.

xxx

Showing posts with label ကရင်သမိုင်း. Show all posts
Showing posts with label ကရင်သမိုင်း. Show all posts

December 3, 2012

ကရင်တိုင်းရင်းသားနှင့်ရှေးဦးသမိုင်း

Unknown | 12/03/2012 05:18:00 PM | Best Blogger Tips

474167l68h9nknqq.gif
ထီဆေ့မေ့ယွား (ခေါ်) ထီးဆဲ့မဲ့ယွား (ထီ့ဆောဝ်မေ၀်ယွာ)
လူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်း သယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖျောက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ ပုဂံရာဇ၀င်ကို ထုတ်တမ်းပြောရတယ်ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ကရင်တိုင်းရင်းသားတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။

ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သား လိုက်နာတတ်ပြီး နောင်လာနောက်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများတို့ကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာနိုင်ခဲ့ပါသည်။ ယင်းသမိုင်း အထောက်အထားများအနက် ထီ့ဆေ့မေ့ယွား (ခေါ်) ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လးမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့ရာဒေသ ဖြစ်ကြောင်းကို အများကပင် ကြားဖူးပြီးဖြစ်သော်လည်း ယင်း ''ထီဆေ့မေ့ယွား'' ဒေသသည် မည်သည့်တိုင်းပြည်ဒေသတွင် ရှိသည်ကို မှန်းဆ၍ မရနိုင်သူများလှပေသည်။

ထီဆေ့မေ့ယွား ဟူသည် ရေစီးတွင် မျောပါနေသော မြစ်ချောင်းဒေသဟု အဓိပ္ပါယ်ပြန်ရပေမည်။ ယင်းဒေသကို မနူဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များအစရှိသည့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး၊ မွေးမြူရေး အသင့်အတင့်လိုက်၍ အခြေချနေထိုင်ပြီး နေအိမ်များတွင် မိသားစု၊အိမ်ထောင်စုများ စုပေါင်းပါဝင်ကြသည်။ ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများ တိမ်ကောမှုနှင့် မိုးရာသီရေလျှံခြင်းများကြောင့် စိုက်ပျိုးခင်းများ၊ လူနေအိမ်များ ပျက်စီးလာတတ်ပြီး တိုးတက်များပြားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်မည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် တောင်ဘက်အရပ်များသို့ အုပ်စုခွဲ၍ ရွှေ့ပြောင်းလာကြရာ ယနေ့ အရှေတောင်အာရှ ဒေသအနှံ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။


မို့ထိတ်၊ ဖထိတ် (ခေါ်) မိုထိ၊ ဖါထိ (မေ၀်ၟထါ်၊ ဖါၟထါ်)
ကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှ ဒေသအနှံ့အစုစု ပျံ့နှံ့နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ဘဲ အနည်းအုပ်စုကြီး နှစ်စုံတွဲ၍ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင် ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများ ဦးဆောင်ပြုသောအုပ်စုက ကောင်းမွန်သော ဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သောမိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများအား နောင်ကာလတွင် ဖထိတ် သို့မဟုတ် ဖထိ ခေါ် ဖခင်အနွယ်ဝင် ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာ၏။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့အကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများမှာ စီမံကွပ်ကဲ၍ ထိုဒေသမှထွက်ခွာသွားသော မိသားစုများသည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီဆေ့မေ့ယွားဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေရင်း ပြောင်းရွှေ့လိုက်လာကြခြင်းဖြင့် ထီဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုထိ ခေါ် မိခင်အနွယ်ဝင် လူမျိုးများဖြစ်လာပြီး အပြီးအပိုင်ထွက်ခွာသွားကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြပါသည်။

ဖထိတ် ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း၊ သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြု၍ တောင်ဘက်သို့ ရွှေ့ပြောင်းလာရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တောင်ပိုင်း မလေးရှားမြောက်ပိုင်း ဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။

မိုထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြု၍ဆင်းလာကြရာ မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်သော်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်း ဒေသများတွင်သော်လည်းကောင်း ပျံ့နှံနေထိုင်သည်ကို တွေ့ရပေမည်။

ကရင်သက္ကရာဇ်ရေတွက်ခြင်း
ဒုတိယအသုတ်ဖြစ်သော မို့ထိတ် ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ (၇၃၉) နှစ်လောက်တွင် ဤပြည်ထောင်စုဒေသထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသားသက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်အထိဆိုပါမှု ၂၇၄၉ ခုနှစ်သို့ပင် ရောက်ခဲ့ပါသည်။

သို့ဖြစ်လျှင် ယနေ့ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် (စကောကရင်) အုပ်စုနှင့် မိခင်အနွယ်ဝင် (ပိုးကရင်) အုပ်စုတို့မှာ တစ်ချိန်က ထီဆေ့မေ့ယွားတွင် တစ်ရွာတည်းသို့မဟုတ် တစ်အိမ်ထောင်စုတည်း နေထိုင်ခဲ့သော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင် ညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်နေကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေမည့် သမိုင်းအထောက်အထားများက ယနေ့အရှေ့တောင်အာရှဒေသရှိ လူမျိုးစုများ၏ သမိုင်းကိုလေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာသိရှိနိုင်ပါသည်။

ကရင်လူမျိုးများဟုခေါ်တွင်ခြင်း
ကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှတ်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးနွယ်စုမှာ ထိုင်း၊ တရုတ်အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များ ဖြစ်ကြသည်။

အရှေ့တောင်အာရှဒေသရှိ လူမျိုးအတော်များများက ယန် ဟုခေါ်ကြပြီး မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသောအခေါ်ကို မည်သည့်အချိန်ကစတင်၍ ခေါ်ကြသည်ဟု အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်တွင်ခဲ့ဟန်ရှိပါသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုးများ (၃၀) တွင် ထည့်သွင်း၍ သမိုင်းတွင်မှတ်တမ်းတင်ခဲ့ရာ (ကွေ့ရှမ်း) လူမျိုးများသည်လည်းကောင်း၊ (ဂျွမ်း) လူမျိုးများသည်လည်းကောင်း ကရင်လူမျိုးများကို ဒေသအလျောက် ခေါ်တွင်ကြခြင်းဖြစ်သည်ဟု သမိုင်းပညာရှင်အချို့က ယူဆကြပါသည်။ အချို့ပညာရှင်များက တစ်ချိန်ကဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးများမှ ကရင်လူမျိုးများ ဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ပိုးကရင်ဖြစ်လာသည် ဟူ၍လည်းကောင်း ယူဆကြပါသည်။

ယနေ့ရခိုင်ပြည်ဒေသအချို့တွင် (ကမ်းယံ) လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးများနှင့် မတူကြောင်းကို ၄င်းပျူလူမျိုးများကို သမိုင်းပညာရှင်အချို့က ပျောက်ကွယ်သွားပြီဟု ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင်ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ မိမိတို့ကိုယ်ကို မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့ရာတွင် မြန်မာစစ်စစ်များနှင့် အရောင်အသွေးမတူခြင်း စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံ ထူးခြားခြင်းတို့ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည် ဆိုသောယူဆချက်မှာ မမှန်နိုင်ကြောင်း သိရပါသည်။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှု ထွန်းကားချိန်တွင် ပျူလူမျိုးနှင့် ပိုးကရင်အနွယ်ဝင်များမှာ ရောနှောခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့တို့သည် ထိုခေတ် ပျူယဉ်ကျေးမှုအချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း မာန်လည်သမိုင်းတွင် ပျူမင်း များဟူသော အရေးအသားနှင့် ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖေါ်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသောအရေးအသားကို တွေ့နိုင်သည်။ ပြုံး ဟူသောအခေါ်မှာ မြန်မာစကားသံများအရ ယရစ်သံပျက်၍ (ပရုံး) ဟူသော အသံထွက်ပြီး သံမှန်အနေအထားသို့ လေ့လာပါက ပရုံး-ဖလုံး-ဖလုံ ဟူသောအသံများ၏ မူလဇာစ်မြစ်ဖြစ်နိုင်ပြီး ယင်းအခေါ်သည် ယနေ့ (ပိုးကရင်) လူမျိုးစုတို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသောအခေါ်နှင့် အသံထွက်တူညီနေသည်ကို တွေ့ရသည်။ ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို (ပရုံး) ဟုခေါ်ခြင်းဖြစ်သည်။ ယင်းဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ဟုခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများ အဆိုနှင့်ယှဉ်၍ သိရှိနိုင်ပါသည်။

မြန်မာ့သမိုင်းတွင်ပါရှိသည့် မွန်၊ မြန်မာ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင်လူမျိုးစုများကို မြန်မာမင်းများ၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင် လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်များတွင် ပါဝင်အမှုထမ်းစေခြင်းဖြင့်လည်းကောင်း ကရင်လူမျိုးစု(၂)စုအား မွန်-မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်-ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ ခေါ်ဝေါ်နေကြသေးသည်။

သုတေသီအချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာလျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေးနှင့် အုပ်ချုပ်ရေးအတွေ့အကြုံဖြင့် နယ်မြေဒေသ စုသည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်ထူထောင်နိုင်ရန် အင်အားအထူးကောင်းမွန်လျက် ရှိမည်မှာမလွဲပေ။ မည်သို့ပင် ဆိုစေကာမှု သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူမျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသော စိတ်ဓါတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများတို့၏ လက်အောက်တွင် ကာလကြာမြင့်စွာနေထိုင်ကာ မိမိတို့ယဉ်ကျေးမှုဓလေ့ ထုံးစံတစ်ချို့တို့မှာ နှမျောဖွယ်ရာ ဆုံးရှုံးခဲ့ရခြင်းနှင့် တစ်ဒေသနှင့်တစ်ဒေသ ဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် ပျံ့နှံ့နေထိုင်မှုတို့မှာ အဓိကကျလှပေသည်။
စရှောင်ဖန်း (အင်းစိန်)

မြစ်နဒီကိုးသွယ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှု့ရန်

ကရင်လူမျိုးဆင်းသက်လာခြင်း

Unknown | 12/03/2012 05:16:00 PM | Best Blogger Tips

ကရင်ဟူသောအမည်ကို မြန်မာတို့က ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ အဓိပ္ပာယ်နှင့် အရင်းအမြစ် အတိအကျကိုမှု မကြံဆနိုင်ပေ။ ''ကမ်းယံ'' ဟူသော ဝေါဟာရ ဗော်ညိုညွန်းရှိ ''ဒယက်'' လူမျိုးတစ်မျိုး၏အမည် ''ကယန်'' ဟူသောဝေါဟာရ တိဗက်မြန်မာအစုဝင်တို့ တရုတ်ပြည်တွင်ရှိစဉ် ခေါ်ဝေါ်သည့် ''ချန်'' ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် အမည်ဖြစ်လိမ့်မည်ဟု အသီးသီးယူဆကြသည်။
(မြန်မာစွယ်စုံကျမ်း အတွဲ-၁)

ကရင်လူမျိုးတို့၏ မူလအစမျိုးနွယ်ဆက်သွယ်ပုံများကို သုတေသီတို့က အမျိုးမျိုးအဖုံဖုံ မှန်းဆပြောဆို ကောက်ချက်ချကြသည်။ ဘာသာစကားပြောဆိုမှု ရိုးရာဓလေ့ ယုံကြည်မှုဆိုင်ရာ အယူဝါဒ ရှေးဟောင်းတေးကဗျာ၊ လင်္ကာနှင့် တေးသီချင်း၊ ပုံပြင်၊ ဒဏ္ဍာရီများ ရှေးလူကြီးများ ဆိုစမှတ်စကားအပေါ်တွင် အခြေခံ၍ လေ့လာပြီး တွေးခေါ်မှန်းဆကြသည်။

ဆာ အာသာဖဲယား (Sir Arthure Phayre) ဆိုသူက ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် လူမျိုးသုံးမျိုးအနက် ''ကမ်းယံ'' ဟူသော လူမျိုးအမည်မှာ ကရင်ဟူသောအမည်သို့ ပြောင်းလဲခေါ်ဆိုလာသည်ဟု ဆိုသည်။

အမေရိကန် သာသနာပြု ဒေါက်တာ ဖရန့်မေဆန် (Dr. Francis Manson) က ကရင်လူမျိုးတို့သည် ဟေဗြဲ (Hebure) လူမျိုးနှင့် ဆက်သွယ်ပြီးပျောက်ဆုံးနေသော ဟေဗြဲအနွယ်ဝင်များ ဖြစ်ဟန်တူသည်ဟု အဆိုပြုသည်။ ထိုအယူအဆကိုဒေါက်တာ မေဆန်ကပင် ပယ်ဖျက်ခဲ့ပြန်ပြီး ကရင်လူမျိုးတို့၏ ပြောဆိုသောစကားကို ဆန်းစစ်ပြန်ရာ ကရင်လူမျိုးတို့သည် တရုတ်လူမျိုးတို့၏ အကိုင်းအခက်ဖြစ်မည်ဟု မူလအယူအဆကို ပြင်ဆင်ခဲ့ပြန်ပါသည်။

မစ္စတာ ဂျေအာလိုဂန် (Mr, J.R Logan) က ကရင်လူမျိုးတို့၏ ပြောဆိုသောစကားသည် ဧရာဝဒို ဗြမ္မာပုတ်တရန် စကားအုပ်စုတွင် ပါဝင်ပြီး တောင်ပိုင်းသို့အရောက်တွင် တရုတ်ဘာသာစကား လွမ်းမိုးခြင်းခံရသည်ဟု အဆိုပြုပြန်ပါသည်။

တစ်ဖန် မစ္စတာကားလ်ဘုန်း (Mr.Colrnhoun) က သူရေးသည့် (Amongest The Shans) စာအုပ်တွင် ကရင်လူမျိုးများသည် အာရှတိုက် အလယ်ပိုင်းရှိ ရှေးဟောင်း ''တိတ်'' (Tek) သို့မဟုတ် တုတ် (Tok) လူမျိုးမှ ဆင်းသက်လာသည်ဟု ဆိုပြန်ပါသည်။

သာသနာပြု မစ္စတာ ခရော့စ် (Mr.Cross) ကလည်း ကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မုတ္တမပင်လယ်ကွေ့ တစ်ဝိုက်တွင် နေထိုင်ကြသော မူလတိုင်းရင်းသားဖြစ်သည်ဟု အဆိုပြုထားပြန်ပါသည်။

တစ်ဖန်မေဂျာအင်ရီကေ (Maj Enriquez) ကလည်း ကရင်လူမျိုးများသည် ထိုင်းတရုတ်အနွယ်မှ ဆင်းသက်လာခဲ့သည်ဟု မြန်မာနိုင်ငံ လူမျိုးများအကြောင်း စာအုပ်တွင် ရေးသားထားပြန်ပါသည်။

ဤသို့ဖြင့် အနောက်တိုင်း သုတေသီတို့က မှန်းဆ၍ မိမိတို့စိတ်ဆန္ဒသန်သူလို အဆိုပြုကြသည်။ သို့ရာတွင် ၁၉၁၆ ခုနှစ် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့သော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ''ယောဝ်'' နှင့် မြှောင်လူမျိုးနှင့်လည်းကောင်း ဆက်နွယ်ကြောင်း ဖော်ပြပါရှိပါသည်။

မည်သို့ပင်ဖြစ်စေ မျက်မှောက်ခေတ် သုတေသီပညာရှင်ကြီးများသည် ကရင်လူမျိုးတို့အား မွန်ဂိုလူမျိုးများမှ ဆင်းသက်လာကြပြီး တိဗက်တရုတ် ဘာသာစကား အနွယ်ကြီးတွင် ပါဝင်သော တိဗက်မြန်မာ စကားအစုဝင်ဖြစ်ကြောင်း လက်ခံအတည်ပြုထားခြင်းမှာ တိကျသောအဆိုနှင့် ခိုင်လုံသောအတည်ပြုခြင်းပင်ဖြစ်သည်။

ကရင်လူမျိုးတို့၏ မူလဒေသသည် အာရှတိုက်အလယ်ပိုင်း မြင့်မားသော တောင်တန်းကြီးများ ခြံရံသည့် ကုန်းပြင်မြင့်ကြီးတွင် နေထိုင်ကြပြီး ထိုကုန်းပြင်မြင့်မှ အရှေ့ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ်နှင့် သံလွင်မြစ်နှစ်သွယ်ကြားမှ ဆင်းသက်လာကြရာ မြန်မာနိုင်ငံသို့ ဦးစွာရမည်းသင်းနှင့် တောင်ငူဒေသအရှေ့ဘက်မှ ၀င်ရောက်နေထိုင်ကြောင်းနှင့် ကရင်လူမျိုးသည် တိဗက်မြန်မာစကားအစုဝင် မွန်ဂိုလူမျိုးအနွယ်ဝင် ဖြင်ကြောင်းမှာ ယနေ့အချိန်အခါတွင် ခိုင်လုံလျက်ရှိနေသည်။

မျက်မှောက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့သည် မွန်ဂိုအမျိုးအနွယ်များဖြစ်ကြပြီး တိဗက်မြန်မာ မွန်ခမာနှင့် ထိုင်းတရုတ်အနွယ် လူမျိုးကြီးသုံးခုမှ ဆင်းသက်ပေါက်ဖွားလာကြ၍ ရှေးပဝေသဏီကပင် သွေးတူ သားတူ ဆွေမျိုးတော်စပ်နေကြောင်း ယုံမှားဖွယ်မရှိနိုင်ပေ။

ထို့အတူ ကရင်လူမျိုးတို့သည်လည်း မွန်ဂိုလူမျိုးအနွယ်ဝင် ထိုင်းတရုတ်အုပ်စုတွင် ပါဝင်ပြီး တိဗက်မြန်မာ စကားအစုဝင်ဖြစ်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းရင်းသားတို့၏ မိသားစုဝင် လူမျိုးတစ်မျိုး ဖြစ်ခြင်းကိုကား ပို၍ ယုံများဖွယ်မရှိနိုင်ပေ။

ကရင်လူမျိုးများ ဆင်းသက်လာခြင်းခရီးကို အရှေ့ပိုးကရင်တို့က ရှေးကဗျာ လင်္ကာ တေးသီချင်းတို့ဖြင့် မှတ်တမ်းပြုထားကြသည်။ ကရင်လူမျိုးများသည် အရှေ့တောင်အရပ်သို့ ဘီစီ ၅၀၀၀ ခန့်လောက်တွင် မြေပြန့်အရပ်သို့ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ထိုသို့ ဆင်းသက်လာရာတွင် ဂိုဘီသဲကန္တာရကို ဖြတ်ကျော်၍ ဂိုဘီသဲကန္တာရအလယ်ရှိ ရေပူအိုင်ကြီးများနှင့် သစ်ရွက်ခူးပြီးချလျှင် ချက်ချင်းနွမ်းလျော်သွားသည် ဆိုသည်။ ထိုနေရာကို အရှေ့ပိုးကရင်တို့က (ပီကျောင်းကိုက်) ဟူ၍ ခေါ်ဆိုပြီး ရေပူအိုင်ကြီးများနှင့် ကြုံတွေ့ခဲ့ရကြောင်းကို ရှေးသီချင်း ကဗျာ လင်္ကာများတွင် စပ်ဆိုသီကုံးထားလေသည်။ ထိုမှ ရေပူအိုင်ကြီးများကို မဖြတ်ကျော်နိုင်၍ ကွေ့ရှောင်ပြီး အချိန်ကြာမြင့်စွာ ဖြတ်ကျော်လာရသည် ဆိုသည်။

ဂိုဘီသဲကန္တာရကို ဖြတ်ကျော်ရာတွင် ဟိမ၀န္တာတောင်၏ မနီးမဝေးအရပ်သို့ ရောက်ရှိသောအခါ ဟိမ၀န္တာတောင်ထိပ်မှ အရည်ပျော်ပြီး ကျလာသောသဲချောင်းကို ဖြတ်ကျော်လာရပြန်သည်။ ထိုနေရာကို ကရင့်အခေါ် ထီ့ဆေမေးရွာ ဟူ၍ တေးသီချင်းဖြင့် သီဆိုမှတ်တမ်းတင်ထားလေသည်။ အချို့က ထီ့ဆေမေးရွာ သည် ကရင်လူမျိုးတို့၏ အခြေချ နေထိုင်ခဲ့ဘူးသော ဒေသဖြစ်ခဲ့ဘူးပြီး ယနေ့တိုင် ကရင်မျိုးနွယ်စုများ ရှိသေးကြောင်း ဆိုကြသည်။

ဂိုဘီသဲကန္တာရကို ဖြတ်သန်းလာရာတွင် အမျိုးမျိုးသော ဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး လေမုန်တိုင်းတိုက်ခတ်သော ဒဏ်ကိုလည်း ရင်ဆိုင်ခံခဲ့ရပြန်သဖြင့် အမြောက်အများ သေဆုံးခဲ့ရသည်ဆိုသည်။ ထို့အပြင် မကောင်းဆိုးဝါးများဖြစ်သည့် ကရင်အခေါ် နောင်လော့် နောင်ခလော့် (နာန်ၟလ၀့် နာန်ၟခႜ၀့်) ဖြားယောင်းလှည့်စားခြင်းကို ခံရပြန်သဖြင့် အသာရေစာငတ်ပြတ်ပြီး အမြောက်အများသေဆုံးရပြန်သည်။ ထိုမကောင်းဆိုးဝါး နောင်လော့် နောင်ခလော့် တို့၏ ညွတ်ကွင်းမှလွတ်ကင်းသွားသူတို့က နောင်အခါ လက်ချည်နှောင်၍ ချည်ဖြူမင်္ဂလာဖွဲ့ လိပ်ပြာခေါ်ရာတွင် ဏယ်္ဘးနာန်ၟလ၀့်လ်ုဟှေဝ် ဏယ်္ဘးနာန်ခႜ၀့်လ်ုဟှေဝ် ဟူ၍သတိပေးစကား လိပ်ပြာခေါ်ခြင်း ချည်ဖြူဖြင့် လက်ချည်မှတ်သားခြင်း ဖြစ်ပေါ်လာခဲ့သည်ဟု ရှေးလူကြီးများက ဆိုစကားပြုထားလေသည်။

ကရင်လူမျိုးအနွယ်စုတွင် ပါဝင်သော အရှေ့ပိုးကရင်တို့သည် ကရင်လူမျိုးတို့၏ မူလဇာစ်မြစ် နေထိုင်ရာဒေသကို စာပေများဖြင့် ရေးသားမှတ်တမ်းတင်ခြင်း မရှိသော်လည်း ကရင်လူမျိုးတို့၏ မူလဗီဇဆင်းသက်လာရာ မျိုးနွယ်စုအကြောင်းအရာများကို ရှေးတေးကဗျာ၊ လင်္ကာ၊ တေးသီချင်းများဖြင့် ခံယူမှတ်သားကြလေသည်။

မည်သို့ပင်ဖြစ်စေ အရှေ့ပိုးကရင်လူမျိုး အပါအ၀င် ကရင်လူမျိုးနွယ်စုသည် တိဗက်ကုန်းပြင်မြင့်မှ တောင်ဘက်သို့ စစ်တောင်းဖြစ်၊ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ မဲခေါင်မြစ်အတိုင်း ဆင်းသက်လာကြပြီး မြန်မာနိုင်ငံတွင် မျက်မှောက်တိုင် အခြား ညီအစ်ကို တိုင်းရင်သားများနှင့် အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် ကောင်းတူဆိုးဖက် အစဉ်ထာဝရ စည်းလုံးညီညွတ်စွာ နေထိုင်ခြင်းကို ရှုခြင်းအားဖြင့် ကရင်လူမျိုးတို့ အပါအ၀င် တိုင်းရင်းသားတို့သည် မူလအစကပင် သွေးသားတော်စပ်၍ တစ်မျိုးတစ်နွယ်တည်း ဖြစ်သည်ဟူသော သုတေသီတို့၏ အဆုပြုချက်သည် ခိုင်လုံလျက်ရှိနေပေသည်။

ကရင်လူမျိုးတို့၏ တေးသီချင်း၊ လင်္ကာ၊ သမိုင်း၊ ပုံပြင်အရ တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာကြပြီး မြစ်နဒီကိုးသွယ်ကို ဖြတ်သန်းလာခဲ့ရကြောင်း ဆို၏။ ထိုမြစ်နဒီကိုးသွယ်မှာ........
(၁) စစ်ကျန်မြစ်ဝှမ်း
(၂) ဟိုဝှမ်မြစ်ဝှမ်း
(၃) ကောင်းတုံမြစ်ဝှမ်း
(၄) ယန်စီမြစ်ဝှမ်း
(၅) မဲနန်မြစ်ဝှမ်း
(၆) စစ်တောင်းမြစ်ဝှမ်း
(၇) မဲခေါင်မြစ်ဝှမ်း
(၈) သံလွင်မြစ်ဝှမ်း
(၉) ဧရာဝတီမြစ်ဝှမ်း စသည်တို့ဖြစ်သည်။
ထိုနဒီကိုးသွယ်ကို အခြေပြု၍ မျက်မှောက်ကရင် အမျိုးသားတို့ အသုံးပြုသော ကရင်အမျိုးသား အလံတော်တွင် ရောင်ခြည်ကိုးသွယ် ဖြာထွက်နေသည်ကို တွေ့ရှိနိုင်ပေသည်။ အလံတော်တွင် ရောင်ခြည်ကိုးသွယ် ဖြာထွက်ခြင်းကိုကရင်အမျိုးသားတို့ ဆင်းသက်လာခဲ့ရာဌာနေများအဖြစ် အမျိုးသား အထိမ်းအမှတ်ဝင် အမှတ်အသားပြုထားကြလေသည်။

သမိုင်းအရ ကရင်လူမျိုးတို့သည် တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်ရာတွင် အုပ်စုတစ်စုမှာ မြန်မာနိုင်ငံ ရမည်းသင်း၊ တောင်ငူဒေသတို့တွင် ရောက်ရှိသွားကြပြီး နောက်မှချန်ခဲ့သော အုပ်စုသည် တရုတ်ပြည် ယူနန်နယ်စပ်သို့ ရောက်ရှိသွားသည်ဆို၏။

တရုတ်ပြည် ယူနန်နယ်စပ်သို့ ရောက်ရှိသွားသော အုပ်စုသည် မြန်မာနိုင်ငံသို့ ဆက်လက်ထွက်ခွာလာရာတွင် အုပ်စုနှစ်စုဖွဲ့၍ ဆက်လက် ထွက်လာကြသည်။ ပထမအုပ်စုသည် တရုတ်ပြည် ယူနန်နယ်မှ ဘီစီ ၁၁၂၈ ခုနှစ်တွင် ထွက်ခွာလာပြီး မြန်မာပြည်တွင်းသို့ ဘီစီ ၁၁၂၅ ခုနှစ်တွင် ရောက်ရှိကြသည်။ တဖန် ဒုတိယအုပ်စုသည် ဘီစီ ၇၄၉ ခုနှစ်တွင် ယူနန်နယ်မှထွက်ခွာလာပြီး မြန်မာနိုင်ငံတွင်းသို့ ဘီစီ ၇၃၉ ခုနှစ်တွင် ရောက်ရှိလာကြသည် ဆို၏။

သို့ကြောင့် မျက်မှောက် ကရင့်ခုနှစ်ကို ရေတွက်ရာတွင် ကရင်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ အုပ်စုအားလုံး ရောက်ရှိလာသော ဘီစီ ၇၃၉ ခုနှစ်နှင့် ခရစ်နှစ်ကိုပေါင်းသော ကရင်ခုနှစ်ရရှိကြောင်း ယနေ့တိုင် အမှတ်အသားပြုထားကြလေသည်။


 မြစ်နဒီကိုးသွယ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
ဆက်လက်ဖတ်ရှု့ရန်

November 1, 2012

ကော့ဂွန်းဂူ သမိုင်း

Unknown | 11/01/2012 12:32:00 AM | Best Blogger Tips
 ရှေ့နောက် တောင်မြောက် ရှုလေလျှင် တောင်လေသာဝန်းရံပတ်ခွေသော ကရင်ပြည်နယ်သည် ကပတိ
လှမျိုးကြွယ်၍ ရှိနေသည်။ မှိုင်းညို့ညို့ပြာ တောင်တန်းနှင့် စိမ်းလန်းစိုပြေသော သစ်တော၊ ပြာလဲ့ကြည်
လင်သော ရေအလျဉ်တို့ ဖြင့် အလှပေါ်အယဉ်ဆင့်ပနံတင့်လှသော ဤဒေသတွင် သဘာဝတရားပင်မျက
်နှာလိုက်၍ ဖန်တီးထားရော့သလားဟုပင် သုတေ သီစာပေပညာရှင်တဦးက ထုတ်ဖေါ်ပြောဖူး၏။ ပြည်နယ်
အတွင်းမိုမောက်သော တောင်စွယ် တောင်ထွတ်တို့ ဖြင့် ရှုကြည့်၍ မ၀နိုင်သလို ရှေးဗုဒ္ဓဘာသာဝင်တို့ ၏
တည်ထားကိုးကွယ် တန်ခိုးကြွယ်သော စေတီပုထိုးတို့ မှာလည်း ထုံးဖြဖြူဖွေးနှင့် စီရစီတည်နေသည်။ စေ
တီပထိုးလိုဏ်ဂူတို့ မှ ရှေးသမိုင်းဝင်အကြောင်းအရာများက လေ့လာ၍ မကုန်အောင်ဖြစ်ဘိသည်။စေတီပထိုး
လိုဏ်ဂူတို့ တွင်လည်းသူ့ သမိုင်းနှင့်သူအကြောင်းအရာများက သုတေသီတို့ အား ဖိတ်ခေါ်နေလေသည်။
ဆက်လက်ဖတ်ရှု့ရန်

October 29, 2012

ကရင်ပြည်နယ်နေ့

Unknown | 10/29/2012 03:26:00 AM | | Best Blogger Tips
ကရင်ပြည်နယ်နေ့နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ဖြစ်သည်။ ကရင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုဇွန်လ (၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက်သိန်းခန့်ရှိလေသည်။ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ)၁၄-ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရန် သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ့ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင် မြို့နယ်များကို ပထမအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့် ဇွန်လ-၁ရက်နေ့။
(၃) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့်
ဇူလိုင်လ-၁ရက်နေ့။

ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ-၁ရက်နေ့နှင့် ဇူလိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသော မိုးရာသီရက်များ ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂) နိုဝင်ဘာ-၇ ရက်နေ့သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့် အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်

၁၉၆၄ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း (၁၁.၀၉၁) တစ်သောင်းတစ်ထောင့်ကိုးဆယ်တစ်မိုင် ရှိသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊ မြောက်ဘက် လတ္တီကျု. ဒီဂရီ
၁၅.၁၅ (ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက် လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက် ရှည်လျားစွာ တည်ရှိနေသည်။ ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏မြစ်လက်တက် သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကျိုက္ခမီခရိုင်တွင်ပါ
ဝင်သော ရေးမြို့နယ်၊ အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို့ နယ်များ၊ သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များ၊ ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊ မုဒုံ၊ ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။ ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊ လှိုင်းဘွဲ(၁၇၆၄)၊ ဘားအံ(၁၀၀၇)၊ ကော့ကရိတ်(၁၉၆၃)၊ ကြာအင်း(၁၂၃၈)၊ သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။

ကရင်ပြည်နယ်၏မြို့တော်သည် "ဘားအံ" မြို့ဖြစ်သည်။

ကရင်ပြည်နယ်အလံ(၁) အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂) အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တစ်ပုံနေရာတွင် ကြယ်ဖြူတလုံး၊ ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊ အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
(၃) အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံအငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ၊
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုးစုံဖြစ်ပေသည်။

အဓိပ္ပါယ် အနှစ်သာရ
(၁)အလံ၏ လက်ဝဲဘက် သုံးပုံတစ်ပုံနေရာ တိမ်ထဲမှ ကြယ်ကြီးတစ်လုံးမှာ ပြည်ထောင်စုထဲမှ ပြည်နယ်တစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။

(၂)အပြာရောင်သဘောမှာ တည်ကြည်၊ နက်နဲ၊ ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။

(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။

(၄) အနီရောင်၏ သဘောမှာမူ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း၊ သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ်အလံအကြောင်း ဖြစ်သည်။

(????????*********)

ကရင်ပြည်နယ်တံဆိပ်(၁) အလယ်တွင် ဖားစည်မျက်နှာပြင်နှင့် သီလ၊ သမာဓိ၊ သစ္စာ အမှတ်အသား စာလုံးများရေးသားထားသည်။
(၂) လက်ျာဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၃) လက်ဝဲဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၄) ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တစ်ခု။
ဤအမှတ်သား၊ ဤစာသား၊ ဤအခြင်းအရာများ ပါရှိသောတံဆိပ်သည် ကရင်ပြည်နယ်တံဆိပ် ဖြစ်သည်။

အဓိပ္ပါယ်အနှစ်သာရ
(၁) တံဆိပ်၏အလယ်မှ ဖားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမူ့ဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမူ့ပစ္စည်းဖြစ်ခြင်း။
(၂) သီလ၊ သမာဓိ၊ သစ္စာ စာလုံးများ၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများသည် အကျင့်သီလ ပြည့်စုံကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊ သစ္စာရှိခြင်းစသော အရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃) တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကို ဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄) တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမှု ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင် ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။

(အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့စာအုပ်မှ ဖော်ပြပါသည်။)


မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြသည်
ဆက်လက်ဖတ်ရှု့ရန်

October 16, 2012

ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး

Unknown | 10/16/2012 09:02:00 AM | | Best Blogger Tips
၁၉၃၀-၄၀ ခှနှစ်များတွင် ကရင်နှစ်သစ်ကူးနေ့၊ ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော် ပေါ်ထွန်းရေးအတွက် "ဒေါကလူ" ၏ဥက္ကဌဖြစ်သူ ဆရာစံဘော်က အစီအစဉ်ပြုလုပ်၍ တောင်းဆိုရရှိခဲ့သည်။
ထိုသို့တောင်းဆိုရရှိခဲ့သော အခွင့်အရေး(၃)ခုအနက် ကရင်အမျိုးသားတစ်ရပ်လုံးကိုကိုယ်စားပြုသော ကရင်အမျိုးသားသီချင်းသည်လည်း အရေးပါလှကြောင်း တွေ့ရှိရပါသည်။ ကရင်အမျိုးသားသီချင်းကို စောစံဘနှင်စောသာအေးကြီးက ရေးသားတင်ပြခဲ့ရာ "ဒေါကလူ" အသင်းကြီးမှ ကရင်အမျိုးသားခေါင်းဆောင်ကြီးများက လက်ခံအတည်ပြုလိုက်သဖြင့် ကရင်အမျိုးသားသီချင်းဟူ၍ ပေါ်ပေါက်လာခဲ့သည်။
(ကရင်အမျိုးသားသီချင်းအဓိပ္ပာယ်)အို...ကျွန်ုပ် ကရင်အမျိုးသားအပေါင်းတို့
အကောင်းဆုံးသူအသင့်အား
ကျွန်ုပ် အလွန်ချစ်ခင်မြတ်နိုးပါ၏။
အသင်သည်ဖြောင့်မတ်ခြင်းကိုမြတ်နိုးတတ်၏
ဧည့်ဝတ်ကျေပွန်တတ်သူလည်းဖြစ်ပါ၏
သင်၏ကောင်းခြင်းအဖြာဖြာကို
ကျွန်ုပ်ချစ်ခင်မြတ်နိုးလှပေသည်။

(ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး၏ ဘ၀ဖြစ်စဉ်မှတ်တမ်း)လ ၁၉၀၂ခုနှစ်တွင် ပုသိမ်မြို့နယ်၊ မကြီးလဟာကျေးရွာတွင် မွေးဖွားခဲ့သည်။
လ ၁၉၂၂ခုနှစ်တွင် ပုသိမ်မြို့၊ တိုင်တစ်ရာအထက်တန်းကျောင်းတွင် (၁၀) တန်းအောင်မြင်ခဲ့သည်။
လ ၁၉၂၄ မှ ၁၉၂၇ခုနှစ်အထိ ရန်ကုန်ဂျက်ဆင်ကောလိပ်တွင် I.Sc အောင်ပြီး B.Sc (ပ)နှစ်အထိ သင်ကြားခဲ့သည်။

လ ၁၉၂၈ မှ ၁၉၃၂ခုနှစ်အထိ မန္တလေးစိုက်ပျိုးရေးကောလိပ်တွင် ဘွဲ့ရကျောင်းပြီးသည်အထိ ပညာသင်ကြားခဲ့သည်။
လ ၁၉၃၃ မှ ၁၉၄၀ခုနှစ်အထိ ပုသိမ်မြို့တွင်စိုက်ပျိုးရေးမြို့အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၄၁ မှ ၁၉၄၆ခုနှစ်အထိ ပုသိမ်ခရိုင်စိုက်ပျိုးရေးဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လ ၁၉၄၇ မှ ၁၉၅၇ခုနှဏ်အထိ နိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (SAMB) တွင်အမှုဆောင်အရာရှိ (E.O) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၅၉ခုနှစ်၊ အသက် (၅၇)နှစ်တွင် မြောင်းမြမြို့နယ်၊ ရေတွင်းရေကန်ရွာတွင် ကွယ်လွန်သည်။ ကရင်အမျိုးသားသီချင်းသံစဉ်ကို စောစံဘနှင့်အတူပြုစုခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်