.

xxx

February 12, 2013

စောဘဦးကြီးလိုလူစား များများလိုသည်

Unknown | 2/12/2013 11:45:00 PM | Best Blogger Tips

By မင်းစိုးစံ
                               
ဒီကနေ့ အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ကရင်အဖွဲ့အစည်းတွေ အားလုံးလိုလိုပေါ့လေ၊ အဖွဲ့ကို လက်ရှိဦးစီး ဦးဆောင်နေတဲ့လူတွေ၊ ပြီးတော့ ဦးဆောင်ချင်တဲ့လူတွေ၊တခါ ဦးဆောင်မှုရအောင် ကြိုးစားနေကြတဲ့လူတွေဆိုပြီး အဖွဲ့အစည်းတွေတိုင်းမှာ အဲဒီလိုတွေရှိကြမှာအသေအခြာပါပဲ။


အဲဒီအကြောင်းတွေမပြောခင်မှာ အဖွဲ့အစည်းတစ်ခု တခဏအတွင်းပြိုလဲပျက်ဆီးသွားရတဲ့အကြောင်းလေးကို ကြည့်ကြ
ရအောင်၊ တမျိုးက အဖွဲ့အစည်းနံမည်သာရှိပြီး ဘာတခုမျှအကောင်အထည်မဖေါ်နိုင်တဲ့ အဖွဲ့အစည်းမျိုးဆိုတာလည်း
ရှိပါတယ်။
ဒီနေရာမှာ တခုပြောချင်တာက ကျုပ်ရဲ့အတွေ့အကြုံပေါ်မှာ အခြေခံထားတာ ဖြစ်တာကြောင့် အဖွဲ့အစည်းပျက်ဆီးခြင်းဆို
တဲ့ ဖြစ်စဉ်အကြောင်းတရားတွေဟာ အလုံးစုံမှန်ကန်နိုင်မှာမဟုတ် တဲ့အပြင် အားနည်းချက်တွေနဲ့ပြည့်နေမယ်ဆိုတာကို ၀န်ခံပါတယ်။ ဒီနေရာမှာတော့ အဖွဲ့အစည်းအားလုံးဟာ ရည်ရွယ်ချက်ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေလို့သာ သတ်မှတ်
လိုက်ကြပါစို့။

ကဲဘာကြောင့် အချိန်တိုအတွင်း ပျက်ဆီးပျောက်ကွယ်သွားရသလဲ။
နာမည်သာရှိပြီး ဘာတခုမျှအကောင် အထည်မဖေါ်နိုင်ဖြစ်ရတာလဲ။
ဒီနေရာမှာ လုပ်ပိုင်ခွင့်မရှိလို့ ပျောက်ဆုံးပျက်ယွင်းသွားရတဲ့ အဖွဲ့အစည်းမျိုးက လွဲလျင် ကျန်တာတွေကတော့ တနည်းမ
ဟုတ်တနည်း ချို့ယွင်းအားနည်းချက်တွေ ရှိကြမှာအသေအခြာပါ။

ပြောကြတာကတော့ အဖွဲ့အစည်းအတွင်း စုစည်းမှု ပြဿနာ၊ ခေါင်းဆောင်မှု၊ ငွေရေးကြေးရေး၊ အစွဲကြီးမှု၊ နားလည်မှုလွဲ
မှားမှု၊ လူမှုရေး အရှုတ်အရှင်းပြဿနာ စတာတွေကြောင့်လို့ အများစုကပြောကြပါတယ်။
ဒါဆိုလျင် အဲဒီအကြောင်းအရာတွေကိုပဲအဓိကထားပြီး ဘာကြောင့်ဖြစ်ရသလဲဆိုတာ တွေးကြည့်ကြပါစို့။

အဖွဲ့အစည်းတခု ဖွဲ့စည်းရတဲ့ အဓိက,ရည်ရွယ်ချက်က ယျေဘူယျအားဖြင့် လူ့အသိုက်အ၀န်း စည်ပင်ဝပြောပြီး သက်
သာချောင်ချိဘို့ ဖွဲ့စည်းကြတာပါ၊ အဖွဲ့အစည်းအတွင်း အပေါ်ကပြသနာတွေဖြစ်ရတဲ့ အခြေခံအချက်က လူ့အသိုက်အ
ဝန်းစည်ပင်ဝပြောခြင်း၊ သက်သာချောင်ချိခြင်းဆိုတဲ့အချက် တိုးတက်ဖြစ်ထွန်းမှုအားနည်းလို့ ဒါမှမဟုတ် မရှိလို့သာ အဲဒီ
ပြဿနာမျိုးဖြစ်ရတာပါ။

ဒီနှစ်ခုစလုံးဟာ ဆက်စပ်မှုရှိနေတဲ့အပြင် ကျုပ်တို့ငယ်ငယ်တုန်းက ဆိုခဲ့ကြဘူးတဲ့ ဂျာအေးသူ့အမေရိုက် သီချင်း လို သံ
သရာလည်နေတယ်ဆိုတာ အားလုံးအသိပါ။
ရည်ရွယ်ချက်ကောင်းတဲ့အဖွဲ့အစည်းတခု ရေရှည်ရပ်တည် နိုင်လေလေ အခြေခံပြည်သူလူထုတွေ စည်ပင်ဝပြောလာတာ
နဲ့အတူ တိုင်းပြည်လည်း ကြီးပွါးတိုးတက်လာတာ ပါပဲ။
ဒီကနေ့ ကမ္ဘာမှာတိုးတက်နေတဲ့ကြီးပွါးချမ်းသာနေတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲမွဲတေပြီး စုတ်ပြတ်သတ်နေတဲ့ နိုင်ငံတွေ ရှိနေ
ရတာ ဘာကြောင့်ပါလဲ။

သူတို့ကိုယ်စီကိုယ်ငှမှာရှိနေကြတဲ့ အဖွဲ့အစည်းတွေကြောင့်လို့အကြမ်းဖျဉ်းပြောလျင်ရနိုင်ပါတယ်။
ဆိုလိုချင်တာကတော့ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေကြောင့် အခုလိုဖြစ်ပေါ်ခံစားနေကြရ
တာ ဖြစ်ပါတယ်။

ဒီနေရာမှာ လုပ်ပိုင်ခွင့်ရချင်ကြတဲ့အဖွဲ့အစည်း တနည်းပြောမယ်ဆိုလျင် အဖွဲ့အစည်းနဲ့ဆက်နွယ်ပတ်သက်တဲ့ အကြီးအ
ကဲတိုင်း အယောက်စီတိုင်းရဲ့ စိတ်နေသဘောထားတွေကလည်း အင်မတန်အရေးကြီးတယ်ဆိုတာ တွေ့ရပြန်ပါတယ်။
တခုသောအချိန်ကာ လ,တုန်းက အကြီးအကဲနှစ်ယောက်က လူမှုကူညီရေးအသင်းလေးတခုဖွဲ့ပြီးနေကြပါသတဲ့။
အခြားလူတွေကိုလည်း သူတို့အဖွဲ့အကြောင်းပြောပြရင်း စည်းရုံးသတဲ့၊ ဒါနဲ့ အစည်းအရုံးခံရတဲ့လူက
ခင်ဗျားတို့ အဖွဲ့ဝင်မဟုတ်တဲ့လူတစ်ယောက်ဆိုလျင်ကော အဖွဲ့ဝင်တွေလိုပဲ ကူညီမှာလား လို့မေးတော့
ဒါကတော့ဗျာ အဖွဲ့ မ၀င်တဲ့လူဆိုလျင်တော့ အကူအညီက,အဖွဲ့ဝင်လောက်တော့ဘယ်ရမှာလဲ တဲ့။

ဒီနေရာမှာ အဖွဲ့အစည်းကိုဦးဆောင်မယ့်လူရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးလာပါပြီ။
ဘာကြောင့်အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်ဖြစ်ချင်ရတာလဲဆိုတာမေးကြည့်ချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အဖွဲ့ရဲ့တိုးတက်မှု ဆုတ်ယုတ်မှုဆိုတာ အဲဒီလူအပေါ်မူတည်နေလို့ပါ။
တိုးတက်တဲ့နိုင်ငံပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် သူတို့အနေနဲ့ ခေါင်းဆောင်လုပ်ချင်ရတဲ့အကြောင်းက သူတို့မှာရှိတဲ့
ကာယစွမ်းအား ညာဏစွမ်းအား ဓနစွမ်းအားတွေ ကို အသုံးပြုပြီး သူ့လူမျိုး သူ့အဖွဲ့အစည်း သူ့တိုင်းပြည်အတွက် အ
ကျိုးပြုချင်လို့ ဖြစ်ပါတယ်။
ကျုပ်တို့ရဲ့အမျိုး သားခေါင်းဆောင်ကြီး စောဘဦးကြီးဟာ အဲဒီလိုအဆင့်မြင့်တဲ့ အတွေးအခေါ်မြင့်မားတဲ့ အမြင်ကျယ်တဲ့
ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်တယ်ဆိုတာ ပွင့်လင်းထင်ရှားတဲ့ သက်သေသာဓကပါပဲ။

စုတ်ပြတ်သတ်နေတဲ့ ဆင်းရဲတဲ့နိုင်ငံတွေက ခေါင်းဆောင်လုပ်ချင်ကြတဲ့လူတွေကျတော့ ပြည်သူကိုဖိနှိပ်ဘို့၊ ဗိုလ်ကျအ
နိုင်ကျင့်ဘို့ ခြောက်လှန့်အကြတ်ကိုင်ဘို့ ကိုယ့်ကိုယ်ကျိုးအတွက်အဓိက,ထား လုပ်ကိုင်တာကြောင့် မိမိတိုင်းပြည်ရဲ့ အ
ကျိုးစီးပွါး မိမိလူမျိုးရဲ့ဂုဏ်သိက္ခာ မိမိအဖွဲ့အစည်းရဲ့ အရည်အသွေး စ,တဲ့အရာတွေ နိုင်ငံတကာနဲ့ မယှဉ်သာအောင် အ
ခြားအဖွဲ့အစည်းတွေနဲ့ မနှိုင်းသာအောင် ဆုတ်ယုတ်ကျဆင်းလာရတာဖြစ်ပါတယ်။

အဲဒါကဘာလဲဆိုတော့ အောက်တန်းကျတဲ့ အတွေးအခေါ်နဲ့ အောက်တန်းစားစိတ်ဓါတ်ရှိသူတွေရဲ့ နိုင်လိုမင်း ထက်လုပ်
ရပ်ကြောင့် ဖြစ်ရတယ်လို့ဆိုလျင် မှားမယ်မထင်ပါဘူး။

မိမိလူမျိုး မိမိအဖွဲ့အစည်းကို တကယ်တိုးတက်မြင့်မားလိုတယ်ဆိုလျင် အထက်တန်းကျတဲ့ အဆင့်မြင့်တဲ့ အမြင်ကျယ်
တဲ့ ခေါင်းဆောင်ကောင်းတွေကို လေ့ကျင့်ပျိုးထောင်ပေးဘို့လိုအပ်သလို ယခုလက်ငင်းအဖွဲ့အစည်းတွေမှာ လက်ရှိတာ ၀န်ယူနေကြတဲ့ ခေါင်းဆောင်တွေအနေနဲ့ကလည်း ကိုယ့်မျိုးရိုးရဲ့ဂုဏ်သိက္ခာ ကိုယ့်အဖွဲ့အစည်း တိုးတက်စည်ပင်ရေးအ
တွက်ကို အမြင်ကျယ်ကျယ်နဲ့ အထက်တန်းကျတဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်တွေကို ဦးထိပ်ထားရင်း ပြည်သူလူထု တရပ်လုံး
အတွက် သတိဝိရိယနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြမယ်ဆိုလျင်ဖြင့် မဝေးတော့တဲ့ အနာဂါတ်ကာလမှာ ဒီထက်မက,
တဲ့ အောင်မြင်တိုးတက်မှုတွေ ရရှိနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments: