.

xxx

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

June 27, 2013

Albany မှာ Hip Hop မရှိရင် အသက်မရှင်ချင်တဲ့ ကရင်လူငယ်လေး E.T.K (R4K Family)

Unknown | 6/27/2013 10:18:00 AM | Best Blogger Tips
Albany မှာ Hip Hop မရှိရင် အသက်မရှင်ချင်တဲ့ ကရင်လူငယ်လေး E.T.K (R4K Family)

.....................................................................................................

အော်ဘနီ(Albany)မြို့က ကရင်လူငယ်တွေဟာ စိန်ခေါ်မှုနဲ့ ပျော်ရွှင်မှုကို ပုံမှန်ဖြတ်သန်းနေရင်းကနေ မထင်မှတ်ပဲ မနက်ဖြန်များ စွာကို အားအင်အပြည်နဲ့ ချီတက်ဖို့ ရုတ်တရက် သက်ဝင်လှုပ်ရှား လာကြပါတယ်။ လောကကြီးအကြောင်းသင်ကြားဖို့ မေ့လျော့နေသူတချို့လည်း နိုးထလာကြပါတယ်။

ဒါတွေဟာ ဒီလူငယ်လေးတွေရဲ့ သွေးကြောထဲပျံ့နှံ့စိမ့်ဝင်နေတဲ့ hip hop ဂီတကို တစိုက်မတ်မတ် သီဆိုလိုက်စားနေတဲ့ သူတို့ရဲ့လူငယ်ရောင်းရင်းတဦး Albany မြို့ထဲ ရောက်ရှိလာတဲ့အခိုက်အတန့်မှာ
တွေ့မြင်နေရတဲ့ လှုပ်ရှားမှုပုံရိပ်တွေပဲ ဖြစ်ပါတယ်။

အဲဒီလူငယ်လေးက ဘယ်သူပါလဲ။ မှိန့်ဖျော့ဖျော့ Albany မြို့ပြရောင်ကို အရောင်ဆိုးပေးလိုက်တာ ဘယ်သူပါလဲ။ တနည်းအားဖြင့် အော်ဘနီကရင်လူငယ်တွေရဲ့ အားအင်တွေကို ရုတ်တရက် ဖြည့်ဆည်း ပေးလိုက်တာဘယ်သူပါလဲ။

ဒီလူငယ်လေးကတော့ hip hop မရှိရင် အသက်မရှင်ချင်ဘူးဆိုတဲ့၊ hip hop ဂီတကို ရူးသွပ်စွာ သီဆိုလိုက်စားနေတဲ့ E T K (ခေါ်) အဲသုဂ်ကျာ ပါပဲ။
R4K Family(Rap For Karen) အဖွဲ့တည်ဆာက်ထားတဲ့လူလည်း ဖြစ်ပါတယ်။

သူဟာဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မန်းဗလစိန်(ခေါ်) ဖူ့ခွဲကဘောင်ရဲ့ ရင်သွေးလေးတဦးလည်း ဖြစ်ပါတယ်။ လူငယ်လေးတဦးအနေနဲ့ ဂီတအပေါ်ခံယူချက်နဲ့ ကရင့်အမျိုးသားအပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားကို ပရိသတ်များ အကဲခတ်လို့ ရအောင် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး- အဲသောင်ကျာ အနေနဲ့ ဒီ hip hop ဂီတကို ဘယ်အချိန်က စတင် လေ့လာခဲ့ပါသလဲ။

ဖြေ - ကျွန်တော်အနေနဲ့ဒီ hip hop ဂီတလောကထဲကို အသက်15 နှစ် ကစပြီးဝင်ရောက်ခဲ့ပါတယ်၊ အစတုန်းက ဆိုဖို့လုပ်ဖို့တော့မလုပ်ဖြစ်ပါဘူး၊ ဒါပေမဲ့ hip hop အ၀တ်အစားကိုစ၀တ်ပြီး Break Dance အကတွေစကပါတယ်။ ၂ နှစ်လောက်ကြာသွားပြီးမှ သီချင်းစလုပ်ပါတယ်၊ hip hop ၊ rap တစ်ခုထဲဘဲမဟုတ်ပါဘူး၊ Break Dance,DJ,Graffiti and Rap အဲဒီအားလုံးကလည်း Hip Hop တွေပဲမို့ အားလုံးလုပ်ဖြစ်ခဲ့ပါတယ်။

မေး- hip hop အပြင် တခြား pop တို့ Rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးရှိပါသလား။

ဖြေ - hiphop အပြင် တခြား pop တို့ rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးမရှိပါဘူးဗျာ၊ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ ဒီကရင်သီးချင်းလောကဂီတမှာ pop တို့ rock တို့ ဆိုတဲ့လူလဲများများရှိထားပြီးဆိုတော့
hip hop ဘက်ကများများ မရှိသေးပါဘူးဆိုလေ၊ ဒါကြောင့် ကျွန်တော်ဘက်က hip hop ဘက်ကဘဲ အမြဲတမ်းလုပ်သွားဖို့ပဲ စိတ်ကူးရှိပါတယ်။

မေး- အခု အဲသောင်ကျာ သီဆိုထားတဲ့သီချင်းတွေ youtube ပေါ်မှာ ပရိသတ်တွေ တော်တော်များများ အားပေးတာကို တွေ့ရပါတယ်။ အဲဒီအပေါ်ရော အားရကျေနပ်မှု ရှိပါသလား။

ဖြေ - အားရပ်ကျေနပ်မှု ရှိလားဆိုတော့ ရှိပါတယ်ဗျာ၊ ဒါပေမဲ့ အားပေးတဲ့ လူရှိပြီး တိုက်ဖျက်တဲ့လူလည်း ပါတယ်ဗျာ၊ ဒါပေမဲ့ အားနည်းချက်လည်း ရှိပါတယ်၊ ကျွန်တော် ဒီထက် လူတွေအားပေး ကျေနပ်မှုရှိအောင် ဆက်ပြီး ကြိုးစားလုပ်ပါ့မယ်၊ ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေကို ကျွန်တော့် R4K Family အဖွဲ့က အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

မေး - ဒါဆိုရင် E.T.K က R 4 K အဖွဲ့ တည်ဆောက်ထားတဲ့လူငယ်တဦးအနေနဲ့ R4K ရဲ့ အဓိပ္ပါယ်နဲ့ အဖွဲ့ရဲ့ အကြောင်းကို နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ- ဟုတ်ကဲ့ပါ ကျွန်တော် R4K Family ကို ဖွဲ့ခဲ့ပါတယ်၊ စစလုပ်ချင်းတုန်းက အဖွဲ့ဖွဲ့ဖို့ အစီအစဉ်မရှိပေမဲ့ တစ်နှစ်လောက်ကြာသွားတဲ့အခါ တယောက်ထဲဆိုတော့ ငြီးငွေ့လာပါတယ်၊ ဒါကြောင့် သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးတော့ သူတို့တွေလည်း လှိုက်လှိုက်လှဲလှဲ ရှိတဲ့အတွက် စဖွဲ့ဖြစ်ပါတယ် ။
တကယ်တော့ အဖွဲ့စလုပ်တုံးက R4K နာမည်တော့မပေးထားပါဘူး၊ Angel HiP လို့ပေးထားပါတယ်၊ နောက်ပြီးမှ အွန်းလိုင်းပေါ်မှာ သူငယ်ချင်းမတစ်ယောက်နဲ့သိကျွမ်းပြီး R4K နဲ့ အဖွဲ့နာမည်ပေးဖို့ အကြံပြုပါတယ်။ ကျွန်တော်လည်း စိတ်ကြိုက်တွေ့တာနဲ့ ပြောင်းလိုက်ပါတယ်။

R4K က ဘာအဓိပ္ပါယ်လဲဆိုတော့ Rap For Karen ကရင်တွေအတွက်ပါပဲ၊ ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်နော်တို့လုပ်တဲ့ HipHop သီချင်းတွေက လက်ရှိခေတ်ရဲ့အခြေအနေတွေကို ထင်ဟပ်စေတဲ့ ကရင်အမျိုးသားအားလုံးအတွက်ပေါ့၊ R4K Family မှာ ပါဝင်တဲ့သူတွေများပေမဲ့ တကယ်တမ်းသီချင်းဆိုဖြစ်တဲ့လူက လေးယောက်ငါးယောက်လောက်ဘဲရှိပါတယ်၊ ကျန်တဲ့လူတွေက သီဆိုဖို့မရှိပါသေးဘူး ဒီလေးယောက်ငါးယောက် က တော့ သာအွာ(T.A) သာအဲဆိုဒ်(Lil' Pok) အဲယှူး(E.S) အဲသမော့(E.T.K) နှင့် ယှးဖောင်ယှူး(ShooMayne)ပါဘဲဗျာ။

မေး- အခု ထုတ်မဲ့သီချင်းတွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ကြားသိရတယ်။ နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ - အင်း ဟုတ်ပါတယ်ဗျာ အကောင်းဆုံးဖြစ်အောင်တော့ကျွန်နော်ကြိုးစားအားထုတ်ထားတယ်၊
အခု တစ်ယောက်ထဲ solo တခွေက ဘယ်နေ့ဘယ်ရက်ထွက်ဖြစ်မယ်ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။ အချိန်ယူပြီး လုပ်နေပါတယ်။

မေး- ဒီဂီတကို ဘယ်လို လေ့လာသင်ယူခဲ့ပါသလဲ။ ဆိုလိုတာက ဒီ Music ကို ဖန်တီးနိုင်ဖို့အတွက် သင်ကြားပေးတဲ့ ဆရာတွေရော ရှိပါသလား။

ဖြေ - ပြောလိုက်ရင်ဆိုတော့ဒီအခြအနေအထိ ရောက်လာဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး၊ မကောင်းတဲ့လမ်းတွေ၊ ပြသနာတွေ အများကြီးကြုံခဲ့ရပါတယ်။ သင်ယူတာက အွန်လိုင်းထဲမှာရော နောက်ပြီး လုပ်တတ်တဲ့ ကျွန်တော့်ထိုင်းသူငယ်ချင်းတွေရော နောက်ပြီး သူများတွေလုပ်တာလိုက်ပြီးနားထောင် လိုက်လုပ် အဲဒီနဲ့ တစ်ဆင့်ပြီး တစ်ဆင့် တတ်လာပါတယ်ဗျာ။

မေး- ခေတ်ရေစီးကြောင်းက အမြဲတမ်း စီးဆင်းနေတော့ ဒီ ဟစ်ဟော့ဂီတက ရေရှည် ရှင်သန်နိုင်ပါ့မလား။

ဖြေ - ကျွန်တော့်အနေနဲ့ ဒီဟစ်ဟော့က တစ်ဆင့်ပြီးဆစ်ဆင့် တိုးတက်လာဖို့ဘဲရှိသွားမယ်လို့ ယုံကြည်ပါတယ်။ လူသားတွေရှိနေသရွေ့ ဒီဟစ်ဟော့က ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။
ဒီဟစ်ဟော့မရှိရင် အသက်မရှင်ချင်ပါဘူးဗျာ။

မေး- နိုင်ငံတကာမှာ ကရင်လူငယ်တွေတော်တော်များများ ရောက်ရှိနေကြပြီပေါ့နော်။ ဒီလူငယ်တွေကိုရော စကားလက်ဆောင်ပါးခဲ့ပေးပါဦး။

ဖြေ - အင်း ပြောချင်တာက ကျွန်တော်တို့ ကရင်လူငယ်တွေအားလုံး ကိုယ်ဘာကြိုက်သလဲ ကိုဘာချစ်လဲ ကိုယ်ဘာဝါသနာပါလဲ စိတ်အားထက်သန်တဲ့လိုင်းတခုခုကို ရွေးချယ်ပါ။ လုပ်သွားပါ ။တကယ်လို့ ဒီလမ်းက လဲကျသွားလို့ရှိရင် ပြန်ထပြီး ပန်းတိုင်ကို ရောက်အောင်းသွားပါ။ တွေ့ကြုံရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို
နောက်မဆုတ်တမ်း ရင်ဆိုင်ကျော်လွှားပါ။ ဒီပန်းတိုင်လမ်းက အစဉ်မဖြောင့်ဖြူးတော့ အားမာန်အပြည့်နဲ့ သွားမှ လိုရာခရီးကို ရောက်မှာပါ။ "Don't Let Your Dream Just Be A Dream" လို့ နောက်ဆုံးပြောချင်ပါတယ်။

                                                   

အော်ဘနီ(Albany)မြို့က ကရင်လူငယ်တွေဟာ စိန်ခေါ်မှုနဲ့ ပျော်ရွှင်မှုကို ပုံမှန်ဖြတ်သန်းနေရင်းကနေ မထင်မှတ်ပဲ မနက်ဖြန်များ စွာကို အားအင်အပြည်နဲ့ ချီတက်ဖို့ ရုတ်တရက် သက်ဝင်လှုပ်ရှား လာကြပါတယ်။ လောကကြီးအကြောင်းသင်ကြားဖို့ မေ့လျော့နေသူတချို့လည်း နိုးထလာကြပါတယ်။

ဆက်လက်ဖတ်ရှု့ရန်

January 29, 2013

KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

Unknown | 1/29/2013 04:38:00 AM | Best Blogger Tips


၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် KNU နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်မှာ တစ်နှစ်ပြည့်ပြီ ဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေရာမှ သမိုင်းဝင် အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပြီး တစ်နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် မည်မျှတိုးတက် လာသည်၊ မည်သို့တည်ဆောက် ခဲ့ရသည်ကို သိရှိနိုင်စေရန် KNU အဖွဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးမန်းငြိမ်းမောင် နှင့် တွေ့ဆုံ မေးမြန်းထားသည် များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
                                                  


Voice ။ ။ အရင် KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး က ယခု KNU အဖွဲ့ ဥက္ကဋ္ဌ ဖြစ်တာပေါ့။ သူကလည်း အစိုးရနဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ အချိန်မှာရော ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတစ်လျှောက်လုံး တက်တက် ကြွကြွ ပါလာသူဖြစ်တယ်။ နောက်တော့ အခုစစ်ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ် စောဂျော်နီပေါ့။ သူကလည်း ငြိမ်းချမ်းရေး အတွက်တက်ကြွတဲ့ သူဖြစ်တယ်ပေါ့။ အခုရွေးချယ်လိုက်တဲ့ KNU ကြီးငါးကြီး ထဲမှာလည်း ငြိမ်းချမ်းရေး လက်မှတ်ရေး တဲ့ ကာလတုန်းက ပါဝင်ခဲ့တဲ့ သူတွေ များတယ်။ အဲ့တော့ ငြိမ်းချမ်းရေးကို လေ့လာစောင့်ကြည့် နေတဲ့သူတွေက ပြောကြတယ်။ ဒါဟာ KNU အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကိုပြတာလို့ သုံးသပ် ကြတယ်ပေါ့။ အဲ့ဒီပေါ်မှာရော ဘယ်လိုထင်ပါသလဲ။
ဆက်လက်ဖတ်ရှု့ရန်

January 23, 2013

၆၄ နှစ်ကြာတိုက်ပွဲဝင်ခဲ့တာဟာ အဖိနှိမ်ခံလူမျိုး အဖိနှိမ်ဘာသာ အားလုံးအတွက်ဟုဆိုသည့် ကေအင်န်ယူတပ်မဟာ(၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်း

Unknown | 1/23/2013 03:24:00 AM | Best Blogger Tips


                                          
သူ့ဘက်ကမှန်တယ်။ ကိုယ့်ဘက်က မှန်တယ်ဆိုတာ တိုင်းပြည်အဟန့်အတားတွေပဲ။ သူတိုက်တယ်။ ကိုယ်တိုက်တယ်။ ဘယ်သူကနိုင်သလဲ၊ တိုင်းပြည်နစ်နာခဲ့တယ်။ တိုင်းရင်းသားတွေ ဒုက္ခပေါင်းစုံနဲ့ သူများနိုင်ငံမှာ ဒုက္ခဆင်းရဲရောက်နေရတယ်။ ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ဘူး။ မဖြိုးခွင်းနိုင်ဘူး ဒါကြောင့်အဖြေရှာ ကြတယ်။ နောက်ဆုံးအဖြေကတော့ သဘောထားမှန်မှန်နဲ့ ဆောင်ရွက်တာ အကောင်းဆုံးဟုဆိုလာသည့် ကေအင်န်ယူ တပ်မဟာ (၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်

January 16, 2013

“ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ဘာစိတ်မကျေနပ်တာ ရှိလဲ”

Unknown | 1/16/2013 04:52:00 AM | Best Blogger Tips


ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၈ နာရီ ၁၄ မိနစ်
ဟိုဝါး ဒူဝါဇော်ဂမ် နှင့် အင်တာဗျူး

Howa-Duwa-Zau-Gamချင်းမိုင်(မဇ္စျိမ)။ ။ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ဦးဆောင်ခဲ့သူ ဟိုဝါး ဒူဝါ ခွန်ဖုန်း Howa Duwa M.Hkun Hpung ၏ သား ဟိုဝါး ဒူဝါဇော်ဂမ် Howa Duwa Zau Gam အား ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်း၏ အမြင်များကို သိရှိနိုင်ရန် မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့သည်။

                                                          

ဆက်လက်ဖတ်ရှု့ရန်

January 11, 2013

ဒေါက်တာ ဇာနည် အင်တာဗျူး

Unknown | 1/11/2013 11:52:00 PM | Best Blogger Tips

မော်ကွန်းမဂ္ဂဇင်းနှင့်ဒေါက်တာဇာနည်အင်တာဗျူး, 28 Nov 2012

လက်ရှိမြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသည့်ပုံစံ၊ အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့်ဆက်ဆံ ရေး၊ မငြိမ်းချမ်းသေးသော မြန်မာပြည်မြောက်ပိုင်းကိစ္စ၊ စိုးရိမ်စရာ ရခိုင်ပြည်နယ်အရေးအစရှိသည် တို့နှင့်ပတ်သက်ပြီး မော်ကွန်းမဂ္ဂဇင်းက မြန်မာ့ အရေးဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည်ကိုအင်တာဗျူး ထားပါသည်။ ဒေါက်တာဇာနည်သည် ဗြိတိန်နိုင်ငံ London School of Economics and Political Science မှ visiting သုတေသီတစ်ဦးပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး ရာတို့နှင့် ပတ်သက်လာပါကပြတ်ပြတ်သားသား၊ ဒိုးဒိုးဒေါက်ဒေါက်၊ စူးစူးရှရှ ဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ နိုင်ငံတကာမီဒီယာများတွင်လည်း ၄င်း၏အတွေးအမြင်၊ သုံးသပ်ချက်များကိုရေး သားနေသူတစ်ဦးလည်းဖြစ်သည်။ Free Burma Coalition ကို တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည်
ဆက်လက်ဖတ်ရှု့ရန်

December 12, 2012

ဒေါက်တာဇာနည်နဲ့  မော်ကွန်း မဂ္ဂဇင်း အင်တာဗျူး

Unknown | 12/12/2012 05:14:00 AM | Best Blogger Tips

 

"အုပ်ချုပ်သူတွေက တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲပြားတာတွေကို အမြတ်ယူပြီးတော့ နိုင်ငံရေးသွေးစုပ်မယ်ဆိုရင် ၁၀ နှစ်တစ်ခါ၊ ၁၅ နှစ်တစ်ခါ၊ နှစ် ၂၀ တစ်ခါဆိုသလိုပဲ တိုင်းပြည်မှာ စစ်ဘေးရော၊ ဘာသာရေးမီး ရော ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး။"

ဉာဏ်လင်းမေးမြန်းသည်

(မကြာမီ ထွက်ရှိလာတော့မည့် မော်ကွန်းမဂ္ဂဇင်း အမှတ် ၃ တွင်ပါရှိသော အင်တာဗျူးမှ ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။)


MAWKUN: ရခိုင်မှာ လူအုပ်စုနှစ်ခုကြားမှာ မုန်းတီးရေးတွေ တအားမြင့်မားနေတဲ့အချိန်မှာ တချို့ယူဆကြတာက ဘယ်လိုနည်းနဲ့မှ ဒီလူအုပ်စုနှစ်စုဟာ အရင်လို အနေအထားမျိုးပြန်နေလို့မရတော့ဘူး၊ အတူထားဖို့လည်း မသင့်တော့ဘူးဆိုပြီးတော့ ပြောကြတယ်။ တချို့ကပြောတာက အချိန်ကာလတစ်ခု ကို ဖြတ်သန်းပြီးတဲ့ အခါမှာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိလာ တဲ့အခါကျရင် အရင်လို အနေအထားမျိုး ပြန်ပြီး ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ အဲဒီပေါ်မှာ ဘယ်လိုမြင် လဲခင်ဗျ။


Dr. Zarni: မြစ်ဝကျွန်းပေါ်ဒေသမှာ BIA/BDA ခေတ်က ဗိုလ်မိုးကြိုးနဲ့ တော်တော်နီးစပ်မှုရှိတဲ့ ဖက်ဆစ်ဂျပန်စစ် အရာရှိနှစ်ယောက်ကို ကရင်တွေဘက်က သတ်လိုက်တာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဗိုလ်မိုးကြိုးက တွေ့သမျှ ကရင်တွေကို အကုန်သတ်ဆိုပြီးတော့ အမိန့်ပေးခဲ့တာရှိတယ်။ BIA တပ်ကလည်းပါတယ်။ ဗိုလ်မိုးကြိုးရဲ့တပ်တွေလည်းပါတယ်။ ကရင်တွေကို အစုလိုက်၊ အပြုံလိုက်သတ်လိုက်ကြတယ်။

ဦးနုတက်လာတဲ့အချိန် ၁၉၄၉-၅၀ မှာလည်း ကရင်တွေနဲ့ ဗမာတွေနဲ့ တစ်ဘက်နဲ့ တစ်ဘက်သတ်ကြတာရှိတယ်။ ကိုယ်ဝန် ဆောင်ကိုသတ်ပြီး ဗိုက်ထဲကကလေးကို ဆွဲထုတ်တာတို့ အဲလောက်ထိအောင် ရက်ရက်စက်စက်သတ်ခဲ့တာတွေရှိပါ တယ်။

မုန်းတယ်ဆိုတာ တစ်သက်လုံးမုန်းဖို့ဆိုတာမဖြစ်ပါဘူး။ ကျွန်တော်တို့က ဗုဒဘာသာတွေနော်။ ချစ်တာတို့၊ မုန်းတာ တို့ဟာ မြဲတဲ့ကိစ္စတွေမဟုတ်ဘူး။
တစ်ယောက်နဲ့တစ်ယောက်နေလို့ မရဘူးဆိုတာက ၀င်ပြီးတော့ တွန်းကြတာပေါ့ဗျာ။

ရခိုင်တွေအားလုံးနဲ့ မူဆလင်တွေ အကုန်လုံး ဖြစ်တာမဟုတ်ပါဘူး။ ကောင်းတဲ့ရခိုင်တွေအများကြီးရှိတယ်။ ဆိုးတဲ့ ရိုဟင်ဂျာတွေလည်း အများကြီးရှိ တယ်။ ကောင်းတဲ့ရိုဟင်ဂျာတွေလည်းရှိတယ်။ ဆိုးတဲ့ရခိုင်တွေလည်းရှိတယ်။ ဖြစ်ခဲ့တာတွေက အလွန်ကိုဝမ်းနည်းစရာ ကောင်းတယ်။

၁၉၃၀ နာဇီဂျာမနီလိုပုံစံမျိုးအထိ ဖြစ်လာတယ်ဆိုတာက ဘေးကနေပြီး သွေးထိုးတာတွေပါတယ်။ မြှောက်ပေးတာတွေပါ တယ်။ အဲတော့ စနစ်တကျ အချိန်ယူပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် နောက် ၁၀ နှစ်၊ ၁၅ နှစ်မှာ ပြေလည်ပြီးတော့ ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့အနေအထားမျိုး ရောက်သွားဖို့ အလားအလာရှိပါတယ်။

အမေရိကန်နိုင်ငံကိုပဲကြည့်လိုက်။ လူမည်းတွေကို ကျွန်လုပ်ထားတာကနေပြီးတော့ ဒီကနေ့အချိန်မှာ လူမည်းသွေး တစ်ဝက်ပါတဲ့ သမ္မတကနေပြီးတော့ လူဖြူအများစုဖြစ်တဲ့နိုင်ငံမှာ သမ္မတက်လုပ်နိုင်တဲ့အနေအထားမျိုး။

ကြီးတဲ့အမှုကိုငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်တာမဟုတ်ဘဲနဲ့ ငယ်တဲ့အမှုကိုကြီးအောင်၊ ကြီးတဲ့အမှုကို တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်အောင် လုပ်တဲ့အစိုးရမျိုးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး သင့်သင့်မြတ် မြတ်နေလို့ရမလဲ။

ဘယ်လိုအစိုးရမျိုးက တိုင်းပြည်ကို အုပ်ချုပ်တာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ တိုင်းရင်းသားတွေအချင်းချင်း ချစ်ချစ်ခင်ခင်နေမှာလား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက်နဲ့ နားလည်မှုယူထားပြီးတော့ သင့်သင့်မြတ်မြတ် နေမှာလားဆိုတဲ့မေးခွန်းကို အဖြေပေးလို့ရမယ်။

အုပ်ချုပ်သူတွေက တစ်ယောက်နဲ့တစ်ယောက် အမြင်ကွဲပြားတာတွေကို အမြတ်ယူပြီးတော့ နိုင်ငံရေးသွေးစုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဆယ်နှစ်တစ်ခါ၊ ၁၅ နှစ်တစ်ခါ၊ နှစ် ၂၀ တစ်ခါဆိုသလိုပဲ တိုင်းပြည်မှာ စစ်ဘေးရော၊ ဘာသာရေးမီး ရော ဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး။


MAWKUN: ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကိုကော ဘယ်လိုခွဲခြမ်းစိတ်ဖြာချင်လဲ။ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာကတည်းက သူဘာတွေ လုပ်နိုင်ခဲ့လဲဗျ။

Dr. Zarni: ကချင်ပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ နောက်ဆုံး ဒီရိုဟင်ဂျာတွေ ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာနေတဲ့လူပဲဖြစ် ဖြစ်၊ ပြည်ပမှာနေတဲ့လူပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်လွတ် မြောက်ရေးကို တစ်ချိန်လုံး တောင်းဆိုပြီးတော့ ထောက်ခံပြီးတော့၊ ဘာသာစုံ မေတ္တာပို့ပြီးတော့ နေခဲ့ကြတာ။

ဒေါ်အောင်ဆန်းစုကြည် သက်တော် ရာကျော်ရှည်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေဆိုပြီးတော့ သူ့ပုံကို အင်္ကျီမှာရိုက်ပြီး ၀တ်တဲ့သူ လည်းရှိတယ်။ ဘုရားစင်မှာ ကပ်ထားတဲ့လူလည်းရှိတယ်။ အားလုံးက သူ့ဘက်မှာ မားမားမတ်မတ်ရပ်တည်လာကြတယ်။

သူလွတ်လာပြီးတော့ အစိုးရက သူ့ကို နိုင်ငံရေးအရ လူရာသွင်းတဲ့အချိန်၊ အနောက်နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆက်ဆံ ပြီး သူ့ကို တစ်ကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံတဲ့အချိန်မှာ လူမျိုးစုတွေရဲ့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မတူတာက သူတို့တတွေ ဒုက္ခရောက်ပြီး မိုးထဲရေထဲရောက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် က သူနဲ့မဆိုင်သလိုနေတယ်။

ရခိုင်ပြည်နယ်မှာ နှစ်ဘက်စလုံးက တစ်ယောက်ကိုတစ်ယောက် သတ်နေဖြတ်နေကြတဲ့ အချိန်မှာ တစ်ဘက်ကိုဝင်ပြီးတော့ မားမားမတ်မတ်ရပ်ပေးလိုက်မယ်ဆိုရင် အဲဒီတစ်ဘက်ကို အားပေးအားမြှောက်ပြုရာ ကျမှာစိုးလို့ ရှောင်တယ်ပေါ့ဗျာ။

ဒါပေမဲ့ ကချင်မှာဖြစ်နေတဲ့ ပြဿနာက ကချင်တွေက နေပြည်တော်ကို ၀င်တိုက်၊ မန္တလေးကို သိမ်း၊ လားရှိုးကိုသိမ်း၊ ရန်ကုန်ကို တိုက်မယ်ဆိုတဲ့ အနေအထားမျိုးမှာဖြစ်နေတာမဟုတ်ဘူး။ အခုဖြစ်နေတာက ဗမာ့တပ်မတော် က ကချင်တွေ ရဲ့မြေကိုသွားပြီး သယံဇာတတွေကို သိမ်းကျုံးပြီးတော့ယူဖို့၊ နောက်တစ်ခါ တရုတ်ပြည်ရဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက် လိုင်းကို လုံခြုံမှုရှိဖို့၊ နောက်ပြီးတော့ သူတို့ဆီမှာရှိတဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေကို ၀င်ပြီးထိန်းချုပ်ဖို့၊ နောက်တစ်ခါ KIA ကို ဒူးထောက်အောင်လုပ်ဖို့ဆိုပြီးတော့ စစ်တပ်က ဟိုဘက်မှာရှိတဲ့၊ သူ့နေရာသူနေနေတဲ့ ကချင်တပ်ကို ကျူးကျော် စစ်လိုတိုက်နေတာ။

ဗမာစစ်တပ်က ကချင်ပြည်နယ်ကိုသွားပြီးတော့ တရားမျှတတဲ့၊ နိုင်ငံတော်အတွက် တိုက်နေတဲ့ စစ်မဟုတ်ဘူး။ ကချင်တပ် က ကျွန်တော်တို့တော့ ခင်ဗျားတို့နိုင်ငံမှာ မနေတော့ဘူးဆိုပြီး ခွဲထွက်ရေးအတွက် တိုက်နေတာမဟုတ်ဘူး။ အဲလိုအနေ အထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က တစ်ဘက်နဲ့တစ်ဘက် စစ်တိုက်နေတဲ့အချိန်မှာ ဘယ်ဘက်မှာမှ ၀င်မပါချင်ဘူး ဆိုတဲ့အခါကျတော့ ကချင်ဘက်က ခံစားကြရတာက ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို လုံးဝသံယောဇဉ်မရှိဘူး၊ နောက် solidarity (သွေးစည်းတဲ့ အနေအထားမျိုး) မရှိဘူးလို့ ခံစားရတယ်။

ဒေါ်အောင်ဆန်းစုကြည်က လွတ်လာတဲ့အခါမှာ ဘာလုပ်ပေးလဲဆိုတော့ တိုင်းပြည်အတွက် ဒီအချိန်ထိလုပ်ပေးခဲ့တာက နည်းပြီးတော့ ဦးသိန်းစိန်တို့အစိုးရအတွက် အကျိုးဖြစ်တဲ့အလုပ်တွေကိုပဲ ဒေါ်အောင်ဆန်းစုကြည်က လုပ်နေတယ်လို့ ကျွန်တော်က အဲလိုပဲသုံးသပ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေလို တိုင်းပြည်ကို စည်းစည်းလုံးလုံးဖြစ်အောင် ဦးဆောင်နိုင်မယ်လို့ အားလုံးက မျှော်လင့်ထားတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီ အာဏာရဖို့ကိစ္စ၊ သူကိုယ်တိုင် သမ္မတဖြစ်ဖို့ ကိစ္စကို နံပါတ်တစ် အရေးထားပြီးတဲ့အခါမှာ တိုင်းပြည်ကို သွေးချောင်းစီးတဲ့အနေအထားမျိုးမှာ သူနဲ့မဆိုင်သလို နေတဲ့အခါမှာကျ တော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမြင်ဘက်က ကြည့်မယ်ဆိုရင်တော့ သူဟာ အလွန်ကို ဆုံးရှုံးတယ်။

ရှေ့လာမယ့် အနှစ် ၂၀ လောက်မှာ လက်ရှိဗမာနိုင်ငံကို ပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် ဒီကာလကို သမိုင်းဆရာတွေက ဘယ်လိုရေးမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူပြည်သားတွေ အကုန်လုံးကို စည်းလုံးညီညွတ်မှုကို ပေးဖို့ အလားအလာရှိလျက်နဲ့ အဲဒီအခွင့်အရေးကို အဆုံးရှုံးခံတဲ့ နိုင်ငံရေးသမားလို့ပဲ သူ့ကိုသုံးသပ်လိမ့်မယ်လို့ ကျွန်တော် မြင်တယ်။

(ဆက်လက်ဖော်ပြပါမည်။)

မှတ်ချက်။ ။ အင်တာဗျူး အဖြေတွင်ပါရှိသော “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းမှာ အင်တာဗျူးဖြေသူ သုံးနှုန်းသည့်အတိုင်း အရင်းအတိုင်း ဖော်ပြခဲ့ခြင်းသာဖြစ်ပါသည်။
http://komoethee.blogspot.com.au/
http://thawthikho.blogspot.com/2012/12/blog-post_12.html
ဆက်လက်ဖတ်ရှု့ရန်

November 5, 2012

“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်” (KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် ဧရာဝတီ အင်တာဗျူး)

Unknown | 11/05/2012 03:25:00 AM | | Best Blogger Tips
                               
ကချင်လွတ်လပ်ရေးတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ–နန်းသီရိလွင်/ဧရာဝတီ)

“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”
KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် အင်တာဗျူး
(ဧရာဝတီဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။
ဆက်လက်ဖတ်ရှု့ရန်