.
xxx
October 31, 2012
KNU အနေနဲ့ ကရင်မဟုတ်သူတွေရဲ့ စကားကို မယုံကြဖို့ ဦးပညာသာမိ မိန့်ကြား
Unknown | 10/31/2012 11:46:00 PM | | Best Blogger Tips
(တောင်ကလေးဆရာတော် ဦးပညာသာမိကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းထားတာတွေပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကရင်အမျိုးသားအစည်းအရုံးအပေါ် ထားရှိတဲ့ ဦးပညာသာမိရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာ ဖြစ်ပါတယ်။)
ဆက်လက်ဖတ်ရှု့ရန်
Photo to Cartoon
Unknown | 10/31/2012 10:23:00 PM | | Best Blogger Tips
Photo to Cartoon
ဓါတ်ပုံအဖြစ် ရိုက်လာတဲ့ ဓါတ်ပုံလေးတွေကို ကာတွန်းရေးဆွဲထားသလို ပြုလုပ်နိုင်တဲ့ ဆော့ဝဲလ်လေးပါ။ ခက်ခက်ခဲခဲ နည်းလမ်းတွေ မပါပါဘူး။ Make Panel လေးမှာ လုပ်ရုံပါ။ Photoshop ကို ဖွင့်ပြီး လုပ်စရာ မလိုတဲ့အတွက် အဆင်ပြေမှာပါ။ ဒီမှာ Download လုပ်ယူပါ။
ဆက်လက်ဖတ်ရှု့ရန်
ကွန်ပျူတာကို အလိုအလျောက် ပိတ်စေချင်ရင်
Unknown | 10/31/2012 10:19:00 PM | Best Blogger Tips
ကွန်ပျူတာကို အလိုအလျောက် ပိတ်စေချင်ရင် ကွန်ပျူတာကို မသုံးတော့ဘဲ အချိန်တွေမှာ  အလိုအလျောက် ပိတ်ပစ်ဖို့ စဉ်းစားနေပါ သလား။ ညအချိန်တွေမှာ ဗိုင်းရပ်စ် စတင် ဖတ်နေတာပဲ ဖြစ်ဖြစ်၊ စီဒီ၊ ဒီဗွီဒီခုတ်နေတာပဲ ဖြစ်ဖြစ် မစောင့်နိုင်တော့လို့ တိကျတဲ့ အချိန်သတ်မှတ်ပြီး ကွန်ပျူတာကို ဘယ်ဆော့ဖ်ဝဲ အကူအညီမှ မလိုဘဲ ပိတ်နိုင်တဲ့ နည်းရှိပါတယ်။(၁) ဝင်းဒိုးစ်မှ Start Button ကို နှိပ်ပြီး Run ကိုရွေးပါ။ ဒါမှမဟုတ် ကီးဘုတ်မှ Window+R ကိုနှိပ်ပါ။
(၂) Dialog Box ကျလာတဲ့အခါ shutdown.exe -s -t xxxx ကို ရိုက်ထည့်ပြီး ok နှိပ်လိုက်ပါ။
ဒီနေရာမှာ xxxx ဟာ ကွန်ပျူတာပိတ်ဖို့ အချိန်စက္ကန့်တန်ဖိုးကို ရည်ညွှန်းပါတယ်။ ဥပမာအားဖြင့် 1800 လို့ ရိုက်လိုက်တဲ့အခါ ကွန်ပျူတာဟာ အခုအချိန်က စလို့ နောက်စက္ကန့်ပေါင်း ၁၈၀၀ (မိနစ် ၃၀) ကြာရင် လက်ရှိ ဖွင့်ထားတဲ့ Application တွေကို ထိခိုက်မှု မရှိစေဘဲ ကွန်ပျူတာကို ပိတ်ပေးနိုင်ပါလိမ့်မယ်။
(၃) Ok နှိပ်ပြီးတဲ့အခါမှာ ကွန်ပျူတာကို ပိတ်ပေးမယ့် အချိန်ကို ပြသတဲ့ Message Box ကျလာပါလိမ့်မယ်။
(၄) Auto Shutdown လုပ်ဖို့ ကွန်ပျူတာကို ခိုင်းစေပြီးတဲ့အခါ စိတ်ပြန်လည်လာလို့ စောစောက ပေးထားတဲ့ Command ကို ပြန်ဖျက်ချင်တယ်ဆိုရင် Run Box မှာပဲ shutdown.exe -a ပြန်ရိုက်ထည့်ပြီး Ok လိုက်ပါ။ ဒီနည်းလမ်းဟာ ကွန်ပျူတာကို အော်တို ပိတ်ပစ်နိုင်တဲ့ ဗိုင်းရပ်စ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း အသုံးဝင်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်
Connectify v3.0
Unknown | 10/31/2012 05:40:00 PM | | Best Blogger Tips
ကျွန်တော် ဒီကောင်လေးကို အစ်ကိုတစ်ယောက်ကလည်း Laptop
ဆက်လက်ဖတ်ရှု့ရန်
October 30, 2012
Android GSM ဖုန်းများတွင် 3G ပြောင်းနည်း
Unknown | 10/30/2012 10:45:00 PM | | Best Blogger Tips
Gsmတွေမှာအင်တာနက်သုံးရင်အများစုက  E ဟုလို့ပဲပေါ်ပါတယ် ။ E နေရာမှာ H လို့ပေါ်လာမယ်ဆိုရင်လိုင်းပိုမြန်လာတယ်လို့တော်တော်များများကကျွန်တော့်ကိုပြောပြတယ် ။
အဲဒါကြောင့်ကျွန်တော်လဲစမ်းသုံးကြည့်လိုက်တော်တော်တော်လေးကိုကောင်းတယ်ဗျ
ပြောင်းနည်းလေးကတော့မခက်ပါဘူးထမင်းစားေ၇သောက်ထက်တောင်
လွယ်ပါသေးတယ်
ဘယ်လိုလုပ်ရမလဲဆိုတော့အရင်ဆုံးဒီမှာယူပါ
ပြီးရင်တော့ Setting ထဲကိုသွားပြီးတော့ WCDMA Only လို့ပြောင်းလိုက်ပါ ဒါပေမယ့် နေရာတိုင်းမှာတော့မရနိုင်ပါဘူး 3G ရတဲ့နေရာတွေမှာပဲ
အသုံးဝင်မှာပါ :(
ဆက်လက်ဖတ်ရှု့ရန်
ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို အချိန်မကုန်ပဲရှင်းလင်းနည်း
Unknown | 10/30/2012 05:02:00 PM | Best Blogger Tips
တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တချို့ ကို ပေးဆပ်ကြ ရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည် ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။
ဆက်လက်ဖတ်ရှု့ရန်
“Click တစ်ချက် ဖြင့် Root လုပ်နည်း”
Unknown | 10/30/2012 05:14:00 AM | | | Best Blogger Tips
ကျနော်တို့ ဖုန်းတွေ Tablets တွေသုံးစွဲသူတွေ တော်တော်များများ Root လုပ်တတ်ကြပါတယ် အဲဒီလို လုပ်တဲ့ အခါမှာ ကိုယ်က Root ဘယ်လို လုပ်ရလဲဆိုတာ သေချာမသိရင် အခက်အခဲလေးတွေရှိတတ်ပါတယ် အဲဒါကြောင့် အဲဒီအခက်အခဲလေးတွေကို ဖြေရှင်းဖို့ “Software မိတ်ဆက် “ အစီအစဉ်လေးကနေ Tool လေးတစ်ခု တင်ဆက်ပေးချင်ပါတယ် သူ့ကတော့ “Unlock Root Tool” လို့ခေါ်ပါတယ်
သူကဘယ်လိုအလုပ်လုပ်ပေးလဲဆိုတော့
-သူကို ကွန်ပျူတာမှာ သွင်းလိုက်ပါ
...
-ပြီးတာနဲ့ Autodetected Devices List ထဲကနေ ကို့ဖုန်းအမျိုးအစားကိုရွေးပေးလိုက်ပါ
-ပြီးတာနဲ့ Root ကိုနှိပ်လိုက်တာနဲ့ သူ့ဘာသာ အလိုအလျောက် Root လုပ်ပေးသွားပါလိမ့်မယ်
-ခဏနေတာနဲ့ အောင်မြင်စွာ Root လုပ်ပြီးသွား ပါပြီဆိုတဲ့ စာတမ်းလေးကိုမြင်ရမှာဖြစ်ပါတယ် (တစ်ခုရှိတာက ကို့ဖုန်းအမျိုးအစားက အဲဒီ autodetected Devices List ထဲမှာ ပါဖို့တော့လိုပါတယ်ခင်ဗျာ)
သူ့ကိုဒေါင်းချင်တယ်ဆိုရင်တော့ ဒီလင့်လေးမှာ ဒေါင်းနိုင်ပါတယ်ခင်ဗျာ
http://www.unlockroot.com/
(ကိုဖုန်းအမျိုးအစားပါမပါကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီလင့်လေးမှာ ကြည့်ရူနိုင်ပါတယ်ခင်ဗျာ)
http://www.unlockroot.com/unlockroot.php
ကျနော်တို့ပေ့ခ်ျမှ တစ်စုံတစ်ခုရသွားတယ်ဆိုရင် ကျေနပ်နေတဲ့
IT4M
ဆက်လက်ဖတ်ရှု့ရန်
Nokia Symbian Touch ဖုန်းတွေကို Myanmar Font& KBသွင်းကြရအောင်
Unknown | 10/30/2012 05:03:00 AM | | Best Blogger Tips
ကျွန်တော်တို့ ရဲ့နန်ကျဘုရင်ဖြစ်တဲ့ nokia symbian touch ဖုန်းတွေကို myanmar font& KBသွင်းကြရအောင် အရင်ဆုံ ဒီကောင်တွေသွင်းဖို့ ဖုန်းကိုအရင်hackရပါမယ်
tempfiles လင့်နဲ့ ဒေါင်းလိုသူများ ဒီမှာဒေါင်းပါ http://www.tempfiles.net/download/201210/266000/S60-V5.html
mediafire လင့်နဲ့ဒေါင်းလိုသူများ ဒီမှာဒေါင်းပါ
http://www.mediafire.com/?i8wtovunt5tougb
လိုအပ်တာကို အပေါ်လင့်ကနေဒေါင်းလိုက်ပါ အရင်ဆုံးဖုန်းကို ရီစက်လုပ်ပေးလိုက်ပါ့ hackတဲ့အခါဘာမှ errorမဖြစ်၇အောင်ပါ ရီစက်မလုပ်ခင် အရေကြီးတဲ့dataတွေအကုန်သိမ်းထားပါ အကုန်ပျက်မှာဖြစ်တဲ့အတွက်ကဲအားလုံးokရင်စလိုက်ရအောင်ဒိနံပါတ်တွေရိုက်ထည့်ပါ(*#7370#)ပြီရင်12345ကိုထည့်ပေးလိုက်ရင်ဖုန်းကသူဟာသူလုပ်သေသွားမယါပြီရင်rebootပြန်
တက်လာတဲ့အခါdateနေရာမှာ(2010)လို့ ပေးလိုက်ပါဒါမှerrorမဖြစ်ဘဲhackလို့ ရမှာပါပြီရင်စောစောကဒေါင်ထားတဲ့ဖိုင်းတွေကိုမန်မိုရီထဲထည့်ပါဖိုင်3ခုရှိပါတယ် အဲထဲကnortsymbian.ဖိုင်ကိုဖုန်းထဲမှာ Install လုပ်ပြီး ဖွင့်ပါ။.NortonSymbianHack ထဲကိုဝင်ပြီးပြီဆိုရင် Options> Anti-Virus > Quarantine list အဆင့်ဆင့်ဝင်ပါ။.Quarantine list ထဲရောက်ပြီဆိုရင် Options> Restore All > Ok အဆင့်ဆင့်လုပ်ပါ။ပြီးရင် ဖုန်းရဲ့ File Manager ထဲဝင်ပါ၊ C:\Data\Hack ထဲမှ RomPatcherPlus_3.1.sisx ကို Install လုပ်ပါ၊ (အချို့ဖုန်းတွင် C:\Hack ဟူ၍ ဖြစ်လိမ့်မည်)Application ထဲ ဝင်ကြည့ှ်လျှင် ROMPatcher+ ကို တွေ့ရလိမ့်မည်။ ROMPatcher+ ထဲကိုဝင်လိုက်ပါ။ အဲဒီထဲမှာ Install Server RP+ နှင့် Open4All RP+ တို့အား အသီးသီးဖွင့်ပါ။ တစ်ခုချင်းစီကိုနှိပ်လိုက်ရင် အပြာလုံးလေးတွေကနေ အစိမ်းရောင် ကိုပြောင်းသွားပါလိမ့်မယ်ဒါဆိုhackလို့ ပြီပါပြီ myanmar font & Kb သွင်းဖို့ အတွက်စောစောကသွင်းထားတဲ့ symbianmyanmarဖိုင်ကိုအင်စတောလုပ်ပေးပါ ပြီရင် edit symbianmyanmarဖိုင်းကိုအင်စတောလုပ်ပါအဲဒီမှာfontရွေးခိုင်မှာပါfontတစ်ခုကိုအမှတ်ခြစ်ပေးလိုက်ပါဖုန်းက rebootကျပြီbootပြန်တက်လာလျင်myanmarစာကိုမြင်း၇ပါပြီအကယ်၍မြန်မာဖောင်မမြင်သေပါကစောစောကအမှတ်ခြစ်ပေးတဲ့နေရာမှာသွားပြီဖောင်နောက်တစ်ခုကိုေ၇ွးပေးပါမရသေပါကအမှတ်နှစိခုလုံးခြစ်ပေးလိုက်ပါဒါဆိုမြန်မာဖောင်ရပါပြီ ကီဘုတ်ပြောင်ဖို့ အတွက် appနေရာကိုသွားပါappနေရာမှာမြန်မာ appတစ်ခုကိုတွေ့ ပါမယ်ဖွင့်လိုက်ပါအဲဒီမှာကိဘုတ်ချိန်ရမှာပါ လေးထောင့်တုန်ကမြန်မာကီဘုတ်ပါေ၇ွးပေလိုက်ပြီဆိုရင်စာရိုက်ဖို့ နေ၇ာတစ်ခုခုကိုသွားပါပြီရင်ရိုက်ကြည့်ပါလက်ကွက်မတွေ့ သေပါဘူလက်ကွက်ရဖို့ ကီဘုတ်နေရာမှာထောက်ပြီဘယ်မှညာသို့ ဖိဆွဲကြည့်ပါ လက်ကွက်တက်လာပါပြီ ဒါလောက်ဆိုဘောဘောအားလုံးအဆင်ပြေလောက်ပါပြီအပုံးထဲကအကိုကြီးကိုဘဲကျွန်တော်တို့ ကျေးဇူးတင်၇မှာပါ အဲဒိအကိုကြိးဘဲ nokiaမှာမြန်မာလို့ ၇အောင်ထွင်းခဲ့ပေးတာပါ
https://www.facebook.com/pkunoo/photos#!/groups/MyanmarMobileForum/doc/480944141925836/
ဆက်လက်ဖတ်ရှု့ရန်
မြန်မာပြည်မှ အသက် ၃နှစ်ကျော် ကလေးတစ်ယောက်၏ ထူးခြားသောပါရမီ
Unknown | 10/30/2012 03:25:00 AM | Best Blogger Tips
မြန်မာပြည်မှ အသက် ၃နှစ်ကျော် ကလေးတစ်ယောက်၏ ထူးခြားသောပါရမီ အသက် ၃ နှစ်အရွယ် ကလေးငယ်တဦးက တကယ့် ရဟန်းတော်ကြီးတပါးလို တရားတွေဟော၊ သီလတွေ ပေးနေတာကိုတွေ့ရပါတယ် အသက် ၃ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ လုံးဝမဖြစ်နိုင်တဲ့ တရားတွေကိုဟောပြောနေပြီး လူဝင်စားလား ဆိုပြီး ကြည့်ရှုသူများ က စိတ်ဝင်စားနေကြပါတယ် Cho Yee ရဲ့ အင်တာနက်ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်
အသက် ၃ နှစ်သား ပါရမီရှင်လေးက မထေရ်ကြီးတပါးလို တရားဟောနေတာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်
October 29, 2012
ကရင်ပြည်နယ်နေ့
Unknown | 10/29/2012 03:26:00 AM | | Best Blogger Tips
ကရင်ပြည်နယ်နေ့နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ဖြစ်သည်။ ကရင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုဇွန်လ (၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက်သိန်းခန့်ရှိလေသည်။ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ)၁၄-ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရန် သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ့ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင် မြို့နယ်များကို ပထမအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့် ဇွန်လ-၁ရက်နေ့။
(၃) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့်
ဇူလိုင်လ-၁ရက်နေ့။
ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ-၁ရက်နေ့နှင့် ဇူလိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသော မိုးရာသီရက်များ ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂) နိုဝင်ဘာ-၇ ရက်နေ့သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့် အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်
၁၉၆၄ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း (၁၁.၀၉၁) တစ်သောင်းတစ်ထောင့်ကိုးဆယ်တစ်မိုင် ရှိသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊ မြောက်ဘက် လတ္တီကျု. ဒီဂရီ
၁၅.၁၅ (ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက် လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက် ရှည်လျားစွာ တည်ရှိနေသည်။ ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏မြစ်လက်တက် သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကျိုက္ခမီခရိုင်တွင်ပါ
ဝင်သော ရေးမြို့နယ်၊ အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို့ နယ်များ၊ သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များ၊ ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊ မုဒုံ၊ ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။ ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊ လှိုင်းဘွဲ(၁၇၆၄)၊ ဘားအံ(၁၀၀၇)၊ ကော့ကရိတ်(၁၉၆၃)၊ ကြာအင်း(၁၂၃၈)၊ သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။
ကရင်ပြည်နယ်၏မြို့တော်သည် "ဘားအံ" မြို့ဖြစ်သည်။
ကရင်ပြည်နယ်အလံ(၁) အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂) အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တစ်ပုံနေရာတွင် ကြယ်ဖြူတလုံး၊ ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊ အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
(၃) အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံအငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ၊
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုးစုံဖြစ်ပေသည်။
အဓိပ္ပါယ် အနှစ်သာရ
(၁)အလံ၏ လက်ဝဲဘက် သုံးပုံတစ်ပုံနေရာ တိမ်ထဲမှ ကြယ်ကြီးတစ်လုံးမှာ ပြည်ထောင်စုထဲမှ ပြည်နယ်တစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။
(၂)အပြာရောင်သဘောမှာ တည်ကြည်၊ နက်နဲ၊ ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။
(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။
(၄) အနီရောင်၏ သဘောမှာမူ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း၊ သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ်အလံအကြောင်း ဖြစ်သည်။
(????????*********)
ကရင်ပြည်နယ်တံဆိပ်(၁) အလယ်တွင် ဖားစည်မျက်နှာပြင်နှင့် သီလ၊ သမာဓိ၊ သစ္စာ အမှတ်အသား စာလုံးများရေးသားထားသည်။
(၂) လက်ျာဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၃) လက်ဝဲဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၄) ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တစ်ခု။
ဤအမှတ်သား၊ ဤစာသား၊ ဤအခြင်းအရာများ ပါရှိသောတံဆိပ်သည် ကရင်ပြည်နယ်တံဆိပ် ဖြစ်သည်။
အဓိပ္ပါယ်အနှစ်သာရ
(၁) တံဆိပ်၏အလယ်မှ ဖားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမူ့ဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမူ့ပစ္စည်းဖြစ်ခြင်း။
(၂) သီလ၊ သမာဓိ၊ သစ္စာ စာလုံးများ၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများသည် အကျင့်သီလ ပြည့်စုံကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊ သစ္စာရှိခြင်းစသော အရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃) တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကို ဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄) တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမှု ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင် ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။
(အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့စာအုပ်မှ ဖော်ပြပါသည်။)
မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြသည်
ဆက်လက်ဖတ်ရှု့ရန်
October 28, 2012
အရေးပေါ်အစည်းအဝေးမှ KNU ခေါင်းဆောင်တွင်း သဘောထားကွဲလွဲမှု သင်ပုန်းချေလိုက်ပြီး ထွက်ပေါ်လာသော ထုတ်ပြန်ကြေငြာချက်
Unknown | 10/28/2012 12:22:00 AM | Best Blogger Tips
ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU က  အထူး အရေးပေါ် အစည်း အဝေး ခေါ်ယြူ့ပီး အောက်ဖေါ်ပြပါ  ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ 
ခေါင်းဆောင်တွင်း သဘောထားကွဲလွဲမှု သင်ပုန်းချေလိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို။
အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အမျိုးသားစည်းလုံးညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေလိုက်ပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်း၌ အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ် သော ကေအဲန်ယူ၏ အထူးအရေးပေါ် အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ၄၀ဦးတို့ တက်ရောက်ခဲ့ကြပြီး ထုတ်ပယ်ခံရသော ခေါင်းဆောင် ၃ဦး၏ ကိစ္စကို အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ သင်ပုန်း ချေခဲ့ကြခြင်းဖြစ်သည်။
ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ထုတ်ပယ်ခံရတဲ့ ခေါင်းဆောင်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ သူ့ ဘက်က သူမှန်၊ ကိုယ့်ဘက်က ကိုယ်မှန်နဲ့ အပြန်အလှန် ပြောဆိုလို့ မဆုံးနိုင်ဘူး။ ဒါကြောင့် စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုပြီး သင်ပုန်းချေလိုက်တာ အကောင်းဆုံးပဲဆိုပြီးတော့ အဲဒီခေါင်းဆောင်တွေကို မူလ တာဝန်ပြန်ပေးပြီး ၁၅ကြိမ်မြောက် ကွန်ဂရက် အထိ ဆက်လက် တာဝန်ယူသွားဖို့ သဘောတူခဲ့ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အထူးအရေးပေါ် အစည်းအဝေးတွင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားသည့် သဘောထားကွဲလွဲမှုများမှာ ကေအဲန်ယူ ဖွဲ့စည်း ပုံအခြေခံဥပဒေ၏ အားနည်းချက်သာဖြစ်သောကြောင့် ၎င်းကို ခေါင်းဆောင်များအားလုံး တာဝန်ခံကာ ကျေအေးခဲ့ကြကြောင်း နှင့် ပြည်တွင်းပြည်ပမှ ကရင်ပြည်သူလူထုများလည်း ကေအဲန်ယူအတွင်း အုပ်စုကွဲမှုကို မဖြစ်ပွားလိုကြောင်း ဗိုလ်မှူးစောလှငွေ က ဖြည့်စွက်ပြောဆိုသည်။
ယနေ့ထုတ်ပြန်သည့် ကေအဲန်ယူ၏ သဘောထားကြေညာချက်အရ လက်ရှိဖြစ်ပေါ်နေသော 
အဖွဲ့အစည်းအတွင်း အားနည်း ချက်များကို ခေါင်းဆောင်များမှ ဦးစီးရှေ့ဆောင်၍ ညှိနှိုင်းအဖြေရှာကာ အခြေခံလမ်းစဉ်နှင့်အညီ အတူတကွ ဆက်လက် ချီတက်သွားကြမည်ဟူ၍ ဖော်ပြထားသည်။
ကေအဲန်ယူ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင်က “ကေအဲန်ယူအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခပေါ်မှာ တမျိုးသား လုံးက စိုးရိမ်မှုတွေ ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်။ ဒီကိစ္စတွေကို ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ အလေးအနက်ထားပြီး ရေရှည် လုပ်ဆောင်ရမယ့်အရာတွေကို ရှေ့ရှုလုပ်ဆောင်သွားတာ ဖြစ်ပါတယ်”ဟု ပြောသည်။
တစ်ဆက်တည်းမှာပင် အဖွဲ့အစည်းအတွင်း ဖြစ်ပွားခဲ့သည့် ခေါင်းဆောင်များ၏ သဘောထားကွဲလွဲမှုများကို သင်ပုန်းချေခဲ့ပြီးဖြစ် ၍ လာမည့် ဗဟိုကော်မတီအစည်းအဝေးကို ယခုလ ၃၁ရက်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ၁၅ကြိမ် မြောက် ညီလာခံကို နိုဝင်ဘာလ စတုတ္ထပတ်တွင် ကျင်းပသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
http://www.9dblood.com/2012/10/knu_27.html
ဆက်လက်ဖတ်ရှု့ရန်
October 27, 2012
Android Tuner Free Beta 0.3.2
Unknown | 10/27/2012 02:09:00 AM | | Best Blogger Tips
Android Tuner ဆိုတဲ့ Application ကတော့ သင်အသုံးပြုတဲ့ Android Device ရဲ့ Hardware တွေကို အသေးစိတ်သိရှိလိုတယ်ဆိုရင် ပုံလေးတွေနဲ့တကွ ဖော်ပြပေးမယ့် Application တစ်ခုဖြစ်ပါတယ်။ ဒီ Application မှာ သင်အသုံးပြုတဲ့ Android ဖုန်းရဲ့ Processor Speed, Memory Speed, Storage Device ရဲ့ Capacity တွေနဲ့
Battery, WiFi, Bluetooth သုံးစွဲမှု အခြေအနေတွေကို ဖော်ပြပေးနိုင်မှာဖြစ်သလို၊ သင့်ဖုန်းကို ဖွင့်လိုက်တဲ့အချိန်မှာ စတင်တက်လာမယ့် Startup Program တွေရဲ့ဖိုင်နာမည်တွေ System File တွေကိုပါ အသေးစိတ် ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် One Click ဆိုတဲ့ Feature မှာ လက်ရှိအသုံးပြုနေတဲ့ Kernal Version, Build Number, Processor Model အစရှိတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီ Feature တွေသာမက Task Manager, Battery Management အစရှိတဲ့ Feature တွေပါဝင်တာ တွေ့ရမှာပါ။
Android Tuner Free Beta 0.3.2 DOWNLOAD Apk
ဆက်လက်ဖတ်ရှု့ရန်
7day News Journal 1.0
Unknown | 10/27/2012 01:50:00 AM | | Best Blogger Tips
7daynewsjournalသတင်းများကို Android ဖုန်း၊တွင် ကြည့်ရှုနိုင်ရန်  Mobile Application များကို အခမဲ့ ဖြန့်ချိထားပြီးဖြစ်ပါသည်။
ဆက်လက်ဖတ်ရှု့ရန်
Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်ဖန်တီးပေးနိုင်တဲ့ဆော့ဝဲ
Unknown | 10/27/2012 12:12:00 AM | | Best Blogger Tips
Karaoke Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်ဖန်တီးပေးနိုင်တဲ့ဆော့ဝဲလေးတွေနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ဒါပေမယ့် ဒီဆော့ဝဲများရဲ့ Tutorial ပြုလုပ်နည်းတွေကိုတော့ ကျနော်မတင်ပြနိုင်သေးပါ။ ကျနော် အချိန်မရတာတစ်ကြောင်း၊ နောက်ပြီး Edit သမားမဟုတ်တာတစ်ကြောင်းရယ်ပေါ့။ အဲဒါတွေအချိန်ပေးနိုင်တဲ့ တစ်နေ့ဆို ပို့စ်အဖြစ်ရောက်အောင် ကျနော်ကြိုးစားပေးမှာပါ။ ကျနော်တို့တတ်တဲ့ သိတဲ့အရာတွေဟာ အများအ တွက်ဖြစ်ဖို့ အာရုံထားဖို့လဲလိုတယ်မလား။
ကျနော်သိသလောက်ပြောရရင်တော့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြုလုပ်နိုင်တဲ့ဆော့ ၀ဲများဟာ အောက်ပါ ပရိုဂရမ်များတွေပါပဲ။ တစ်ခုချင်းဆီ tutorial ပြုလုပ်နည်းတွေကို နောက်မှပဲရေးတော့မယ်။
1.Karaoke Kit
2. VirtualDub's subtitler
3. Adobe After Effects & Photoshop
4. Kbuilder
5. Aegisub
အထက်ပါဆော့ဝဲ ငါးမျိုးထဲမှာ တစ်မျိုးမျိုးနဲ့ ကျနော်တို့ Video Subtitle (VCD Karaoke စာတန်းထိုးနည်း) ပြု လုပ်လို့ရနိုင်ပါတယ်။ အဲဒီငါးမျိုးတွင် Adobe After Effects နဲ့ Aegisub နှစ်မျိုးကတော့ Video Subtitle အ တွက် အသုံးများတဲ့ဆော့ဝဲတွေပဲဖြစ်တယ်။ လိုအပ်ရင်ဒေါင်းနိုင်ဖို့ တစ်ခါတည်းတင်ပေးလိုက်မယ်။
Dwonload :
Karaoke VCD kit.rar
VirtualDub (codec).zip
KBuilder 3.5.1.620.rar
Adobe After Effects CS5.exe.002
Aegisub 2.1.8 setup.rar
အခြားဒေါင်းလုဒ်နိုင်သော video editing tool များဒီဆိုက်မှာလဲလေ့လာနိုင်သည်။
make-karaoke-subtitle
စောလင်းနက်စ်
ဆက်လက်ဖတ်ရှု့ရန်
October 26, 2012
iKamasutra Sex Positions V2.0.7 For Android
Unknown | 10/26/2012 11:58:00 PM | | Best Blogger Tips
Android သမားတွေအတွက် ကာမဆက်ဆံနည်းကျမ်း ဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ် ။ ဒီဆော့ဝဲယာ မားကပ်မှာဆိုရင် $2.93 ကျပ်တန်ပါတယ် လိုချင်သူများအောက်မှာဒေါင်းယူပါ
 (အမှာစာ) ။ ။ အခြေခံအားဖြင့် အိမ်ထောင်ရေးတစ်ခုတွင် အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး ကာမဆန္ဒတွင် အချစ်ကို ဖေါ်ထုတ်ကြရပေသည် ။ ထိုမှသာ သာယာတည်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခြင်းအတွက် ကာမသည်အရေးကြီးသောအချက်တွင် ပါဝင်ပေသည် ။ ထို့ကြောင့် အိမ်ထောင်သားတိုင်းအတွက် လိုအပ်သော ကာမကျမ်းဆော့ဝဲလေးကို ကျနော်တင်ပေးရခြင်းဖြစ်ပါတယ် ။
$ 2.93 ကျပ်တန် iKamasutra Sex Positions V2.0.7 ကို လိုချင်သူများဒီမှာဒေါင်းပါ ဆိုဒ်က 19 MB ရှိပါတယ် ။
ဆက်လက်ဖတ်ရှု့ရန်
The Voice Weekly
Unknown | 10/26/2012 11:40:00 PM | | Best Blogger Tips
သတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် iOS နှင့် Android ဖုန်း၊ Tablet များတွင် ကြည့်ရှုနိုင်ရန် The Voice Weekly မှ Mobile Application များကို အခမဲ့ ဖြန့်ချိထားပြီးဖြစ်ပါသည်။
- Android Device
- Android Device များအတွက် အောက်ပါလင့်တွင် ရယူပါရန်။
www.bitmyanmar.com.mm/kanaung/thevoice
...
iPhone-
iPhone အတွက် အောက်ပါလင့်တွင်ရယူနိုင်ပါသည်။
http://itunes.apple.com/us/app/thevoice-weekly/id549103331?ls=1&mt=8
iPad application
အဆိုပါ iPad application တွင် စာစောင် တစ်ခုလုံးအား Offline ဖတ်နိုင်ခြင်း၊ စာစောင် အသစ်ထွက်တိုင်း အလိုအလျောက် message ပေးပို့သည့် စနစ် ထည့်သွင်းထားခြင်း စသည့် အားသာချက်များ ပါရှိကြောင်း The Voice Weekly ပရိသတ် များအား လေးစားစွာ အသိပေးအပ် ပါသည်။
iPad application အား ရယူရန်အတွက် အောက်ဖော်ပြပါလင့်ကို iPad ဖြင့် ဖွင့်ရမည် ဖြစ်ပါသည်။နောက်ပိုင်းတွင် iTune Store မှ လည်းရယူနိုင်မည် ဖြစ်ပါသည်။
http://www.bitmyanmar.com.mm/kanaung/thevoice_ipad
application အားလုံးအတွက် Download ပြုလုပ်၍ မရ ခြင်း၊ Application Error တစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်းတို့အတွက် ၀၁ - ၂၃၀၄၁၂၁ နှင့် ၀၉၅၂၅၀၂၂၁ ကို ရုံးချိန်အတွင်း ဆက်သွယ်၍ သော်လည်းကောင်း၊ https://www.facebook.com/BitCarePage သို့ဝင်ရောက်၍ Report ပြုလုပ်၍သော်လည်းကောင်း မေးမြန်း နိုင်ပါသည်။
မှတ်ချက်။ ။ မည်သည့် ဝန်ဆောင်ကြေးမျှ ပေးရန်မလိုပါ။
ဆက်လက်ဖတ်ရှု့ရန်
Mozilla Firefox V15.0.1 For Android
Unknown | 10/26/2012 11:22:00 PM | | Best Blogger Tips
Android စက်ရုပ်သမားတွေအတွက် ဗားရှင်း 4.0 အထက်တွေမှာ မြန်မာစာကို မှန်ကုန်စွာမမြင်ရတဲ့သူများအတွက် ။ မြန်မာစာကို မှန်ကန်စွာမြင်ရတဲ့ Mozilla Firefox အခုနောက်ဆုံးထွက် V15.0.1  ကို တင်ပေးလိုက်ပါတယ် ဒီမှာဒေါင်းပါ ။
ဆက်လက်ဖတ်ရှု့ရန်
ပစ်ကြခတ်ကြမယ်...
Unknown | 10/26/2012 11:16:00 PM | | Best Blogger Tips
အပစ်အခက်ဝါသနာပါသော ဘော်ဘော်များအတွက် ဆော့၇တာ လန်းတယ်...
ရုပ်ထွက်လည်းကောင်းတယ်...
24 mb ဘဲရှိတယ်...
click here to download apk file
အားလုံးပဲ ပျော်ရွှင်စွာ ဆော့နိုင်ကြပါစေ... xD
ဆက်လက်ဖတ်ရှု့ရန်
Network ချိတ်ဆက်နည်း (မြန်မာလို)
Unknown | 10/26/2012 09:30:00 PM | | Best Blogger Tips
  • ကွန်ပျူတာ ၂ လုံးအား အလွယ်ကူဆုံး Net work ချိတ်ဆက်နည်း
  • file များ၊ printer များအား network ချိတ်ဆက်ပြီး မျှဝေသုံးစွဲနည်း
  • network game ကစားရန် ကွန်ပျူတာ ၂ လုံးအား network ချိတ်ဆက်ကစားနည်း
  • ကွန်ပျူတာ ၂လုံးထက်ပိုပြီး network ချိတ်ဆက်နည်း
  • server ကွန်ပျူတာ ထည့်သွင်းပြီး Network ကို အသုံးပြု စီမံခန့်ခွဲခြင်း
  • အင်တာနက်ဆိုင်ဖွင့်လိုသူများနှင့် ရုံးအတွင်းရှိ ကွန်ပျူတာများအားလုံးကို internet အသုံးပြုနိုင်အောင် internet လိုင်းတစ်လိုင်းတည်းကို ကွန်ပျူတာများ ခွဲဝေသုံးစွဲနိုင်အောင်ပြုလုပ်နည်း
  • wirless Network ကို အသုံးပြုပြီး internet ချိတ်ဆက်ခြင်း
  • FTP ကိုအသုံးပြုပြီး ကိုယ့်ကွန်ပျူတာအတွင်းမှ ဖိုင်များကို FTP server သို့ ပေးပို့ခြင်းနှင့်လက်ခံရယူခြင်း
  •               
                                                       Download Link
    copy from   http://www.nyinaymin.org/2011/09/network.html
    ဆက်လက်ဖတ်ရှု့ရန်
    အနောက်ပိုးကရင်သီချင်း
    Unknown | 10/26/2012 05:38:00 PM | | Best Blogger Tips
    အရမ်းကိုကောင်းတဲ့အနောက်ပိုးကရင်သီချင်းလေးပါ ကရင်လူမျိုးတိုင်း ကရင်စာတတ်ပြီး ကရင်စကားပြောတတ်ရင် သိပ်ကောင်းမှာပါ
    ဆက်လက်ဖတ်ရှု့ရန်
    သမ္မတဦးသိန်းစိန် ဒု-သက်တမ်းအတွက် စဉ်းစားမည်
    Unknown | 10/26/2012 05:17:00 PM | Best Blogger Tips
    သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ ဦးသိန်းစိန်က လိုအပ်ရင် နောက်ထပ် သမ္မတ သက်တမ်း တာဝန် ထမ်းဆောင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီကနေ့ တိုင်းရင်းသား ငြိမ်းချမ်းရေး၊ လူမှုရေးနဲ့၊ မကြာခင်က ပြန်လည် ရောက်ရှိလာတဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း သတင်းထောက်တွေ မေးမြန်းခဲ့တာတွေကို လည်း ဖြေကြားခဲ့ပါတယ်။ မသိင်္ဂီထိုက် က ဆက်သွယ် မေးမြန်းထားပါတယ်။
    ပြီးခဲ့တဲ့လက အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း ပြည်ပ သတင်းထောက်တွေ နဲ့ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်က ပြည်တွင်း မီဒီယာတွေနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြည်တွင်း မီဒီယာတွေနဲ့ မတွေ့ဆုံဘူးလို့ မဖြစ်ရလေအောင် သူ့အနေနဲ့ အခု တွေ့ဆုံပွဲကို စီစဉ်ရတာပါလို့လည်း သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။
    “ပြည်ပက မီဒီယာတွေနဲ့ ကျနော် မကြာမကြာ တွေ့တယ်။ အခု ပြည်တွင်း မီဒီယာတွေနဲ့ မတွေ့ဖြစ်တာ အတော်လေး ကျနော် ကြာပါပြီ။ အဲဒီတော့ ပြည်တွင်း မီဒီယာတွေနဲ့လည်း ကျနော် တွေ့သင့် တယ်။ တွေ့ဆုံဖို့သင့်တယ် ဆိုပြီးတော့ ဒါ ကျနော်တို့ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ စီစဉ်ပြီးတော့မှ တွေ့ဆုံလိုက်တာပါ။”
    အစိုးရရဲ့ သဘောထား ဆောင်ရွက်ချက်တွေကို ပြည်သူတွေ သိရှိစေဖို့က မီဒီယာတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍလည်း ဖြစ်ပါတယ်လို့ သမ္မတက ပြောပါတယ်။
    “ကျနော်တို့ရဲ့ သဘောထားတွေကို ပြည်သူတွေ သိရှိ နားလည်ဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ အမြင်၊ ကျနော်တို့ရဲ့ သဘောထားတွေ၊ ခင်ဗျားတို့ရဲ့ အမြင် ခင်ဗျားတို့ရဲ့ သဘောထားတွေကို နှစ်ဦးနှစ်ဘက် ရဲ့ အခြေအနေ သိနေရုံနဲ့ မပြီးသေးပါဘူး။ ပြည်သူတွေ သိဖို့ အရေးကြီးပါတယ်။ အဲဒီလိုသိဖို့က ပြည်သူတွေသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့တွေကတော့ ခင်ဗျားတို့ သတင်းမီဒီယာ သမားတွေပဲ ဖြစ်ပါတယ်။”
    ဒီကနေ့ တွေ့ဆုံပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားတာမှာတော့ လူထု အနေနဲ့ နောက်ထပ် သူ့ကို သမ္မတ အဖြစ် ရွေးဖို့ ဆန္ဒရှိနေတယ်ဆိုရင် ဒုတိယ သက်တမ်း စဉ်းစားမယ်ဆိုပြီး ဖြေကြားပါတယ်။ သမ္မတ ဦးသိန်းစိန်က ပြည်ပ ခရီးစဉ် တခုမှာ သူ့အနေနဲ့ ပထမ သက်တမ်းကုန်ရင် ဆက်ပြီး ရွေးကောက်ပွဲ ၀င်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။ နောက် လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးလည်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရုံးခွဲ လာရောက်ဖွင့်လှစ်ခွင့် မပြုဘူးလို့လည်း ပြောပါတယ်။
    ကချင်လက်နက်ကိုင် အဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေး ဆက်ပြီး လုပ်ဆောင်သွားမယ့် အနေအထားကိုလည်း ရှင်းသွားပါတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် စီမံချက် ၈ ခုနဲ့ အစိုးရက ဆောင်ရွက်နေတယ် ဆိုပေမဲ့၊ တကယ်တန်း အပြောင်းအလဲကို လူတိုင်း ခံစားနိုင်ဖို့ ဆိုတာတော့ အချိန်ယူရဦးမယ်လို့လည်း သူက ဆိုပါတယ်။
    ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း သတင်းထောက်တွေ အယ်ဒီတာတွေကရော ဘယ်လို ရှုမြင်ကြပါသလဲ။ 7 Days News ဂျာနယ်ရဲ့ အယ်ဒီတာ ကိုအားမန်ကို ကျမ မေးကြည့်ပါတယ်။
    “ထပ်ပြီး မျှော်လင့်တာကတော့ ဒီတကြိမ် ပြီးသွားလို့ရှိရင် နောက်တကြိမ် ရှိလာဦးမလား ဆိုပြီးတော့လေ။ အခုတော့ လမ်းကတော့ ပွင့်သွားပြီဆိုတော့ ဒီတခေါက်က ကျနော် ထင်တယ်။ ရှေ့မှာ သမ္မတလည်း သူ ဖြေခဲ့တဲ့ဟာတွေက များလာတော့ ဖြေခဲ့တဲ့ အတွေ့အကြုံများလို့ရှိရင်လည်း ကျနော်တို့ တချို့ မေးတဲ့မေးခွန်းတွေ ဆိုရင်လည်း ခက်ခက်ခဲခဲ မေးခွန်းတွေ ပါပေမဲ့ သူလည်း အင်တာဗျူးဖြေတဲ့ အတွေ့အကြုံ များလာတော့ ပြောတာတော့ အများကြီးပဲ။ ဒါပေမဲ့ သူလည်း ရှောင်တိန်း ပြီးတော့ ဖြေသွားတော့လေ၊ တော်တော်လေး ပြောတတ်ဆိုတတ်တာမျိုး ဖြစ်လာတာ တွေ့ရတယ်။ ပြောတာတော့ အများကြီးပဲ။ လိုချင်တဲ့ဟာကတော့ မရသွားဘူး။ ဒါပေမဲ့ သူ မဖြေဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ ဖြေတော့ ဖြေသွားတယ် ဆိုတာမျိုး။ အခုက အစဆိုတော့ နောင်လည်း ကျနော်တို့ ထပ်ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အခုပွဲကတော့ ရိုးရိုးသားသား ပြောရရင်တော့ မလုပ်ခင်ကလောက်၊ မျှော်လင့်သလောက်တော့ အချက်အလက်တွေ မရဘူးခင်ဗျ။”
    ဒါကတော့ 7 Days News ဂျာနယ်က ကိုအားမန် ပြောပြသွားတာပါ။ ဒီကနေ့ သမ္မတ အိမ်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်လည်း တက်ရောက်ခဲ့ပြီး နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံမှာ လာရောက် သတင်းရယူနိုင်ဖို့ အတွက် အကြိမ်ကြိမ် ၀င်ထွက်နိုင်တဲ့ ပြည်ဝင်ခွင့် ဗီဇာတွေ ထုတ်ပေးဖို့ သူ ထောက်ခံထားတဲ့ အကြောင်းလည်း ပြောသွားပါတယ်။ ပြည်တွင်း သတင်းထောက် ၁၅၀ လောက် တက်ရောက်ခဲ့တဲ့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။
    http://burmese.voanews.com/content/thein-sein-press-10-21-12/1530593.html
    ဆက်လက်ဖတ်ရှု့ရန်
    တတိယအကြိမ်မြောက် ကရင်အမျိုးသား လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးအထောက်အကူပြုစကားဝိုင်း၏ သဘောထားထုတ်ပြန်ချက်
    Unknown | 10/26/2012 04:44:00 PM | | Best Blogger Tips
    Mawlamyaing Statement final
    from   http://thawthikho.blogspot.com/
    ဆက်လက်ဖတ်ရှု့ရန်
    Galaxy SIII Root လုပ်နည်းလေးပါ.
    Unknown | 10/26/2012 06:14:00 AM | Best Blogger Tips
    Samsung ကနောက်ဆုံးထုတ်လိုက်တဲ့ Galaxy SIII Root လုပ်နည်းလေးပါ. လိုအပ်မည့်သူများ  ရှိကြမယ်ထင်လို့   ဒီ post လေးကို
    ရေးလိုက်ပါ၏. Root မလုပ်ခင် လိုအပ်မည့်  Galaxy SIII ရဲ့  Driver . Odin V.3.04 .. CF-Root-SGS3-v6.3.tar တို့ ကို အောက်မှာ
    Download ယူလိုက်ပါ.Driver ရှိပြီးသားဆိုရင်တော့ မလိုတော့ပါဘူး ကျန်တဲ့  နှစ်မျိုးကိုသာ Download ယူလိုက်ပါ။
    ( ၁) Galaxy SIII Driver for Download
    ( ၂ ) Odin V.3.04 for download
    ( ၃ ) CF-Root-SGS3-v6.3.tar for download
    ( ၄ ) Setting >> About Device >> Model number က GT-I9300 ဖြစ်ရမှာဖြစ်ပါတယ်.
            သေချာရင်တော့ ဖုန်းကိုပိတ်လိုက်ပါ။
    ( ၅ ) Volume Down + Home + Power ကိုဖိထားပါ။
    ( ၆ ) Download Mode ထဲရောက်ဖို့   Warning Message ပေါ်လာရင် Volume Up ကိုနှိပ်ပြီးသွားပါ။
    ( ၇ ) Download Mode ထဲရောက်ပြီးဆိုရင် ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ။
    ( ၈ ) Download လုပ်ထားတဲ့ Odin V.3.04 ဖြည်ပြီး Odin ကိုဖွင့်လိုက်ပါ။
    ( ၉ ) PDA ကို နှိပ်ပြီး Download လုပ်ထားတဲ့ CF-Root-SGS3-v6.3.tar ကိုရွေး Start ကို နှိပ်လိုက်ပါ။
    ( ၁၀ ) Odin v.3.04 ထဲမှာ PASS ဆိုတဲ့ အစိမ်းရောင်နောက်ခံနဲ့ စာသားပေါ်လာရင် ဖုန်းရဲ့ USB ကြိုးကိုဖြုတ်လိုက်ပါ။
    ( ၁၁ ) ဖုန်း Restart ပြန်တက်လာရင်တော့ CWM Manager နဲ့ SuperSU တို့ကို Install လုပ်ပြီးသားတွေ့ရမှာဖြစ်ပါတယ်။
    ဤတွင်  Sansumg  Galaxy  SIII  Root  လုပ်ခြင်းလုပ်ငန်းစဉ်များ ပြီးဆုံးပါပြီး. ကျွန်ုပ်၏ ဒီ post လေးကို သည်းခံစွာ ဖတ်ရှုရင်းဖြင့်
    အဆင်ပြေကြပါစေ…
                                                                                                                                                        နောင်နောင်
    ဆက်လက်ဖတ်ရှု့ရန်
    Samsung Galaxy S3 မြန်မာ font ထည့်နည်း
    Unknown | 10/26/2012 06:03:00 AM | | Best Blogger Tips
    အခုပြောပြပေးမှာကတော့ samsung 4.0 အထက် ဖုန်းများကို မြန်မာ ဖောင့်ထည့်နည်းပါ။
    မြန်မာ font ပေါ်ရင် ပြီးပြီ ဆိုသူများအတွက်တော့ အောက်ပါ fontchanger ကို install လုပ်လိုက်ရင်ရပါပြီ။
    Fontchanger
    မြန်မာ စာပေါ်ရုံဖြင့် အားမရသေးဘူး။ display ထဲက font style မှ english font style များကို design စုံ ပြောင်း ချင်သူများအတွက်တော့ အောက်ပါနည်းကို သုံးရပါမည်။
    အောက်ပါနည်းကို သုံးလျှင် မြန်မာ font နှင့် English font များကို အဆင်ပြေပြေသုံးနိုင်သော်လည်း တခြား တရုတ် font များကိုတော့ မြင်တွေ့ရမှာ မဟုတ်တော့ပါ။
    လိုအပ်သော root explore နှင့် droidsanfallback.ttf ကို အောက်တွင်ဒေါင်းပါ။
    RootExplorer
    Droidsanfallback.ttf
    ၁။ root explore ကို install လုပ်လိုက်ပါ။
    ၂။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ။
    ၃။ root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ
    ၄။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပြီး copy ကို ရွေးလိုက်ပါ
    ၅။ system/fonts ကို ရောက်လျှင်ညာဘက် အပေါ်ဒေါင့်က Mount R/W ကို နှိပ်ပြီး Mount R/O ဖြစ်အောင်ပြောင်းပါ။ ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။
    ၆။ paste လုပ်လိုက်သော droidsanfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပါပြီး permissions ကိုနှိပ်လိုက်ပါ။
    ၇။ permissions ကို rw-r-r ဖြစ်အောင် အောက်က ပုံအတိုင်း အမှန်ခြစ်ပေးပါ။
    ၈။ အခုဆိုရင်တော့ samsung 4.0 အထက် ဖုန်းတွေမှာ မြန်မာစာကိုလည်း ကောင်းကောင်း မြင်၇သလို၊ English စာကိုလည်း design မျိုးစုံနဲ့ ဖတ်လို့ ရေးလို့ရပါပြီ။
    အားလုံး အဆင်ပြေကြပါစေ..............
    ဆက်လက်ဖတ်ရှု့ရန်
    October 24, 2012
    Android version 2.3 နှင့်အထက်ဖုန်းတော်တော်များများကို root လုပ်နိုင်မယ့် DooMLoRD’s Easy Rooting Toolkit v4.0
    Unknown | 10/24/2012 04:07:00 AM | | Best Blogger Tips
    Android version 2.3 နှင့်အထက်ဖုန်းတော်တော်များများကို root လုပ်နိုင်မယ့် DooMLoRD’s Easy Rooting Toolkit v4.0 ကိုတင်ပေးလိုက်ပါတယ်။ အသုံးပြုရ root လုပ်ရတာလည်း လွယ်ကူပါတယ်။ DooMLoRD v4 နဲ့ root လုပ်နိုင်မယ့် ဖုန်းအမျိုးအစားတွေကတော့
    Sony Xperia X10 (GB firmware)
    Sony Xperia Arc
    Sony Xperia Arc S
    Sony Xperia Play [R800i/R800x]
    Sony Xperia Ray
    Sony Xperia Neo
    Sony Xperia Neo V
    Sony Xperia Mini
    Sony Xperia Mini S51SE
    Sony Xperia Mini Pro
    Sony Xperia Pro
    Sony Xperia Active
    Sony Xperia Live Walkman
    NTT Docomo Xperia ARCO SO-02C
    Samsung Galaxy S2 [GT-i9100/i9100P/i9100T]
    Samsung Galaxy S II for T-Mobile (SGH-T989)
    Samsung Galaxy S II for AT&T (SGH-I777), Skyrocket (SGH-i727)
    Samsung Galaxy S II LTE Rogers Canada (SGH-I727R), Android version 2.3.5, Baseband version I727RUXKJ7
    Samsung Galaxy S II Epic 4g Touch
    Samsung Galaxy S2 HD LTE (SHV-E120S)(korea)
    Samsung Galaxy S2 LTE (SHV-E110S)
    Samsung Galaxy S2 LTE Japanese version (carrier DoCoMo) [SC-03D] (2.3.6) {OMKK3}
    Samsung Galaxy i9100G
    Samsung Galaxy S [i9000B] & [i9000 2.3.3 (PDA I9000BOJV8, Phone I9000XXJVO, CSC I9000GDTMJV7) and german T-Mobile branding], XWJVW (2.3.6)
    Samsung Galaxy S 4G (aka SGH-T959V)
    Samsung Galaxy S Plus (GT-I9001) OS 2.3.3 and 2.3.6 (I9001ZSKP6) & 2.3.4 firmware (i9001XXKP4)
    Samsung Galaxy Mini GT-S5570 (GB only)
    Samsung Galaxy Mini Pro i5510
    Samsung Galaxy W [i8150]
    Samsung Galaxy Y
    Samsung Galaxy Y pro [B5510] (2.3.5)
    Samsung Galaxy Tab [P1000] (2.3.3 firmware), [P1000N]
    Samsung Galaxy Note [N7000]
    Samsung Galaxy Player YP-G70 2.3.5 (GINGERBREAD.XXKPF)
    Samsung Galaxy Ace (2.3.3, 2.3.4 firmware)
    Samsung S5670 FIT DDKQ5 2.3.5
    Samsung Nexus S [i9023] (2.3.6)
    Samsung Nexus S 4G 2.3.7
    Samsung Galaxy Nexus S [i9020] (2.3.6) & Nexus S i9020A (2.3.6)
    Samsung Exhibit (SGH-T759)
    Samsung Exhibit 4G (SGH-T759) (2.3.3) Build UVKE8
    Samsung Epic 4G
    Samsung Captivate i897 UCKH3
    Motorola ATRIX
    Motorola Milestone 3 [ME863 HK]
    Motorola Milestone 2 with Gingerbread
    Motorola XT860, Bell XT860
    Motorola Defy+
    Motorola Droid X sys ver 4.5.605 w/ gingerbread
    Motorola Droid X2 (2.3.4) Sys ver 1.3.380.MB870.Verizon.en.US Build 4.5.1A-DTN-150-30
    Motorola XT883 (China Telecom)
    Motorola XT862 (Verizon Droid3)
    Motorola DROID RAZR
    Nexus One (2.3.6 stock)
    LG Revolution
    LG Nitro HD
    Vizio VTAB1008 Tablet
    Huawei Ideos U8150 (2.2)
    Huawei Ideos X5 [U8800] (2.3.5)
    HTC Sensation (S-OFF only)
    HTC Raider (Rogers)
    HTC Chacha
    Acer Liquid Mini (2.3.5)
    Acer Liquid Metal (2.3.6) တို့ပဲဖြစ်ပါတယ်။
    DooMLoRD v4 ကိုအောက်က link မှာရယူပါ။
    DooMLoRD v4 Root အားရယူရန်
    Root Instruction
    -Root လုပ်ဖို့ရာအတွက် DooMLoRD v4 ကို download ရယူပြီး ရလာတဲ့ ဇစ်ဖိုင်ကိုကွန်ပျူတာထဲမှာဇစ်ဖြည်ထားပါ။
    -ဖုန်းရဲ့ SettingsApplicationsDevelopment ထဲကိုဝင်ပြီး USB Debugging ကို Enabled (အမှန်ခြစ်)လုပ်ထားရပါမယ်။
    -ဖုန်းရဲ့ SettingsApplications ကိုဝင်ပြီး Unknown Sources ကိုလည်းအမှန်ခြစ်ပေးထားပါ။
    -ဖုန်းကို ကွန်ပျူတာနဲ့ USB Cable ဖြင့်ချိတ်ဆက်ထားပါ။
    -DooMLoRD v4 ကိုဇစ်ဖြည်လို့ရလာတဲ့နှစ်ဖိုင်ထဲက runme.bat ကို run ပြီး root လုပ်ပါ။
    အားလုံးပဲ root လုပ်အောင်မြင်နိုင်ကြပါစေ။
    copy from http://www.myanmarmobileapp.com/?p=6367#comment-250381
    ဆက်လက်ဖတ်ရှု့ရန်
    October 23, 2012
    News of Myanmar Andriod Application
    Unknown | 10/23/2012 06:34:00 AM | | Best Blogger Tips
    News of Myanmar website မှ သတင်းများကို Andriod ဖုန်းပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ ဖတ်နိုင်ပါပြီ...။
    သတင်းတွေ အစုံတင်ပေးပါတယ်..၊ offline လဲ ဖတ်လို့ရပါတယ်..၊ ဖုန်းထဲမှာ မြန်မာ font တော့ သွင်းထားဖို့လိုပါလိမ့်မယ်..
    လိုချင်ရင်တော့ အောက်က link မှာ download ယူပြီး သွင်းလိုက်ပါ > Download Link
    ဆက်လက်ဖတ်ရှု့ရန်
    Zapya (Android)
    Unknown | 10/23/2012 06:16:00 AM | | Best Blogger Tips
    Bluetooth တွေထက် Share လုပ်ရတာမြန်တဲ့ Wifi sahring Application Zapya NewVersion V1.4 ကို ယနေ့ မြန်မာ စံတော်ချိန် ၄ နာရီတွင် Release လုပ်လိုက်ပါပြီ။
    ဒါလေးနဲ့  Share မယ်ဆိုရင် သုံးမဲ့ ဖုန်းနှစ်လုံးစလုံးမှာ ဒီ App လေးသွင်းထားဖို့ တော့လိုပါမယ်။။။။………
    Share ဖို့ ပဲဖြစ်ဖြစ် Game ဆော့ဖို့ ပဲဖြစ်ဖြစ် ကိုယ်က group စဖွဲ့ မယ်ဆို Server လုပ်မယ်ဆို Creat Gruop ကိုနှိပ် သူများ Group ထဲဝင်မယ်ဆို Search & join ကိုနှိပ်ပေတော့…………
    သူ့ ရဲ့  Feature လေးတွေကတော့…..
    .အဓိကကတော့ Bluetooth ထက်အဆပေါင်းများစွာမြန်တာပါပဲ
    .Wifi လိုမျိုး နက်ဝေါ့ခ်တစ်ခုဖန်တီးပြီး Share ချင်းဖြစ်တာကြောင့် Bluetooth ထက်လဲအချိန်ကုန်သက်သာစေပါတယ်။ပိုလဲမြန်ဆန်ပါတယ်
    .File ဆိုဒ် အကြီးကြီးတွေတောင်ခဏလေး နဲ့ ပို့ နိုင်ပါတယ်(ဥပမာ.. 30 MB ကို 10 စက္ကန့် လောက်ပဲကြာပါတယ်)
    စက္ကန့် တောင်များသွားလားမသိဝူး ပြောတာ
    .သူမှာပါလာတဲ့ ဂိမ်းလေးတွေကိုလဲ ဖုန်းအချင်းချင်းနက်ဝေါ့ချိတ်ဆက်ကစားနိုင်ပါတယ်
    .Share ရတာလဲလွယ်ကူပါတယ်။ Share ချင်တာလေးကို Drag ဆွဲပြီး ပို့ ပေးရုံပါပဲ
    .ကိုယ်ကသူငယ်ချင်းကို Game တစ်ခု Share ချင်တယ်ဒါပေမဲ့ကိုယ့်မှာ အဲ့ Game ရဲ့  Apk ဖိုင်မရှိဘူးဆိုလဲ ဒီကောင်လေးနဲ့  Share ပါ ကိုယ့်မှာ Apk မရှိသော်လည်း Share ပြီးသွားတဲ့အချိန်တဘက်လူမှာ Apk အဖြစ်ရောက်သွားပါတယ်…နောက်ထပ်အများကြီးမပြောတော့ပါဘူးစမ်းသုံးကြည့်လိုက်ပါ……….
    ဒီ App လေးကပေါ့သေးသေးတော့မဟုတ်ဝူးဆိုင်တွေမှာဆို ပိုက်ပိုက်ပေးရတယ်နော်ဒီမှာ Free ဒေါင်းထား……….^_^
    သူနဲ့ တွဲဆောရတဲ့ဂိမ်းလေးပါထည့်ပေးလိုက်တယ်…..မဟုတ်ရင် App ထဲကနေသက်သက်ဒေါင်းနေရမှာစိုးလို့ 
                                                      Download Link
    copy from  MMSD
    ဆက်လက်ဖတ်ရှု့ရန်
    ဖုန်း SIM Card ထဲက မှားဖျက်လိုက်မိတာတွေ ပြန်ယူပေးမယ့် ဆော့ဝဲလ်
    Unknown | 10/23/2012 05:56:00 AM | | Best Blogger Tips
    ဖုန်း SIM Card ထဲက မှားဖျက်လိုက်မိတဲ့ Data တွေ ဖုန်းနံပါတ်တွေ အစရှိသဖြင့်ပေါ့နော် အကုန်ပြန်ယူပေးနိုင်တဲ့ ရီကာဗာ ဆော့ဝဲလ်လေးနော် ဖုန်းရှိတယ်ဆိုတဲ့ ကိုကို မမတွေ ဆောင်ထားဖို့ မမေ့နဲ့ နောက်မှ ဆိုပြီးလဲ လုပ်မနေနဲ့ လိုက်ရှာရင် လွယ်လွယ်မတွေ့နိုင်ဘူး တစ်ခါတည်းဒေါင်းထားဖို့ မှာချင်ပါတယ်
    Name: SIM Card Data Recovery
    Platform: Windows ® XP/Windows 7/Vista
    Developer: Micron
    Medicine: Serial Number
    copy from            www.akarphyoe.com
    ဆက်လက်ဖတ်ရှု့ရန်
    October 20, 2012
    Android Phone များကို Internet Setting ချိန်နည်း…… (GSM)
    Unknown | 10/20/2012 09:46:00 PM | Best Blogger Tips
    Home Screen မှာ Menu Key ကို နှိပ်ပါ။
    Setting ကို တွေပါလိမ့်မယ်……
    ဖုန်းရဲ့Setting ထဲကို ၀င်ပါ။
    ပြီးရင် Wireless and Networks ကို ရွေးပါ။
    Mobile Networks ထဲဝင်ပါ။
    Access Point Names  ကိုတွေပါလိမ့်မယ်…..
    တစ်ချက်နှိပ်လိုက်ပါ။
    ပြီးရင် Menu Key တစ်ချက်နှိပ်လိုက်ပါ။
    ဒီလိုပုံလေးတွေပါလိမ့်မယ်…..
    +New Apn  ကို နှိပ်ပါ။
    Apn တစ်ခုကျလာပါလိမ့်မယ်…..
    Name                            > ကြိုက်တာပေးလို့ရပါတယ်…..
    APN                              > mptnet
    Proxy                            >Not Set
    Port                               >Not Set
    Username                     >Not Set
    Password                      >Not Set
    Server                            >mptnet
    MMSC                           >Not Set
    MMS proxy                  >Not Set
    MMS port                     >Not Set
    MCC                               >414
    MNC                               >01
    Authentication Type   > PAP or Chap
    Apn Type                      >default
    ပြီးရင်တော့ Menu Key နှိပ်ပြီး Save လုပ်လိုက်ရင် ရပါပြီ။
    Access Point Name ကို Active ဖြစ်အောင်လုပ်ပါ။
    Data Enabled ကို အမှန်ခြစ်ပါ။
    E ဖြစ်ဖြစ် H ဖြစ်ဖြစ်တက်ပါပြီ……..
    copy from  MMSD
    ဆက်လက်ဖတ်ရှု့ရန်
    October 19, 2012
    ဖုန်းထဲကနေ Goal Scores တွေ ကြည့်မယ်..
    Unknown | 10/19/2012 07:33:00 AM | Best Blogger Tips
    ကဲ... ဒါကတော့ ... ကျွန်တော့်လိုမျိုး ဘောလုံးဝါသနာအိုးတွေ အတွက်ပေါ့...
    မနက်မနက် ဘောလုံးရလာဒ် စောင့်ကြည့်ရတဲ့ ဘ၀က လွတ်ချင်ရင်တော့.. ဒါလေးကို သွင်းထားလိုက်ပေါ့....
    လက်ရှိ ကန်နေတဲ့ပွဲတွေ...ကန်ပြီးတဲ့ပွဲတွေ...ကိုလည်း ကြည့်လို့ရသလို....နိုင်ငံအလိုက် ပွဲစဉ်တွေကိုလည်း ရှာဖွေလို့ရပါတယ်...
    ဂိုးသွင်းသူတို့...အ၀ါကဒ်..အနီကဒ်တွေဘာ ပြပေးတော့.. တစ်ကယ့်ကို ပြီးပြည့်စုံတာပေါ့ဗျာ....
    ဖုန်းကိုတော့ အင်တာနက် ချိတ်ထားဖို့ လိုတယ်နော်....
    လိုချင်ရင်တော့  >>> ဒီမှာ Download ပါ။
    ဆက်လက်ဖတ်ရှု့ရန်
    October 18, 2012
    ဒီတစ်ခါ မိတ်ဆက်ပေးမှာက အဲ့ CCleaner Tools လေးတစ်ခုပါပဲ...
    Unknown | 10/18/2012 06:42:00 AM | Best Blogger Tips
    ဒီတစ်ခါ မိတ်ဆက်ပေးမှာက အဲ့ CCleaner Tools လေးတစ်ခုပါပဲ...
    Free Download ဆွဲ သုံးလို့ရပါတယ်။
    သူ့မှာက ယခုဆိုလျှင် Windows နဲ့ Applications တွေကို ရှင်းပေးယုံတင်မက...
    Registry ကိုရှင်းပေးတဲ့ Registry Cleaner တို့၊
    Software တွေကို uninstall လုပ်ပေးနိုင်တဲ့ Uninstall Tool တို့၊
    ကွန်ပျူတာစစတက်ချင်းမှာ run တဲ့ Program တွေကို limit လုပ်နိုင်တဲ့ Startup Tool တို့၊
    System Restore လုပ်နိုင်တဲ့ System Restore Tool တို့ ပါဝင်လာတာကိုတွေ့ရပါတယ်။
    တစ်ပတ်တစ်ခါ သို့ သုံးခါလောက် သုံးကြည့်ပါ...ကြိုက်ကျမှာပါ။
    Download လင့်တွေကတော့...
    http://download.piriform.com/ccsetup323.exe
    http://software-files-a.cnet.com/s/software/12/73/98/96/ccsetup323.exe?token=1350611099_cefb0c21ee910f21d894e27fad914d3a&ptype=3000&ontid=18512&siteId=4&edId=3&spi=b0aa6131f0a99831494bcb91beca16c2&pid=12739896&psid=10315544&fileName=ccsetup323.exe
    Software အကြောင်း အသေးစိတ်ဖတ်ချင်ရင်တော့...
    http://www.piriform.com/
    မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
    ဆက်လက်ဖတ်ရှု့ရန်