.

xxx

October 13, 2013

လွတ်လပ်ရေး နှစ်မျိုးနှင့် ဗမာပြည်

Unknown | 10/13/2013 04:04:00 AM | Best Blogger Tips

 


 
ကရင့် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် ဒေါက်တာ တီမိုသေ (Timothy)
ဓါတ်ပုံ - (ရွှေဟင်္သာ)

ကရင့် ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) သည် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် KNU မှ ခွဲထွက်
ခဲ့ပါသည်။ ၄င်းတို့ ခွဲထွက် လာပြီး နောက်ပိုင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။
၎င်းတို့ ဘာကြောင့် KNU မှ ခွဲထွက်ခဲ့ရတာလဲ ?
ငြိမ်းချမ်းရေးသဘောထားနှင့် ကရင့်အမျိုးသား ရင်ကြားစေ့ရေးအတွက် ဘယ်လိုသဘောထားပြီး ဘာတွေ
ဆောင်ရွက်နေတာလဲ ?
စသည်များအား သိရှိနိုင်ရန် ကရင့် ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးချုပ်လည်းဖြစ် ဒေါက်တာတဦးလည်းဖြစ်
သူ တီမိုသေ (Timothy) အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

KNU/KNLA သည် KNU တပ်မဟာ (၇) တပ်မဟာ မှူးဟောင်း ဗိုလ်ချုပ် ဌေမောင်က ဦးဆောင်ခဲ့ပါသည်။
၎င်းတို့သည် ကရင်ပြည်နယ် မြ၀တီခရိုင်မြောက်ပိုင်းတွင် အခြေချနေထိုင်ပြီး ဆက်လက်လှုပ်ရှားနေပါ
သည်။ ကရင့်အမျိုးသားလွတ်မြောက်မှုနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ပြီး ဖြစ်ပေါ်လာ
ခဲ့သမျှ အခြေအနေများကို ပွင့်လင်းစွာတင်ပြပြီး အဖြေရှာလာခဲ့သည့် အဖွဲ့ဖြစ်ပါသည်။
ဤသို့ကြောင့် ဖြစ်လာခဲ့သမျှကို သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။

မေး - KNU အဖွဲ့ကနေ ဘာကြောင့် ကွဲသွားပါသလဲ ?

ဖြေ - သမိုင်းကြောင်းနဲ့ ယှဉ်ပြီးတော့ ပြောပြချင်ပါတယ်။
ကရင်တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ အင်မတန်ကို ရှုတ်ထွေးလာခဲ့ပါတယ်။
အဲဒီမေးခွန်းကို ဖြေဆိုရမယ်ဆိုရင် KNU အချင်းချင်းကွဲသွားရတာက ကရင်မျိုးချစ်တွေက ငြိမ်းချမ်းစွာ ဆန္ဒ
ပြတဲ့သဘောပါဘဲ။
အရင်တုန်းကဆိုရင် မန်းဘစံဦးဆောင်တဲ့ ကွန်မြူနစ်လိုင်းနဲ့ စောဘဦးကြီး ဦးဆောင်တဲ့ KNUလိုင်း ဆိုပြီး
ကရင်တွေ နှစ်ဖွဲ့ကွဲသွားခဲ့ဘူးပါတယ်။
အဲဒီအချိန်တုန်းကဆိုရင် နှစ်ဖွဲ့ကွဲတယ်ဆိုပေမယ့် ရန်သူလိုသဘောမထားကြပါဘူး။
တစ်ဖွဲ့က တိုးတက်အောင်မြင်ရင် တဖွဲ့ကနောက်လိုက်မယ်ဆိုတဲ့ သဘောထားမျိုးတွေနဲ့ ပြောဆိုပြီးသဘော
တူညီချက် ယူကြပါတယ်။ လမ်းစဉ်ပြဿနာအကွဲအပြဲဆိုရင် မမှားပါဘူး။
နောက်ပိုင်းမှာ ကွန်မြူနစ်တွေအခြေခံတဲ့ ပဲခူးရိုးမအခြေခံနယ်တွေ ကျဆုံးလာတဲ့အခါကျတော့ ကွန်မြူနစ်
လိုင်းက လူတွေဟာ အရှေ့ရိုးမကိုလာပြီးတော့ KNU နဲ့ ပြန်ပေါင်းကြပါတယ်။
အဲဒီတုန်းကဆိုရင် ၁၉၇၉ ခုနှစ်ကပေါ့ KNU မှာက ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)
ဆိုတဲ့ စစ်တပ်ပဲရှိပါတယ်။
ပြီးတော့တခါ အဲဒီအချိန်က KNLA တပ်ဖွဲ့ထဲမှာ တဖွဲ့ထဲဆိုပေမယ့် ပြန်လည်ပေါင်းစည်း ပြီးတဲ့နောက်ပိုင်းမှာ
စစ်တပ်လိုင်းနဲ့ အုပ်ချုပ်ရေးလိုင်းဖြစ်တဲ့ ပဒိုလိုင်းဆိုပြီး ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအချိန်မှာ အုပ်ချုပ်ရေးဘက်က ပဒိုလိုင်းတွေကို အထူးအခွင့်အရေးရတဲ့အုပ်စုဆိုပြီး စစ်တပ်ဘက်က စွပ်
စွဲတဲ့အတွက် စစ်တပ်လိုင်းနဲ့ ပဒိုလိုင်းတွေကြား ဆက်ဆံရေးအဆင်မပြေခဲ့ပြန်ပါဘူး။
အဲဒီလို စစ်တပ်နဲ့ ပဒိုကြားမှာ မညီမျှမှုတွေရှိလာတယ်။
ကွန်မြူနစ်ကနေ KNU ကို လာပေါင်းတဲ့အခါမှာ အများစုဟာ နိုင်ငံရေးလိုင်းက ပဒိုတွေဖြစ်နေပြန်ပါတယ်။ ဒီတော့ ၈၈အရေးအခင်းနောက်ပိုင်းမှာ နိုငံရေးလိုင်းကလူတွေ ပိုမိုရှင်သန်လာတယ်လို့ ဆိုရပါလိမ့်မယ်။
အဲဒီတော့ KNU အဖွဲ့ထဲမှာ နိုင်ငံရေးလိုင်းက စစ်ရေးလိုင်းကို ဖုံးအုပ်သွားသလို ဖြစ်ခဲ့တဲ့အတွက် နိုင်ငံရေး
လိုင်းသမားတွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရမယ်ဆိုပြီး ပေါ်လာခဲ့တယ်။
စစ်ရေးလိုင်းသမားတွေကတော့ အမျိုးသားရေးလိုင်းဖြစ်တဲ့အတွက် စစ်သားတွေကိုမေးကြည့်ပါ။
ဘာလို့စစ်တိုက်နေသလဲ ငါတို့ ကရင်လူမျိုးလွတ်မြောက်ဖို့အတွက်နဲ့ တန်းတူအခွင့်အရေးရဘို့ ကရင်လူမျိုး
အဖြစ် အသိအမှတ်ပြုခံရဖို့နဲ့ ကရင်ရှေ့ရေးအတွက် ကရင်ပြည်ကို ကရင်အုပ်ချုပ်ခွင့်ရဘို့အတွက် စစ်တိုက်
တယ်လို့ပဲ ပြောပါတယ်။
အဲဒီ အယူအဆသဘောထားနဲ့ဘဲ ကရင်ငြိမ်းချမ်းရေးကောင်စီက ဗိုလ်ချုပ် ဌေမောင်ကို ဗိုလ်ချုပ်မြမဆုံးခင်
ပြောထားတာက တော်လှန်ရေးဆိုတာက အမျိုးသားရေးကဏ္ဍနဲ့ပဲ ပေါ်ပေါက်လာတဲ့အတွက်ကြောင့် အမျိုး
သားရေးကဏ္ဍနဲ့ပဲလုပ်ပါ ဆိုပြီး မှာကြားခဲ့ပါတယ်။

ဒီတော့ စဉ်းစားစရာ ဖြစ်လာတာက -
( ၁) KNU ရဲ့ ကိုယ်ပိုင်မူက နိုင်ငံရေး မူလား၊ အမျိုးသားရေး မူလား ? ကိုယ်ဘယ်လမ်းကိုသွားမယ် ဆိုတာ
ကို သေသေချာချာမသိသေးတာ ဖြစ်မယ်။
ရန်သူ အပိုင်းကို စဉ်းစားမယ်ဆိုရင်လည်း စစ်ရေးအရ အနိုင်ရဖို့အတွက်ဖြစ်တယ်လို့ ယူဆသူတွေနှင့် နိုင်ငံ
ရေးသမားတွေကြား ရည်ရွယ်ချက်တွေ မတူကြတော့တာ ဖြစ်လာတယ်။
(၂) ကျနော်တို့ အထဲမှာလည်း သူခေါင်းဆောင် လုပ်ချင်တယ်။ ကိုယ်ခေါင်းဆောင် လုပ်ချင်တယ် ဆိုတာနဲ့
ဘဲ အချိန်ကုန်နေကြတယ်။ ကရင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးကို အခြေမခံကြတော့ပဲ ငါဆိုတဲ့ မာန်မာနတွေရှိ
တဲ့အတွက်ကြောင့် ကွဲပြားလာတာဖြစ်တယ်။
(၃) KNU ထဲမှာလည်း ကောင်းတဲ့ခေါင်းဆောင်တွေရှိသလို မကောင်းတဲ့ခေါင်းဆောင်တွေလည်း ရှိပါတယ်။ အဲဒီတော့ စစ်မှန်တဲ့တရားမျှတမှုမရှိသလို အမှန်တရားအပေါ်မှာ မရပ်တည်ခဲ့ဘူး။ ကရင်အချင်းချင်း ပြန်
သတ်တဲ့သူတွေ၊ အပြစ်ရှိသူတွေကို အရေးမယူခဲ့ပါဘူး။
အရင်တုန်းကဆိုရင် DKBA မဖြစ်ခင်က ဗုဒ္ဓဘာသာ ကရင်တွေက အမှန်တရားတောင်းဆိုတယ်။ အဲဒီတုန်းက ဘုန်းကြီးကျောင်းတည်မယ့်နေရာမှာ သေးသွားပေါက်တာတို့ ဖျက်ဆီးတာတို့ လုပ်သလို ဘုန်း
ကြီးကို ခြေထောက်နဲ့သွားကန်တာမျိုးလည်း ကျနော် မြင်နေရတယ်။
ကျနော်က ခရစ်ယာန်ဆရာတစ်ယောက် အနေနဲ့ ဒါကမဖြစ်သင့်ဘူးလို့ ယူဆတယ်။
ဒါက အမှန်တရားအပေါ်မှာ မရပ်တည်ခဲ့လို့ ကွဲသွားကြတယ်။

အဲဒါတွေကြောင့် KNLA –PC ခွဲထွက်သွားရတာကလဲ နိုင်ငံရေးခေါင်းဆောင်နေရာမှာ တာဝန်ယူတဲ့သူတွေ
က KNLA စစ်သားအပေါ် နင်တို့ ငါတို့ အောက်မှာပဲနေရမယ်၊ သူတို့လုပ်ချင်တာတွေ လုပ်တယ် မလိုအပ်ပဲ
အာဏာသုံးတာတို့ တန်းတူညီမျှမှုမရှိတဲ့အတွက် အခုလို ကရင်တွေကွဲကွဲပြားပြားဖြစ်သွားရတယ်လို့ ခံယူပါ
တယ်။

ဆက်လက်ဖတ်ရှုရန်
http://www.phophtawnews.org/burmese/index.php/interview/item/775-2013-10-06-09-36-43.html

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၇နှစ်တုန်းက  ဗမာပြည်လွတ်လပ်ရေး မရခင်ကာလ ဖဆပလ ဂျာနယ် အတွဲ(၁)
အမှတ် (၃) မှာပါတဲ့ ဆောင်းပါးလေးတပုဒ်ကို  ဆက်လက်လေ့လာကြည့်ကြပါစို့

လွတ်လပ်ရေး နှစ်မျိုးနှင့် ဗမာပြည်

December 20, 1946

By မခင်စု

ကမ္ဘာ့ရာဇ၀င်ကို ခြုံ၍ကြည့်လျှင် တိုင်းပြည်ကြီးတွေသည်လည်းကောင်း တိုင်းငယ်ပြည်ငယ်လေးတွေသည်
လည်းကောင်း မိမိတို့လွတ်လပ်ရေးအတွက် တိုက်ခိုက်တော်လှန်မှုများကို အများအပြားတွေ့မြင်နိုင်ပေ
သည်။
လွတ်လပ်ရေးဆိုသောစကားမှာ သာမန်အားဖြင့် တမျိုးတည်းတသဘောထားလိုလိုရှိခဲ့သောလည်း သေချာ
စွာစိစစ်ချိန်၌ လွန်စွာခြားနားသော လွန်စွာခြားနားသော လွတ်လပ်ရေးနှစ်မျိုးကို တွေ့ရှိနိုင်လေသည်။

ပထမလွတ်လပ်ရေးကား လူတမျိုးကလူတမျိုးပေါ် စိုးမိုးချုပ်ချယ်ခြင်းဖြင့် ကျွန်ဘ၀ကိုရောက်နေရသောအ
ဖြစ်မှ စိုးမိုးသောလူမျိုးကိုတော်လှန်၍ မိမိတို့အစိုးရနှင့် မိမိတို့တည်ထောင်သည့် လွတ်လပ်ရေးမျိုး ဥပမ( )
တို့ စိုးမိုးမှုကိုတော်လှန်၍ လွတ်လပ်ရေးယူခဲ့သော အင်္ဂလန်ပြည်လွတ်လပ်ရေးမျိုး။ အင်ဒိုနီးရှားတို့ ဒတ်ခ်ျ
စိုးမိုးမှုကိုတော်လှန်ခဲ့သော လွတ်လပ်ရေးမျိုး။ အစရှိသောလွတ်လပ်ရေးမျိုးကား ကျွန်ဘ၀ကိုတော်လှန်
သောလွတ်လပ်ရေးမျိုးဖြစ်သည်။

ဒုတိယ်လွတ်လပ်ရေးကား သခင်ဘ၀တွင်ဖြစ် ကျွန်ဘ၀တွင်ဖြစ်စေ လူတတန်းစားက လူတတန်းစားကို ဖိ
နှိပ်လွန်း၍ တော်လှန်ပုန်ကန်ကာ လွတ်လပ်မှုကိုယူသော လူတန်းစားကိုတော်လှန်သောလွတ်လပ်ရေးမျိုး
ဥပမာ ရုရှားတွင် ရုရှားဇာဘုရင် အစိုးရဖြစ်လင့်ကစား လူတန်းစားလွတ်လပ်ရေးကား စိစိတွေးလေ သ
ဘောရေးအားဖြင့် လွန်စွာခြားနားလေသည်။

ကျွန်ဘ၀မှလွတ်မြောက်၍ လွတ်လပ်ရေးကိုရခဲ့သည်ဆိုသော်လည်း အရင်းရှင်စနစ်အရ အရင်းရှင်တစုသာ အကျိုးခံစားမှုရှိသော လွတ်လပ်ရေးမျိုးသာဖြစ်ခဲ့လျှင် မကြာမြင့်မှီနောက်ပိုင်းမှာ လူတန်းစားတော်လှန်မှု
များထပ်ကြပ်ပေါ်ပေါက်လာ၍ လူတန်းစားလွတ်လပ်ရေးကို အရယူကြမည်မှာမလွှဲမသွေနိုင်သော အ
ကြောင်းတရားပင်ဖြစ်လေသည်။

အင်္ဂလန်နိုင်ငံတွင် လွတ်လပ်သောသခင်နိုင်ငံပင်ဖြစ်လင့်ကစား လတန်းစားမလွတ်လပ်မှုအတွက် အလုပ်
သမား လယ်သမားပြဿနာများ အလုပ်လက်မဲ့ပြဿနာမကြေနပ်မှုများမှ ပေါက်ဖွားသော သပိတ်ပြဿနာ များဖြစ်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်ဘ၀မှလွတ်မြောက်သော်လည်း လူတန်းစားတိုက်ချုက်ရေး ကို တိုက်ခိုက်လျှက်ရှိနေသေးသည်မှာ မျက်မြင်ထင်ရှားဖြစ်သည်။

သို့သော်လည်း လူ့လောကဖြစ်စဉ်တို့သည် အစီအစဉ်အရသာ သွားကြသည်၊ လိပ်ပြာသည် လိပ်ပြာမတိုင်မှီ
ဥ။ ဥမှ ဖေါက်ဖတ်(ဘောက်ဖတ်)။ ဖေါက်ဖတ်မှ ပိုးလောင်း။ ပိုးလောင်းဘ၀မှသည် လိပ်ပြာဘ၀သို့ အစီအ
စဉ်အရသာ တိုးတက်ပြောင်းလွှဲသွားကြသည်။ တမူဟုတ်ချင်း ဥဘ၀မှသည် လိပ်ပြာကောင်သို့အတင်းသွတ်
သွင်းက ဥသာပျက်ဆီးမည်။ ကျွန်ုပ်တို့လိုလားသော လိပ်ပြာကောင်ကိုရမည်မဟုတ်။ လိပ်ပြာကောင်၏ ဘ
ဝပုန်ကန်မှုများသည်လည်း အစီအစဉ်အရသာ တော်လှန်ပုန်ကန်ကြသည်။

ထို့အတူမလွတ်လပ်သေးသော ကျွန်နိုင်ငံများသည်လည်း ကျွန်ဘ၀တည်းဟူသောဥမှသည် အုပ်ချုပ်သော
လူမျိုးကိုတော်လှန်၍ ကျွန်ဘ၀လွတ်မြောက်ရေးကိုအရယူရမည်၊ ထိုလွတ်လပ်ရေးကို အရယူပြီးမှ ထိုလွတ်
လပ်ရေးသည် လူတန်းစားအုပ်ချုပ်မှုရှိပါက လူတန်းစားလွတ်လပ်ရေးကို ဆက်လက်တိုက်ခိုက်ယူရမည်။
ထိုသို့ဖြစ်မှသာလျှင် ကြားလူမ၀င်နိုင်ပဲ မိမိတို့လုပ်ငန်းချောမောမည်ဖြစ်သည်။

ဗမာပြည်လွတ်လပ်ရေးတိုက်ခိုက်ရာတွင်လည်း  အချိန်မတိုင်သေးပဲနှင့် လွတ်လပ်ရေးလိုချင်သူတွေမြောက်
များစွာ ရှိကြသည်။ အင်စုအားစုနှင့် ကျွန်ဘ၀ကိုတော်လှန်၍ လွတ်လပ်ရေးကိုအရယူဘို့ရာ ပဌမဦးဆုံးအ
ရေးကြီးလှသည်။ လောလောဆယ် ဗမာ့နိုင်ငံရေးအခြေအနေကား ကျွန်ဘ၀လွတ်မြောက်ရေး တိုက်ခိုက်ရ
မည့်အချိန်တွင် လမစေ့သေးပဲနှင့် သားမွေးချင်သူများကား လွတ်လပ်ရေးအင်အားစုကို ပြိုကွဲအောင် တိုက်
ဖျက်နေကြသည်။

အင်္ဂလိပ်သည်ပရိယာယ်ဉာဏ်တွင် သူမတူအောင် ကျွမ်းကျင်လှသည်၊ အိန္ဒိယပြည်အား လွတ်လပ်ရေးပေး
အံ့ဆဲဆဲ လူမျိုးချင်းသွေးခွဲ၍ ကြားဝင်လိုက်ခြင်းဖြင့် အိန္ဒိယလွတ်လပ်ရေးမှာ နှောင့်နှေးခဲ့ရသည်၊ သို့သော်
အိန္ဒိယလို လူမျိုးရေးမသင့်မတင့်မှုကား ဗမာပြည်တွင်မရှိ။ ထို့ကြောင့် သူတို့ဝင်ရန် ကြားပေါက်ကြည့်နေ
သည်။

စစ်မျက်နှာတဘက်တည်းဖွင့်၍ ပဌမဆုံး ကျွန်ဘ၀လွတ်မြောက်ရေးကို တိုက်။ တိုက်ပြီးမှ လွတ်လပ်ရေးက
လူတန်းစားအုပ်ချုပ်မှုရှိလျှင် လူတန်းစားတော်လှန်မှုကို ဖန်တည်း။ ထိုသို့မဟုတ်က ကြားလူဝင်၍ လွတ်လပ်
ရေးသာ မျက်ခြေပြတ်တော့မည်ဖြစ်ကြောင်းကိုဗမာပြည်နိုင်ငံရေးသမားများ သတိချပ်သင့်လှသည်။

္ပဤကမ္ဘာလောကသည် အစီအစဉ်အရသာ ပြောင်းလဲကုန်သည်ဟု စာအုပ်ကြီးများဆိုသည့်အတိုင်း စာအုပ် ကြီးဆရာများ သတိချပ်သင့်လှသည်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေဒးရောက် ကရင်ဒုက္ခသည်တဦး)

No comments: