Thursday, March 21, 2013
(ဓာတ်ပုံများ - EVY's Kitchen)
ဒီအချိုပွဲလေးကတော့ ကျွန်မရဲ့ညီမ လက်စွမ်းပြထားတာပါ။
သူက ဗမာမုန့်တွေ လုပ်ရတာ ပိုပြီးအားသန်ပါတယ်။
စားလို့လည်း ကောင်းပြီး သင်္ကြန်နဲ့ လိုက်ဖက်မယ့် အုန်းစိမ်းကျောက်ကျောလေးကို စမ်းကြည့်ကြပါဦး။
ပါဝင်ပစ္စည်းများ
· အုန်းစိမ်းရည် ၁ လီတာ
· သကြား ၁၅၀ ဂရမ်
· ဆား - လက်ဖက်ရည် ဇွန်းတစ်ဝက်
· ကျောက်ကျောမှုန့် တစ်ထုပ် -၁၀ ဂရမ်
ပြုလုပ်နည်း
· အုန်းသီးနုနုများကို ဇွန်းနဲ့ ခြစ်ထားပေးပြီး မုန့်လုပ်မယ့် ဗန်းထဲဖြန့်ခင်းပေးထားပါ။
· အုန်းရည်၊သကြားနဲ့ ဆားကို ဆူအောင်ကျိုပေးပါ။
· ဆူလာရင် ကျောက်ကျောမှုန့်ကို ဖြည်းဖြည်းချင်းရောမွှေပြီး အဆက်မပြတ်မွှေပေးရပါမယ်။
· ၁၅ မိနစ်ခန့်မွှေပြီးရင်တော့ ခုနက အုန်းသီးထည့်ထားတဲ့ ဗန်းထဲကိုလောင်းထည့်ပြီး အအေးခံပါ။
· လုံးဝ အေးသွားရင်တော့ အရသာရှိတဲ့ အုန်းစိမ်းကျောက်ကျောကို စိတ်ကြိုက်ပုံလှီးပြီး သုံးဆောင်နိုင်ပါပြီ။
(EVY's Kitchen www.evyfoodlover.com ကနေ ကူးယူ ဖော်ပြပါတယ်)
No comments:
Post a Comment