.

xxx

December 6, 2012

ထိုင်သပိတ်စပြီ

Unknown | 12/06/2012 02:00:00 AM | Best Blogger Tips

 

သံဃာတော်အပါး ၁၀၀ကျော်တို့သည့် မန္တလေး အိမ်တော်ရာဘုရားတွင် ယနေ့နေ့လည် ၁ နာရီအချိန်ခန့် တောင်းဆိုချက်ငါးချက်ဖြင့် ထိုင်သပိတ်မှောက်လျှက်ရှိသည်။ (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)


တောင်းဆိုချက်များမှာ...

(၁) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာများကို အမြန်ဆုံးလာရောက်ဝန်ချတောင်းပန်ရန်။
(၂) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်။
(၃) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။
(၄) ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်။
(၅) ဒီမိုကရေစီအစိုးရစစ်စစ်တစ်ရပ် ပေါ်ပေါက်လာဖို့နှင့် နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုးမပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့တွင် ပါဝင်လျှက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနှုတ်ထွက်ပေးရန်
တို့ ပါရှိကြောင်း သိရှိရသည်။