.

xxx

Showing posts with label မုန့်လုပ်နည်း၊ဟင်းချက်နည်း. Show all posts
Showing posts with label မုန့်လုပ်နည်း၊ဟင်းချက်နည်း. Show all posts

September 6, 2013

ငါးမြင်းဆီပြန်

Unknown | 9/06/2013 01:29:00 AM | Best Blogger Tips
 
အိုးကြီးချက်
Friday, September 6, 2013
 
                               အိုးကြီးချက်
Friday, September 6, 2013

ငါးမြင်းဆီပြန်
..................
ဒီတစ်လတော့ ငါးမြင်းဆီပြန်ရိုးရိုးလေး ချက်ကြရအောင်။ 
ဗမာနည်း ရိုးရိုးလေးပါနော်။ ငါးမြင်းဗိုက်သားက အရသာအရှိဆုံးနေရာလို့ 
ဆိုကြပါတယ်။ အိသက်က ဗိုက်သားကြိုက်ပေမယ့် အမျိုးသားကတော့ 
အဆီများလို့ မကြိုက်တဲ့အတွက် သူက သားများတဲ့နေရာများ ရွေးစားပါတယ်။ 
ငါးမြင်းဟင်းကို ကျွန်မ အလှူတော်တော်များများမှာ ချက်လေ့ရှိပါတယ်။ 
ဘာလို့လဲဆိုတော့ ချက်ရအလွန်လွယ်ကူလို့ပါ။

ပါဝင်ပစ္စည်းများ(အယောက် ၅၀ စာ)
................................
• ငါးမြင်းတုံး - ၄ပိဿခွဲ (၅ ကီလိုခန့်)
• ကြက်သွန်နီ - ၇၅ ကျပ်သား (၁ကီလိုခန့်)
• ကြက်သွန်ဖြူ - ၁၅ ကျပ်သား
• ခရမ်းချဉ်သီး - ၂၅ ကျပ်သား
• ချင်း - ၂၀ ကျပ်သား (ထောင်းပြီးသား ) 
• ဆား၊ကြက်သားမှုန့် - လိုအပ်သလို
• နနွမ်းမှုန့် - စားပွဲဇွန်း ၅ ဇွန်း
• အရောင်တင်မှုန့် - ဟင်းချက်ဇွန်း ၁ ဇွန်း
• ငရုတ်သီးစိမ်းတောင့် - ၁၅ တောင့်
• နံနံပင် 

ချက်ပြုတ်နည်း
...................
၁။ ငါးမြင်းကို အနေတော်တုံးပြီး ရေစင်စင်ဆေးကာ ချင်း၊ နနွင်း ၂ ဇွန်း၊ 
ဆား၊ ကြက်သားမှုန့်တို့နဲ့ နယ်ထားပါ။ ကြက်သွန်န်ီကို 
ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကတော့ ဓားပြားရိုက်ထားရင်ရပါတယ။်

၂။ ကြက်သွန်နီ၊ ဖြူကို ဆား၊ နနွင်း၊ ကြက်သားမှုန့်၊ အရောင်တင်မှုန့်နဲ့ 
ဆီသတ်ပါ။ 

၃။ ခရမ်းချဉ်သီးလေးများ လေးစိတ်ကွဲလှီးဖြတ်ထည့်ပါ။
ကြက်သွန်နွမ်းရင် ငါးတုံးလေးများထည့်ပြီး တစ်ဖက်စီလှန်၍ အိုးကိုလှုပ်ပေးပါ။ 
ဇွန်းနဲ့ အလွန်မမွှေဘဲ ငါးမကြေအောင် အိုးကိုလှုပ်ခိုင်းတာပါနော်။ 

၎။ ငါးလေးများ အရောင်ပြောင်းပြီဆိုရင် ရေစပ်စပ်လေးထည့်ပြီး 
ငရုတ်သီးစိမ်းတောင့် ၅ တောင့်ထည့် ခဏအုပ်ထားပါ။ 
( အဲဒီ ငရုတ်သီးစိမ်းလေးတွေက ချက်ပြီးသွားရင် 
အရမ်းစားကောင်းပါတယ်။ သိပ်မစပ်တော့ဘဲ အရသာတွေဝင်နေပါတယ်)

၅။ ဆီပြန်ပြီးသွားရင် နံနံပင်လေး ဒီလိုအုပ်ပြီး ထားလိုက်ပါ။ 
အရသာရှိတဲ့ ငါးမြင်းဆီပြန်ရပါပြီ။ မီးအနေကတော့ 
သိပ်မပြင်းဘဲထားဖို့လိုပါမယ်။

.................................
Htet Family's Creation
..................................
www.htetfamily.com
FOOD Magazine

ဆက်လက်ဖတ်ရှု့ရန်

March 22, 2013

မြိတ်ကတ်ကြေးကိုက် ချက်ပြုတ်နည်း

Unknown | 3/22/2013 06:13:00 AM | Best Blogger Tips

ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နာမည်ကြီးပြီး လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြားကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။
တချို့ဆို ကမာ၊ ရှပ်၊ ပုစွန်ခြေထောက်တို့ကအစထည့်ပြီး ချက်ကြပါတယ်။ ချက်နည်းလေးကို ကြည့်ရအောင် . . .။
ဆက်လက်ဖတ်ရှု့ရန်

March 20, 2013

အုန်းသီးစိမ်းကျောက်ကျော

Unknown | 3/20/2013 11:24:00 PM | Best Blogger Tips

Thursday, March 21, 2013

သင်္ကြန်တွင်း မှာကျောက်ကျောထိုးချင်သူများအတွက် အုန်းစိမ်းကျောက်ကျောလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။  

(ဓာတ်ပုံများ - EVY's Kitchen)
ဆက်လက်ဖတ်ရှု့ရန်