.

xxx

June 27, 2013

Albany မှာ Hip Hop မရှိရင် အသက်မရှင်ချင်တဲ့ ကရင်လူငယ်လေး E.T.K (R4K Family)

Unknown | 6/27/2013 10:18:00 AM | Best Blogger Tips
Albany မှာ Hip Hop မရှိရင် အသက်မရှင်ချင်တဲ့ ကရင်လူငယ်လေး E.T.K (R4K Family)

.....................................................................................................

အော်ဘနီ(Albany)မြို့က ကရင်လူငယ်တွေဟာ စိန်ခေါ်မှုနဲ့ ပျော်ရွှင်မှုကို ပုံမှန်ဖြတ်သန်းနေရင်းကနေ မထင်မှတ်ပဲ မနက်ဖြန်များ စွာကို အားအင်အပြည်နဲ့ ချီတက်ဖို့ ရုတ်တရက် သက်ဝင်လှုပ်ရှား လာကြပါတယ်။ လောကကြီးအကြောင်းသင်ကြားဖို့ မေ့လျော့နေသူတချို့လည်း နိုးထလာကြပါတယ်။

ဒါတွေဟာ ဒီလူငယ်လေးတွေရဲ့ သွေးကြောထဲပျံ့နှံ့စိမ့်ဝင်နေတဲ့ hip hop ဂီတကို တစိုက်မတ်မတ် သီဆိုလိုက်စားနေတဲ့ သူတို့ရဲ့လူငယ်ရောင်းရင်းတဦး Albany မြို့ထဲ ရောက်ရှိလာတဲ့အခိုက်အတန့်မှာ
တွေ့မြင်နေရတဲ့ လှုပ်ရှားမှုပုံရိပ်တွေပဲ ဖြစ်ပါတယ်။

အဲဒီလူငယ်လေးက ဘယ်သူပါလဲ။ မှိန့်ဖျော့ဖျော့ Albany မြို့ပြရောင်ကို အရောင်ဆိုးပေးလိုက်တာ ဘယ်သူပါလဲ။ တနည်းအားဖြင့် အော်ဘနီကရင်လူငယ်တွေရဲ့ အားအင်တွေကို ရုတ်တရက် ဖြည့်ဆည်း ပေးလိုက်တာဘယ်သူပါလဲ။

ဒီလူငယ်လေးကတော့ hip hop မရှိရင် အသက်မရှင်ချင်ဘူးဆိုတဲ့၊ hip hop ဂီတကို ရူးသွပ်စွာ သီဆိုလိုက်စားနေတဲ့ E T K (ခေါ်) အဲသုဂ်ကျာ ပါပဲ။
R4K Family(Rap For Karen) အဖွဲ့တည်ဆာက်ထားတဲ့လူလည်း ဖြစ်ပါတယ်။

သူဟာဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မန်းဗလစိန်(ခေါ်) ဖူ့ခွဲကဘောင်ရဲ့ ရင်သွေးလေးတဦးလည်း ဖြစ်ပါတယ်။ လူငယ်လေးတဦးအနေနဲ့ ဂီတအပေါ်ခံယူချက်နဲ့ ကရင့်အမျိုးသားအပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားကို ပရိသတ်များ အကဲခတ်လို့ ရအောင် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး- အဲသောင်ကျာ အနေနဲ့ ဒီ hip hop ဂီတကို ဘယ်အချိန်က စတင် လေ့လာခဲ့ပါသလဲ။

ဖြေ - ကျွန်တော်အနေနဲ့ဒီ hip hop ဂီတလောကထဲကို အသက်15 နှစ် ကစပြီးဝင်ရောက်ခဲ့ပါတယ်၊ အစတုန်းက ဆိုဖို့လုပ်ဖို့တော့မလုပ်ဖြစ်ပါဘူး၊ ဒါပေမဲ့ hip hop အ၀တ်အစားကိုစ၀တ်ပြီး Break Dance အကတွေစကပါတယ်။ ၂ နှစ်လောက်ကြာသွားပြီးမှ သီချင်းစလုပ်ပါတယ်၊ hip hop ၊ rap တစ်ခုထဲဘဲမဟုတ်ပါဘူး၊ Break Dance,DJ,Graffiti and Rap အဲဒီအားလုံးကလည်း Hip Hop တွေပဲမို့ အားလုံးလုပ်ဖြစ်ခဲ့ပါတယ်။

မေး- hip hop အပြင် တခြား pop တို့ Rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးရှိပါသလား။

ဖြေ - hiphop အပြင် တခြား pop တို့ rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးမရှိပါဘူးဗျာ၊ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ ဒီကရင်သီးချင်းလောကဂီတမှာ pop တို့ rock တို့ ဆိုတဲ့လူလဲများများရှိထားပြီးဆိုတော့
hip hop ဘက်ကများများ မရှိသေးပါဘူးဆိုလေ၊ ဒါကြောင့် ကျွန်တော်ဘက်က hip hop ဘက်ကဘဲ အမြဲတမ်းလုပ်သွားဖို့ပဲ စိတ်ကူးရှိပါတယ်။

မေး- အခု အဲသောင်ကျာ သီဆိုထားတဲ့သီချင်းတွေ youtube ပေါ်မှာ ပရိသတ်တွေ တော်တော်များများ အားပေးတာကို တွေ့ရပါတယ်။ အဲဒီအပေါ်ရော အားရကျေနပ်မှု ရှိပါသလား။

ဖြေ - အားရပ်ကျေနပ်မှု ရှိလားဆိုတော့ ရှိပါတယ်ဗျာ၊ ဒါပေမဲ့ အားပေးတဲ့ လူရှိပြီး တိုက်ဖျက်တဲ့လူလည်း ပါတယ်ဗျာ၊ ဒါပေမဲ့ အားနည်းချက်လည်း ရှိပါတယ်၊ ကျွန်တော် ဒီထက် လူတွေအားပေး ကျေနပ်မှုရှိအောင် ဆက်ပြီး ကြိုးစားလုပ်ပါ့မယ်၊ ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေကို ကျွန်တော့် R4K Family အဖွဲ့က အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

မေး - ဒါဆိုရင် E.T.K က R 4 K အဖွဲ့ တည်ဆောက်ထားတဲ့လူငယ်တဦးအနေနဲ့ R4K ရဲ့ အဓိပ္ပါယ်နဲ့ အဖွဲ့ရဲ့ အကြောင်းကို နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ- ဟုတ်ကဲ့ပါ ကျွန်တော် R4K Family ကို ဖွဲ့ခဲ့ပါတယ်၊ စစလုပ်ချင်းတုန်းက အဖွဲ့ဖွဲ့ဖို့ အစီအစဉ်မရှိပေမဲ့ တစ်နှစ်လောက်ကြာသွားတဲ့အခါ တယောက်ထဲဆိုတော့ ငြီးငွေ့လာပါတယ်၊ ဒါကြောင့် သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးတော့ သူတို့တွေလည်း လှိုက်လှိုက်လှဲလှဲ ရှိတဲ့အတွက် စဖွဲ့ဖြစ်ပါတယ် ။
တကယ်တော့ အဖွဲ့စလုပ်တုံးက R4K နာမည်တော့မပေးထားပါဘူး၊ Angel HiP လို့ပေးထားပါတယ်၊ နောက်ပြီးမှ အွန်းလိုင်းပေါ်မှာ သူငယ်ချင်းမတစ်ယောက်နဲ့သိကျွမ်းပြီး R4K နဲ့ အဖွဲ့နာမည်ပေးဖို့ အကြံပြုပါတယ်။ ကျွန်တော်လည်း စိတ်ကြိုက်တွေ့တာနဲ့ ပြောင်းလိုက်ပါတယ်။

R4K က ဘာအဓိပ္ပါယ်လဲဆိုတော့ Rap For Karen ကရင်တွေအတွက်ပါပဲ၊ ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်နော်တို့လုပ်တဲ့ HipHop သီချင်းတွေက လက်ရှိခေတ်ရဲ့အခြေအနေတွေကို ထင်ဟပ်စေတဲ့ ကရင်အမျိုးသားအားလုံးအတွက်ပေါ့၊ R4K Family မှာ ပါဝင်တဲ့သူတွေများပေမဲ့ တကယ်တမ်းသီချင်းဆိုဖြစ်တဲ့လူက လေးယောက်ငါးယောက်လောက်ဘဲရှိပါတယ်၊ ကျန်တဲ့လူတွေက သီဆိုဖို့မရှိပါသေးဘူး ဒီလေးယောက်ငါးယောက် က တော့ သာအွာ(T.A) သာအဲဆိုဒ်(Lil' Pok) အဲယှူး(E.S) အဲသမော့(E.T.K) နှင့် ယှးဖောင်ယှူး(ShooMayne)ပါဘဲဗျာ။

မေး- အခု ထုတ်မဲ့သီချင်းတွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ကြားသိရတယ်။ နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ - အင်း ဟုတ်ပါတယ်ဗျာ အကောင်းဆုံးဖြစ်အောင်တော့ကျွန်နော်ကြိုးစားအားထုတ်ထားတယ်၊
အခု တစ်ယောက်ထဲ solo တခွေက ဘယ်နေ့ဘယ်ရက်ထွက်ဖြစ်မယ်ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။ အချိန်ယူပြီး လုပ်နေပါတယ်။

မေး- ဒီဂီတကို ဘယ်လို လေ့လာသင်ယူခဲ့ပါသလဲ။ ဆိုလိုတာက ဒီ Music ကို ဖန်တီးနိုင်ဖို့အတွက် သင်ကြားပေးတဲ့ ဆရာတွေရော ရှိပါသလား။

ဖြေ - ပြောလိုက်ရင်ဆိုတော့ဒီအခြအနေအထိ ရောက်လာဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး၊ မကောင်းတဲ့လမ်းတွေ၊ ပြသနာတွေ အများကြီးကြုံခဲ့ရပါတယ်။ သင်ယူတာက အွန်လိုင်းထဲမှာရော နောက်ပြီး လုပ်တတ်တဲ့ ကျွန်တော့်ထိုင်းသူငယ်ချင်းတွေရော နောက်ပြီး သူများတွေလုပ်တာလိုက်ပြီးနားထောင် လိုက်လုပ် အဲဒီနဲ့ တစ်ဆင့်ပြီး တစ်ဆင့် တတ်လာပါတယ်ဗျာ။

မေး- ခေတ်ရေစီးကြောင်းက အမြဲတမ်း စီးဆင်းနေတော့ ဒီ ဟစ်ဟော့ဂီတက ရေရှည် ရှင်သန်နိုင်ပါ့မလား။

ဖြေ - ကျွန်တော့်အနေနဲ့ ဒီဟစ်ဟော့က တစ်ဆင့်ပြီးဆစ်ဆင့် တိုးတက်လာဖို့ဘဲရှိသွားမယ်လို့ ယုံကြည်ပါတယ်။ လူသားတွေရှိနေသရွေ့ ဒီဟစ်ဟော့က ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။
ဒီဟစ်ဟော့မရှိရင် အသက်မရှင်ချင်ပါဘူးဗျာ။

မေး- နိုင်ငံတကာမှာ ကရင်လူငယ်တွေတော်တော်များများ ရောက်ရှိနေကြပြီပေါ့နော်။ ဒီလူငယ်တွေကိုရော စကားလက်ဆောင်ပါးခဲ့ပေးပါဦး။

ဖြေ - အင်း ပြောချင်တာက ကျွန်တော်တို့ ကရင်လူငယ်တွေအားလုံး ကိုယ်ဘာကြိုက်သလဲ ကိုဘာချစ်လဲ ကိုယ်ဘာဝါသနာပါလဲ စိတ်အားထက်သန်တဲ့လိုင်းတခုခုကို ရွေးချယ်ပါ။ လုပ်သွားပါ ။တကယ်လို့ ဒီလမ်းက လဲကျသွားလို့ရှိရင် ပြန်ထပြီး ပန်းတိုင်ကို ရောက်အောင်းသွားပါ။ တွေ့ကြုံရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို
နောက်မဆုတ်တမ်း ရင်ဆိုင်ကျော်လွှားပါ။ ဒီပန်းတိုင်လမ်းက အစဉ်မဖြောင့်ဖြူးတော့ အားမာန်အပြည့်နဲ့ သွားမှ လိုရာခရီးကို ရောက်မှာပါ။ "Don't Let Your Dream Just Be A Dream" လို့ နောက်ဆုံးပြောချင်ပါတယ်။

အော်ဘနီ(Albany)မြို့က ကရင်လူငယ်တွေဟာ စိန်ခေါ်မှုနဲ့ ပျော်ရွှင်မှုကို ပုံမှန်ဖြတ်သန်းနေရင်းကနေ မထင်မှတ်ပဲ မနက်ဖြန်များ စွာကို အားအင်အပြည်နဲ့ ချီတက်ဖို့ ရုတ်တရက် သက်ဝင်လှုပ်ရှား လာကြပါတယ်။ လောကကြီးအကြောင်းသင်ကြားဖို့ မေ့လျော့နေသူတချို့လည်း နိုးထလာကြပါတယ်။

ဒါတွေဟာ ဒီလူငယ်လေးတွေရဲ့ သွေးကြောထဲပျံ့နှံ့စိမ့်ဝင်နေတဲ့ hip hop ဂီတကို တစိုက်မတ်မတ် သီဆိုလိုက်စားနေတဲ့ သူတို့ရဲ့လူငယ်ရောင်းရင်းတဦး Albany မြို့ထဲ ရောက်ရှိလာတဲ့အခိုက်အတန့်မှာ
တွေ့မြင်နေရတဲ့ လှုပ်ရှားမှုပုံရိပ်တွေပဲ ဖြစ်ပါတယ်။

အဲဒီလူငယ်လေးက ဘယ်သူပါလဲ။ မှိန့်ဖျော့ဖျော့ Albany မြို့ပြရောင်ကို အရောင်ဆိုးပေးလိုက်တာ ဘယ်သူပါလဲ။ တနည်းအားဖြင့် အော်ဘနီကရင်လူငယ်တွေရဲ့ အားအင်တွေကို ရုတ်တရက် ဖြည့်ဆည်း ပေးလိုက်တာဘယ်သူပါလဲ။

ဒီလူငယ်လေးကတော့ hip hop မရှိရင် အသက်မရှင်ချင်ဘူးဆိုတဲ့၊ hip hop ဂီတကို ရူးသွပ်စွာ သီဆိုလိုက်စားနေတဲ့ E T K (ခေါ်) အဲသုဂ်ကျာ ပါပဲ။
R4K Family(Rap For Karen) အဖွဲ့တည်ဆာက်ထားတဲ့လူလည်း ဖြစ်ပါတယ်။

သူဟာဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ မန်းဗလစိန်(ခေါ်) ဖူ့ခွဲကဘောင်ရဲ့ ရင်သွေးလေးတဦးလည်း ဖြစ်ပါတယ်။ လူငယ်လေးတဦးအနေနဲ့ ဂီတအပေါ်ခံယူချက်နဲ့ ကရင့်အမျိုးသားအပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားကို ပရိသတ်များ အကဲခတ်လို့ ရအောင် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး- အဲသောင်ကျာ အနေနဲ့ ဒီ hip hop ဂီတကို ဘယ်အချိန်က စတင် လေ့လာခဲ့ပါသလဲ။

ဖြေ - ကျွန်တော်အနေနဲ့ဒီ hip hop ဂီတလောကထဲကို အသက်15 နှစ် ကစပြီးဝင်ရောက်ခဲ့ပါတယ်၊ အစတုန်းက ဆိုဖို့လုပ်ဖို့တော့မလုပ်ဖြစ်ပါဘူး၊ ဒါပေမဲ့ hip hop အ၀တ်အစားကိုစ၀တ်ပြီး Break Dance အကတွေစကပါတယ်။ ၂ နှစ်လောက်ကြာသွားပြီးမှ သီချင်းစလုပ်ပါတယ်၊ hip hop ၊ rap တစ်ခုထဲဘဲမဟုတ်ပါဘူး၊ Break Dance,DJ,Graffiti and Rap အဲဒီအားလုံးကလည်း Hip Hop တွေပဲမို့ အားလုံးလုပ်ဖြစ်ခဲ့ပါတယ်။

မေး- hip hop အပြင် တခြား pop တို့ Rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးရှိပါသလား။

ဖြေ - hiphop အပြင် တခြား pop တို့ rock သီချင်းတို့ကို သီဆိုဖို့ စိတ်ကူးမရှိပါဘူးဗျာ၊ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ ဒီကရင်သီးချင်းလောကဂီတမှာ pop တို့ rock တို့ ဆိုတဲ့လူလဲများများရှိထားပြီးဆိုတော့
hip hop ဘက်ကများများ မရှိသေးပါဘူးဆိုလေ၊ ဒါကြောင့် ကျွန်တော်ဘက်က hip hop ဘက်ကဘဲ အမြဲတမ်းလုပ်သွားဖို့ပဲ စိတ်ကူးရှိပါတယ်။

မေး- အခု အဲသောင်ကျာ သီဆိုထားတဲ့သီချင်းတွေ youtube ပေါ်မှာ ပရိသတ်တွေ တော်တော်များများ အားပေးတာကို တွေ့ရပါတယ်။ အဲဒီအပေါ်ရော အားရကျေနပ်မှု ရှိပါသလား။

ဖြေ - အားရပ်ကျေနပ်မှု ရှိလားဆိုတော့ ရှိပါတယ်ဗျာ၊ ဒါပေမဲ့ အားပေးတဲ့ လူရှိပြီး တိုက်ဖျက်တဲ့လူလည်း ပါတယ်ဗျာ၊ ဒါပေမဲ့ အားနည်းချက်လည်း ရှိပါတယ်၊ ကျွန်တော် ဒီထက် လူတွေအားပေး ကျေနပ်မှုရှိအောင် ဆက်ပြီး ကြိုးစားလုပ်ပါ့မယ်၊ ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေကို ကျွန်တော့် R4K Family အဖွဲ့က အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

မေး - ဒါဆိုရင် E.T.K က R 4 K အဖွဲ့ တည်ဆောက်ထားတဲ့လူငယ်တဦးအနေနဲ့ R4K ရဲ့ အဓိပ္ပါယ်နဲ့ အဖွဲ့ရဲ့ အကြောင်းကို နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ- ဟုတ်ကဲ့ပါ ကျွန်တော် R4K Family ကို ဖွဲ့ခဲ့ပါတယ်၊ စစလုပ်ချင်းတုန်းက အဖွဲ့ဖွဲ့ဖို့ အစီအစဉ်မရှိပေမဲ့ တစ်နှစ်လောက်ကြာသွားတဲ့အခါ တယောက်ထဲဆိုတော့ ငြီးငွေ့လာပါတယ်၊ ဒါကြောင့် သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီးတော့ သူတို့တွေလည်း လှိုက်လှိုက်လှဲလှဲ ရှိတဲ့အတွက် စဖွဲ့ဖြစ်ပါတယ် ။
တကယ်တော့ အဖွဲ့စလုပ်တုံးက R4K နာမည်တော့မပေးထားပါဘူး၊ Angel HiP လို့ပေးထားပါတယ်၊ နောက်ပြီးမှ အွန်းလိုင်းပေါ်မှာ သူငယ်ချင်းမတစ်ယောက်နဲ့သိကျွမ်းပြီး R4K နဲ့ အဖွဲ့နာမည်ပေးဖို့ အကြံပြုပါတယ်။ ကျွန်တော်လည်း စိတ်ကြိုက်တွေ့တာနဲ့ ပြောင်းလိုက်ပါတယ်။

R4K က ဘာအဓိပ္ပါယ်လဲဆိုတော့ Rap For Karen ကရင်တွေအတွက်ပါပဲ၊ ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်နော်တို့လုပ်တဲ့ HipHop သီချင်းတွေက လက်ရှိခေတ်ရဲ့အခြေအနေတွေကို ထင်ဟပ်စေတဲ့ ကရင်အမျိုးသားအားလုံးအတွက်ပေါ့၊ R4K Family မှာ ပါဝင်တဲ့သူတွေများပေမဲ့ တကယ်တမ်းသီချင်းဆိုဖြစ်တဲ့လူက လေးယောက်ငါးယောက်လောက်ဘဲရှိပါတယ်၊ ကျန်တဲ့လူတွေက သီဆိုဖို့မရှိပါသေးဘူး ဒီလေးယောက်ငါးယောက် က တော့ သာအွာ(T.A) သာအဲဆိုဒ်(Lil' Pok) အဲယှူး(E.S) အဲသမော့(E.T.K) နှင့် ယှးဖောင်ယှူး(ShooMayne)ပါဘဲဗျာ

No comments: