.

xxx

January 7, 2014

YouTube မှ ဗွီဒီယိုများကို လွယ်ကူစွာ (Download)ရယူနည်း

Unknown | 1/07/2014 05:51:00 AM | Best Blogger Tips


 

ဗွီဒီယို ဖိုင်ကို တွေကို ကြည့်နိုင်၊ဝေမျှနိုင်၊upload တင်ခြင်းပြုလုပ်နိုင်ဖို့ရာ မရှိမဖြစ်ကတော့ Youtube ဖြစ်ပါတယ်.YouTube ဟာ ဒီနေ့ခေတ် ကမ္ဘာတစ်လွှားမှာအသုံးပြုနေတဲ့ အကြီးမားဆုံး ဗွီဒီိယို ဆိုဒ်တစ်ခုဖြစ်ပါတယ်..ဖျော်ဖြေရေးဆိုင်ရာဗွီဒီယိုများအပြင် တခြားသောကဏ္ဍမှ ဗွီဒီယိုဖိုင်များကို နေ့စဉ် အချိန်နဲ့အမျှ တင်ပေးနေတာကို တွေရမှာပါ..အဲဒီဗွီဒီယိုတွေကို ကျွန်တော် တို့က ဝေမျှနိုင်တယ်၊ကြည့်နိုင်ပါတယ်..ဒါပေမယ့် Download ယူပြီးကြည့်ဖို့အတွက်က Youtube မှာ Download ခလုတ်မပါပါဘူး/ Youtube က အသုံးပြုသူတွေကို  Download
လုပ်ခွင့်မပေးပါဘူး..Youtube ကဗွီဒီယိုတွေကို ရယူဖို့ third party tools နဲ့ Web တွေကတော့ အများကြီးပါ။ဒါပေမယ့် အဲဒီဆိုဒ်တွေကို ဗွီဒီယိုကို ရယူဖို့ Java လိုပါတယ်. တကယ်လို့ ကိုယ်က Flash video တွေကို ဒေါင်းလုတ်လုပ်ချင်တယ်ဆိုရင် ကိုယ်သုံးမယ့် ကွန်ပျူတာမှာ Java ထည့်သွင်းထားရမှာဖြစ်ပါတယ်..အခုပေးမယ့် Tool လေးကတော့ Freedownloadmanager(FDM)ဆော့ဝဲလ်လေးဖြစ်ပါတယ်..Youtube က ဗွီဒီယိုတွေ ရယူတဲ့အခါမှာ အဆင်ပြေတာတွေ့ရသလို လျင်လျင်မြန်မြန် ဒေါင်းနိုင်တာကိုလည်းတွေ့ရပါတယ်..ဒီဆော့ဝဲလ်လေးက Video ဖိုင်တွေကို Download ရယူနိုင်ရုံသာမက youtube လိုမျိုးတခြား ဗွီဒီယိုဆိုဒ်တွေက Flash video တွေကို ပါ အဆင်ပြေပြေဒေါင်းနိုင်တာကို တွေ့ရပါတယ်..အခုပေးမယ့် tool လေးကို မိမိကွန်ပျူတာမှာ တခါပဲ သွင်းထားရပါမယ့် ..FDM ရဲ့ အားသာချက်များကတော့-
ဘယ် Flash Videos များမဆို လွယ်လွယ်ကူကူဒေါင်းနိုင်ခြင်း
FDM ကတော့ တခြား Download manager များထက်ပိုကောင်းခြင်း
ဒီဆော့ဝဲလ်လေးအသုံးပြုဖို့အတွက် Free and open source ဖြစ်ခြင်း
Resume ရယူနိုင်ခြင်း
ကိုယ်ဒေါင်းယူနေချိန်အတွင်းမှာ အသံဖိုင်/ဗွီဒီယိုဖိုင်များကို previes ကြည့်နိုင်ခြင်း
စတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်..
ပြုလုပ်ပုံ(သို့)ထည့်သွင်းပုံ
အပေါ်မှ FDM ကိုဒေါင်းပါ။
ကွန်ပျူတာမှာ ရမ်းလိုက်ပါ။
Firefox, Chrome စတာတွေမှ ဗွီဒီယိုဖိုင် တစ်ခုခုကိုဖွင့်လိုက်ပါ။
Browser များရဲ့ ဘယ်ဘက်ထိပ်နားမှာ Download button ပါရှိပါတယ်.
Download button ကိုနှီပ်ပြီး မိမိကြိုက်နှစ်သက်ရာ ဗွီဒီယို။အသံဖိုင်များကို လွယ်လွယ်ကူကူရယူနိုင်ပါပြီ။

No comments: