.

xxx

February 5, 2013

Samsung Galaxy SIII အသုံးပြုသူများ အတွက် ၁၀မိနစ် အားသွင်းရုံနဲ့ fully-functional ဖြစ်စေမယ့် Wireless Device ကို ကိုယ်တိုင် ပြုလုပ်လို့ ရမယ့် tutorial ပါ။

Unknown | 2/05/2013 01:23:00 AM | | Best Blogger Tips


The XDA-Developers forums ကလုပ်သက်ရင့် ကျွမ်းကျင်သူ တွေဟာ မိုဘိုင်းနဲ့ ပတ်သက်တဲ့ ပြဿနာ တွေနဲ့ နည်းပညာ ဆိုင်ရာ အကန့်အသတ် တွေကို ဖြေရှင်းတဲ့ နေရာမှာ၊ အထူးသဖြင့် Android လိုဖုန်းမျိုးတွေကို ကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ အခု နောက်ဆုံး သူတို့ထဲက တစ်ယောက်က ၀ိုင်ယာလက် အားသွင်းစက်ကို ထီထွင်လိုက်ပြီး သူတို့ရဲ့ စွမ်းရည်ကို ထပ်မံ ဖော်ထုတ် လိုက်ပါတယ်။

     ၁



၂၅ ဒေါ်လာ တန်ဖိုးရှိတဲ့  ကြိုးမဲ့ အားသွင်းစက်နဲ့ ၁၀မိနစ် အားသွင်းရုံနဲ့ Samsung Galaxy S III ကို fully-functional ဖြစ်စေမှာပါ။ ကြိုးမဲ့ အားသွင်းစနစ်ဟာ အခုမှ ပေါ်လာတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ အရင်တည်းက ရှိခဲ့တဲ့ နည်းပညာ ဖြစ်ပြီး ဈေးကွက်ကိုလည်း အမျိုးအစား နှစ်မျိုးနဲ့ ရောက်ရှိခဲ့ ဖူးပါတယ်။ Nokia က ထုတ်လုပ်တဲ့ ကြိုးမဲ့ အားသွင်းစက် တွေက တခြား အမျိုးအစား တွေထက် လူထုအားပေးမှု ရရှိခဲ့ပေမယ့် အခု ဈေးကွက်မှာ ပေါ်ပြူလာ ဖြစ်နေတဲ့ ဟန်းဆက် အများစုကို အထောက်အပံ့ မပေးနိုင်သေးပါဘူး။ Samsung Galaxy S III ဟာဈေးကွက်မှာ နာမည်ကြီးတဲ့ ဟန်းဆက်ဖြစ်ပြီး Google’s Android မှာ ရနိုင်တဲ့ လူသုံးအများဆုံး ဟန်းဆက် ဖြစ်ပါတယ်။ Samsung Galaxy S III ရဲ့ ကြိုးမဲ့ အားသွင်းနိုင်မှု မရှိခြင်း အပေါ် သုံးစွဲသူတွေရဲ့ တောင်းဆိုမှုအရ အခုလို ရှစ်လကြာ တီထွင်မှု တစ်ရပ် ပေါ်လာခဲ့ တာပါ။ Samsung Galaxy S III ပိုင်ရှင်တွေ ခေါင်းစားခဲ့ရတဲ့ wireless support အပေါ် Cnet က Sharon Vaknin ကိုကျေးဇူး တင်ရမှာပါ။ သူက XDA mod ကိုအသုံးပြုပြီး ရှင်းလင်း သေသပ်ပြီး လုပ်ကြည့်ဖို့ လွယ်ကူတဲ့ tutorial တစ်ခု ပြုလုပ်ခဲ့တာပါ။

           ၂

ဝိုင်ယာလက် အားသွင်းစက် အစိတ်အပိုင်းကို ဖုန်းအတွင်း ထည့်သွင်းဖို့ ပထမဦးဆုံး ကျွန်တော်တို့ အသုံးပြုတဲ့ နောက်ခံ သတ္တုကာဗာကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ အားသွင်းစက် အစိတ်အပိုင်းကို ထည့်သွင်း အပြီးမှာ သံလိုက်စက်ကွင်းကို အနှောက်အယှက် မဖြစ်စေဖို့ သတ္တုကာဗာ အစား ပလတ်စတစ် ကာဗာနဲ့ ဖုန်းရဲ့ နောက်မျက်နှာပြင်ကို အစားထိုး ရမှာပါ။ ပုံမှန် အားသွင်းဖို့ အတွက် Palm Pre wall adapter နဲ့ USB cable လည်းလိုအပ် ပါတယ်။ အသုံးပြုတဲ့ ပစ္စည်းတွေက ဖုန်းနဲ့ အမျိုးအစား ကိုက်ညီဖို့ လိုအပ်ပြီး မကိုက်ညီ တာမျိုးဆို ဖုန်းကို ထိခိုက်စေပါတယ်။ ထည့်သွင်းလိုက်တဲ့ coil ကို ဆယ်လိုတိပ်နဲ့ ပတ်ပြီးရင်တော့ သင်စတင် အသုံးပြုရုံပါပဲ။ သင့်ဖုန်းကို ဒီလို နည်းနည်းလောက် မွမ်းမံ ပေးလိုက်ရုံနဲ့ အောင်မြင်သွားပြီ ဆိုရင် သင့်သူငယ်ချင်းတွေကို wireless charging ရတဲ့ S III ဆိုပြီး ကြွားလို့ ရပြီပေါ့။ အထူး ထုတ်လုပ် ထားတဲ့ ဟန်းဆက်ကို သင့်အနေနဲ့ ရှိပြီးသား ဟန်းဆက်ရဲ့နောက် ဗားရှင်းအသစ် အဖြစ် ခံစားရမှာပါ။ tutorial ကိုဒီလင့်ကနေ တဆင့် Cnet မှာကြည့်ရှု နိုင်မှာပါ။ မပြောမဆိုတော့ ချက်ချင်းကြီး မလုပ်လိုက် ပါနဲ့ဦး။ သင့်အပြစ် ဖြစ်နေပါဦးမယ်။ သင်သာ ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင် Twitter၊ Google+ နဲ့ကျွန်တော် တို့ရဲ့ Facebook page တွေကနေ Microsoft၊ Google၊ Apple နဲ့ web ကနေ နောက်ဆုံးဗားရှင်း ဖြစ်အောင် update လုပ်ဖို့ အကြံပြု ပါရစေဦး။

copy from http://www.mymclub.net/main/index.php?option=com_zoo&task=item&item_id=786&Itemid=537

No comments: