Tweet |
“ပြောင်းလဲခြင်း”
(၁)
♥ ကာလကြာညောင်း တစ်နှစ်ဟောင်းလို့ 
နှစ်သစ်တစ်နှစ်ပြောင်းပြန်ပြီ။ ။
♥ အဟောင်းတွေကိုဆုပ်ကိုင် အတ္တမန္ဋတ်တိုင်တက်
“လူ့ မလိုင်ပျက် အမျိုးဖျက်” တဲ့
ထိုထို “လူပျက်” တွေရဲ့ အသက်ရှင်သန်မှု
အမျိုးသားရေးကို ရှေးရှုလို့ 
ဘာတွေ အကျိုးပြုနေပါသလဲ...။ ။
(၂)
♥ ဟိုး...သမိုင်းမတိုင်ခင်ကာလ
တိဗက်ကုန်းမြင့်ကစ ထီးဆဲ့မဲ့ယွာ
တို့ တွေရဲ့အတိတ်တိုင်းမှာ
“အစွန့် ပယ်ခံ အနိုင်ကျင့်ခံ
အရက်စက်ခံ အနင်းချေခံ”
လူ့ အခြေခံအခွင့်အရေးရဖို့ ဝေးသမို့ 
အန္တရာယ်ကိုတည့်တည့်တိုး လမ်းဆိုးတွေပေါ်မှာလျှောက်
တောင် မြောက် အနောက် အရှေ့ သိသရွေ့ လေးနဲ့ 
ရေကြည် မြက်နုရာကို ရှာခဲ့ပါတယ်...
တို့ တတွေ ဘာများရခဲ့ပါသလဲ။ ။
(၃)
♥ ၀ါးအစည်းပြေတဲ့စိတ် ခါးသီးစေမဲ့နိမိတ်
မိစ္ဆာအသိတရားက ကွဲပြားမှုရဲ့ အဓိကအစ
ဖောက်ပြန်တဲ့ အတ္တတယူသန်စွဲတွေကြောင့်
“စည်းလုံးခြင်း”ဆိုတာလေ ခေတ်အဆက်ဆက်တိုင်းမှာ
မိုးမှောင်ကျ ညလဲအနက် ခရောင်းလမ်းပျက်ထဲလှမ်းရသလို
အလဲလဲ အပြိုပြို ဖရိုဖရဲနဲ့ ပါ...။ ။
♥ တို့ တွေလဲ တကွဲတပြား တိုင်းခြားပြည်ခြား
ရေမြေခြားလို့  အနေအစားမှားခဲ့ကြရပြီ....
ဒါ…….. တို့ တွေရဲ့ ကြမ္မ္မာဝဋ်ကြွေး
အတိတ်အကျိုးပေးတဲ့လား...
ဒါ….. တို့ မျိုးဆက် အဆက်ဆက်တိုင်းမှာ ရှာခဲ့တဲ့ ”အဖြေ” တဲ့လား...။ ။
(၄)
♥ ဟို စနစ်ဆိုးတွေရဲ့အပြစ် ခေတ်ဆိုးတွေရဲ့အပြစ်တွေပါလို့ 
လက်ညှိုးထိုးရမည်ရှာ “၀ိနည်း”မရှောင်ကြလေနဲ့ ...။
“ပစ္စုပ္ပန်ရဲ့ အမှန်ကိုကြည့် ကိုယ့် ကိုယ်ကိုကရင်မှန်းသိ
မည်သည့်မတရားမှုမျိုးကိုမဆို ခေါင်းမလျှို လက်မမြှောက်
အညံ့မခံ ဒူးမထောက်မိစေနဲ့ ...”။ ။
♥ ဒီပေတံ ဒီစံနဲ့ တိုင်း ရာဇ၀င်တိုင်းမရိုင်းခဲ့ရင်လေ
ပန်းတုံးတိုင်ဆိုတာမဝေး လက်တစ်ကမ်းလေးမှာမို့ 
ပြာသိုလဆန်းတရက် နှစ်အသစ်စက်စက်မှာ
မကောင်းမသင့်တဲ့ အဟောင်းအမြည့်အသိ
အဆိုးအပုပ် “အမျိုးဆုတ်(ယုတ်)”စေတာတွေကို
နှစ်အဟောင်းမှာချထား နှစ်သစ်ဆီသယ်မသွားပဲ
“ပြောင်းလဲ” လိုက်ကြစို့ .....။ ။
စဘီ (ထီးထာစွေး)
|