.
xxx
Showing posts with label IT နည်းပညာ. Show all posts
Showing posts with label IT နည်းပညာ. Show all posts
March 12, 2013
အင်တာနက် ကော်နက်ရှင်မြန်အောင်လုပ်နည်း
Unknown | 3/12/2013 12:44:00 AM | Best Blogger Tips
                       အင်တာနက် ကော်နက်ရှင်မြန်အောင်လုပ်နည်း 
နဂိုရှိမှ နားကိုင်းထွက် ဆိုသလို နဂိုအဝင် အင်တာနက် လိုင်းမကောင်းရင် 
ကိုယ်ရမယ့် Output အင်တာနက်လိုင်းကလည်း မကောင်းနိုင်ပါဘူး။ 
ဒီကြားထဲ Waste ဖြစ်သွားတာတွေလည်း မိမိ ကွန်ပြူတာ တစ်လုံးတည်းမှာ တင် 
အများကြီးရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး 
ဖြစ်သွားရပါရော။ ဒီလို အလဟဿ ဖြစ်သွားမယ့်  Bandwidth တွေကို Waste မဖြစ်ပဲ 
အပြည့်အဝ အသုံးချလိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်းနဲ့အများ ပြန်တက် 
လာမှာတော့ အမှန်ပါပဲ။ လုပ်ပုံလုပ်နည်းလေးက အောက်ပါ အတိုင်း ဖြစ် ပါတယ်။ 
၁။ Bndwidth မြင့်ခြင်း 
ှStart Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ 
Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> 
QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို 
click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်းတက်ပါတယ်။ 
၂။ Window network socket reset လုပ်ခြင်း
OS တစ်ခုကနေ အချက်အလက်တွေကို ပို့ဖို့အတွက် network socket များအား 
အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး 
အင်တာနက်အသုံးပြုရလေးစေပါတယ်။ 
run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock 
reset စာကိုရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာကို Restart 
လုပ်ရပါမယ်။ 
ဒီလောက်ဆိုရင်မြန်သင့်သလောက် မြန်လာမယ့်လို့ ထင်ပါတယ်။ အခြားနည်းလမ်းများ 
ရှိရင်လည်း စာဖတ်သူတို့ လာရောက် မျှဝေ နိုင်ပါတယ်။ 
--
Ref: freak
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/03/blog-post_12.html
--...
နဂိုရှိမှ နားကိုင်းထွက် ဆိုသလို နဂိုအဝင် အင်တာနက် လိုင်းမကောင်းရင် ကိုယ်ရမယ့် Output အင်တာနက်လိုင်းကလည်း မကောင်းနိုင်ပါဘူး။
ဒီကြားထဲ Waste ဖြစ်သွားတာတွေလည်း မိမိ ကွန်ပြူတာ တစ်လုံးတည်းမှာ တင် အများကြီးရှိနေတတ်တော့ မကောင်းတဲ့ ကော်နက် ရှင်က တက်ကို မလာဘူး ဖြစ်သွားရပါရော။ ဒီလို အလဟဿ ဖြစ်သွားမယ့် Bandwidth တွေကို Waste မဖြစ်ပဲ အပြည့်အဝ အသုံးချလိုက်ရင် အင်တာနက် ကော်နက်ရှင်က အနည်းနဲ့အများ ပြန်တက် လာမှာတော့ အမှန်ပါပဲ။ လုပ်ပုံလုပ်နည်းလေးက အောက်ပါ အတိုင်း ဖြစ် ပါတယ်။
...
၁။ Bndwidth မြင့်ခြင်း
ှStart Menu >Run > gpedit.msc ဟူသော စာကို ရိုက်> Enter ခေါက်။ Screen ဘယ်ဘက်က administrative templates ကိုရွေး> Network ကိုရွေး> QoS packet scheduler ကို click နှိပ်>limit reservable bandwidth ကို click နှိပ်။ Enabled ပြောင်း၊ Bandwidth ကို 0 သို့ထား။
လက်ရှိ အင်တာနက် မြန်နှုန်းထက် ၂၀ ရာခိုင်နှုန်းတက်ပါတယ်။
၂။ Window network socket reset လုပ်ခြင်း
OS တစ်ခုကနေ အချက်အလက်တွေကို ပို့ဖို့အတွက် network socket များအား အသုံးပြုပါတယ်။ သူတို့က ကြာလာရင် overload ဖြစ်ပြီး အင်တာနက်အသုံးပြုရလေးစေပါတယ်။
run>cmd ရိုက် enter ခေါက်> command prompt တက်လာရင် netsh winsock reset စာကိုရိုက် Enter ခေါက်> ပြီးရင် ကွန်ပြူတာကို Restart လုပ်ရပါမယ်။
ဒီလောက်ဆိုရင်မြန်သင့်သလောက် မြန်လာမယ့်လို့ ထင်ပါတယ်။ အခြားနည်းလမ်းများ ရှိရင်လည်း စာဖတ်သူတို့ လာရောက် မျှဝေ နိုင်ပါတယ်။
--
Ref: freak
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/03/blog-post_12.html
ဆက်လက်ဖတ်ရှု့ရန်
March 9, 2013
စက်ရုပ်လုပ်သားများနှင့် လည်ပတ်သော တရုတ်စားသောက်ဆိုင်
Unknown | 3/09/2013 01:48:00 AM | Best Blogger Tips
လူလုံးဝ မပါပါဘူး။ ဆိုင်တစ်ခုလုံး စက်ရုံကချည်း အလုပ်လုပ်နေတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေကျင်းမြို့ မှာ ဖွင့်လှစ်ထားပြီး စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၈ သန်းမက ရှိတယ်လို့ ဆိုပါတယ်။ အစား အသောက် ချက်တာကအစ စက်ရုပ်တွေဆိုတော့ တကယ့် ထူးခြား အံ့သြဖွယ်ရာပါပဲ။ တရုတ်က စတဲ့ နည်းပညာတစ်ခုလုံး မှတ်တမ်း တင်ရလောက်ပါတယ်။ စားပွဲထိုး၊ စားဖိုမှူး၊ သန့်ရှင်းရေး၊ ဖော်ဖြေရေး အစရှိသဖြင့် အားလုံးတို့က စက်ရုပ်တွေချည်း ပြုလုပ်တာ ဖြစ်ပါတယ်။
စင်ပေါ်မှာ စက်ရုပ်ကသီချင်းဆိုပြ၊ ကပြပါတယ်။ ဆိုင်ထဲမှာ စက်ရုပ်တွေ သွားလာဖို့အတွက် လမ်းလုပ်ပေးထားပြီး သူ့လည်ပတ်မှု ပုံစံအတိုင်း သွားလာ နေပါတယ်။ အစားအသောက် ချက်ခန်းမှာလည်း စက်ရုပ်စားဖိုမှူး များ ကိုယ်တိုင်ချက်ပြုတ်နိုင်အောင် ပရိုဂရမ်သွင်းထားပြီး သူ့ပုံစံအတိုင်း လည်ပတ်နေပါတယ်။ ယင်း စက်ရုပ်အားလုံးကို အရေးအကြောင်း ဆိုရင် သိအောင် Control Room ကနေလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။
သူတို့အတွက် ထမင်းစားချိန်လည်းပေးပါတယ်။ စက်ရုပ်ဆိုတော့ ထမင်း မစား ပါဘူး။ လျှပ်စစ်ဓာတ်အားသွင်းတဲ့အချိန်က ထမင်းစားချိန်ပါပဲ။ ၂ နာရီအားဖြည့်ပြီးရင် ၅ နာရီမနားတမ်းအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ယင်း ကဲ့သို့ စက်ရုပ်တွေချည်း လုပ်ကိုင်သော စက်ရုပ်စားသောက်ဆိုင်ကို တရုတ်နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
ဆက်လက်ဖတ်ရှု့ရန်
March 5, 2013
Memory Stick + ကင်မရာ
Unknown | 3/05/2013 12:23:00 AM | | Best Blogger Tips
ကင်မရာအနေနဲ့လည်း အသုံးပြုလို့ရမယ်၊ Memory Stick အနေနဲ့လည်း အသုံးပြုလို့ရမယ် Gadget လေး ဖြစ်ပါတယ်။
Storage က 8GB အထိ အစားစား ရှိပါတယ်။ ကင်မရာကတော့ Photo shooting အတွက် 2 megapixel resolution ပေးပြီး ဗီဒီယိုအတွက် 720x480 resolution ပေးပါတယ်။
အထဲမှာ MicroSD ကဒ်ထည့်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက် လိုက်ရင် ယင်းကဒ်ထဲကဝင်ပြီး USB Port ထိုးပြီး Data Transfer လည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ အခြားသော Data များကိုလည်း သိမ်းဆည်းနိုင်ပြီး စွယ်စုံသုံး Stick နဲ့ ကင်မရာပဲ ဖြစ်ပါတယ်။ ကာလတန်ဖိုး အားဖြင့် ဒေါ်လာ ၅၀ သာ သတ်မှတ်ထားတဲ့ ယင်းပစ္စည်းကို အမေရိကန်မှာ ရရှိနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
--
Ref: techgagets
Aung Kham (TSJ team)
ဆက်လက်ဖတ်ရှု့ရန်
February 27, 2013
wi-fi signal မြင့်ပြီးသုံးချင်သူများအတွက်
Unknown | 2/27/2013 05:14:00 AM | Best Blogger Tips
ကျွန်တော် Wi-Fi Network ကို အိမ်သုံးအဖြစ် အသုံးပြုနေသူတွေ အတွက် Wi-Fi Signal ကို Beer ဗူးခွံလေးဖြစ်ဖြစ် Coca Cola ဗူးခွံလေးကိုအသုံးပြု ပြီးတော့ပဲဖြစ်ဖြစ် မြှင့်ပေးလို့ရမယ့် နည်းလမ်းလေးကိုပန်ပြီးတော့ Share ပေးချင်ပါတယ် .. ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်လိုက်လို့ Connection Speed လေးတိုးလာတော့လည်း နည်းတာမှတ်လို့ .. နည်းလမ်းလေးက လွယ်ပါတယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
ဆက်လက်ဖတ်ရှု့ရန်
February 23, 2013
ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း
Unknown | 2/23/2013 05:22:00 AM | Best Blogger Tips
မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။
 http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်
from http://blog.techspace.com.mm/2013/02/youtube.html
ဆက်လက်ဖတ်ရှု့ရန်
February 22, 2013
ကြိုးမဲ့စနစ်ဖြင့် မျှဝေအသုံးပြုနိုင်မည့် Adata ၏ DashDrive Air AE400 (Wireless card reader)
Unknown | 2/22/2013 05:27:00 AM | Best Blogger Tips
          စမတ်ဖုန်း များနှင့် tablet ကွန်ပျူတာများမှ desktop ကွန်ပျူတာခေတ်ကို တဖြည်းဖြည်း အစားထိုးနေရာယူ လာသည့်အနေအထားတွင် တိုင်ဝမ် အခြေစိုက် flash memory device များထုပ်လုပ်သည့် နည်းပညာကုမ္ပဏီ ADATA Technology မှ ကြိုးမဲ့ Card reader တစ်ခုကဲ့သို့ အသုံးပြုနိုင်မည့် DashDrive Air AE 400 ကို စတင်မိတ်ဆက်လိုက်ပါတယ်။ USB flash drive, SD card, External Hard disk ကဲ့သို့သော portable device များကို ယခု AE 400 တွင်ချိတ်ဆက်ခါ ၄င်း portable device များတွင်ထည့်သွင်းထားသော သီချင်းများ၊ ဗွီဒီယိုများ နှင့် အခြား file များကို mobile device များမှ အင်တာနက် လိုင်းမလိုပဲ ကြိုးမဲ့ စနစ်ဖြင့် မျှဝေ သုံးစွဲနိုင်ကြမှာဖြစ်ပါတယ်။ AE 400 မှာ 802.11 b/g/n wireless hotspot စနစ်ကို အသုံးပြုထားပြီး၊ internet ချိတ်ဆက်ခါ ၄င်း device မှတစ်ဆင့် အခြား device ၁၀ ခုအထိ internet connection ကို တပြိုင်တည်း ဖမ်းယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်
February 21, 2013
## Memory card များနှင့် ပတ်သက်ပြီး သိထားသင့်သည်များ##
Unknown | 2/21/2013 05:12:00 PM | Best Blogger Tips
Memory card တွေဟာ စာဖတ်သူရဲ့ တန်ဖိုးကြီးလှတဲ့ အချက်အလက်တွေကို သိုလှောင် သိမ်း ဆည်းပေးခြင်းအတွက် အရေးပါလှတဲ့အရာ ဖြစ်ပါတယ်။ စာဖတ်သူ အသုံးပြုတဲ့ ထုတ်ကုန်တွေမှာ memory တစ်ပါတည်း (built-in) ပါဝင်လာပေမယ့် resolution မြင့်တဲ့ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ full-HD များ ရိုက်ကူးခြင်းတို့အတွက် memory လုံလောက်မှု မရှိတဲ့အခါ ပမာဏများပြားတဲ့ memory card များလိုအပ်လာပါတယ်။ ဒါကြောင့် memory card တွေကို ကိုင်တွယ်အသုံးပြုရာမှာ သိထားသင့်တဲ့ အချက်တွေနဲ့ ပုံစံအမျိုးအစားမတူတဲ့ memory card တွေရဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။
Memory card များနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ
ပုံစံအမျိုးအစား
ကင်မရာတွေမှာ ပုံမှန်အားဖြင့် memory card အမျိုးအစား တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါတယ်။ MicroSD card တွေကိုတော့ အရွယ်အစား သေးငယ်တဲ့ပုံစံအဖြစ် ပြုလုပ်ထားပါတယ်။ သာမန် compact ကင်မရာတွေဖြစ်တဲ့ entry-level dSLR နဲ့ ILC (interchangeable lens camera) တွေမှာတော့ သာမန် Secure Digital (SD) card တွေကို အသုံးပြုကြပါတယ်။ အလယ်အလတ်တန်းစား dSLR တွေမှာတော့ Compact-Flash (CF) card တွေကို အသုံးပြုကြပြီး ပရော်ဖက်ရှင်နယ် ကင်မရာ အမျိုးအစားတွေမှာတော့ ဓာတ်ပုံများကို card နှစ်မျိုးမှာ သိမ်းဆည်းထားနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။
ဆက်လက်ဖတ်ရှု့ရန်
February 8, 2013
HotSpot Shield Softwareနှင့် HotSpot Shield အကြောင်း
Unknown | 2/08/2013 05:01:00 AM | | Best Blogger Tips
HotSpot Shield အကြောင်း အနည်းငယ် ပြောရအောင် HotSpot Shield ဟာ HTTPS သုံးပြီး ၀က်ဘ် အသုံးပြုခြင်းကို လုံခြုံစေပါတယ် ခင်ဗျားရဲ့ IP လိပ်စာကိုပါ ဖွက်ထားပေးပါတယ် အင်တာနက်   စောင့်ကြည့်ခြင်းနှင့် တားမြစ်ခြင်းကိုလည်း ကျော်လွားပေးပါတယ်။ HotSpot Shield အားသာချက် ကတော့ ကြိုးချိတ် ဆက်သွယ်မှုမှာရော ကြိုးမဲ့မှာပါသုံးနိုင်တယ် အင်တာနက် ဆိုင်မှာဘဲသုံးသုံး အိမ်မှာ ဘဲသုံးသုံး wireless မိတဲ့ နေရာမှာဘဲသုံးသုံး ခင်ဗျား data တွေ HotSpot Shield က လုံခြုံစွာ ကာကွယ် ပေးထားနိုင်တယ်။
ပထမ လုပ်ရမှာက အဲဒီဆော့ဖ်ဝဲကို ရဖို့ပါပဲ   ဒီမှာdownload ယူလိုက်ပါ   HotSpot Shield ဖိုင်ကိုဖြေပြီး Run ကိုလိုက်ပါ Continue ထပ်နှိပ်ပါ ဘာသာစကား ကိုရွေးပါ ကျွန်တော် အင်္ဂလိပ်ကိုရွေးတယ် ဒီဟာ ကောင်းတဲ့ installation wizard ပဲဖြစ်တယ် Next ကိုနှိပ်ပါ Term and Services ကို Agree လုပ်လိုက်ပါ Next ကိုနှိပ်ပါ Toolbar ထည့်မှာလား လို့မေးတယ် လိုချင်ရင် ရွေးလိုက်ပါ ပြီးတော့ Next နှိပ်ပြီးဆက်သွားပါ ကျွန်တော် အဲဒါတွေ မလိုချင်ဘူး ဒါပေမယ့် ဆက်ကြည့်ရအောင် Fix Page Not Found ဆိုတာကိုတော့ ရွေးရပါမယ် ဆက်သွားမယ် Default directory မှာပဲ install လိုက်တော့ ခဏလောက် ပဲကြာမှာပါ။
အိုကေ ပြီးသွားပြီ Next ထပ်နှိပ်ပါ Hotspot Shield ချက်ချင်းဖွင့်အောင် ရွေးစရာ ပေးထားပါတယ် ကျွန်တော် ကိုယ့်ဟာကို ဖွင့်တာပဲရွေးမယ် Finish ကိုနှိပ်လိုက်တယ် ပိတ်လိုက်ပါ ဒီမှာတွေ့ရတဲ့ Hotspot Shield ကို နှစ်ချက်နှိပ်ပါ Web browser ပွင့်စေပြီး စတင်အသုံးပြုနိုင်စေတယ်။
ချိတ်ဆက်နေချိန်မှာ Taskbar ပေါ်က အိုင်ကွန်ကို ပြချင်တယ် ဒါဟာ Hotspot Shield ရဲ့အိုင်ကွန်ပါ ချိတ်ဆက်နေချိန်မှာ အ၀ါရောင်ပြနေမယ် အနီရောင်ပြရင်တော့ ချိတ်လို့မရဘူးပေါ့ အဲ အစိမ်းရောင်ပြ ရင်တော့ အောင်မြင်စွာ ချိတ်ဆက်ပြီး သုံးရန်အသင့်ဖြစ်တယ် Icon ပေါ် mouse ညှာဘက် click ကို နှိပ် ရင် ရွေးစရာတွေရှိတယ် ဘာသာစကားကိုလည်း ပြန်ပြောင်းလို့ရတယ် Service ဖွင့်ချင် ပိတ်ချင်လည်း ရတယ် လုံးလုံးထွက်သွား ချင်လည်းရတယ်။
 connected လို့ပြပြီးတာနှင့် အောက်ကအိုင်ကွန်လဲ စိမ်းပြီ IP လိပ်စာနှင့် ဆက်သွယ်မှုတွေ လုံလုံခြုံခြုံ ဖြစ် ပါပြီ ကြိုးချိတ်စနစ်ဖြစ်ဖြစ် ကြိုးမဲ့စနစ်နှင့်ဖြစ်ဖြစ် စိတ်ချလက်ချသုံးနိုင်ပါပြီ အတော်လေး
စိတ်ဝင် စား စရာကောင်းတဲ့ ၀န်ဆောင်မှုပါ။
hotspot shield free download software ဒီမှာလည်ယူနိုင်ပါတယ်
from http://www.aungkyaw.com/2013/02/hotspot-shield-software-hotspot-shield.html
ဆက်လက်ဖတ်ရှု့ရန်
February 7, 2013
FACEBOOK အကောင့် လုံခြုံစေဖို့ နည်းလမ်း (၁) ခု
Unknown | 2/07/2013 12:56:00 AM | | Best Blogger Tips
                         Facebook အကောင့် လုံခြုံစေဖို့ နည်းလမ်း (၁) ခု
သတိမမူ ဂူမမြင် ဆိုသလိုပဲ သတိမထားမိ သေးတဲ့ မိတ်ဆွေတွေ အတွက် Facebook အကောင့်ကို gmail လို ပိုပြီး Secure ဖြစ်အောင် လုပ်ထား သင့်တဲ့
အကြောင်းလေး ပြောချင် ပါတယ်။ Facebook အကောင့်က ပုံမှန် ဆိုရင် HTTP Protocol (Port no 80) ကို အသုံးပြု ပါတယ်။ ခင်ဗျားတို့ gmail သုံးနေရင် သတိထား မိမှာပါ။ gmail က HTTPS Protocol (Port no 443) ကို အသုံးပြု ပါတယ်။ ဘာကွာလဲ ဆိုရင်တော့ လွယ်လွယ် ပြောရမယ် ဆိုရင် HTTPS ကို အသုံးပြု ခဲ့မယ် ဆိုရင် network ပေါ်မှာ Encrypting လုပ်ပြီး သွားပါတယ်။ HTTP ကတော့ not encrypted ပါ။ ဥပမာ Thura လို့ ရိုက်လိုက်တဲ့ စာကို Thura လို့သွားမဲ့ အစား @#(79 လွယ်လွယ် နားမလည်နိုင်တဲ့ encrypt method နဲ့ သွားတာက ပိုပြီး လုံခြုံမှု ရှိတာပေါ့။ အကယ်၍ ကိုယ့် network ကို စောင့်ကြည့်နေမဲ့ Hacker တစ်ယောက် ရှိခဲ့ရင်တောင် ကိုယ်က Encrypt Method နဲ့ သွားနေတာ ဆိုတော့သူ အလွယ်တကူ ဖောက်လို့ မရနိုင်တော့ ဘူးပေါ့။
ဆက်လက်ဖတ်ရှု့ရန်
February 5, 2013
Samsung Galaxy SIII အသုံးပြုသူများ အတွက် ၁၀မိနစ် အားသွင်းရုံနဲ့ fully-functional ဖြစ်စေမယ့် Wireless Device ကို ကိုယ်တိုင် ပြုလုပ်လို့ ရမယ့် tutorial ပါ။
Unknown | 2/05/2013 01:23:00 AM | | Best Blogger Tips
The XDA-Developers forums ကလုပ်သက်ရင့် ကျွမ်းကျင်သူ တွေဟာ မိုဘိုင်းနဲ့ ပတ်သက်တဲ့ ပြဿနာ တွေနဲ့ နည်းပညာ ဆိုင်ရာ အကန့်အသတ် တွေကို ဖြေရှင်းတဲ့ နေရာမှာ၊ အထူးသဖြင့် Android လိုဖုန်းမျိုးတွေကို ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ အခု နောက်ဆုံး သူတို့ထဲက တစ်ယောက်က ၀ိုင်ယာလက် အားသွင်းစက်ကို ထီထွင်လိုက်ပြီး သူတို့ရဲ့ စွမ်းရည်ကို ထပ်မံ ဖော်ထုတ် လိုက်ပါတယ်။
     ၁
ဆက်လက်ဖတ်ရှု့ရန်
February 4, 2013
Google Chrome မှာ မြန်မာစာပေါ်အောင် လုပ်မယ်
Unknown | 2/04/2013 09:58:00 PM | Best Blogger Tips
1.Google Chorme ကိုဖွင့်ပြီးရင် ညာဘက်အပေါ်ထောင့်နားလေးမှာ ရှိတဲ့ Setting ကိုနှိပ်ပါ
2.ကျလာတဲ့ Drop Down menu ထဲမှာ Setting ကို ထပ်နှိပ်ပါအုံး
3.အဲဒါဆိုရင် Setting ဆိုတဲ့ခေါင်းစဉ်အောက်မှာ
   Sign in
   On start up
   Apperance စတဲ့ခေါင်းစဉ်ခွဲတွေတွေ့ရမှာပါ။
   အဲဒီထဲက Web content ဆိုတဲ့ခေါင်းစဉ်ကို ရှာပါ။ တကယ်လို့များမတွေ့သေးရင်  Show Advanced Setting ဆိုတာကို နှိပ်လိုက်ပါ။
ဆက်လက်ဖတ်ရှု့ရန်
February 2, 2013
Internet Download Manager 6.15 Build 1 Final(Released 29 Jan)
Unknown | 2/02/2013 12:52:00 AM | | Best Blogger Tips
IDM ကတော့..အထူးတလည်..မိတ်ဆက်ပေးစရာမလိုပါဘူး....မနေ့က ထွက်တဲ့ Update လေးတွေ့တာနဲ့တင်ပေးလိုက်ပါတယ်..ကြိုက်ရာလင့်ခ်ကနေ Download လုပ်ပါခင်ဗျာ...
Mediafire>>>>>>>> http://www.mediafire.com/?j5abt2aved1acva
ZippyShare >>>>>> http://www64.zippyshare.com/v/79382603/file.html
ITgroup
ဆက်လက်ဖတ်ရှု့ရန်
February 1, 2013
Internet Connection ကို မြှင့်တင်ပေးမယ့်.Throttle 6.1.21.2013+Patch
Unknown | 2/01/2013 10:34:00 PM | | Best Blogger Tips
                                   Throttle 6.1.21.2013+Patch
ဒါကတော့ နာမည်ကျော် PG Ware Company က ထုတ်လိုက်တဲ့ Software တစ်ခုပါ.......
Internet Connection ကို တကယ်မြှင့်တင်ပေးပါတယ်.....
ကျွန်တော်ကိုယ်တိုင်လည်း သုံးပါတယ်.....အသုံးပြုရလည်း လွယ်ကူပါတယ်..
Download Speed ကိုလည်း မြန်ဆန်စေတဲ့ အတွက်...စိတ်ကျေနပ်မှုရစေမှာပါ...
တစ်ခုထူးခြားတာက...IDM နဲ့ ဒီ Software နဲ့ ပေါင်းလိုက်ရင်..
Download Speed က..အံ့သြစရာကောင်းလောက်အောင်မြန်ဆန်လာပါတယ်......
အသေးစိတ်ကိုတော့ ဒီမှာ လေ့လာနိုင်ပါတယ်.....
ကြိုက်လို့အသုံးပြုချင်တယ်ဆိုရင်တော့..အောက်မှာ ပေးထားတဲ့ကြိုက်ရာLink ကနေ ဆွဲလိုက်ပါ...
Patch ပါတဲ့ အတွက် Full-Version အဖြစ်အသုံးပြုနိုင်ပါတယ်...
Patch တွေ KeyGen တွေ ထည့်ရင် မိမိစက်ရဲ့ Anti-Virus ကိုခဏပိတ်ထားလိုက်ပါ......
Anti-Virus က အဲ့ဒါတွေကို Virus အဖြစ် သတ်မှတ်လို့ပါ......
File-Size ကတော့ 2MB နီးပါးပဲရှိပါတယ်.....Link မသေခင်..မြန်မြန်ဆွဲလိုက်ကြနော်.. :)
                                               <<<LastBox>>>
                                               <<<Mediafire>>>
copy from https://www.facebook.com/myanmarITgroup?ref=stream
ဆက်လက်ဖတ်ရှု့ရန်
အရမ်းအရမ်းမြန်တဲ Wyzo Browser
Unknown | 2/01/2013 04:31:00 AM | Best Blogger Tips
ကျွန်တော်သူငယ်ချင်းတွေနဲ့ New Browser လေးနဲ့မိက်ဆက်ပေးခြင်တယ် အရမ်းကိုမြန်ပါတယ်
ပုံစံကတော့ Firefox နဲတူတယ်အရမ်းကိုမြန်ပါတယ် Google ကိုဒီ Web Browser နဲဖွင့်လိုက်ရင်
တော့ One Second တောင်မကြာပါဘူး New Tap ကလဲအရမ်းကိုမြန်ပါတယ် New Tap ကတော့
Google Chrome နဲ့တူတယ် New Tap ရဲမြန်ဆန်တာကတော့ မျက်စိတစ်မှိတ်လေးမှာဘဲ အရမ်းကို
မြန်ပါတယ် ။
ဆက်လက်ဖတ်ရှု့ရန်
youtube က သီချင်း ရုပ်ရှင်တွေကို software မလိုပဲ ဘယ်လိုဒေါင်းမလဲ
Unknown | 2/01/2013 03:12:00 AM | Best Blogger Tips
အခုတလော ကျွန်တော့်ကို youtube က ရုပ်ရှင်နဲ့ သီချင်းကို ဘယ်လို ဒေါင်းရမလဲ လို့သူငယ်ချင်ကမေးလိုတင်လိုက်တာပါ
ဟိုဆော့ဝဲနဲ့ ဒေါင်း လို့ပြောရင်လဲ အဲ့ဒါ ကို
ဘယ်ကရမလဲ ဘယ်လိုတင်ရမလဲနဲ့ပဲ လိုက်လေဝေးလေးဖြစ်နေကြလို့ ဘာဆော့ဝဲလ်မှ မလိုတဲ့
နည်းလေးကို ပြန်လည်တင်ပြပါ့ရစေ...
သိပြီးသားသူတွေအတွက်ကတော့ ဘာမှ မဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက်ကတော့ ကောက်ရိုးပုံထဲ
အပ်ပျောက်ရှာသလိုပါပဲ . . .
ကဲ ထားပါတော့ youtube က သီချင်းတွေကို ဒေါင်းချင်ရင် နည်းလမ်းအများကြီးရှိပါတယ် . . .
ဘာဆော့ဝဲလ်မှ မပါပဲ အလွယ်ဆုံးကိုပြောရရင် အရင်ဆုံး ကို လိုချင်တဲ့သီချင်းကို သွားပါ ရောက်သွားပြီဆိုပါတော့
အပေါ်က address bar မှာ ဥပမာ http://www.youtube.com/watch?v= ရှိတယ် ဆိုပါဆို့ . . .
http://www.ssyoutube.com/watch?v= ဆိုပြီး ရိုက်ပါ ပြီးရင် enter ခေါက်လိုက်ပါ။
download လုပ်ဖို့ စာမျက်နှာတစ်ခုကျလာပါလိမ့်မယ် ( ဆိုလိုတာက မူရင် link က youtube ရဲ့ ရှေ့မှာ ss ဆိုတဲ့
စာလုံးလေးနှစ်လုံးပဲ ရိုက်ထည့်ရုံပါ . . ). . . အဲ့ကျမှ ကိုယ်လိုချင်တဲ့ ဖိုင် အလိုက် ကလစ်လိုက်ရုံပါပဲ နောက်တစ်ခုက
mp3 အဖြစ် တခါတည်းဒေါင်းချင်ရင်တော့
http://www.flvto.com/
http://www.convertmemp3.com/
http://youtube-mp3.info/
http://www.youtube-mp3.org/
http://www.video2mp3.net/
http://www.listentoyoutube.com/ အဲ့ဒီဆိုဒ်တွေမှာ သီးချင်း link ကလေးကို copy / paste လုပ်ပြီး
တခါတည်းဒေါင်းလို့ရပါတယ် . .. ပျော်ရွှင်ကြပါစေ . .
ဆက်လက်ဖတ်ရှု့ရန်
January 31, 2013
Internet Download Manager Speed ဂိတ်ဆုံးထိမြှင့်မယ်
Unknown | 1/31/2013 10:36:00 PM | Best Blogger Tips
Internet Download Manager ကို လူကြိုက်များရတဲ့အကြောင်းကတော့...Download Speed မြန်လွန်းလို့ဖြစ်ပါတယ်။
Connection နှေးနေတဲ့နေရာတွေမှာဆိုရင် သီချင်းတွေ၊ Videoတွေကိုဆွဲရမည်ဆိုပါက Internet Download Manager ကို အရင်ဆုံး စက်ထဲသွင်းဖြစ်လိမ့်မည်ထင်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်
January 25, 2013
ရုံးသမားခိုးသုံးသမား နဲ့ အားလုံးတွက် အဆင်ပြေတဲ့ MP3/MP4 ပြောင်းနည်း
Unknown | 1/25/2013 03:38:00 AM | Best Blogger Tips
ဒီနည်းလေးကို ဘာလို့ ရုံးသမား၊ ခိုးသုံးသမားတွက် ရည်ရွယ်လည်းဆိုတော့ကာ
MP4 အဖြစ်  တိုက်ရိုက် Download ယူနိုင်လို့ ပါ ။  Internet Download   ဆော့ဝဲ
ထပ်ထည့်စရာမလိုသလို  ဒေါင်းပြီးသား   သီချင်းကိုလည်း  MP3  အဖြစ်ပြောင်း
ပေးစရာ  မလိုတော့ပါဘူး ။ Youtube မှာ သီချင်းတွေ့ တာနဲ့   တွေ့ တဲ့သီချင်းကို
MP3 ဖိုင်အဖြစ်  တန်းဆွဲချလို့ ရနေပါတယ်။  ရုံးကွန်ပျုတာတွေက  ဆော့ဝဲတွေ
လိုသလို  အင်စတော  လုပ်မရကြပါဘူး ။အဲ့တော့ ဒီနည်းလေးက အဆင်လည်း
ပြေ လွယ်လည်း လွယ်ကူပီး  Mozila firefox ထဲမှာ ဒီ Add on လေးပေါင်းတာနဲ့ 
ဖလမ်းဖလမ်းထလို့ ရပါတယ် တိုက်ဆိုင်သူ ရှိပါက သုံးနိုင်စေဖို့ ......................။
ဒီလင့်မှာယူ -   https://addons.mozilla.org/MP3 / MP4 Download Add On
http://www.zwmnna.com/2012/09/mp3mp4.html
ဆက်လက်ဖတ်ရှု့ရန်
January 24, 2013
Facebook Videos တွေကို ဘယ်လို Download လုပ်မလဲ
Unknown | 1/24/2013 10:15:00 PM | Best Blogger Tips
Facebook ပေါ်က Videos တွေကို ဒေါင်းတဲ့နည်းအများကြီးရှိပါတယ် IDM လိုမျိုးဆော့ဝ်တွေသုံးပြီးလည်း ဒေါင်းလို့ရပါတယ် ဒါပေမယ့် အခု ဘာဆော့ဝ်မှ မလိုပဲ အလွယ်ကူဆုံးဒေါင်းလို့ရတဲ့နည်းကို တင်ဆက်လိုက်ပါတယ် 
ဘယ်လိုဒေါင်းမလဲ
**********
-ပေးထားတဲ့လင့်လေးကိုသွားလိုက်ပါ အဲဒီမှာ "Enter The Video Link" ဆိုတာမှာ ကိုဒေါင်းချင်တဲ့ Video Link လေးကိုထည့်ပေးလိုက်ပါ
- ပြီးရင် Download ဆိုတာကိုနှိပ်ပေးလိုက်ပါ
- ခဏနေတာနဲ့ "Download This Video (Right Click>>Save As) " ပေါ်တာပြီဆိုရင် နှိပ်ပေးလိုက်ပါ
- ကိုဒေါင်းချင်တဲ့ ဗီဒီယိုကိုဖွင့်ပြပါလိမ့်မယ် အဲဒါဆိုရင် Right Click > Save As ဆိုပြီး ကို့စက်ထဲမှာသိမ်းထားနိုင်ပါပြီခင်ဗျာ
သွားရမည့်လင့်
http://www.downvids.net/
ကျနော်တို့ပေ့ခ်ျကနေ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင် ကျေနပ်နေတဲ့
IT4M
ဆက်လက်ဖတ်ရှု့ရန်