AM | Best Blogger Tips
အစိုးရ၏ KIA စစ်ဆင်ရေးအပေါ် ရှမ်းပြည်နယ် အထူးဒေသ(၂) UWSA(၀ ပြည်နယ်)၊ ရှမ်းပြည်နယ် အထူးဒေသ(၃) (SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) (မိုင်းလား) တို့မှ ကချင်ပြည်နယ် စစ်ပွဲ တဆင့်တိုးမြှင့်တက်လာခြင်းနှင့် ပတ်သက်သည့် ပူးတွဲ ထုတ်ပြန်ကြေညာချက်။(15/1/2013)အပိုဒ် (၅)


ဆက်လက်ဖတ်ရှု့ရန်

January 8, 2013

DKBA ၏ သဘောထားထုတ်ပြန်ချက်

Unknown | 1/08/2013 12:23:00 AM | Best Blogger Tips

မိမိတို့ ကလိုထူးဘောတပ်ဖွဲ့အပြင် အခြားအပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူလူထုအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းများမှလည်း နိုင်ငံတော်အစိုးရအဖွဲ့အပေါ် တဖြည်းဖြည်းယုံကြည်မှု လျော့နည်း လာနေသည်။ ကန့်ကွက်ရှုတ်ချမှုများ၊ ဆန္ဒထုတ်ဖေါ်ပြသမှုများ ပြုလုပ်လာနေကြသည်။ ကချင်ဒေသ ကိစ္စနှင့်ပါတ်သက်၍ ယခုအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ရရှိထားပြီးသား ယုံကြည်မှုနှင့် အပစ်အခတ် ရပ်စဲရေးကတိက၀တ်များကို လက်လွှတ်ဆုံးရှုံး လာရဖွယ်ရှိသည်ဟု သတိပေးလိုပါသည်။


အစိုးရအနေဖြင့် KIA ဒေသအား အပြင်းအထန် ထိုးစစ်ဆင်နေခြင်းအပေါ် ကလိုထူးဘောတပ်ဖွဲ့ (DKBA) ၏ သဘောထားထုတ်ပြန်ချက်။
ယနေ့ နိုင်ငံတော်အစိုးရအဖွဲ့၏ လျှောက်လှမ်းနေသော အသွင်ကူးပြောင်းရေး ကာလ အပေါ်
ဆက်လက်ဖတ်ရှု့ရန်

January 2, 2013

Kachin Organization Statement Against Air Strike Heavy Attack Over Civ ilian and KIO-KIA by Burmese Army - Burmese Version 31-12-2012

Unknown | 1/02/2013 04:35:00 PM | Best Blogger Tips

Kachin Organization Statement Against Air Strike Heavy Attack Over Civ ilian and KIO-KIA by Burmese Army - Burmese Version 31-12-2012

ဆက်လက်ဖတ်ရှု့ရန်

ထိုးစစ် မရပ်ပါက နောက်ဆက် ဆိုးကျိုး အားလုံး အာဏာရ အစိုးရနှင့် တပ်မတော် တာဝန်သာဖြစ်

Unknown | 1/02/2013 01:41:00 AM | Best Blogger Tips
Wednesday, 02 January 2013 Written by ရွှေင်္ဟသာသတင်းဌာန

ကချင် ပြည်နယ် အတွင်း မြန်မာ အစိုးရမှ ကြည်း၊ လေ အင်အား အလုံးအရင်း သုံး၍ ထိုးစစ် ဆင်နေ မှုများ ပြင်းပြင်း ထန်ထန် ပြုလုပ် နေခြင်းကို ရပ်တန့် ပေးရန်နှင့် ထို့သို့ ရပ်တန့် ပေးခဲ့ခြင်း မရှိပါက ဖြစ်ပေါ် လာမည့် နောင် ဆိုးကျိုးများ အားလုံးသည် အာဏာရ အစိုးရနှင့် ဗမာ့ တပ်မတော်၏ တာဝန်သာ ဖြစ်သည်ဟု ပြည်သူများ သိစေ အပ်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့ဖြင့် စုပေါင်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကြေငြာချက် တစ်စောင် ထုတ်ပြန်၍ အသိပေး ခဲ့ပါသည်။

“အစိုးရ တပ်ဖွဲ့ တွေက နေပြီးတော့ KIA အပေါ် ထိုးစစ် ဆင်နေ တာတွေကို မြင်ရတော့ ကျနော်တို့ UNFC အနေနဲ့ စဉ်းစား စရာ ဖြစ်လာတယ်။ အဲဒီတော့ ထိုးစစ် ဆင်နေ တာကို အလျင်အမြန် ရပ်တံ့ဖို့ တောင်းဆိုတယ်၊ တဆက်တည်းပဲ ပြောချင် တာက အကယ်၍ မရပ် တန့်ပဲ ဆက်လက်

ဆက်လက်ဖတ်ရှု့ရန်

December 3, 2012

ထွေးပြီးသားတံတွေးကို ကုန်းမြိုတဲ့ ဗမာစစ်အစိုးရ

Unknown | 12/03/2012 06:15:00 AM | Best Blogger Tips

 


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်

( ၁၁ / ၂၀၁၂ )

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။
၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်
သော ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ ပြည်သူလူထု
နှင့် လက်တွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မှန်ကန်သောဒီမိုကရေစီကျင့်စဉ်များ ထွန်းကားစေရေးအတွက် ဥပဒေနှင့်အညီ
ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများရေး
ဆွဲ ပြဋ္ဌာန်းပေးလျက်ရှိသည်။

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်း
ချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်
၁၅ ဖြင့် (၂-၁၂-၂၀၁၁)ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက်နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်
နိုင်စေရန် ပြဋ္ဌာန်းပေးခြင်းဖြစ်သည်။ အဆိုပါဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံသားများအနေဖြင့် မိမိတို့
၏ လိုအင်ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့် နည်းလမ်းများဖြင့် ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များ
ကို စနစ်တကျဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

၃။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ယခင်အစိုးရ လက်ထက်မှစ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်
စေရေးအတွက် သဘာဝ,သယံဇာတ,ထုတ်ယူမှုနည်းလမ်းကို သဘာဝ,ပတ်ဝန်းကျင်ထိခိုက်မှုအနည်း
ဆုံးဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ နည်းပညာများအသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအခြေခံ၍ နိုင်ငံတော်အတွက် စီးပွားရေး
တွက်ခြေကိုက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု၊ နည်းပညာများရရှိမှုနှင့် သဘာဝ,ပတ်ဝန်း
ကျင်ထိန်းသိမ်းမှုတို့ကို စနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ကောင်းမွန်သောရည်ရွယ်ချက်များ ရှိနေသည်ကိုမျက်ကွယ်ပြု၍ လူအများအားစည်းရုံးလှုံ့ဆော်
ပြီး စီမံကိန်းပျက်ပြားစေရန် ဆောင်ရွက်လာသည်ကိုတွေ့ရှိရသည်။

ကြေးနီစီမံကိန်းအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကိုသိရှိလျက် သပိတ်စခန်းများ ဖွင့်ခြင်း၊ စီမံကိန်းပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကိုဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အနှောက်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာလူစုလူဝေးနှင့် ဆူပူဆန္ဒပြ လာခဲ့သည်။

၎။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသောအဖွဲ့အစည်းအားလုံး
သည် ၂၇-၁၁-၂၀၁၂ ရက် ည (၁၂)နာရီတွင် နောက်ဆုံးအချိန်ထားပြီး ဖယ်ရှားရှင်းလင်းပေးရန်နှင့် အ
ကယ်၍ ဖယ်ခြားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်
ဆင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ရက်တွင် သတိပေးထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးထွက်ခွါပေးရန် သတ်မှတ်သည့်အချိန်မတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လူစုခွဲရန် ကြိမ်ဖန်များစွာမေတ္တာရပ်ခံခဲ့သည့်အပြင်၊ သတ်မှတ်အချိန် ကျော်လွန်သွားခဲ့သည့်တိုင် ထွက်ခွာ
ပေးခြင်းမရှိသည်ကိုထပ်မံ၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သည်။

၅။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါနေရာများမှ ထွက်ခွာပေးခြင်း၊ လူစုခွဲခြင်းမရှိသဖြင့်၂၈-၁၁-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေးနည်းစနစ်များအတိုင်း အဆင့်ဆင့် ရှင်းလင်းဆောင်
ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အဓိကရုဏ်းနှိမ်နှင်းရေးအတွက် နိုင်ငံတကာက အသုံးပြုလျက်ရှိသော မီးသတ်
ပိုက်များ၊ မျက်ရည်ယို ဗုံးများနှင့် မီးခိုးဗုံးများကိုသာအသုံးပြုခဲ့ပြီးအင်အားအလွန်အကျွံ သုံးစွဲ ဆောင်ရွက်ခဲ့
ခြင်းမရှိကြောင်းသိရှိရသည်။

လူအုပ်စုခွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံများတွင် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆေးဝါးကုသပေးလျက်ရှိကြောင်းသိရှိရသည်။

၆။ ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏အကျိုးစီးပွားနှင့် အများပြည်
သူတို့၏အကျိုးစီးပွားအား ဥပဒေနှင့်အညီအကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်
ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Copy from http://www.9dblood.com/2012/11/blog-post_6647.html


သမ္မတရုံးပြောခွင့်ရသူ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေး

Source Photo from http://popularmyanmar.com/mpaper/2012/10/ 

29.11.2012

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်း
ရေး ကန့်ကွက်ဆန္ဒပြမှုကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တာနဲ့ပါတ်သက်လို့ မြန်မာအစိုးရက ဒီနေ့
ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်းအတွင်းမှာဘဲ ပယ်ဖျက်လိုက်ပါတယ်။

မကြာသေးခင်ကဘဲ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ပယ်ဖျက်လိုက်တာဖြစ်တယ်
လို့ သမ္မတရုံးပြောခွင့်ရသူ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို အတည်ပြုပြောဆို
လိုက်တာပါ။

Copy from
http://burmese.voanews.com/content/goverment-statement-potphone/1555280.html
ဆက်လက်ဖတ်ရှု့ရန်

December 2, 2012

လတ်တလောဖြစ်ပွားနေတဲ့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာ(၃)ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး

Unknown | 12/02/2012 11:36:00 PM | | Best Blogger Tips

လတ်တလောဖြစ်ပွားနေတဲ့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာ(၃)ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး ညနေ(၄)နာရီ ၈၈မျိုးဆက် ကျောင်းသားများရဲ့ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ခုလဲ ပြုလုပ်မှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

------------------------------------------
စာအမှတ် - ၃၂/၂၀၁၂ (၈၈)
ရက်စွဲ - ၃ ၊ ၁၂ ၊ ၂၀၁၂
...
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍
၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။

(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင်
ဟောပြောစည်းရုံးလျှက်ရှိသည်။

(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်
နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။

(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက် နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန်တင်ပြတောင်းဆို
ခဲ့ပြီးဖြစ်ပါသည်။

(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊တက်ကြွ
လှုပ်ရှားသူများ၏သဘောထားဆန္ဒများကို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနှိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည်

(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-

(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော
ဆေးဝါးကုသမှုပေးရန်

(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်

(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်

(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်

(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့်
ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများလတ်တလောဖြစ်ပွားနေတဲ့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာ(၃)ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး ညနေ(၄)နာရီ ၈၈မျိုးဆက် ကျောင်းသားများရဲ့ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ခုလဲ ပြုလုပ်မှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

------------------------------------------
စာအမှတ် - ၃၂/၂၀၁၂ (၈၈)
ရက်စွဲ - ၃ ၊ ၁၂ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍
၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။

(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင်
ဟောပြောစည်းရုံးလျှက်ရှိသည်။

(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်
နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။

(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက် နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန်တင်ပြတောင်းဆို
ခဲ့ပြီးဖြစ်ပါသည်။

(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊တက်ကြွ
လှုပ်ရှားသူများ၏သဘောထားဆန္ဒများကို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနှိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည်။

(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-

(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော
ဆေးဝါးကုသမှုပေးရန်

(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်

(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်

(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်

(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့်
ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများ
 
ဆက်လက်ဖတ်ရှု့ရန်