.

xxx

December 27, 2012

ညီလာခံမတိုင်မီ စောတော၏ အကြံပြုချက်နှင့် တင်မောင်သန်း၏ တုံ့ပြန်ချက်

Unknown | 12/27/2012 04:39:00 PM | Best Blogger Tips






စောတော၏ အကြံပြုချက်Letter by Saw Taw
  
တင်မောင်သန်း၏ တုံ့ပြန်ချက်

KNU ညီလာခံ မတိုင်မီ ထွက်ရှိလာသော စောတော၏ အကြံပြုချက်ကို ထောက်ခံပါသည်။ စောတော၏ အကြံပြုချက်များသည် အလွန်ကောင်းမွန်ပါသည်။

ကရင့်တော်လှန်ရေးအတွင်း မိသားစုတော်လှန်ရေးသဏ္ဍာန်ဖြစ်နေခြင်းသည် မကောင်းကြောင်း အကိုးအကားနှင့်ထောက်ပြထားသည်မှာ လွန်စွာမှပင် အကျိုးရှိသော၊ ပွင့်လင်းမြင်သာသော ထောက်ပြမှုမျိုးဖြစ်ပါသည်။ ထို့အတူ တော်လှန်ရေးအတွင်း အသက်အရွယ် ရင့်လာသော
တော်လှန်ရေး ခေါင်းဆောင်ကြီး ဖူးတာမလာဘောအား တော်လှန်ရေးမှ အနားယူစေခြင်းသည်လည်း မှန်ကန်ပြီး တရားသဖြင့် ရှိလှပါသည်။

မိသားစုအတွင်း သို့တည်းမဟုတ် တအိမ်တည်းတွင် သို့တည်းမဟုတ် တ၀န်းတည်းတွင် နေထိုင်သူများထဲတွင် တဦးက ဥက္ကဌဖြစ်ပြီး ကျန်တဦးက ငွေကိုင်သော်လည်းကောင်း၊ ဘဏ္ဍာရေးမှူးသော်လည်းကောင်း ဖြစ်နေခြင်းကလည်း မသင့်လျော်သော ကိစ္စများဖြစ်ပါသည်။

သို့ရာတွင် ဘဏ္ဍာငွေများ စနစ်တကျ ထားရှိခြင်း၊ ပုံမှန် စာရင်းစစ်ချင်းကို တာဝန်သိစွာ အစစ်ဆေးခံခြင်း၊ ငွေစာရင်းများကို နှစ်စဉ် ရှင်းလင်းချက်ပေးခြင်းများကို လည်း လုပ်ကိုင်ရပါမည်။ ဤသည်မှာ အဓိကပိုကျသည့် အချက်ဖြစ်ပါသည်။

 ခေါင်းဆောင်ဖြစ်သူတိုင်းသည် ခေါင်းဆောင်ကောင်း အရည်အချင်းနှင့်ကိုက် ညီမှု ရှိရပါမည်။ သမိုင်းမကောင်းသော ခေါင်းဆောင်များကို၊ လူမှုရေးကျင့်ဝတ်များ ဖောက်ပြန်ခဲ့သူ၊ ငွေကြေး အလွဲသုံးပြုခဲ့သူ၊ ဘဏ္ဍာငွေ စာရင်းများအား မပြသဘဲ အရှိန်သြဇာတို့ဖြင့် ငြင်းပါယ်ခဲ့သူ ကျရာတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခဲ့သူ၊ အဖွဲ့အစည်းအတွင်း ဆရာမွေး တပည့်မွေးကာ ကိုယ်ကျိုးစီးပွားအတွက် အဖွဲ့အစည်း ရဲဘော်များကို မိမိပိုင် စီးပွားရေးလုပ်ငန်းများတွင် တလွဲတာဝန် ပေးသူ များကိုလည်းအဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းတွင် မထားသင့်ပါ။

ဗိုလ်မှူးမူတူးသည် ငွေကြေးနှင့်ပတ်သက်ပြီး၊ တပ်မဟာ ၆ ရုံးထိုင်မှူး လုပ်စဉ် ကာလတလျောက်
 နှစ်ပေါင်း ၃၀ ကျော် ငွေစာရင်းများကို ရှင်းလင်းခြင်း မရှိခဲ့သည်ကို တွေ့ရှိရပါသည်။

တာဝန်ပိုင်းအနေဖြင့် ဖလူးတိုက်ပွဲတွင် တာဝန်ပေးအပ်ခြင်းခံရသော်လည်း ဖလူးတွင်မနေနှိုင်ဘဲ
ခယ်မရှိရာ မဲဆောက်မြို့ရှိ ဟိုဖိုင် ဓါတ်ဆီဆိုင်တွင် နေထိုင်ခဲ့ခြင်းကြောင့် ဖလူး ကျမှန်းကိုပင်
 နောက်ကျမှ သိရှိခဲ့သူဖြစ်သည်။ ဒူးပလာယာ ခရိုင်ခေါ် တပ်မဟာ ၆တွင် ၂၀၀၀ခုနှစ်လွန်များ
အတွင်းက ခရိုင်ခေါင်းဆောင်များဖြစ်ခဲ့သော ဖူးတာအယ်၊ ပဒိုဇော်နောင်၊ ဗိုလ်လစ်စတန်၊ ပဒိုဝမ်းသာ၊ တို့က တပ်မဟာ နှင့် ခရိုင်ငွေစာရင်းများကို စစ်ဆေးရန် ပြင်ဆင်ခဲ့သေးသည်။

သို့ရာတွင် ဗိုလ်မှူးမူတူးမှ ငွေဘယ်လောက် ရှိသည်ကို ရန်သူ သိရှိသွားမည်ကို မလိုလားသဖြင့် ငွေစာရင်း မရှင်းလင်းလိုကြောင်း အကြောင်းပြန်ခဲ့သည်။ နောက်ဆုံးတွင် ပဒိုဇော်နောင် ပဒိုဝမ်းသာ တို့အား ချောင်ထိုးလိုက်သည်။ (တပ်မဟာ ၆ မှ အခြားသို့ တာဝန်ရွေ့ပြောင်း လိုက်ကြောင်း သိရသည်။)

ယခု လက်ရှိ တပ်မဟာ ၆တွင် တပ်မဟာမှူးမှာ ဗိုလ်မူတူးစေးဖိုး၏ ညီ ဗိုလ်မှူးဆာမိဖြစ်ပြီး၊ တပ်မဟာ၏ ဒုတိယ တာဝန်အရှိဆုံး ရုံးထိုင်မှူးမှာ ဗိုလ်မှူးမူတူး၏ ဓါတ်ဆီဆိုင်တွင် အမှိုက်လှည်း ထမင်းချက် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူ ဗိုလ်ရှီးရှိုပင်ဖြစ်ပါသည်။ ထို့ကြောင့် တပ်မဟာ ၆သည် ဗိုလ်မှူးမူးတူး၏ ဆရာတပည့်မွေး တပ်မဟာ တခုဖြစ်လာခဲ့သည်။

ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးတာဝန်များကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခြင်း (အသက်အရွယ် ကြီးရင့်သည်အထိ ထမ်းဆောင်ခြင်းကြောင့်) အမှားအယွင်းများ များစွာဖြစ်ပေါ်စေသည်။

ထို့ကြောင့် တော်လှန်ရေးအတွင်း အသက်အရွယ် အားဖြင့် (၆၀)သော်လည်းကောင်း၊ (၆၅)နှစ်အထိသော်လည်းကောင်း အထိသာ တာဝန်ထမ်းဆောင်သင့်သည်ဟု ရိုးသားစွာမြင်မိပါသည်။ သတ်မှတ်ချက် တခု ပြုလုပ်ကာ သက်ပြည့်ပင်စင်ကဲ့သို့ ပြုလုပ်ကာ အနားပေးသင့်ပါသည်။

ထို့အတွက်လည်း ပြင်ဆင်ထားသင့်ပါသည်။ ထို့ကြောင့် KNU ရေရှည် ရပ်တည်နှိုင်ရေးအတွက်
အထက်ပါ အချက်များကို ပြင်ဆင် ပြုလုပ်သင့်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Tin Mg Than

copy from http://www.9dblood.com/2012/12/blog-post_28.html

No comments: