.

xxx

December 27, 2012

ကိုပေါလို့အများခေါ်တယ်

Unknown | 12/27/2012 09:52:00 PM | Best Blogger Tips




 ကိုပေါလို့ အများခေါ်တယ်(လကာင်္ဒီပ)

ကေအိုင်စီရဲ့ ပင်တိုင်ကဗျာဆရာ လကာင်္ဒီပရဲ့ ကိုပေါလို့ အများခေါ်တယ် ကဗျာခေါင်းစဉ်ကို ဖတ်မိရုံနဲ့
''တခါတုန်းက တို့ရွာမှာ သဘောကောင်းပြီး ဆင်းရဲတယ်၊ ကိုယ်ပေါလို့အများခေါ်တယ်၊ ပေါချာချာ
သူလေးရယ်၊'' ဆိုတဲ့ လွှမ်းမိုးရဲ့ သီချင်းစားသားကို ပြေးသတိရမိပါတယ်။

ဒါပေမဲ့ လွှမ်းမိုးသီချင်းထဲက ကိုပေါဆိုတဲ့ ဇာတ်ကောင်က သူဌေးသမီးကို တဘက်သတ်စွဲလန်းနေတဲ့
အကြောင်းအရာပါ။ လကာင်္ဒီပရဲ့ ဇာတ်ကောင်ကိုပေါကရော ဘယ်လိုလူစားမျိုးလဲ။ အမျိုးသားရေးကဗျာ
တွေအရေးများတဲ့ လကာင်္ဒီပရဲ့ ဇာတ်ကောင်က ကရင်လူထုအတွက် အကျိုးပြုလူသားလား။ ကရင်လူထုအတွက် အမြော်အမြင်ကြီးစွာနဲ့ မနက်ဖြန်များစွာကို ပုံဖေါ်ပေးမဲ့ ခေါင်းဆောင်ကောင်းလား။
ကိုပေါဟာ သမိုင်းရဲ့ တရားခံလားဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်လား။      ။

စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးပြည့်စုံစေချင်တာ
ကိုယ့်မှာတော့ ဘာမှမရှိချင်နေ
လေလေးချွှန် နှီးလေးဖျာ
ဝမ်းတထွာလေး ပြည့်ရင်တော်ပြီပဲဆိုတဲ့
အတ္တမဲ့သူ့အသွင်သဏ္ဍန်
ဗြဟ္မစိုတရားပဲ လက်ကိုင်ထားလေသလား။

ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားသလားလို့တောင် ထင်မှတ်ရတဲ့ ပရဟိတသမားကြီးရဲ့ စိတ်အရင်းခံ
ကတော့ အေးအေးလူလူ လို့ပဲ ယူဆနိုင်ပါတယ်။ သူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပေးနိုင်မယ်လို့တောင်
မထင်ရတဲ့ လကာင်္ဒီပရဲ့ ဇာတ်ကောင်အကြောင်းကို ဆက်ဖတ်ကြည့်ရအောင်။


စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးငြိမ်းနေစေချင်သူ
ကိုယ့်လူမျိုးမှာ ဘာဖြစ်ဖြစ် ဖာဖြစ်ဖြစ်
နွံနစ်နစ် ကျွန်ဖြစ်ဖြစ်
မွဲတေပေရစ်နေပါစေကွယ်
ငယ်နိုင်လိုပြုကျင့်လူ့အလွှာ
စိုပြေသာယာဖွံ့ဖြိုးရေး
ပူးတွဲပေးဆပ်ချင်တဲ့လူစား
ရိုးသားလွန်းသလား “အ”သလား။

စိတ်စေတနာ တပုံတပင်နဲ့ ပရဟိတသမားကြီးရဲ့ အဇ္ဈတ္တကို ဒီနေရာမှာ ကောင်းကောင်းကြီး တွေ့မြင် ခွင့်ရမှာ ဖြစ်ပါတယ်။ သူရဲ့စေတနာဟာ ကိုယ့်လူမျိုးအတွက် ဝေဒနာပေးမဲ့ လူစားမျိုးပါလား။
ကိုယ့်လူမျိုးဘာဖြစ်ဖြစ် -ာ ဖြစ်ဖြစ်၊ သူ့အလွှာကောင်းစားဖို့အတွက်ဆိုရင်တော့ သူဟာ ''အ'' တာ
မဟုတ္သလို မရုိးသားတဲ့ အာဏာရွင္ဆန္မႈပါပဲ လကာၤဒီပေရ...........။

စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံးပြီးစီး ပိပြားစေချင်သူ
မောင်ဖြူမောင်မဲ မခွဲခြား
ရန်သူလား မိတ်ဆွေလား မထားရန်
ကိုယ့်တော်လှန်ရေး သိက္ခာကျအောင်သူပြု
ဟိုလူစု မငြိုငြင်ဖို့က
ကမ္ဘာ့အရေးကြီးဆုံးလို့များ သူခံယူလေသလား။

အို.... အဘဘုရား(အာမေိတ်အသံ)။ ဒီမိုကရေစီခေတ်ကြီးမှာ ငြိမ်ဝပ်ပိပြားစွာနဲ့ ဆင်သွားလမ်းဖြစ်
ထင်ရာစိုင်းပြီး သတိလက်လွှတ်နေသူလည်း ရှိနေဆဲပါလား။ နှစ်ခြောက်ဆယ်ကျော် ကရင့်တော်လှန်
ရေးကိုမှ မထောက်ထားမစာနာပဲ ရန်သူမငြိုငြင်ဖို့က သူ့အတွက် မရှိမဖြစ်အလိုအပ်ဆုံး ဖြစ်နေမယ်
ဆိုရင်တော့ လေးနှစ်တာ အမြန်ကုန်ဆုံးစေဖို့ ဖန်တီးပေးတော်မူပါ အဖဘုရားသခင်။    ။  
 

စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံးပြီးစီးဖွံ့ဖြိုးရေးအမှု
ကိုယ့်အုပ်စု ကိုယ့်လူစု
ပြုစုတည်ဆောက်လူမွေး
ဝမ်းစာရေးခက်ခဲ
ကျောမွဲလူအနည်းငယ်
စားဖွယ်ပေး မိမိလူလုပ်ယူ
ပြည်သူလူထုအားလုံးကိုပဲ ကိုယ်စားပြုသယောင်
လုပ်ဆောင်ဘန်းပြ အကွက်ထွင်
လုပ်ချင်ရာလုပ်တဲ့လူစား။

အို....မြတ်စွာဘုရား။   ကိုယ်တိုင်ကျင့်ကြံ ကြိုးစားအားထုတ်မှုမပါပဲ အနိုင်ရအောင် အုပ်စုဖွဲ့ 
လူရင်မွေးကြစတမ်းဆိုရင်တော့ ကရင်တွေရဲ့ အနာဂတ်က ရင်လေးစရာကောင်းလှချည်ရဲ့။
ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ် ဆိုတဲ့မူကို တလွဲတချော်
လုပ်ဆောင်နေတဲ့ လက်သစ်ခေါင်းဆောင်ကြီးရဲ့ လုပ်ရပ်တွေက ဆင်းရဲမွဲတေနေတဲ့ ကရင့်လူထု
ကြီးရဲ့ ပြသနာကို ဘယ်လိုဖြေရှင်းပေးနိုင်မှာလဲ။



စေတနာရှင်လည်း မဟုတ်ပါ
မာယာရှင်လည်း မဟုတ်ပါ
ခုံထက်မှာ မိန့်မိန့်ကြီးထိုင်ကြည့်
ခေါင်းမရှိလည်း မျက်စိမှိတ်ထား
လူလေးစားလောက်ပါရဲ့ဆိုတဲ့အသိ
ပကတိဖုံးကွယ်ဟိတ်ဟန်
နိုင်ငံရေးပဲ ဇောက်ချလုပ်တော့မယောင်
ဟန်ဆောင်ကောင်းတဲ့ “ကိုပေါ”
စေတနာပေါ အနစ်နာပေါ
သစ္စာပေါ မေတ္တာပေါ
ဂရုဏာပေါ ဥပေက္ခာပေါ မုဒိတာပေါ
လောဘမရှိ အတ္တမထား
အားလုံးကို ရောင်းစားတော့မယ်
ဈေးသည်ကြီးလား ပရဟိတသမားကြီးလား။ ။

ဒီနေရာမှာတော့ လွှမ်းမိုးရဲ့ သီချင်းနဲ့ လုံးလုံး ကွဲပြားသွားပါပြီ။
သူပေါတာက ပေါချာချာမဟုတ်ဘူး။ 
စေတနာပေါ အနစ်နာပေါ၊ သစ္စာပေါ မေတ္တာပေါ၊ ဂရုဏာပေါ ဥပေက္ခာပေါ မုဒိတာပေါတဲ့
 ဟန်ဆောင်ကောင်းတဲ့ “ကိုပေါ” ပါ။  ကိုပေါကြီးရေ..... အားလုံးကို ရောင်းစားပစ်ဖို့
စိတ်အားထက်သန်နေတယ်ဆိုရင်တော့ ကရင်တွေကို တတိယနိုင်ငံဆီ မောင်းထုတ်နေသလို
ဖြစ်သွားမယ်ဆိုတာ သတိလည်းထားပါ ကိုပေါရေ။     ။


ဒီဇင်ဘာ ၂၈၊ ၂၀၁၂
copy from http://www.9dblood.com/2012/12/blog-post_6255.html

No comments: