.

xxx

Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

February 2, 2013

မျိုးချစ်လူငယ်များအကျိုးဆောင်ကွန်ယက် ကော်မတီ ၅ရပ်ဖြင့်ဖွဲ့စည်းထားကြောင်း ကြေညာချက်ထုတ်ပြန်

Unknown | 2/02/2013 04:45:00 AM | Best Blogger Tips



ရန်ကုန်-ဖေဖော်ဝါရီ၂
               
မျိုးချစ်လူငယ်များအကျိုးဆောင်ကွန်ယက်ကို ကော်မတီ ၅ရပ်ဖြင့်ဖွဲ့စည်းထားကြောင်းကြေညာချက်ထုတ်ပြန်လိုက်သည်။
ဗုဒ္ဓဘာသာ အကျိုးစီးပွားစောင့်ရှောက်ရေးကော်မတီ၊ဗုဒ္ဓဘာသာ ၀င်ဆင်းရဲသူများကိုစောင့်ရှောက်ရေးကော်မတီ၊သတင်းအချက်အလက်စုဆောင်းရေးနှင့် ဆက်သွယ်ရေးကော်မတီ၊ရန်ပုံငွေရှာဖွေရေးကော်မတီ၊လုံခြုံရေးနှင့်တန်ပြန်စုံစမ်းရေးကော်မတီတို့ဖြင့်ဖွဲ့စည်းထားကြောင်းသိရသည်။


https://www.facebook.com/PopularNewsJournal
ဆက်လက်ဖတ်ရှု့ရန်

January 30, 2013

မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်

Unknown | 1/30/2013 04:48:00 AM | Best Blogger Tips



ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၄၀ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ အစိုးရ စစ်တပ်ဘက်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်ဆိုင်း၍ နိုင်ငံရေး
ဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ယနေ့ ထုတ်ပြန်လိုက်သည်။

တနှစ်တကြိမ် ကျင်းပပြုလုပ်သော KBC အသင်းတော်၏ သုံးရက်ကြာ အုပ်ချုပ်စီမံ အစည်းအဝေး အပြီးတွင် ယနေ့ ဗုဒ္ဓဟူးနေ့မှာ ယင်းတို့၏ သဘောထားကို နောင်နန်းကျေးရွာရှိ “ရာပြည့်တောင်” (Jaw Bum) တွင် ဆုတောင်း၍ ထို ထုတ်ပြန်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် KBC အသင်းတော်မှ ဘာသာဝင် လေးသိန်း၏ ကိုယ်စားလှယ် ၁၆၀ ဦး တက်ရောက်ခဲ့သည်
ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။

“ဒီကချင်ဒေသမှာ ဖြစ်နေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးက ကချင်လူမျိုးတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးလို ဖြစ်နေ
တာကို ကျနော်တို့ ဆုတောင်းတဲ့ အုပ်ချုပ်စီမံ အစည်းအဝေးမှာ ကျနော်တို့ရဲ့သဘောထားကို ထုတ်ပြန်လိုက်ပါ
တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဆက်လက်ဖတ်ရှု့ရန်