.

xxx

Showing posts with label ရိုးရာ၊ယဉ်ကျေးမှု၊သမိုင်း. Show all posts
Showing posts with label ရိုးရာ၊ယဉ်ကျေးမှု၊သမိုင်း. Show all posts

September 13, 2013

ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်

Unknown | 9/13/2013 03:25:00 AM | Best Blogger Tips
ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်
...........................................

ကရင်လူမျိုးတို့တွင် နေထိုင်ရာဒေသ၊ ကိုးကွယ်ရာဘာသာကိုလိုက်၍ အမျိုးမျိုးသောစာပေများ ပေါ်ထွက်ခဲ့လေသည်။ မျက်မှောက်ကာလတွင် သုတေသီများ၏လေ့လာတွေ့ရှိချက်များအရ ပုဂ္ဂိုလ်အသီးသီးက တီထွင်ရေးသားခဲ့သော စာပေရေးနည်းများ(၉)မျိုးရှိကြောင်း တွေ့ရှိရသည်။ သို့သော် အချို့သောစာပေများသည် ထွန်းကားကျယ်ပြန့်၍ ထင်ရှားခြင်း ရှိလေသည်။ ဖော်ပြပါ လေ့လာတွေ့ရှိရသော စာပေ (၉) မျိုးကို ဖော်ပြရသော်….(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။ ထိုစာရေးနည်းမှာ ခေါမ၊ ရောမနှင့် အမျိုးအမည် မကွဲပြားသောအက္ခရာများ ပါဝင်နေသဖြင့် ဖတ်မှတ်ရာတွင် မလွယ်ကူခြင်း၊ ကရင်အများစုကလည်း မကြိုက်မနှစ်သက်ခြင်းရှိရာ နှစ်မကြာမီ မှေးမှိန် ပျောက်ကွယ်သွားလေသည်။(၄)- ရောမအက္ခရာ စကောကရင်စာပေထိုစာပေသည် ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် ဒေါက်တာ ဂျွန်နသန်ဝိတ် ရေးသားတီထွင်ခဲ့သော စကောကရင်စာပေကိုမှီး၍ ဆရာထွန်းမြက တီထွင်ရေးသားပြီး ကရင်ရေးရာ ပညာရေးအရာရှိချုပ် စောဘထွန်းတင်က စိစစ်ပြင်ဆင်သော ရေးသားနည်းဖြစ်သည်။ ယင်းစာပေသည် ဗျည်းအက္ခရာ (၂၆) လုံးနှင့်သရ (၉) လုံးပါဝင်သည်။(၅)- မြန်မာအက္ခရာကိုအခြေခံသော ပိုးကရင်စာပေထိုစာပေသည် ဒေါက်တာ ဂျွန်နသန်ဝိတ် တီထွင်ရေးသားခဲ့သော ပိုးကရင်စာကို ခရစ်သက္ကရာဇ် ၁၈၅၂-ခုနှစ်တွင် ဒေါကတာ အယ်လ် ဘရေတန်က မြန်မာဗျည်းအက္ခရာများကို မှီးယူ၍ တီထွင်ရေးသော စာပေဖြစ်သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံး ပါဝင်သော်လည်း နောင်အခါတွင် ထပ်မံဖြည့်စွက်၍ ဗျည်း (၂၇) လုံး ရှိလာလေသည်။(၆)- ဗုဒ္ဓဘာသာ ကရင်စာပေထိုစာပေကို ကော့ကရိတ်မြို့၊ မင်္ဂလာဇေယုံကျောင်း ဘုန်းတော်ကြီး ဦးနန္ဒမာလာက သက္ကရာဇ် ၁၂၉၁-ခုနှစ်၊ ခရစ်နှစ် ၁၉၃၀-ခုနှစ်တွင် ကျုံဒိုး ဇမ္မသုခကျောင်း၌ တီထွင်းရေးသားခဲ့သည်။ ဆရာတော် တီထွင်ရေးသားသောစာသည် ပိုးကရင်၊ စကောကရင် ၊ ကရင်နှစ်မျိုးလုံးဖတ်ရှုနိုင်ပြီး မြန်မာ၊ မွန်၊ ရောမအက္ခရာကိုမှီး၍ ရေးသားခဲ့သည်။ ဗျည်း (၃၈) လုံးနှင့် သရ (၂)လုံး ပါဝင်သည်။(၇)- ဗုဒ္ဓဘာသာ စကောကရင်စာပေထိုစာပေသည် ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးရွာ၊ မြိုင်သာယာဆရာတော် ဦးသာဂရ တီထွင်ရေးသားသော စာရေးနည်းဖြစ်သည်။ ပထမတန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသုံးစာအုပ်များပြုစု၍ယနေ့တိုင် သင်ကြားပို့ချလျက်ရှိသည်။(၈)- ဗရင်ဂျီဘာသာ စကောကရင်စာပေထိုစာပေသည် ပြင်သစ်လူမျိုး အက်ဒွပ်ကဲလ်မင်းနှင့် ဗရင်ဂျီဘာသာဝင် စကောကရင်အမျိုးသား ဆရာကျော်စိန်တို့က ရောမအက္ခရာကို အသုံးပြု၍ တီထွင်ရေးသားခဲ့ပြီး ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်၊ စက်တင်ဘာလတွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ပုံနှိပိထုတ်ဝေခဲ့သည်။ ဗျည်းအက္ခရာ (၂၀) လုံးနှင့်သရအက္ခရာ (၉) လုံး ပါဝင်သည်။ ထိုစာရေးနည်းကို ဖာပွန်ဒေသနှင့် ယိုးဒယားနယ်တို့တွင် သင်ကြားကြပြီးယိုးဒယားနယ်တွင် ပို၍ ထွန်းကားလာကြောင်း သိရသည်။(၉) လဲကယ်ဘာသာ `လိုက်ဆန်ဝှေ့´လဲကယ်ဘာသာကိုးကွယ်သော ပိုးကရင်တို့၏ `လိက်ဆန်ဝှေ့´ ခေါ် ကြက်ယက်စာပေဖြစ်သည်။ ထိုစာပေအား သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၄၆-ခုနှစ်တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဖူ့ကျာ်သောင်လျှက်ကလည်းကောင်း၊ ဘားအံမြို့နယ်၊ နှစ်ခြားရွာ ဦးမောင်ထိုင်ကလည်းကောင်း၊ တီထွင်ရေးသားခဲ့ကြောင်း အဆိုနှစ်ရပ်ရှိလေသည်။ ထိုစာရေးနည်းအား သက္ကရာဇ် ၁၂၂၂-ခုနှစ်၊ ခရစ်နှစ် ၁၈၆၁-ခုနှစ်တွင် နှစ်ခြားရွာ လဲကယ်ဘာသာဝင်ခေါင်းဆောင် `ဖိမိုက်ကာလီ´ က ပုရပိုက်ပေါ်တွင် ပထမဆုံးအကြိမ် စတင်ရေးသားခဲ့ပြီး ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရအက္ခရာ (၁၂) လုံးပါဝင်သည်။
အထက်ဖော်ပြပါ ပေါ်ထွန်းခဲ့သော ကရင်အမျိုးသား စာပေများအနက် ရှေးကျသော စာရေးနည်းနှင့် မျက်မှောက်တွင် ထွန်းကားနေသော စာရေးနည်းမှာ (၃) မျိုးခန့်သာ ရှိလေသည်။ ထိုစာပေ (၃) မျိုးမှာ မျက်မှောက်တွင် ရေးသား ပုံနှိပ်ထုတ်ဝေသော `လိက်ထူ့လီ´ ခေါ် အရှေ့ပိုးကရင်စာပေ၊ စကောကရင်စာပေနှင့် အနောက်ပိုးကရင်စာတို့ဖြစ်သည်။ ကျန်သော စာပေအချို့တွင် သူ့ဒေသအလျောက် ကိုးကွယ်ရာ ဘာသာအလိုက် သင်ကြားခြင်းလည်း ရှိလေသည်။ ရှေးကျ၍ လူအများ သုံးစွဲထွန်းကားနေသော စာရေးနည်းများအနက် မူလက `ဖူ့ဒိုက်ကော်´ တီထွင်ရေးသားခဲ့သော ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေသည် ကျယ်ပြန့်စွာ လွမ်းမိုးလျက်ရှိနေသည်။ ဖူ့ဒိုက်ကော်မှ အစပြုသော စာရေးနည်းဖြစ်သည့်အလျှောက် ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်တို့က `လိက်ထူ့လီအစ ဖူ့ဒိုက်ကော်က´ ဟူ၍လည်းကောင်း၊ `ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်´ဟူ၍လည်းကောင်း ဂုဏ်ပြုကြသည်။ဖူ့ဒိုက်ကော်တီထွင်ခဲ့သော စာရေးနည်းသည် ဖူ့ဒိုက်ကော်၏ ဘ၀ဖြစ်စဉ်နှင့် ကရင်စာပေသမိုင်းတို့တွင် ထင်ဟပ်ဆက်စပ်လျက် ရှိလေသည်။ ဖူ့ဒိုက်ကော်၏ ကြိုးပမ်းအားထုတ်မှုကြီးမားခြင်းကိုလည်း မျက်မှောက် အရှေ့ပိုးကရင်ဘာသာ ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားတွင် ကိန်းဝပ်လျက်ရှိလေသည်။စာပေကျမ်းဂန်ထွန်းကားခဲ့သော ကရဏ္ဏကတိုင်း၊ သုဓုမ်ပြည်နယ်၊ အုပ်စိုးသော မင်းအဆက်ဆက်၌ ခစားသော ကရင်အမျိုးသား ပညာရှိများလည်း အမြောက်အများရှိလေသည်။ အေဒီ (၅) ရာစုလောက်တွင် အုပ်စိုးသော မွန်မင်းလက်ထက်၌ အိန္ဒိယပြည်တောင်ပိုင်း ကဒမ္ဗအက္ခရာနှင့်ပလ္လ၀အက္ခရာများမှတဆင့် မွန်အက္ခရာစာပေကိုတီထွင်လာကြောင်း သုတေသီများက မှတ်ယူထားလေသည်။သုဓုမ်ပြည့်ရှင် မင်းသီဟရာဇာမင်းမှစ၍ (၅၇) ဆက်မြောက် မနူဟာမင်း ခေါ် သီရိတြိဘ၀နာဒိတျာပ၀ရ ဓမ္မရာဇာဘွဲ့ခံ မကုဋမနူဟာမင်းလက်ထက်တွင် ပညာရှိအမတ်ကြီးများရှိသည့်အနက် ကရဏ္ဏကတိုင်းသားပညာရှိ ကရင်အမျိုးသားအမတ်ကြီးတစ်ဦးလည်း ရှိလေသည်။ထိုပညာရှိအမတ်ကြီးမှာ ဗညားဣန္ဒဘွဲ့ခံ မွန်အခေါ်အားဖြင့် `မွန်ဒိင်´ ဖြစ်သော ကရင်အမျိုးသား`ဖူ့ဒိုက်ကော်´ ပင်ဖြစ်သည်။မနူဟာမင်းလက်ထက်တွင် ဆင်ဖြူတော် (၃၂) စီး၊ ပိဋကတ်အစုံ (၃၀) ရှိလေသည်။ သုဓုမ်ပြည်ရှိ မွန်ပညာရှိ ရဟန်းတော်များက မွန်စာပေကိုအဓိကထား၍ တစ်ပြည်လုံးတွင်တိုးတက်ထွန်းကားအောင် သင်ကြားကြလေသည်။ ကရင်အမျိုးသားပညာရှိအမတ်သည် မွန်စာပေကို သင်ကြားတတ်မြောက်ပြီးနောက် ကရင်အမျိုးသားများ ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ကြားနိုင်ရန် အကြံတော်ရပြီး ကရင်အက္ခရာစာလုံးများကို တီထွင်ရေးသားလေသည်။ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သော စာရေးနည်းသည် ဗြဟ္မီအက္ခရာ၊ ကဒမ္ဗအက္ခရာကိုအခြေခံပြီး ကရင်စကား၊ ကရင်အသံထွက်နိုင်အောင် ဗျည်းအက္ခရာများဖြည့်စွက်၍ ပြုစုခဲ့လေသည်။အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် ကရင်သင်ပုန်းကြီးနှင့် အခြေခံသဒ္ဒါ သင်္ဂဟများကို မွန်စာပေနည်းတူ ကရင်ဘာသာဖြင့် ပြန်ဆိုရေးသားပြီး ပေရွက်ပေါ်တွင် အက္ခရာတင်ထားလေသည်။ကရဏ္ဏကတိုင်းရှိ ကရင်အမျိုးသားများကိုလည်း တစ်ဆင့်ဖြန့်၍ သင်ကြားလေသည်။အမတ်ပညာရှိ ဖူ့ဒိုက်ကော်သည် အချိန်အားလပ်တိုင်း ပိဋကတ်စာပေများကို ကရင်ဘာသာသို့ ကြိုးစားပြန်ဆိုရေးသားခဲ့လေသည်။ ပြန်ဆိုပြီးသမျှ ပိဋကတ်အစုံများကိုလည်း ပေရွက်ပေါ်တွင် အက္ခရာတင်၍ ရေးသားထားလေသည်။မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်၊ (ခရစ်-ခုနှစ် ၁၆၅၇-ခု)တွင် ပုဂံပြည့်ရှင် အနိရုဒ္ဓဒေ၀ရာဇာဘွဲ့ခံ အနော်ရထာမင်းသည် ပိဋကတ်သုံးပုံစာပေကို အလိုရှိတော်မူ၍ မနူဟာမင်းထံ တောင်းဆိုလေရာ မနူဟာမင်းက ငြင်းဆန်တော်မူသဖြင့် ကိုယ်တော်တိုင် ဦးစီး၍ သုဓုမ်ပြည်ကြီးကို လာရောက်တိုက်ခိုက်လေသည်။ အနော်ရထာမင်း တိုက်ခိုက်၍ မနူဟာမင်း စစ်ရှုံးလေသည်။အနော်ရထာမင်းသည် ဆင်ဖြူတော် (၃၂) စီးနှင့် ပိဋကတ်တော် အစုံသုံးဆယ်ကို ယူဆောင်သွားလေသည်။ စာပေကျမ်းဂန်တတ်မြောက်သော ရဟန်းသံဃာ (၁၀၀၀) ကျော်နှင့် မနူဟာမင်း၏ မှူးမတ်ဗိုလ်ပါများ၊ လက်မှု ပညာသည်များ လူပေါင်း (၁၀၀၀) ကျော်ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်သွားလေသည်။အနော်ရထာမင်း သုဓုမ်ပြည်ကို လာရောက်တိုက်ခိုက်ရာတွင် ကြိုတင်တွက်ဆထားသော ပညာရှိအမတ်ကြီး ဖူ့ဒိုက်ကော်က တပည့်များကို စည်းရုံးစေပြီး သူရေးသားထားသောစာပေများကို ထုပ်စည်းလျက် မြို့ကျလျှင် ထွက်ပြေးယူဆောင်ရန် ပြင်ဆင်ထားလေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော် တွက်ဆထားသည့်အတိုင်းပင် မနူဟာမင်းစစ်သည်တော်တို့မှာ စစ်ရေးရှုံးနိမ့်မည့်အခြေအနေဆိုက်လေသည်။ ထို့ကြောင့် အနော်ရထာများစစ်သည်တော်များကို တိုက်ခိုက်၍ မြို့တံခါးပေါက်သည်နှင့် အမတ်ကြီးဖူ့ဒိုက်ကော်သည် တပည့်(၄၀) နှင့်အတူ ညအချိန်တွင် တိတ်တဆိတ်ထွက်သွားပြီး ဘင်လိုင်ချောင်းရိုးအတိုင်း အရှေ့ဘက်သို့ ထွက်ပြေးလေသည်။ (အချို့သော သမိုင်းအဆိုအရ အနော်ရထာမင်း စစ်အောင်၍ ပိဋကတ်ကျမ်းဂန် အတတ်ပညာရှိများ ခေါ်ဆောင်သွားလေရာ မွန်အမျိုးသား မဟုတ်သော ဖူ့ဒိုက်ကော်အား ခွင့်လွတ်ခဲ့သည် ဟု ဆိုလေသည်။ဤအဆိုသည် ယုတ္တိ မရှိနိုင်ချေ။ ဖူ့ဒိုက်ကော်နှင့် တပည့်များ ထွက်ပြေးလွန်မြောက်သွားခြင်းက ပို၍ဖြစ်နိုင်လေသည်။)သုဓုမ်ပြည်က ထွက်ပြေးလွတ်မြောက်လာသော ဖူ့ဒိုက်ကော်သည် မိမိအပင်ပန်းခံ ပြုစုရေးသားထားသော စာပေများကို တပည့်(၄၀) နှင့် အဆင့်ဆင့် သယ်ဆောင်လာခဲ့ရာ သံလွင်မြစ်ကို ဖြတ်ကူးပြီး ဒိုဟနတောင်တန်း ခေါ် ဒေါနတောင်တန်းခြေသို့ ရောက်ရှိသွားလေသည်။ထိုနေရာသည်လည်း လုံခြုံစိတ်ချရခြင်းမရှိ၍ နောက်ဆုံး ရှမ်းတို့နယ်(ယိုးဒယားနယ်) ကမ္ဗုရီ ခေါ် ဌာန်ဝကျောက်ခေါင်းအရပ်သို့ ရောက်ရှိသွားလေသည်။ကရင်လူမျိုးတို့ သမိုင်းအရ ဌာန်ဝကျောက်ခေါင်းအရပ်သည် အဆက်ဆက်ကပင် ကရင်လူမျိုးများ နေထိုင်ခဲ့သည်။ ထိုဒေသတွင် ယိုးဒယားလက်အောက်ခံ စော်ဘွားအဆင့် ´ဖရသုဝဏ်´ ဘွဲ့အမည်ခံ၍ အုပ်ချုပ်ကြောင်း ဆိုသည်။ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် ဇွဲကပင်တောင်ခြေရှိ ကရင်များ စစ်မက်ဘေးဒဏ်ကြောင့် ထိုနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာတွင် ဖူ့ဒိုက်ကော်နှင့် တပည့်(၄၀) တို့ ရောက်ရှိသွားခြင်းမှာ ပထမအကြိမ်ဖြစ်သည်ဟု ကရင်ရာဇ၀င်၌ ဆိုထားလေသည်။ ကျောက်ခေါင်းနယ်သို့ ရောက်ရှိသွားသော ဖူ့ဒိုက်ကော်သည် ထိုနယ်ရှိ ကရင်အမျိုးသားများအား စာပေသင်ကြားပို့ချလေသည်။ကျောက်ခေါင်းဒေသရှိ ကရင်အမျိုးသားများသည် ဖူ့ဒိုက်ကော် သင်ကြားပို့ချသော စာပေကို သင်ယူကြပြီး အဆက်မပြတ် တတ်မြောက်ခဲ့ရာ ယနေ့တိုင် ဖူ့ဒိုက်ကော် တီထွင်ရေးသားခဲ့သောစာပေကို တတ်မြောက်သူများ ရှိသောကြောင့် လေ့လာတွေ့ရှိရပေသည်။ အမတ်ကြီး ဖူ့ဒိုက်ကော်သည် ကျောက်ခေါင်းဒေသတွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယင်းမရှိသည့်နောက်ပိုင်းတွင် ယင်းပြုစုသောစာပေများကို အစဉ်အဆက် ဆက်လက်၍ သင်ကြားကြလေသည်။သို့ရာတွင် ဖူ့ဒိုက်ကော် ကွယ်လွန်သော် စာပေအား စနစ်တကျ ထိန်းသိမ်းသူများ နည်းပါးလာသည်။ ထို့အပြင် ယိုးဒယားနိုင်ငံတွင် စစ်မက် မကြာမကြာဖြစ်ပွါး၍ ဌာန်ဝကျောက်ခေါင်းနယ်ရှိ ကရင်အမျိုးသားတို့သည် စစ်မက်ရှောင်တိမ်းရင်း ပြေးလွှားနေကြလျက်ရှိရာ စာပေများကိုလည်း မထိန်းသိမ်းနိုင်ဘဲ ရှိလေသည်။ ဖူ့ဒိုက်ကော်သည် သူတီထွင် ရေးသားခဲ့သော စာပေများကို နောင်အရှည်သဖြင့် တည်တံ့စေရန် ၀ါးခြမ်းပြားကို စနစ်တကျ သပ်ပြီး ကျောဘက်တွင် ရေးသားလေသည်။ထိုသို့ရေးသား၍ ကျမ်းတစ်စောင်ပြီးတိုင်း ၀ါးခြမ်းပြား မြောက်များစွာကို သီ၍ ထားရလေသည်။ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့လျှင် ဆင်နှင့်တင်ပြီး ယူဆောင်ရလေသည်။ ထိုသို့ ဆင်နှင့်တင်၍ ယူဆောင်သဖြင့် စစ်မက်ဖြစ်ပွါး၍ ရှောင်တိမ်းပြေးရာတွင် အကုန်အစင် ယူဆောင်ခြင်း မဟုတ်ဘဲ ဖူ့ဒိုက်ကော်စာပေသည် ပျောက်ပျက်၍ ပျက်စီးရလေသည်။သို့ရာတွင် ဖူ့ဒိုက်ကော်၏ ကျေးဇူးသည် ကြီးမားစွာ ကျန်ရစ်ခဲ့လေသည်။ ဖူ့ဒိုက်ကော် ရေးသားထားသော ကရင်ဘာသာစာပေသည် ယခုလက်ရှိ ပိုးကရင်စာပေကိုလည်း `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် ဂုဏ်ယူခေါ်ဝေါ်ကြလေသည်။ မျက်မှောက်ခေတ်တွင် ကရင်စာပေ ဖော်ထုတ်ရေး ကော်မတီ (သံဃာ့ကော်မတီ) က စာပေတိုးတက်မြင့်မားရေးကို ဆောင်ရွက်လျက်ရှိရာ ကရင်စာပေရှေ့ဆောင် ဖူ့ဒိုက်ကော်၏ ဂုဏ်ကျေးဇူးသည် ကြီးမားလှပေကြောင်း ဂုဏ်ပြုအပ်ပေသည်။

မန်းသင့်နောင်(ကော့ကရိတ်) စီမှ ကူးယူဖော်ပြပေးသည်...........

ကျွန်ုပ်ချစ်သော ကရင်လူမျိုး..

စလှားဖန်း

...........................................

ကရင်လူမျိုးတို့တွင် နေထိုင်ရာဒေသ၊ ကိုးကွယ်ရာဘာသာကိုလိုက်၍ အမျိုးမျိုးသောစာပေများ ပေါ်...ထွက်ခဲ့လေသည်။ မျက်မှောက်ကာလတွင် သုတေသီများ၏လေ့လာတွေ့ရှိချက်များအရ ပုဂ္ဂိုလ်အသီးသီးက တီထွင်ရေးသားခဲ့သော စာပေရေးနည်းများ(၉)မျိုးရှိကြောင်း တွေ့ရှိရသည်။ သို့သော် အချို့သောစာပေများသည် ထွန်းကားကျယ်ပြန့်၍ ထင်ရှားခြင်း ရှိလေသည်။ ဖော်ပြပါ လေ့လာတွေ့ရှိရသော စာပေ (၉) မျိုးကို ဖော်ပြရသော်….(၁)-ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်စာပေထိုစာပေသည် ဖလုံ (ပိုးကရင်) တို့က `လိက်ထူ့လီ´ ရှေးဟောင်းစာပေအဖြစ် သတ်မှတ်ကြသည်။ ယင်းစာပေကို သထုံဘုရင်၊ မနူဟာမင်ကြီးထံပါး ခစားရသော ကရင်အမျိုးသား ပညာရှိ `မွန်ဒိင်´ အမည်ခေါ် `ဖူ့ဒိုက်ကော်´ က တီထွင်ရေးသားခဲ့သည်။(၂)-နှစ်ခြင်းဘာသာဝင် စကောကရင်စာပေထိုစာပေသည် အမေရိကန်သာသနာပြု ဒေါက်တာ ဂျွန်နသန်ဝိတ် က ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာကိုမှီး၍ တီထွင်ရေးသားခဲ့သည်။ ဗျည်းအက္ခရာ (၂၅) လုံးနှင့် သရ (၉) လုံးပါဝင်သည်။(၃)- နှစ်ခြင်းဘာသာဝင် ပိုးကရင်စာပေထိုစာပေကိုလည်း ခရစ်သက္ကရာဇ် ၁၈၃၂-ခုနှစ်၊ ဒေါက်တာ ဂျွန်နသန်ဝိတ် ကပင် ရေးသားခဲ့သည်။ ဗျည်း (၂၆) လုံးနှင့် သရ (၁၀) လုံးပါဝင်သည်။
ဆက်လက်ဖတ်ရှု့ရန်

March 18, 2013

ဗမာ ပိုးကရင် အဘိဓာန်

Unknown | 3/18/2013 03:36:00 AM | | Best Blogger Tips

 

                                   
မင်္ဂလာပါခင်ဗျား။ ပိုးကရင်စာနဲ့ပတ်သက်တဲ့ ဆရာကိုင်စာအုပ်တစ်အုပ်ကို ဟိုသည်လှန်နေရင်းကနေ လို
အပ်မယ်လို့ထင်ရတဲ့ စာ လုံးအချို့ကို ပိုးကရင်စာကို စိတ်ဝင်စားသူတွေထဲက လေ့လာလိုသူတွေအတွက်
မျှဝေပေးလိုက်ပါတယ်။
ဒီစာအုပ်ငယ်လေးဟာ သေးငယ်ပေမယ့်လို့ ကိုယ့်မိသားစုအတွင်း မိမိတို့ရင်သွေးငယ်တွေကို မိဘများ
အနေနဲ့ သင်ကြားပို့ချပေးနိုင်ဘို့ရာ အထောက်အကူပြုစေတဲ့ စာအုပ်ဖြစ်ပါတယ်။

ကလေးငယ်တွေကို စာပေသင်ကြားပို့ချပေးတဲ့ ဆရာတွေကိုယ်တိုင်ကိုင်သင့်တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်
ပါတယ်။
ပြီးပြည့်စုံတဲ့ စာအုပ်လေးတစ်အုပ်လို့ အတိအကျမပြောနိုင်ပေမယ့် စာပေသင်ကြားရာမှာတော့ အင်မတန်
ကိုအထောက် အကူပြုတဲ့စာအုပ်လေးဖြစ်တယ် ဆိုတာကိုတော့ အသိအမှတ်ပြုရပါလိမ့်မယ်။ ဒါ့အပြင် မိ
ဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ သံဃာကျင့်ဝတ်၊ ဒါယကာကျင့်ဝတ်၊
သခင်ကျင့်ဝတ်၊ ကျွန်ကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ လင်ယောက်ျားကျင့်ဝတ်၊ ဇနီးမယားကျင့်ဝတ်၊ ဆွေမျိုး
ညာတကာကျင့်ဝတ် စတာတွေကိုပါရေးသားဖေါ်ပြထားတာမို့ ဂါရ၀တရားကိုအလေးထားတတ်အောင် သင် ကြားလေ့ကျင့်ပေးနိုင်တဲ့ စာအုပ်လေးဖြစ်ပါတယ်။

ဒီစာအုပ်လေးကို မှီငြမ်းပြီး ကလေးငယ်တွေကိုသင်မယ်ဆိုလျင်ဖြင့် အလွန်ကိုအကျိုးကျေးဇူးများနိုင်သလို
ကိုယ်ကိုယ်တိုင်စာရေးတဲ့အခါမှာ စာလုံးတွေအမှားအယွင်းနည်းစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်လို့
ဆိုချင်ပါတယ်။

အထူးသဖြင့် ပိုးကရင်စာကို သင်ကြားတတ်မြောက်ထားပေမယ့် ဆရာဖြစ်သင်တန်းမတက်ရသေးတဲ့ လူ ငယ်လူရွယ်တွေ လေ့လာဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါ
တယ်။
အောက်က စာလုံးတွေကတော့ စာအုပ်ကလေးထဲမှာပါတဲ့ အဘိဓာန်ထဲက အချို့ကိုကူးယူရေးသားတင်ပြ
ထားတာဖြစ်ပါတယ်။
စာပေမြင့်၍ လူမျိုးတင့်ပါစေ။ ကျေးဇူးအများကြီးတင်ပါတယ်။

Karen 000 by minsoesan09
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အမှားပြင်ဆင်ချက်

စာမျက်နှာ (၂) စာကြောင်းရည် (၃)

စစ်မှန်သော အမျိုးသားညီညွတ်မှု ဆိုဒ်ဆ်ုဃှူ့ဖိုဝ်စိုင်စိုင် (ကျိုင်ကျိုင်)
ဆက်လက်ဖတ်ရှု့ရန်

February 10, 2013

ကရင့်အမျိုးသားနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်နေ့)

Unknown | 2/10/2013 04:26:00 PM | Best Blogger Tips

                           Photo: ကရင့်အမျိုးသားနေ့ (ဖေဖော်ဝါရီလ ၁၁ ရက်နေ့)
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်အချိန်မှစ၍ကရင်တစ်မျိုးသားလုံးသည် ကရင်ပြည်အတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော်အာဏာရ အုပ်စိုးသူ ဖဆပလ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး) အစိုးရက ကရင်ပြည်တောင်းဆိုတာ လက်တဆုပ်စာ ကရင်သာဖြစ်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့များက အားပေးအားမြှောက်ကြောင်း၊ အင်္ဂလိပ်ကျွန်ဖြစ်လိုသူ ကရင်များဖြစ်ကြောင်း၊ စသည်များဖြင့် မဟုတ်မမှန် သွားပုပ်လေလွင့် စွပ်စွဲပြောဆိုသည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကေအဲန်ယူက ဖဆပလ အစိုးရထံ ကရင်ပြည်ပေးဖို့ စာရေးတောင်ဆိုသည်။ စာကို တလအတွင်း ၁၉၄၈ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းကြား စာပြန်ရန်၊ ပြန်စာမရရှိက၊ သို့တည်းမဟုတ် ကရင်ပြည်ပေးဖို့ ငြင်းဆိုက ကရင်အမျိုးသားများ ခြေတလှမ်းတက်လှမ်းမည်ဟု ပါရှိသည်။
ယင်း ကရင်ပြည်တောင်းဆိုသည့်စာ ပိုမိုလေးနက်စေရန် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မြန်မာပြည်တစ်ပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း ကရင်လူထု ဆန္ဒပြပွဲ ကျင်းပလေသည်။

အောက်ဗမာပြည် ကရင်များရာဒေသတွင် မက မြောက်ဖက် မြစ်ကြီးနား မှ တောင်ဖက်မြိတ်မြို့အထိ ရှမ်းပြည်တွင် နမ်းခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။

ရန်သူ ဖဆပလ မှလည်း ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်း များ ပြုလုပ်သေးသည်။ သို့သော် ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက် ခရီးများချီတက်၍ ဆန္ဒပြကြရာ၊ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄) သိန်းကျော် ဆန္ဒပြကြ၍၊ ထိုနေ့ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံးဆန္ဒပြပွဲ ဖြစ်ခဲ့သည်။

ဆန္ဒပြရာတွင် - 
၁။ ကရင်ပြည်ချက်ချင်းပေး ( လွတ်လပ်ရေး)
၂။ က၇င်တကျပ်၊ ဗမာတကျပ် ချက်ချင်းပြ (တန်းတူရေးနှင့် ဒီမိုကရေစီရေး)
၃။လူမျိုးရေးအဓိကရုဏ်းအလိုမရှိ (လူမျိုးစုံချစ်ကြည်ရေး)
၎။ ပြည်တွင်းစစ်အလိုမရှိ (ငြိမ်းချမ်းရေး) ဟူသည့်ကြွေးကြော်သံများ ကိုင်စွဲ၍ မြို့တွင်းများတွင် လှည့်လည်ပြီး၊ ငြိမ်းချမ်းစွာဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်းကမ်းအရှိဆုံး ဆန္ဒပြပွဲ အဖြစ်သမိုင်းတွင်ရစ်ခဲ့သည်။

ထိုဆန္ဒပြပွဲနေ့တွင် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်ပြည်လိုလားပြီး ကရင်ပြည်ကို အရယူမည် စသည်ဖြင့် ရဲရဲတောက်တော်က မိန့်ခွန်းပြောသည့်နည်းတူ ကရင်တမျိုးသားလုံးလည်း ဇာတိသွေး၊ ဇာတိမာန်များဖြင့် တက်ကြွစွာ၊ ညီညွတ်စွာ ပါဝင်ကြသည်။

ကရင်အမျိုးသားနေ့ ကရင်လူထု ဆန္ဒပြပွဲ - ဖေဖော်ဝါရီလ (၁၁) ရက်၊ ဖေဖော်ဝါရီ အရေးတော်ပုံ၏ နိုင်ငံရေး အဓိပ္ပါယ် ။
၁။ ကရင်တမျိုးသားလုံးရဲ့ နိုင်ငံရေးအသိ၊ မျိုးချစ်ပြည်ချစ်၊ စိတ်ဓါတ်ကိုမွေးထုတ်ပြသသည့်နေ။
၂။ ကရင်တမျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ထုတ်ဖေါ်ပြသသည့်နေ့။
၃။ ကရင်အမျိုးသားများရဲ့ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ထုတ်ဖေါ်ပြသသည့်နေ့။
၎။ နိုင်ငံရေးလက်ဦးမှုကို ကရင်များ ရယူသည့်နေ့။
ကရင်ကို ကမ္ဘာကပိုသိစေတဲ့နေ့။

အထက်ပါအကြောင်းရပ်များကြောင့် ၁၉၅၃ - ခုနှစ်၊ နိုဝင်ဘာလ (၂၃-၂၅) ရက်နေ့တွင် ဖာပွန်မြို့တွင်ကျင်းပသော ကော်သူးလေ ပြည်လုံးဆိုင်ရာ ကွန်ကရက်တွင် ဖေဖော်ဝါရီလ (၁၁) ရက်ကို ကရင်အမျိုးသားနေ့ဟု သတ်မှတ်ကျင်းပရန်၊ မြစ်ဝကျွန်းပေါ် အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးကအဆိုပြုပြီး၊ မြစ်ဝကျွန်းပေါ်အမှတ်(၁) တပ်မဟာမှူး ဗိုလ်ချုပ် ကော်ထူးက ထောက်ခံ၍ ကွန်ကရက် ကိုယ်စားလှယ်များက ကန့်ကွက်သူ လုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထု ဆန္ဒပြပွဲဖြစ်သည့် ဖေဖော်ဝါရီလ (၁၁) ရက်သည် ကရင်အမျိုးသားနေ့ဖြစ်လာလေသည်။

Karen Economics Development Course (KEDC) Karen History- Karen Curriculum မှကူးယူဝေမျှခြင်းဖြစ်သည်။

ကရင့်ဓါတ်ပုံအား ကရင့်နှစ်သစ်ကူးဖြစ်မြောက်ရေးကော်မတီ ဖေ့စ်ဘုတ်မှ ကူးယူဝေမျှခြင်းဖြစ်သည်။
ကျန်ရှိသောဓါတ်ပုံအား Google မှတစ်ဆင့်ဖြစ်သည်။
                                         ကရင့်ဓါတ်ပုံအား ကရင့်နှစ်သစ်ကူးဖြစ်မြောက်ရေးကော်မတီ ဖေ့စ်ဘုတ်မှ ကူးယူဝေမျှခြင်းဖြစ်သည်။



ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်အချိန်မှစ၍ကရင်တစ်မျိုးသားလုံးသည် ကရင်ပြည်အတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော်အာဏာရ အုပ်စိုးသူ ဖဆပလ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး) အစိုးရက ကရင်ပြည်တောင်းဆိုတာ လက်တဆုပ်စာ ကရင်သာဖြစ်ကြောင်း၊ အင်္ဂလိပ်နယ်ချဲ့များက အားပေးအားမြှောက်ကြောင်း၊ အင်္ဂလိပ်ကျွန်ဖြစ်လိုသူ ကရင်များဖြစ်ကြောင်း၊ စသည်များဖြင့် မဟုတ်မမှန် သွားပုပ်လေလွင့် စွပ်စွဲပြောဆိုသည်။

ဆက်လက်ဖတ်ရှု့ရန်

January 20, 2013

မရိုးသားသော(၁၅)ကြိမ်မြောက်ကွန်ကရက် ရှင်းတမ်း (အသံဖိုင် ၁+၂+၃)

Unknown | 1/20/2013 04:00:00 AM | Best Blogger Tips

 သမိုင်းထွင်မည့် အဖြစ်အပျက်မှတ်တမ်းတွေပါ။ ကရင်တွေနားထောင် လေ့လာသင့်ပါတယ်။

မွေးရပ်ဌာနေကော်သူးလေဘလော့ http://www.sawkyawkhwi.com/2013/01/2_19.html မှပြန်လည်ကူးယူဖေါ်ပြပါသည်။

ပြန်လည်ရှင်းပြပေးသူ ကေအဲန်ယူကိုယ်စားလှယ်အား အထူးကျေးဇူးတင်ပါသည်။



http://thawthikho.blogspot.com/
ဆက်လက်ဖတ်ရှု့ရန်

December 27, 2012

ဘွဲကရင် လေမှုတ်တူရိယာအဖွဲ့ အကြောင်း

Unknown | 12/27/2012 07:10:00 AM | Best Blogger Tips

 


ဘွဲကရင်တွေရဲ့ လေမှုတ်တူရိယာအဖွဲ့ အကြောင်းကို RFA မြန်မာပိုင်းဌာနကနေ ကရင်ဘာသာနဲ့ ထုတ်လွှင့်
ပေးသွားတာကို ရုပ်သံအဖြစ် ဖန်တည်းလိုက်တာပါ။ မိမိကိုယ်ပိုင် ယဉ်ကျေးမှုကို သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းသွားဘို့အတွက် ရည်မှန်းချက်ထား
တဲ့ ဒီအဖွဲ့ထဲမှာ အဖွဲ့ဝင်တွေ ၂၀လောက်ရှိတယ်လို့ ပြောသံကြားလိုက်ရပါတယ်။
ဖူးတာမိတ်ဘလော့မှ - http://phutarmite.blogspot.com.au/2012/12/blog-post_1150.html


ဆက်လက်ဖတ်ရှု့ရန်

October 29, 2012

ကရင်ပြည်နယ်နေ့

Unknown | 10/29/2012 03:26:00 AM | | Best Blogger Tips
ကရင်ပြည်နယ်နေ့နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ဖြစ်သည်။ ကရင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုဇွန်လ (၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက်သိန်းခန့်ရှိလေသည်။ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ)၁၄-ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရန် သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ့ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင် မြို့နယ်များကို ပထမအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့် ဇွန်လ-၁ရက်နေ့။
(၃) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့်
ဇူလိုင်လ-၁ရက်နေ့။

ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ-၁ရက်နေ့နှင့် ဇူလိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသော မိုးရာသီရက်များ ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂) နိုဝင်ဘာ-၇ ရက်နေ့သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့် အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်

၁၉၆၄ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း (၁၁.၀၉၁) တစ်သောင်းတစ်ထောင့်ကိုးဆယ်တစ်မိုင် ရှိသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊ မြောက်ဘက် လတ္တီကျု. ဒီဂရီ
၁၅.၁၅ (ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက် လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက် ရှည်လျားစွာ တည်ရှိနေသည်။ ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏မြစ်လက်တက် သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကျိုက္ခမီခရိုင်တွင်ပါ
ဝင်သော ရေးမြို့နယ်၊ အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို့ နယ်များ၊ သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များ၊ ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊ မုဒုံ၊ ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။ ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊ လှိုင်းဘွဲ(၁၇၆၄)၊ ဘားအံ(၁၀၀၇)၊ ကော့ကရိတ်(၁၉၆၃)၊ ကြာအင်း(၁၂၃၈)၊ သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။

ကရင်ပြည်နယ်၏မြို့တော်သည် "ဘားအံ" မြို့ဖြစ်သည်။

ကရင်ပြည်နယ်အလံ(၁) အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂) အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တစ်ပုံနေရာတွင် ကြယ်ဖြူတလုံး၊ ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊ အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
(၃) အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံအငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ၊
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုးစုံဖြစ်ပေသည်။

အဓိပ္ပါယ် အနှစ်သာရ
(၁)အလံ၏ လက်ဝဲဘက် သုံးပုံတစ်ပုံနေရာ တိမ်ထဲမှ ကြယ်ကြီးတစ်လုံးမှာ ပြည်ထောင်စုထဲမှ ပြည်နယ်တစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။

(၂)အပြာရောင်သဘောမှာ တည်ကြည်၊ နက်နဲ၊ ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။

(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။

(၄) အနီရောင်၏ သဘောမှာမူ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း၊ သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ်အလံအကြောင်း ဖြစ်သည်။

(????????*********)

ကရင်ပြည်နယ်တံဆိပ်(၁) အလယ်တွင် ဖားစည်မျက်နှာပြင်နှင့် သီလ၊ သမာဓိ၊ သစ္စာ အမှတ်အသား စာလုံးများရေးသားထားသည်။
(၂) လက်ျာဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၃) လက်ဝဲဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၄) ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တစ်ခု။
ဤအမှတ်သား၊ ဤစာသား၊ ဤအခြင်းအရာများ ပါရှိသောတံဆိပ်သည် ကရင်ပြည်နယ်တံဆိပ် ဖြစ်သည်။

အဓိပ္ပါယ်အနှစ်သာရ
(၁) တံဆိပ်၏အလယ်မှ ဖားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမူ့ဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမူ့ပစ္စည်းဖြစ်ခြင်း။
(၂) သီလ၊ သမာဓိ၊ သစ္စာ စာလုံးများ၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများသည် အကျင့်သီလ ပြည့်စုံကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊ သစ္စာရှိခြင်းစသော အရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃) တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကို ဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄) တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမှု ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင် ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။

(အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့စာအုပ်မှ ဖော်ပြပါသည်။)


မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြသည်
ဆက်လက်ဖတ်ရှု့ရန်

October 16, 2012

ကရင်ရိုးရာ ချည်ဖြူဖွဲ့ရခြင်း အကြောင်းရင်း

Unknown | 10/16/2012 07:32:00 PM | | Best Blogger Tips
ချည်ဖြူဖွဲ့ ရခြင်းအကြောင်းအရင်းကိုသိလိုသူ ရစ်ယာန်ဘာသာဝင် ကရင်အမျိုးသမီးတစ်ဦးနှင့် သိရှိလိုသူ ကရင့်မိတ်ဆွေ အားလုံး ထံသို့ ပြန်လည်မျှဝေပါသည်။

ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာ ပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။

ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်ဘက်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။

ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါ သော်လည်ကောင်း၊ တစ်အုပ် စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်း သိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထား
ရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ် (အမိဘက်)၊ ဖါ-ထါ် (အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စု
မကွဲ မှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်း
အသိအမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒ္ဂေတ်၊
(၄) ဖူ့ကျာပံင်၊ (၅) ဖူ့လျေင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖႜးသူရေင့် စသည့် ကိုးဦးသော ခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့် လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်း
ပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပမ်းးနေချိန်တွင် တစ်ဦးနှင့်တစ်
ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်း တွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ခြင်းကို ၀ါခေါင်လတွင်
ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင် လူကြီးများက ကြီးမားသော ရည်ရွယ်ချက်များ ထားရှိပေသည်။


ဝါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စု
စည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။

ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍ လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသော
ဘေးအန္တရာယ်ကို စုပေါင်း၍ တွန်းလှန်ကာကွယ် လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစု
ပါင်း၍ လက်ချည်းခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စု
အလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ် လာသည်။

ထိုသို့ ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လ
သည်မိုးသည်းထန်စွာရွာသွန်း၍အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍
ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။

အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များ၊ မကောင်း ဆိုးဝါးများ ၀င်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်း ဆိုးဝါးလဟူ၍ မှတ်ယူကြသည်။



ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာ မင်္ဂလာပြုသောချည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။

ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။

ဝါခေါင်လလက်ချည်ခြင်းသည်ကွဲကွာနေကြသောကရင့်ညီအစ်ကိုမောင်နှများ ပြန်လည်ဆုံဆည်းကြစေရန်ရည်ရွယ်ချက်ဖြင့်လည်း နှစ်လိုဖွယ်ဓလေ့တစ်ခုအဖြစ် ဆင်နွှဲကြပါသည်။

လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ် လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေ တတ် သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။

ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ-
(၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက် ညှင်းထုပ်ဖင်ချွန်၊(၈)နတ်ပန်းညို(ဖ၀့်ဝီ)၊(၉)ရေစသည်တို့ဖြစ်ပါသည်။



(၁)ဆန်ကော

ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကို ၀ါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂)ယောက်မ

အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြော
ဆိုရ မည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကို ဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃)ချည်ဖြူ

ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ချည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကို ဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ

ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ် ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများ လာနိုင်ပါသည်။

အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာ ကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး

ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို
ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်း ကျန
စွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာ
ဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာ သီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော်လည်း အချိန်တန်
လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့်
ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီး မြေးမြစ် များ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

(၆)ထမင်းဆုပ်

ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ် ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်းဖြစ်ပါသည်။

(၇)ကောက်ညှင်းထုပ်ဖင်ချွန်

ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထား
သဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန် အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ် စုစည်း ၍ ထက်မြက်ထူးချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈) နတ်ပန်းညို(ဖ၀့်ဝီ)

နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ
အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍
ရုံဖွဲ့ မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။

ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်းညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုးများသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည် တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင် ထိန်း သိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ် ပေးနိုင်ရန်အတွက်ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉) ရေ

ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။
ရေ၏ စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရ သည့်အရာဖြစ် သည်။ ဟောင်း နွမ်းညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီး ဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည် ပြည့်ဝစေခြင်းဖြစ်သည်။

လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေး တစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ချည်ဖြူ များကိုဖြတ်ပြီး ဖြန့်စီထားလေသည်။

လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်း တစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။

လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ချည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ချည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။


ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန်
ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသော စကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ ဖားစည်ကို တီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ ဆုတောင်းကြသည်။

လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ် ယူလိုက်သည်။ ထိုချည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်
ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။

(ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့် အလျောက် ဆိုကြသည်။
အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)

ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့် သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။

လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထား
သော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လ ပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်း ချည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်း ဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။


ဆက်လက်ဖတ်ရှု့ရန်

ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး

Unknown | 10/16/2012 09:02:00 AM | | Best Blogger Tips
၁၉၃၀-၄၀ ခှနှစ်များတွင် ကရင်နှစ်သစ်ကူးနေ့၊ ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော် ပေါ်ထွန်းရေးအတွက် "ဒေါကလူ" ၏ဥက္ကဌဖြစ်သူ ဆရာစံဘော်က အစီအစဉ်ပြုလုပ်၍ တောင်းဆိုရရှိခဲ့သည်။
ထိုသို့တောင်းဆိုရရှိခဲ့သော အခွင့်အရေး(၃)ခုအနက် ကရင်အမျိုးသားတစ်ရပ်လုံးကိုကိုယ်စားပြုသော ကရင်အမျိုးသားသီချင်းသည်လည်း အရေးပါလှကြောင်း တွေ့ရှိရပါသည်။ ကရင်အမျိုးသားသီချင်းကို စောစံဘနှင်စောသာအေးကြီးက ရေးသားတင်ပြခဲ့ရာ "ဒေါကလူ" အသင်းကြီးမှ ကရင်အမျိုးသားခေါင်းဆောင်ကြီးများက လက်ခံအတည်ပြုလိုက်သဖြင့် ကရင်အမျိုးသားသီချင်းဟူ၍ ပေါ်ပေါက်လာခဲ့သည်။
(ကရင်အမျိုးသားသီချင်းအဓိပ္ပာယ်)အို...ကျွန်ုပ် ကရင်အမျိုးသားအပေါင်းတို့
အကောင်းဆုံးသူအသင့်အား
ကျွန်ုပ် အလွန်ချစ်ခင်မြတ်နိုးပါ၏။
အသင်သည်ဖြောင့်မတ်ခြင်းကိုမြတ်နိုးတတ်၏
ဧည့်ဝတ်ကျေပွန်တတ်သူလည်းဖြစ်ပါ၏
သင်၏ကောင်းခြင်းအဖြာဖြာကို
ကျွန်ုပ်ချစ်ခင်မြတ်နိုးလှပေသည်။

(ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး၏ ဘ၀ဖြစ်စဉ်မှတ်တမ်း)လ ၁၉၀၂ခုနှစ်တွင် ပုသိမ်မြို့နယ်၊ မကြီးလဟာကျေးရွာတွင် မွေးဖွားခဲ့သည်။
လ ၁၉၂၂ခုနှစ်တွင် ပုသိမ်မြို့၊ တိုင်တစ်ရာအထက်တန်းကျောင်းတွင် (၁၀) တန်းအောင်မြင်ခဲ့သည်။
လ ၁၉၂၄ မှ ၁၉၂၇ခုနှစ်အထိ ရန်ကုန်ဂျက်ဆင်ကောလိပ်တွင် I.Sc အောင်ပြီး B.Sc (ပ)နှစ်အထိ သင်ကြားခဲ့သည်။

လ ၁၉၂၈ မှ ၁၉၃၂ခုနှစ်အထိ မန္တလေးစိုက်ပျိုးရေးကောလိပ်တွင် ဘွဲ့ရကျောင်းပြီးသည်အထိ ပညာသင်ကြားခဲ့သည်။
လ ၁၉၃၃ မှ ၁၉၄၀ခုနှစ်အထိ ပုသိမ်မြို့တွင်စိုက်ပျိုးရေးမြို့အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၄၁ မှ ၁၉၄၆ခုနှစ်အထိ ပုသိမ်ခရိုင်စိုက်ပျိုးရေးဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လ ၁၉၄၇ မှ ၁၉၅၇ခုနှဏ်အထိ နိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (SAMB) တွင်အမှုဆောင်အရာရှိ (E.O) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၅၉ခုနှစ်၊ အသက် (၅၇)နှစ်တွင် မြောင်းမြမြို့နယ်၊ ရေတွင်းရေကန်ရွာတွင် ကွယ်လွန်သည်။ ကရင်အမျိုးသားသီချင်းသံစဉ်ကို စောစံဘနှင့်အတူပြုစုခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်