.

xxx

January 5, 2014

ထိုင်းရောက် မြန်မာလုပ်သား ၁၀ ဦး အဖမ်းခံရ၍ လုပ်သား ၆၀၀ ကျော် ဆန္ဒပြ

Unknown | 1/05/2014 11:45:00 PM | Best Blogger Tips


6.1.2014

ပိတ်ရက်တွင် အလုပ်ဆင်းရန် ငြင်းဆန်သဖြင့် ထိုင်းနိုင်ငံ နခွန်ပတုန်မြို့ စိုင်းစီရပ်ကွက်ရှိ LAEM THONG FOOD စက်ရုံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သား ၁၀ ဦးကို ထိုင်းရဲက ရိုက်နှက် ဖမ်းဆီးမှုကြောင့် အဆိုပါ စက်ရုံမှ မြန်မာလုပ်သား ၆၀၀ ကျော် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဆန္ဒပြကြကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

နှစ်သစ်ကူးပိတ်ရက် လေးရက်အစား တနင်္ဂနွေနေ့များတွင် လုပ်အားခ မရဘဲ အလုပ် ဆင်းပေးရမည်ဆို၍ လုပ်သားများ မကျေနပ်ဖြစ်ကာ ဇန်နဝါရီလ ၅ ရက်နေ့တွင် အလုပ်မဆင်းသဖြင့် ထိုင်းရဲက လုပ်သား ၁၀ ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုလုပ်သား ၁၀ ဦးကို ပြန်လွှတ်ပေးရန်၊ တနင်္ဂနွေ အလုပ်ဆင်းရက်များအတွက် လုပ်အားခပေးရန် လုပ်သားများက တောင်းဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

နှစ်သစ်ကူး ရက်မတိုင်မီ ဒီဇင်ဘာလ ၂၉ ရက်နေ့ (တနင်္ဂနွေနေ့) တွင် အလုပ် လုပ်ခဲ့သည့်အတွက် လုပ်အားခ နှစ်ဆပေးရန် လုပ်သားများ တောင်းဆိုမှုကို အလုပ်ရှင်က ငြင်းဆန်သဖြင့် ယင်းနေ့ အတွက် လုပ်အားခ ရရှိရန်လည်း တောင်းဆိုခဲ့ကြောင်း MWRN ထံမှ သိရှိရသည်။
“အလုပ်မဆင်းရင် အလုပ်ဖြုတ်မယ်လို့ အလုပ်ရှင်က ပြောတယ်။ ညှိနှိုင်းလိုက်လို့ အလုပ်မဖြုတ်တော့ဘူး။ တနင်္ဂနွေ အတွက်လည်း နေ့စား လုပ်အားခ ပေးမယ်လို့ ကတိပေးတယ်” ဟု ဦးအောင်ကျော်က ပြောကြားသည်။

အဆိုပါ ဆန္ဒပြမှုကို MWRN နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း H.R.D.F တို့ကြားဝင် ညှိနှိုင်းဖြေရှင်း ပေးခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ သိရှိရသည်။

ဆန္ဒပြလုပ်သား ၆၀၀ ကျော်အနက် လုပ်သား ၂၀၀ ကျော်မှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ (MoU) အရ တရားဝင် လာရောက် လုပ်ကိုင်သူများ ဖြစ်ပြီး လုပ်သားခေါ်ရန် ကုန်ကျစရိတ်များကို လုပ်အားခထဲမှ ဖြတ်တောက်ပြီး ဖြစ်သော်လည်း နိုင်ငံကူး လက်မှတ်နှင့် Work Permit တို့ကို အလုပ်ရှင်က သိမ်းဆည်း ထားကြောင်း၊ အကြွေးကျေသည့် လုပ်သားများ အဆိုပါ လက်မှတ်များကို ကိုင်ဆောင်ခွင့် ရရှိရန်လည်း ညှိနှိုင်းပေးခဲ့ကြောင်း MWRN ထံမှ သိရှိရသည်။

No comments: