.

xxx

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

May 7, 2013

RCSS တပ်စခန်းတခုအား အစိုးရတပ်မီးရှို့ - အောက်ခြေတပ်များမကျေနပ်၍ စစ်ရေးပြင်

Unknown | 5/07/2013 09:54:00 AM | Best Blogger Tips
RCSS တပ်စခန်းတခုအား အစိုးရတပ်မီးရှို့ - အောက်ခြေတပ်များမကျေနပ်၍ စစ်ရေးပြင်

May 06, 2013 Posted by သျှမ်းသံတော်ဆင့်

 လူပျောက်မှုကြောင့် တပ်စခန်းအတွင်းစစ်ဆေးခွင့်ပေးရန် အစိုးရတပ် တောင်းဆိုမှုကို RCSS/SSA  က လိုက် လျော၍ ခေတ္တရှောင်ထွက်ပေးပြီးနောက် ၎င်းတို့စခန်းအား မြန်မာစစ်တပ်သိမ်းပိုက်ကာ မီးတင်ရှို့လိုက်သော ကြောင့် ရွှေလီမြစ်ဝှမ်းအခြေစိုက် RCSS အမှတ် ၇၀၁ လက်အောက်ခံ တပ်သားထုက မကျေ မနပ်ဖြစ်ကာ စစ်ရေး ပြင်ဆင်နေဟု ဒေသခံများက ပြောသည်။

“သူတို့လူပျောက်တယ်။ တပ်စခန်းအတွင်းဝင်ရှာချင်တယ်လို့ မူစယ်က အစိုးရစစ်အရာရှိပြောလာတယ်။ ဆိုတော့ ကျနော်လဲ ကျနော့် လူတွေကို ရှောင်ထွက်ပေးခိုင်းတယ်။ ဝင်လာတာနဲ့ စခန်းသိမ်းလိုက်တဲ့ အတိုင်း မွှေနှောက်တယ်။ ပြီးတော့ မီးရှို့လိုက်တယ်၊ ကျနော့်လူတွေတော်တော်စိတ်ဆိုးနေတယ်။ ကျနော်တို့က အပစ်ရပ်ထားတဲ့အတွက်ကြောင့်မို့လို့ စစ်ဆေးခွင့်ပြုတာလေ။ အခုတော့ မရတော့ဘူး၊ ထပ်ဝင်လာရင် ပစ်ဖို့အဆင့်သင့်ဘဲ” - ဟု RCSS/SSA အမှတ် ၇၀၁ တပ်မဟာမှူးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြား (ဓါတ်ပုံများ တစ်ပုံလျှင် ယွမ် ၅၀ တန်)၊ အထင် ကရ ပုဂ္ဂိုလ်များ၏ ဓါတ်ပုံများ လိုက်လံရောင်းချသည့် တပ်ထောက်လှမ်းရေး ၄ ဦး ဧပြီလ နှောင်းပိုင်းက ပျောက်ဆုံးသွားသဖြင့် ၎င်းတို့အားသျှမ်းပြည်တပ်မတော် RCSS/SSA ဖမ်းဆီးထားသည်ဟု စွပ်စွဲကာ ပြန်ပေး အပ်ရန် အစိုးရတပ်က တောင်းဆိုလာသည်။

ဖမ်းဆီးထားခြင်းမရှိသောကြောင့် ပြန်ပေးဖို့လူလည်း မရှိကြောင်း RCSS/SSA မှအကြောင်းပြန်သည်နှင့်  ၎င်းတို့၏တင်းခါးတပ်စခန်းအား စစ်ဆေးခွင့်ပြုရန် မူစယ်ခရိုင်ရှိ လှုပ်ရှားစစ်ဗျူဟာမှူးက တောင်းဆိုလာ သည့်အပေါ် လိုက်လျောပေးရာမှ မေလ ၂ ရက်က စခန်း မီးရှို့ဖျက်ဆီးခံရသည်အထိ ဖြစ်ရကြောင်း ပြောကြသည်။

“ပထမ အချက် လူမျိုးရေးပြဿနာဖြစ်အောင် ဖန်တီးချင်တယ်။ ဒုတိယ အချက် အပစ်ရပ်ကိစ္စကို အစိုးရ တပ်က လုံးဝ အရေးမထားဘူး၊ အဲဒီလိုမျိုး ထပ်ဖြစ်ရင် ပစ်ဖို့ပဲရှိတယ်လေ။ အခု ကျနော်တို့ လူတွေ တော်တော်စိတ်ဆိုးနေလို့ စစ်ရေးအသင့်ဖြစ်နေပြီ။ တခြားတပ်စခန်းတွေ အဲဒီလိုမျိုး ထပ်မဖြစ် အောင်။ ဒီအကြောင်း ဦးအောင်မင်းသိအောင် ပြောပြလိုက်ပြီးပါပြီ” - ဟု RCSS/SSA  ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်းတွင်လည်း သတင်းပို့ခြင်းမရှိဘဲ အစိုးရတပ်စစ်ကြောင်းများ နယ်ကျွံလှုပ်ရှားသောကြောင့် ယခုလအစောပိုင်းက နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ဗိုလ်မှူးလောဝ်ဆိုင်က ပြောသည်။


May 06, 2013 Posted by သျှမ်းသံတော်ဆင့်

လူပျောက်မှုကြောင့် တပ်စခန်းအတွင်းစစ်ဆေးခွင...့်ပေးရန် အစိုးရတပ် တောင်းဆိုမှုကို RCSS/SSA က လိုက် လျော၍ ခေတ္တရှောင်ထွက်ပေးပြီးနောက် ၎င်းတို့စခန်းအား မြန်မာစစ်တပ်သိမ်းပိုက်ကာ မီးတင်ရှို့လိုက်သော ကြောင့် ရွှေလီမြစ်ဝှမ်းအခြေစိုက် RCSS အမှတ် ၇၀၁ လက်အောက်ခံ တပ်သားထုက မကျေ မနပ်ဖြစ်ကာ စစ်ရေး ပြင်ဆင်နေဟု ဒေသခံများက ပြောသည်။
ဆက်လက်ဖတ်ရှု့ရန်

May 5, 2013

DKBA နဲ့ အစိုးရတပ်ရဲ့ ရာဇသံ

Unknown | 5/05/2013 08:10:00 PM | Best Blogger Tips
DKBA နဲ့ အစိုးရတပ်ရဲ့ ရာဇသံ

6-5-2013

 လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ကမ်းနဘေးမှာအခြေစိုက်တဲ့ ကလို့ထူးဘောDKBA အဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းလုံခြုံရေးအတွက်
အဲဒီနေရာကနေ စနေနေ့ နောက်ဆုံးထား ထွက်ခွာပေးရမယ်လို့ ဒေသခံ အစိုးရစစ်တပ် ခမရ ၃၃၈  က ဗိုလ်မှူးထွန်းထွန်းဝင်း ပေးထားတဲ့ ရာဇသံကို
DKBA က ပယ်ချထားပေမဲ့ အခုအချိန်အထိတော့ သေနတ်ဖောက်သံတွေ မကြားရသေးဘူး။

DKBA ဌာနချုပ်တနေရာ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ) 

 အစိုးရစစ်တပ်က တိုက်လာရင်   မြ၀တီ-ကော့ကရိတ်နဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောကို ဖြတ်တောက် ပိတ်ဆို့မယ် လို့ DKBA ဌာနချုပ်မှာ  ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

ဗိုလ်မှူးချုပ်ကျော်သက်

 “ကျွန်တော်တို့က အစိုးရနဲ့ငြိမ်းချမ်းရေး လုပ်ထားပြီး ကရင်ပြည်နယ်မှာနေတာပါ။ ကရင် မဟုတ်တဲ့လူတွေက ကျွန်တော်တို့ကို မောင်းထုတ်မယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
သူတို့ဘက်ကစပြီးတိုက်ခိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့အစီအစဉ်အတိုင်း လက်တုန့်ပြန်မှာဖြစ်တယ်။
လူထုအတွက်ကိုစိုးရိမ်ပေမဲ့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူး။ လူထုကိုတော့အသိပေးမှာပါ။ ကျွန်တော်တို့မှာ ရွေးစရာမရှိတော့ဘူး” လို့ပြောပါတယ်။
 
ဗိုလ်မှူးချုပ်စောဘိ(စောတိုင်းဆွေ)
 မြိုင်ကြီးငူမှာအခြေစိုက်တဲ့ DKBA တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဘိ(စောတိုင်းဆွေ)ကလည်း  လက်ရှိပြဿနာကို မဖြစ်ဖြစ်အောင်ဖန်တီးတာက အစိုးရစစ်တပ်ပဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

“သူတို့က လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ။ ကရင်ပြည်နယ်မှာ ကရင်နေလို့မရဘူးဆိုရင် အခြားလူတွေလည်း မနေနဲ့။
လက်ရှိအခြေအနေက သေနတ်တကမ်းမှာပဲ။ တဖက်နဲ့တဖက်ထိပ်တိုက်တိုးမဲ့အနေအထားမှာရှိတယ်။
အခုအချိန်ထိတော့ သေနတ် ဖောက်သံ မကြားရသေးဘူး” လို့ ဆိုပါတယ်။

KNU ဘယ်ဘက်က ပါနေသလဲ

ကရင်ပြည်နယ်ထဲက အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU ရဲ့ ရပ်တည်မှုက ဘယ်လိုရှိတယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပြီးခဲ့တဲ့အပတ်က ၃ ရက်ကြာဖြစ်ခဲ့တဲ့ DKBA နဲ့(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF တိုက်ပွဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ က
ဗိုလ်တာမလာနဲ့ တပ်ဖွဲ့ဝင် ၂၀ လောက်ဟာ BGF ဘက်ကနေ ၀င်ရောက် တိုက်ခိုက်ပေးတယ်လို့ ဗိုလ်မှူးချုပ်ကျော်သက်က ပြောပါတယ်။

”အမှန်ဆိုရင် KNU အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။ အခုအခြေအနေကအတော့်ကို ဆိုးရွားနေတယ်၊  ဒီတခါတော့ ကျွန်တော်တို့ကို တိုက်တဲ့လူမှန်သမျှ
ဘယ်အဖွဲ့ကိုမဆို ပြန်တိုက်ရမှာပဲ” လို့ မနေ့က  သူတို့ရဲ့ ဝေါ်လေဌာနချုပ်ရောက်လာတဲ့ သတင်းထောက်တွေကို ဗိုလ်မှူးချုပ်ကျော်သက်က ပြောလိုက်ပါတယ်။

 DKBA ရဲ့ ပြောဆိုချက်ကို KNU က ငြင်းပါတယ်။

”ဒီကိစ္စက အထင်လွဲမှားတာဖြစ်ပါလိမ့်မယ်။ KNU နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှာက အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးမူဝါဒပဲ ရှိတယ်။
 ဒီတိုက်ပွဲမှာ တပ်မဟာ ၇ ကတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပါဝင်ပတ်သက်မှုလုံးဝမရှိဘူး” လို့  KNU တပ်မဟာ ၇ က တပ်မဟာရုံးထိုင်မှူး ဗိုလ်မှူးအဲဆဲဆဲက  ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

လက်ရှိအခြေအနေ တင်းမာ

အခုဆိုရင် မြိုင်ကြီးငူဒေသမှာ နှစ်ဘက်ထိပ်တိုက်ဖြစ်မဲ့အနေအထားတွေရောက်ရှိနေပြီး နှစ်ဘက်တပ်တွေလည်း အဆင့်မြင့်တပ်လှန့်မှုတွေ လုပ်ထားပါပြိ။

 DKBA ဌာနချုပ်ရှိတဲ့မြ၀တီမှာလည်း နှစ်ဘက်တပ်တွေ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရတဲ့အတွက် ဒေသခံတွေက  စိတ်မသက်မသာဖြစ်နေကြရတယ်လို့ ရင်ဖွင့်ကြပါတယ်။


တဖက်နဲ့တဖက်အလျှော့ပေးပုံမပေါ်တဲ့ နှစ်ဘက်တင်းမာမှုတွေက လက်ရှိငြိမ်းချမ်းရေးကို ကျိုးပျက်စေမှာလား၊ ဒေသခံတွေကို မြေဇာပင်ဖြစ်စေမှာလား၊
ဒါမှမဟုတ် ဒေသတွင်းမှာ၊ တကျော့ပြန်စစ်မီး ပြန်တောက်လေမလား ဆိုတာကိုတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိမှုအပေါ်မှာပဲ မူတည်တဲ့အကြောင်း ဒေသခံတွေ ပြောဆိုနေကြပါတယ်။

အသေအပျောက် အများအပြား ရှိခဲ့တဲ့ အရင်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ဖြစ်ပွားခဲ့တဲ့ BGF နဲ့  DKBA  တိုက်ပွဲအပြီးမှာ ဒေသခံ အစိုးရတပ်က (ဒီကေဘီအေ)ကို လက်ရှိအခြေစိုက်နေရာ သံလွင်မြစ်အနီးကနေ ဖယ်ရှားခိုင်းခြင်းဖြစ်တယ်လို့  ဗိုလ်မှူးချုပ်စောဘိက ပြောပါတယ်။

blog.irrawaddy

DKBA ဌာနချုပ်တနေရာ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
6-5-2013

လှိုင်းဘွဲ့မြို့နယ်ထဲက သံလွင်မြစ်ကမ်းနဘေးမှာအခြေစိုက်တဲ့ ကလို့ထူးဘောDKBA အဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်းလုံခြုံရေးအတွက်
... အဲဒီနေရာကနေ စနေနေ့ နောက်ဆုံးထား ထွက်ခွာပေးရမယ်လို့ ဒေသခံ အစိုးရစစ်တပ် ခမရ ၃၃၈ က ဗိုလ်မှူးထွန်းထွန်းဝင်း ပေးထားတဲ့ ရာဇသံကို
DKBA က ပယ်ချထားပေမဲ့ အခုအချိန်အထိတော့ သေနတ်ဖောက်သံတွေ မကြားရသေးဘူး။

အစိုးရစစ်တပ်က တိုက်လာရင် မြ၀တီ-ကော့ကရိတ်နဲ့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောကို ဖြတ်တောက် ပိတ်ဆို့မယ် လို့ DKBA ဌာနချုပ်မှာ ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ဧရာဝတီသတင်းဌာနကိုပြောပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

May 4, 2013

ဘယ်သူ့အတွက် စစ်တိုက်ကြမှာလဲ

Unknown | 5/04/2013 07:02:00 PM | Best Blogger Tips

ယနေ့ (မေလ ၅ ရက်) တွင် ထုတ်ဝေသည့် The Daily Eleven Newspaper ၏ အယ်ဒီတာ့ အာဘော် . . .

 ကရင်ပြည်နယ်အတွင်း သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံ အောက်ဘက် ၂၉ မိုင်အကွာတွင် တည်ဆောက်ရန်ရှိသော ဟက်ကြီးရေကာတာ ရေအားလျှပ်စစ်စီမံကိန်း အတွက် တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) တပ်စခန်းများကို ရွှေ့ပြောင်းရန် တပ်မတော်က အကြောင်းကြားခဲ့သည့်အတွက် တင်းမာမှုများဖြစ်ပေါ်နေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်

DKBA တပ်ရင်းများ ရွှေ့မပေးနိုင်

Unknown | 5/04/2013 07:06:00 AM | Best Blogger Tips
DKBA တပ်ရင်းများ ရွှေ့မပေးနိုင်

4-5-2013

အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။

“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။
အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။

“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။ ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။

ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်း ကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။

DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။

မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှ သေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။ 

mizzimaburmese


4-5-2013

အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ...်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။

“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။
ဆက်လက်ဖတ်ရှု့ရန်

ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

Unknown | 5/04/2013 06:48:00 AM | Best Blogger Tips
ဒီကေဘီအေကိုပေးထားတဲ့ ရာဇသံအချိန်ကျော် နောက်ဆုံးအခြေအနေ

May 4,2013 by naytthit.net 

မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျော်သွားပေမယ့်
ဒီကေဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြား အနီးကပ် နေရာယူ ရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေပါတယ်။

နှစ်ဖက်တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ပြဿနာကိုဖြေရှင်းပေးဖို့ ၂၄ နာရီအတွင်း အကြောင်းပြန်ကြားပေးမယ်ဆိုတာနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က အခုလိုပြောကြားလာပါတယ်..

“အခြေအနေကတော့ Peace Center က ဒေါက်တာမင်းဇော်ဦး ဖုန်းဆက်လာတယ်။ ဖြစ်နေတဲ့ပြဿနာပြေလည်သွားအောင် ဖြေရှင်းပေးဖို့အတွက် အထက်လူကြီးတွေနဲ့တိုင်ပင်ပြီး ၂၄ နာရီအတွင်း အကြောင်းပြန်မယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတယ်။ အစိုးရတပ်တွေကတော့ မြဝတီမြို့ထဲမှာ လိုက်လှည့်နေတယ်။ နောက်တခုက သောင်ရင်းမြစ်တလျောက်က နယ်စပ်ဖြတ်ကူးဂိတ် ၁ ဂိတ်ကနေ ဗိုလ်မှူးတိုက်ဂါး တည်ရှိတဲ့ KNLA ငြိမ်းချမ်းရေးကောင်စီ နယ်စပ်ဖြတ်ကူးဂိတ်အထိ တောက်လျောက်နေရာယူထားကြတယ်။ ပစ်ကျင်းတွေတူးထားတယ်။ အဓိကဖယ်ခိုင်းထားတဲ့ ဟတ်ကြီးရေကာတာလုပ်မယ့် နေရာအနီးက ဒီကေဘီအေ တပ်တွေကိုတော့ အစိုးရတပ်တွေ အနီးကပ်နေရာယူထားတယ်။ ဆက်တိုးရင်တော့ တိုက်ပွဲတွေဖြစ်လာဖို့ရှိတယ်။”

မေလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမထိုးခင်အတွင်း ကရင်ပြည်နယ် ဟတ်ကြီးရေကာတာအနီးရှိ ဒီကေဘီအေ ကလို့ထူးလား ဗျူဟာမှူးဆီစာရေးကာ ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းအတွက် နယ်မြေရှင်းလင်းဖို့အကြောင်းပြပြီး ဒီကေဘီအေ တပ်တွေကို နယ်မြေတွင်းက ထွက်ခွာခိုင်းတဲ့ အစိုးရစစ်တပ်ရဲ့ ရာဇသံပေးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ လူထုအတွင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။


May 4,2013 by naytthit.net

မေလ ၄ ရက်နေ့ ၁၂ နာရီးနောက်ဆုံးထား ထွက်ခွာပေးဖို့ အစိုးရရဲ့ ရာဇသံအချိန်ကျော်...သွားပေမယ့်
ဒီကေဘီအေနဲ့ အစိုးရတပ်တွေနဲ့ကြား အနီးကပ် နေရာယူ ရင်ဆိုင်နေကြပြီး တင်းမာနေတဲ့ အနေအထားကိုရောက်ရှိနေပါတယ်။

နှစ်ဖက်တင်းမာနေတဲ့အနေအထားကို ဦးအောင်မင်း ဦးဆောင်တဲ့ Myanmar Peace Center (MPC) မှ တာဝန်ရှိသူတဦးက ပြဿနာကိုဖြေရှင်းပေးဖို့ ၂၄ နာရီအတွင်း အကြောင်းပြန်ကြားပေးမယ်ဆိုတာနဲ့ အစိုးရတပ်တွေက ဒီကေဘီအေကို အနီးကပ်စောင့်ကြည့်နေရာယူထားကြောင့် ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင်က အခုလိုပြောကြားလာပါတယ်..
ဆက်လက်ဖတ်ရှု့ရန်

May 3, 2013

DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးပြော

Unknown | 5/03/2013 09:22:00 PM | Best Blogger Tips
DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးပြော
=============================================
 ကလို့ထူးဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ  မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က အကြောင်းကြားထားသည်။ 

ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏ ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်။ ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းထားရန်မှာ သေနတ်ကိုင်ထားကြသည့် နှစ်ဘက်လုံးပေါ်တွင် မူတည်နေသည်။

အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချလိုက်ကြောင်း ကလို့ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ပြောသည်။

“ဒီနယ်မြေကကိုယ့်နေရာပဲ။ ဖယ်ပေးစရာအကြောင်းမရှိဘူး။ ဒီက ဖယ်ပေးလိုက်ရင် ထိုင်းဘက်ရောက်ဘိဖို့ပဲ ရှိတော့မယ်” ဟု  ဧရာဝတီသတင်းဌာနကို ယနေ့ နံနက်ပိုင်းက ပြောသည်။

“အတင်းအကြပ်ရွှေ့ခိုင်းမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဲ့ဆိုးကျိုးကိုပဲ ဖြစ်စေမယ်” ဟု ဆိုသည်။ 

ဒီကေဘီအေသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် အောက်ခြေစစ်တပ်နှင့် စကားပြောရန်အကြောင်း လုံးဝ မရှိကြောင်း၊ 
မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် လက်နက်များဖြင့် မိမိတို့ကို အကြမ်းဖက် တိုက်ခိုက်လာပါက ပြန်လည်ခုခံမည်ဟုလည်း  သူက ဖြည့်စွက်ပြောကြားသည်။

အစိုးရတပ်၏ ရာဇသံ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြိုင်ကြီးငူတွင် (ကရင်ပြည်နယ်)နယ်ခြားစောင့်တပ်နှင့် DKBA တို့ ဖြစ်ပွားခဲ့သည့် ၃ ရက်ကြာ တိုက်ပွဲ နှင့် ဆက်စပ်နေသည်ဟု
၎င်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။ 

“ဒီတိုက်ပွဲဖြစ်တာလည်း သူတို့ရဲ့အကြံအစည်ပဲ။ ကျွန်တော်တို့ဘက်ကတော့ တပ်တွေကို ဖယ်ပေးစရာမရှိဘူး။ အရင်ကလည်းမြိုင်ကြီးငူကနေ 
လက်ရှိနေရာကိုပြောင်လာခဲ့တာဘဲ ထပ်ပြီးဘယ်ကိုမှပြောင်းစရာမရှိတော့ဘူး” ဟု  ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။

ဒေသတွင်း တုံ့ပြန်ချက်တချို့
----------------------------
DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးက ဧရာဝတီသို့ ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့အနေနှင့် လက်ရှိအခြေအနေများကို ၀င်ရောက်ထိန်းသိမ်းပေးရန်  DKBA အဖွဲ့က တောင်းဆိုလိုက်ပြီး ပြေလည်မှု မရပါက  ဆိုးကျိုးများသာဖြစ်ပေါ်စေမည်ဟု ပြောသည်။ 

၃ ရက်ကြာတိုက်ပွဲနောက်ပိုင်း   ဒေသတွင်းတင်းမာမှု  ဆက်လက်ကျန်ရှိနေသေးသည့်အတွက်  တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်နိုင်သည်ဟု ဒေသခံတို့ကပြောသည်။

ဤအတောအတွင်း တပ်ရင်းတပ်ဖွဲ့များကိုတပ်လှန့်ထားသည်ဟု  (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် တပ်မှူးတဦးကပြောသည်။

ဟတ်ကြီးရေကာတာစီမံကိန်း
---------------------------
 DKBA တို့ တပ်စွဲထားသည့်နေရာသည် ဟတ်ကြီးရေကာတာ စီမံကိန်း နယ်မြေ အနီးတွင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတန်ကြာက အစပြုခဲ့သည့် ဟတ်ကြီးရေကာတာစီမံကိန်းသည် သံလွင်မြစ်နှင့် ဒေသဝန်းကျင်၏ သဘာဝကို ထိခိုက်ပျက်စီးစေသည်ဟု ဆိုကာ ဒေသခံ အများအပြားက ကန့်ကွက်နေကြသည်။

 စီမံကိန်းကို သဘောမတူသောကြောင့်လည်း DKBA က ထိုနေရာမှ ထွက်ခွာရန် ငြင်းဆန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“အများပြည်သူရဲ့ဆန္ဒမပါဘဲ လုပ်မယ့် ဟတ်ကြီးရေကာတာ စီမံကိန်းကို ကျွန်တော်တို့ လုံးဝ ခွင့်မပြုနိုင်သလို ဒီနေရာကနေလည်း ဘယ်ကိုမှာရွှေ့ပြောင်းပေးမှာ မဟုတ်ဘူး။ 
သံလွင်မြစ်အပါအ၀င် ကရင်ပြည်နယ်ရဲ့သဘာဝတော တောင်ရေမြေတွေနဲ့ သယံဇာတတွေကို ကာကွယ်ထိန်းသိမ်းသွားဖို့ တာဝန်ရှိတယ်” ဟု DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။

သေနတ်သံ အဆက်မပြတ် ထွက်ခဲ့သည့် ကရင်ပြည်နယ်သည် ကာလအတန်ကြာ ငြိမ်းချမ်းခဲ့ပြီး ယခုအခါ တိုက်ပွဲကြီးငယ်များ ပြန်ထွက်လာနိုင်သည့် အရိပ်အယောင်တချို့ တွေ့နေရသည်။
တိုက်ပွဲဖြစ်မည် သို့မဟုတ် ငြိမ်းချမ်းရေး ဆက်ထိန်းမည် ဆိုသည်တို့မှာ လက်နက်ကိုင်ထားကြသူတို့၏ ဆုံးဖြတ်ချက်အပေါ်တွင် အဓိက မူတည်နေသည်ဟု ဆိုရမည်ဖြစ်သည်။
--------------------------------------------------------
ဓာတ်ပုံ-ယနေ့မြန်မာနယ်စပ်တနေရာတွင်တွေ့ရသည့်  DKBA မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးရှာထူးဝေါ် တို့နှင့် KNU/KNLAငြိမ်းကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ) 
________________________________________
Irrawaddy- 3-5-2013
Ref: http://blog.irrawaddy.org/2013/05/blog-post_1982.html
ဓာတ်ပုံ-ယနေ့မြန်မာနယ်စပ်တနေရာတွင်တွေ့ရသည့် DKBA မှ ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်မှူးရှာထူးဝေါ် တို့နှင့် KNU/KNLAငြိမ်းကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါး (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)
=============================================
ကလို့ထူး...ဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က အကြောင်းကြားထားသည်။

ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏ ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်။ ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းထားရန်မှာ သေနတ်ကိုင်ထားကြသည့် နှစ်ဘက်လုံးပေါ်တွင် မူတည်နေသည်။
ဆက်လက်ဖတ်ရှု့ရန်

May 2, 2013

ဒီကေဘီအေကို နယ်မြေပြောင်းရွှေ့ရန် အစိုးရတပ် အမိန့်ပေး

Unknown | 5/02/2013 09:05:00 PM | Best Blogger Tips
 
ဒီကေဘီအေကို နယ်မြေပြောင်းရွှေ့ရန် အစိုးရတပ် အမိန့်ပေး

3-5-2013

ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဒီကေဘီအေတပ်ဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်း နယ်မြေကနေ ဒီလ ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က အမိန့်ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

ဒီကေဘီအေဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေရဲဘော် ၁ ဦးရဲ့ကျည်သင့်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒီကေဘီအေကို ၂၇ ရက်နေ့ကနေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဒီကေဘီအေက နယ်ခြားစောင့်တပ်က ဗိုလ်ချစ်သူနဲ့ ညှိပြီး မြိုင်ကြီးငူကနေ ခွာပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကေဘီအေထံက သိမ်းထားတဲ့ သေနတ်တွေကိုတော့ ပြန်တောင်းရာမှာ မပေးဘဲ နယ်ကနေဖယ်ခိုင်းတာလို့ ဆိုပါတယ်။

လက်နက်ပြန်ရဖို့ စောင့်ဆိုင်းနေတုန်း ဒီနေ့ သူတို့ကို နယ်ထဲကနေ ထွက်ခွာပေးရမယ်လို့ ရာဇသံပေးလာတာဟာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားထိခိုက်နိုင်တယ်လို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်၊

“တိုက်ပွဲအကြောင်းကိစ္စက ဟတ်ကြီး ရေကာတာကို သူတို့က ရေအားလျှပ်စစ်ထုတ်မယ်။ ဒါကြောင့် အဲဒေသကခွာပေးဖို့၊ ဗိုလ်မှူးထွန်းထွန်းဝင်းပေးတဲ့ ရက်ကတော့ မေလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့ ၁၂ နာရီမှာ ဆုတ်ခွာပေးဖို့။ ဆုတ်ခွာခိုင်းတဲ့ဒေသက မယ်ပ၊ မယ်ကစောဘက်ကို။ ဒီလိုရာဇသံပေးတာဟာ အတင်းအဓမ္မခွာခိုင်းရင် အပစ်အခတ်ရပ်စဲထားတာကို ထိခိုက်နိုင်တယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသိပေးချင်တယ်။”

သူတို့အနေနဲ့ကတော့ ရာဇသံပေးတဲ့အတိုင်း ဖယ်ပေးနိုင်မှာ မဟုတ်တာကြောင့် အပစ်အခတ်ရပ်စဲရေး ထိခိုက်နိုင်တဲ့အကြောင်း ဒီကေဘီအေက ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား  သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ  ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့ပါတယ်။ နယ်ခြားစောင့်တပ်က ရပ်မပေးတဲ့အတွက် အဲဒီတပ်သားက သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း  လူအင်အား ၁၀၀  ကျော်က  မြိုင်ကြီးငူဒေသ ကျီးဘုရား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ဒီကေဘီအေ အင်အား ၃၀ ကျော်ကို ၀ိုင်းထားပြီး  အဲဒီည  တညလုံးနဲ့ ၂၈ ရက်နေ့ မနက်ပိုင်းမှာရော၊ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ် ပစ်ခတ်မှုမှာ အရပ်သား ၂ ယောက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အခုဆိုရင် မြိုင်ကြီးငူမှာ ရွာသားတွေ မနေရဲကြတော့ဘဲ ကမမောင်းနဲ့ အုန်းတောရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ မြိုင်ကြီးငူတ၀ိုက် ကုန်းကြောင်းရော ရေကြောင်းပါ အသွားအလာတွေလည်း ရပ်ထားတယ်လို့ ဆိုပါတယ်။

DVB
ဒီကေဘီအေကို နယ်မြေပြောင်းရွှေ့ရန် အစိုးရတပ် အမိန့်ပေး

3-5-2013

ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီး...တဲ့နောက် ဒီကေဘီအေတပ်ဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်း နယ်မြေကနေ ဒီလ ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က အမိန့်ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

April 27, 2013

ကရင်လက်နက်ကိုင်အဖွဲ့ ၂ ခု ကြား တိုက်ပွဲငယ်များ ပစ်ခတ်မှုများ ဖြစ်ပွား

Unknown | 4/27/2013 10:16:00 PM | Best Blogger Tips

Sunday, April 28, 2013

ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် ကရင်လက်နက်ကိုင်အဖွဲ့ ၂ ခု ကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေသောကြောင့် တဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်။

... သောကြာနေ့က သံလွင်မြစ်အတွင်းမောင်နှင်လာသည့် ကရင်ပြည်နယ်ခြားစောင့်တပ်၏ စက်လှေတစင်းကို မြိုင်ကြီးငူဒေသ အခြေစိုက် ကလို့ထူးဘော DKBA တပ်ဖွဲ့ဝင်များက သေနတ်ဖောက်ပြီး ဟန့်တားရာမှ စတင်ကာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲ့မြို့နယ်အတွင်းအခြေစိုက်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ
(ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
နှစ်ဘက်အကြား ကြိုကြားတိုက်ခိုက်မှုများမှာ ယနေ့နံနက်တိုင် ဆက်လက်ဖြစ်ပွားနေပြီး နယ်ခြားစောင့်တပ်မှ တဦး ကျဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း၊
DKBA ဘက်မှလည်း ဒဏ်ရာရသူ တချို့ ရှိကြောင်း မြိုင်ကြီးငူဒေသခံများကပြောသည်။

”ဒီမနက်အထိတိုက်ပွဲကဖြစ်နေတုံးဘဲ ပစ်လိုက်နားလိုက်နဲ့ဘဲ၊ မဲဆောက်မှာနေတဲ့ ငါ့သမီး ဒီနေ့ပြန်လာမယ်ပြောလို့ မလာနဲ့အုံး၊
ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ အကြောင်းကြားလိုက်ရတယ်၊ တိုက်ပွဲက သေနတ်သံတွေအတိုင်းသားကြားနေရတယ်” ဟု မြိုင်ကြီးငူဒေသခံဒေါ်နောင့်ပစ်က ဧရာဝတီသတင်းဌာန ကိုပြောသည်။

လှိုင်းဘွဲမြို့နယ်နှင့်ဆက်စပ်တည်ရှိရာ ကရင်အမျိုးသားအစည်းအရုံး KNU ဘားအံခရိုင်ဥက္ကဌပဒိုအောင်မော် အေးက ”မြိုင်ကြီးငူမှာ DKBAက ဗိုလ်ဘိအဖွဲ့ အခြေစိုက်တယ်။
အခုဖြစ်တာက နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ နဲ့ဖြစ်တာ။ သူတို့နှစ်ဘက်မှာအရင်ကလည်း ဒီလိုတင်းမာမှုရန်ညိုးရန်စတွေရှိခဲ့တယ်။
သူတို့ပစ်ခတ်မှုကအခုထိမ ပြီးသေးဘူး” ဟု ပဋိပက္ခဖြစ်ပွားနေမှုအကြောင်း ပြောပြသည်။

၎င်းတိုက်ခိုက်မှုများဒေသအတွင်း ရက်ရှည်ဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်ပူပန်နေကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောသည်။

ပဋိပက္ခနှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရ လာရောက်ဖြေရှင်းပေးခြင်းကို မတွေ့ရသေးကြောင်း ဒေသခံများကပြောသည်။
ဆက်လက်ဖတ်ရှု့ရန်

ခေတ်ဟောင်းမှာ ကျန်ခဲ့တဲ့ ဖိုးတခေတ် (သို့မဟုတ်) ကရင်အမျိုးသား ရွာကလေး

Unknown | 4/27/2013 09:56:00 PM | Best Blogger Tips


          nivo slider image nivo slider image nivo slider image


ရွာထဲကို ၀င်လိုက်တာနဲ့ မြေနီလမ်းကလေး နှစ်ဘက်စလုံးမှာ ပျဉ်ထောင်ကာ ပျဉ်ခင်းနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေနဲ့ အတူ ကရင်ရိုးရာဓလေ့ တခုဖြစ်တဲ့ ကရင်ဘာသာနဲ့ “ထမုဒ်” လို့ ခေါ်တဲ့ ၀ါးလုံးရှည် တလုံး ပေါ်မှာ ကရင်အမျိုးသား အလံနဲ့ အင်္ကျီကို ချိတ်ဆွဲထားတဲ့ နတ်စင်လေးတွေကိုပါ တွေ့မြင်ရပါတယ်။
အဲဒါကတော့ ကရင်ပြည်နယ်က “ကရင် အမျိုးသားရွာ” ဖြစ်ပြီး ဘားအံ ခရိုင် ဂျိုင်းမြို့နယ်ထဲမှာ ရှိတာပါ။
အနီးအနား ကျေးရွာမှာရှိတဲ့ လူတွေကတော့ “ဖိုးတခေတ်” ရွာလို့လည်း ခေါ်ကြပါတယ်။ ရွာတည်ထောင်ဖို့ နယ်မြေကို ယခင် စစ်အစိုးရ လက်ထက်က ဘားအံမြို့ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌဟောင်း ဦးခင်ကြူးက ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

April 24, 2013

ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ) ဥက္ကဌ ဖမ်းဆီးထိန်းသိမ်းခံရ

Unknown | 4/24/2013 10:13:00 AM | Best Blogger Tips

 ဧပြီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ) ဥက္ကဌ ဖမ်းဆီးထိန်းသိမ်းခံရ
ဧပြီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

တောင်ကိုးရီးယားနိုင်ငံအခြေစိုက် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ ဥက္ကဌဖြစ်သူ စောလှိုင်မျိုး သိမ်း(ခေါ်) မင်းမင်းသိမ်းကို ကိုးရီးယားအစိုးရမှ တရားမ၀င်အလုပ်လုပ်သည်ဟူ၍ လက်ရှိ အင်ချွန်းပြည်နယ်၊ အင်ချွန်း လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

စောလှိုင်မျိုးသိမ်းသည် ဒုက္ခသည်အဖြစ် တောင်ကိုးရီးယားအစိုးရထံသို့ နိုင်ငံရေးခွင့်ခိုလှုံခွင့်တောင်းခံထားသူ ဖြစ်ပြီး ဥပဒေအရ နိုင်ငံရေးခိုလှုံခွင့်တောင်းခံစဉ်ကာလအတွင်း အလုပ်လုပ်နေသည့် ၎င်းကို ဧပြီလ ၂၂ရက် နေ့၌ အန်ဆန်းမြို့နယ်၊ ရှီဝှာစက်မှုဇုံရှိ ကားပစ္စည်းအပိုစက်ရုံတွင် အစိုးရအာဏာပိုင်များက သွားရောက်ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်ဟု ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ အတွင်းရေးမှူး စကက်နက်မိုးက ပြောသည်။

စကက်နက်မိုးက “ကိုးရီးယားအစိုးရက နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားတဲ့ကာလမှာ အလုပ်မလုပ်ရဘူး ပြော ထားပေမယ့် ဘာမှ အကူအညီ မပေးဘူး။ တကယ်လို့ အလုပ်မလုပ်ရင်လည်း ရပ်တည်လို့ မရဘူး။ အခု အလုပ်လုပ်တော့ ဖမ်းတယ်ဆိုတော့ ဒါကတော့ မျှတမှု မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)အတွက် အမှုလိုက်ပေးနေသည့် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ခဲ့ဖူးသူ ကိုးရီးယားနာမည်ကျော် လူ့အခွင့်အရေး အမျိုးသမီးရှေ့နေ လီဆမ်ဟီးက အစိုးရ၏ လုပ်ဆောင် ချက်သည် တရားမျှမှု မရှိသလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံစဉ် ကာလအတွင်း အလုပ်မလုပ်ရဆိုသည့် ပြဌာန်း ထားသည့် ဥပဒေကို ပြန်လည်ပြင်ဆင်သင့်သည်ဟု ဝေဖန်ထား ကြောင်း သိရသည်။

စကက်နက်မိုးက “တရားမျှတမှုမရှိတဲ့ ဒီဖမ်းဆီးမှုကို သိဖို့ လီဆမ်ဟီးက ကိုးရီးယားမှာရှိတဲ့ မီဒီယာအသိုင်း အ၀ိုင်းတွေကို ဖိတ်ပြီး ဒီကိစ္စကို ရှင်းလင်းဖို့ အစီအစဉ်ရှိတယ်။ နောက် ကျနော်ပြောချင်တာက ဒီကိုးရီးယားမှာ အခြားတိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးထားပြီးတော့ ကရင်ကျတော့ မပေးဘူး”ဟု ဆက်ပြောသည်။

ကိုရီးယားနိုင်ငံတွင် မြန်မာ့အရေးလှူပ်ရှားသည့်အသင်းအဖွဲ့ စည်းအချို့မှ ခိုလူံခွင့်ရရှိသူများရှိသော်လည်း
ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)ကို ယခုထိ ခိုလှုံခွင့် မရရှိသေးသည့်အတွက် အခြားနိုင်ငံတကာ ရောက် ကရင်အဖွဲ့များလည်း ကိုးရီးယားအစိုးရအား ၀ိုင်းဝန်းတောင်းဆိုပေးကြရန် စကက်နက်မိုးက ဖြည့်စွက် ပြောဆိုသည်။

ထို့အပြင် ကိုးရီးယားအစိုးရသည် ကိုးရီးယားရှိ မီဒီယာနှင့် အစိုးရမဟုတ်သောအဖွဲ့(အဲန်ဂျီအို)များကလည်း ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့မှုများရှိသည့်အတွက် ကရင်လူမျိုးတို့၏ ဘ၀အခြေအနေများကို သိသင့်သလောက် သိထားပြီးဖြစ်သော်လည်း ကရင်ကို လက်မခံခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ)က ဆိုသည်။

တဆက်တည်းမှာပင် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ စကြည်သက် ထွန်းကိုလည်း ကိုးရီးယားအစိုးရက ဗီဇာသက်တမ်းတိုးခွင့်မပေးတော့ဘဲ ယခု ဧပြီလကုန်အထိသာ သက်တမ်း ကျန်တော့သည့်အတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။

ကရင်လူငယ်အစည်းအရုံး(ကိုးရီးယား)သည် ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်အပေါ် အခြေခံ၍ ၂၀၀၉ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၎င်းအဖွဲ့သည် ကိုးရီးယားအစိုးရထံသို့ နိုင်ငံရေးခို လှုံခွင့် လျှောက်ခဲ့ရာ အစိုးရက ခွင့်ပြုချက်မပေးဘဲ ယခုထိ ငြင်းပယ်ထားဆဲဖြစ်သည်။

တောင်ကိုးရီးယားနိုင်ငံတွင် လက်ရှိနေထိုင်သည့် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယား)အဖွဲ့ဝင်များသည် ကိုးရီးယားအစိုးရမှ ပေးထားသည့် တရားစွဲ A4 စာရွက်ဖြင့် သုံးလတကြိမ်တုံးထုပြီး နေထိုင်နေရသည်ဟု စကက်နက်မိုးက ပြောသည်။
တောင်ကိုးရီးယားနိုင်ငံအခြေစိုက် ကရင်လူငယ်အစည်းအရုံး(ကိုးရီးယားဌာနခွဲ)၏ ဥက္ကဌဖြစ်သူ စောလှိုင်မျိုး သိမ်း(ခေါ်) မင်းမင်းသိမ်းကို ကိုးရီးယားအစိုးရမှ တရားမ၀င်အလုပ်လုပ်သည်ဟူ၍ လက်ရှိ အင်ချွန်းပြည်နယ်၊ အင်ချွန်း လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။
ဆက်လက်ဖတ်ရှု့ရန်

April 23, 2013

ကရင်ပြည်နယ်ရှိ ၅၅ မိုင်ရှည် ဒေါနတောင်ကျော် ကားလမ်း ကတ္တရာခင်းရာတွင် လမ်းကြိတ်စက် တစီးတိတိ အသုံးပြုနေကြောင်း သိရသည်။

Unknown | 4/23/2013 08:55:00 PM | Best Blogger Tips
ဒေါနတောင် အနှေးလမ်း နဲ့ အမြန်လမ်း 


ကရင်ပြည်နယ်ရှိ ၅၅ မိုင်ရှည် ဒေါနတောင်ကျော် ကားလမ်း ကတ္တရာခင်းရာတွင် လမ်းကြိတ်စက် တစီးတိတိ အသုံးပြုနေကြောင်း သိရသည်။  

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာ အပြီးခင်းရန် ပြည်ထောင်စုအစိုးရက ခွင့်ပြုငွေ ကျပ် ၅၇၈ သန်းချပေးခဲ့သော်လည်း စက်ယန္တယားအားကိုအသုံးပြုနိုင်ခြင်း အလွန်နည်းပါးခဲ့သဖြင့် သတ်မှတ် ကာလတွင် ပြီးမြောက်ခဲ့ခြင်းမရှိဟု မြန်မာအင်ဂျင်နီယာတချို့ကပြောသည်။

“လမ်းခင်းမယ့် ကျောက်တွေကို လမ်းဘေးမှာ ကားနဲ့ လိုက်ချပေးတာရှိတယ်။ ပြီးရင် လမ်းကြိတ်စက်တစီးနဲ့ပဲ လမ်းဖြစ်အောင်လုပ်ရတာ ဆိုတော့ ဘယ်လိုလုပ်ပြီးမှာလဲ” ဟု လမ်းဖောက်လုပ်မှုတွင်ပါဝင်သည့် ကော့ကရိတ်မြို့နယ်မှ အငယ်တန်းအင်ဂျင်နီယာတဦးက ပြောသည်။

“သမရိုး ကျအတိုင်းပဲ လူအားကို အသုံးပြုပြီး ကျောက်သယ်၊ ကျောက်ခင်း၊ ကတ္တရာလောင်းတာကအစ ဆိုတော့ သတ် မှတ်ကာလမှာ မပြီးတာ” ဟု သူက ဆက်ပြောသည်။

မြ၀တီမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့က သင်္ကန်းညီနောင်မှ စတင်ကာ ၁၀ မိုင်ခန့်၊ ကော့ကရိတ်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးအဖွဲ့ကလည်း ကော့ကရိတ် ဒေါနတောင်ခြေမှစတင်၍ ၁၀ မိုင်ခန့်သာ ကတ္တရာခင်းနိုင်ခဲ့သည်။ 
အကျိုးဆက်အားဖြင့် နေ့စဉ်အစီးရေ ရာပေါင်းများစွာ ပြေးဆွဲနေသည့် ကုန်တင်ကားကြီး ကားငယ်များ၊ ခရီးသည်တင် ကားကြီးကားငယ်များသည်  မကြာမီရောက်ရှိမည့် မိုးတွင်းကာလတွင်  ယခင်အတိုင်း လမ်းခရီးဆိုးရွားမှု အခက်အခဲများနှင့်ကြုံတွေ့ ကြရတော့မည်ဟု မြန်မာကုန်သည်များကပြောသည်။

မြ၀တီ-ကော့ရိတ်ဒေါနတောင်ကျော်ကားလမ်းကို ဆယ်စုနှစ်ပေါင်းများစွာ လမ်းသားပြုပြင်ခြင်း၊ ကတ္တရာလမ်းအဖြစ် ဖောက်လုပ်နိုင်ခြင်း မရှိခဲ့သဖြင့် နွေရာသီတွင်ဖုန်ထူ၊ မိုးရာသီတွင်ဗွက်ထပြီး မော် တော်ယာဉ်များသွားလာရာတွင် အလွန်အန္တရာယ်များသည့် လမ်းကြောဖြစ်သည်။

ထိုလမ်းသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြော ဖြစ်သည်။ တရုတ်-မြန်မာနယ်စပ်မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ပြီးလျှင် ဒုတိယအကြီးဆုံးကုန်သွယ်ရေးဇုန် လမ်းကြောလည်း ဖြစ်သည်။

တောင်ကျော်လမ်းကို ကတ္တရာ အနှေးခင်းရခြင်းအကြောင်းရင်းမှာ မကြာမီ ပေါ်ပေါက်လာတော့မည့် တောင်ပတ်လမ်း ကြောင့်လည်း ဖြစ်ဖွယ်ရှိသည်။

ဒေါနတောင်ပတ်လမ်း

ထိုင်းနှင့်မြန်မာအစိုးရတို့ ၂၀၁၂ ဇန်န၀ါရီလ သဘောတူညီချက်အရ မြ၀တီ-ကော့ကရိတ်ဒေါနတောင်ပတ်ကားလမ်းကို ထိုင်းကုမဏီတို့အပြီးတည် ဆောက်ရန် သတ်မှတ်ထားသည့်ရက်မှာ လာမည့်နှစ်ဧပြီလ ၃၀ ရက်နေ့ ဖြစ်သည်။

ထိုင်းဘတ် ၁,၁၆၆ သန်း အကုန်အကျခံ တည်ဆောက်နေသည့် တောင်ပတ်ကားလမ်းသည်  အာရှ အဝေးပြေးကားလမ်းများ၏ စံချိန်စံညွှန်းများအတိုင်း ပေါ်ပေါက်လာဖွယ်ရှိပြီး ယခုအခါ  စက်ယန္တရားအင်အား အစီးရေ ၆၀ ကျော်ဖြင့်  ဖောက်လုပ်နေသည်။

တောင်ပတ်လမ်းသည် ထိုင်း-မြန်မာအာရှအဝေးပြေးလမ်းမကြီးအမှတ် (၁) (AH-1) လမ်းပိုင်းတွင်ပါဝင်ပြီး ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံဖြတ်လမ်းမကြီးအတိုင်း အိန္ဒိယနယ်စပ်တမူးမြို့အထိ ချိတ်ဆက်သွားမည်ဖြစ်သည်။

မကြာမီ တောင်ကျော်ကားလမ်းအစား တောင်ပတ်ကားလမ်းသစ်ကြီးကိုအစားထိုး အသုံးပြုမည်ဖြစ်ကြောင်း၊  တောင်ကျော်လမ်းကို ခရီးသွားလုပ်ငန်းများအတွက် မွန်းမံကာ အသုံးပြုသွားမည့် အစီအစဉ်များရှိကြောင်း ကရင်ပြည်နယ်အစိုးရ ၀န်ကြီးချုပ်ဦးဇော်မင်းက ပြောသည်။

ပြည်တော်မြင့် ~

   ဧရာဝတီ Facebook / ဧရာဝတီ
ဒေါနတောင် အနှေးလမ်း နဲ့ အမြန်လမ်း




... ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာ အပြီးခင်းရန် ပြည်ထောင်စုအစိုးရက ခွင့်ပြုငွေ ကျပ် ၅၇၈ သန်းချပေးခဲ့သော်လည်း စက်ယန္တယားအားကိုအသုံးပြုနိုင်ခြင်း အလွန်နည်းပါးခဲ့သဖြင့် သတ်မှတ် ကာလတွင် ပြီးမြောက်ခဲ့ခြင်းမရှိဟု မြန်မာအင်ဂျင်နီယာတချို့ကပြောသည်။

“လမ်းခင်းမယ့် ကျောက်တွေကို လမ်းဘေးမှာ ကားနဲ့ လိုက်ချပေးတာရှိတယ်။ ပြီးရင် လမ်းကြိတ်စက်တစီးနဲ့ပဲ လမ်းဖြစ်အောင်လုပ်ရတာ ဆိုတော့ ဘယ်လိုလုပ်ပြီးမှာလဲ” ဟု လမ်းဖောက်လုပ်မှုတွင်ပါဝင်သည့် ကော့ကရိတ်မြို့နယ်မှ အငယ်တန်းအင်ဂျင်နီယာတဦးက ပြောသည်။
ဆက်လက်ဖတ်ရှု့ရန်

KIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

Unknown | 4/23/2013 09:54:00 AM | Best Blogger Tips


April 23, 2013 Posted by သျှမ်းသံတော်ဆင့်
                                              
KIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

April 23, 2013 Posted by သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေသို့ ယခုတပတ်အတွင်း အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံတပ်ရင်းတွေက မိုင်းစန်ဘက်ကနေ မိုင်းရှူးဘက်ကို တပ်ရင်း သုံးရင်းထပ်ပို့တယ်။ စုပေါင်းအင်အားက ၂၀၀ ကျော်မယ်” - ဟု မိုင်းစန်မြို့(မြို့နယ်ခွဲ) သားတဦး ဖြစ်သည့် စိုင်းမောင်က ပြောသည်။

ဧပြီ ၂၁ ရက်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စကခ ၂ လက်အောက်ခံ ခလရ ၂၄၈၊ ခမရ ၅၁၅ ၊ ၅၁၇ အင်အား ၂၀၀ ကျော်က ယာဉ်တန်း ၁၃ စီးဖြင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲမှ - မိုင်းစန် မြို့ နယ်ခွဲ ထိုမှတဆင့် မိုင်းရှူးမြို့နယ် မိုင်အော့တ် တိုက်နယ် ပန်င နမ့်တောင် ကျေးရွာဘက် တက်သွားကြောင်း၊ ထို့အတွက်ကြောင့် သျှမ်းပြည်တပ်မတော်ဘက်ကလည်း ခုခံကာဖို့  အင်အားအသင့် ပြင်ဆင် ထား ကြောင်း - မိုင်းရှူးမြို့ပေါ် ရောက် အမည်မဖေါ်လိုသူ တပ်မှူးတဦးကပြောပါသည်။

ထို့အတူ အစိုးရစစ်ယာဉ်တန်းများသည် မူစယ် - နမ့်ခမ်းမြို့ကို ဖြတ်သန်းပြီး ကချင်ပြည်နယ်သို့ - ယမန်နေ့ က လူ ၊ ရိက္ခာ အပြည့်ကား ၅ စီး၊ ယနေ့ ၂ စီး ထပ်မံဖြည့်တင်းနေကြောင်း နမ့်ခမ်းမြို့ခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများနှင့်လည်း အစိုးရတပ်နှင့်နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ဟု ကွတ်ခိုင်ဒေသခံ ဇော်အောင် ကပြောသည်။

“ကျနော်တို့ရတဲ့သတင်းအရ ကချင်ဘက် စစ်ယာဉ်တန်းတွေ သွားနေသလို ကျနော်တို့ဘက်လဲ အင်အားဖြည့် လာနေတယ်ဆိုတော့ အစိုးရစစ်ကြောင်း လှုပ်ရှားမှုအရှိန်မြင့်လာရင် ဒီရက်ပိုင်း မိုင်းရှူးမြို့နယ် အရှေ့ဘက် ခြမ်း သံလွင်မြစ်နဲ့ကပ်လျက်နယ်မြေတွေမှာတိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်” - ဟု အဆိုပါ သျှမ်းတပ်မှူး က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်နှင့် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ်ပွားသော တိုက်ပွဲကြောင့် မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ တန့်ယန်းမြို့နယ် အတွင်း ဒုက္ခသည်စခန်းတခုလျှင် ဒေသခံစစ်ဘေးရှောင်ဒုက္ခသည်များ ရာဂဏန်းရောက်ရှိခိုလှုံနေပါသည်။

သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေသို့ ယခုတပတ်အတွင်း အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
...
“မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံတပ်ရင်းတွေက မိုင်းစန်ဘက်ကနေ မိုင်းရှူးဘက်ကို တပ်ရင်း သုံးရင်းထပ်ပို့တယ်။ စုပေါင်းအင်အားက ၂၀၀ ကျော်မယ်” - ဟု မိုင်းစန်မြို့(မြို့နယ်ခွဲ) သားတဦး ဖြစ်သည့် စိုင်းမောင်က ပြောသည်။
ဆက်လက်ဖတ်ရှု့ရန်

April 5, 2013

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးရေးရက်ရွှေ့၊ ဧပြီနှောင်းပိုင်းမှ ပြန်တွေ့နိုင်မည်။

Unknown | 4/05/2013 08:53:00 PM | Best Blogger Tips


 ပြည်ထောင်စုအစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း တက်ရောက်မည့် သူများ အဆင်သင့် မဖြစ်သေး၍ ဧပြီလ ၂၂ ရက် နောက်ပိုင်းတွင်သာ တွေ့ဆုံရန် ရွှေ့ဆိုင်းလိုက်ရကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC မှ ပြောသည်။
ဆက်လက်ဖတ်ရှု့ရန်

KNU ဒုဥက္ကဌ နော်စီဘိုးရာစိန်၏ကား အက်စီးဒင့်ဖြစ်တိမ်းမှောက်။

Unknown | 4/05/2013 08:51:00 PM | Best Blogger Tips
 
KNU ဒုဥက္ကဌ နော်စီဘိုးရာစိန်။


ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒု-ဥက္ကဌနော်စီဘိုးရာစိန်စီးနင်းလာတဲ့ ကားဟာ၂၀၁၃ ဧပြီလ (၅)
ရက်နေ့ မွန်းလွဲ ၃း၀၀ နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မဲ့ရမတ်နဲ့ မယ်လဒုက္ခ
သည်စခန်းကြားကတောင်ပေါ်လမ်းတစ်နေရာမှာတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ကရင်အမျိုးသမီးအစည်းအရုံး
(KWO)ရဲ့ အတွင်းရေးမှူး(၂)ဖြစ်သူ နော်စီးယိုဖေါက မယ်လစခန်းနဲ့ မဲ့ရမတ်ကြားမှာတိမ်းမှောက်သွားတာ
ဖြစ်တယ်။ကားပေါ်မှာ ကားဒရိုင်ဘာအပါအ၀င်(၆)ယောက်ပါသွားတယ်။ကားက ချောက်ထဲကျသွားတော့
(၆)ယောက်စလုံးဒဏ်ရာရတယ်။(၂)ယောက်ကဒဏ်ရာအပြင်းအထန်ရတယ်။ဆရာမစီဘိုးရာအခြေအနေကို
ဆက်လက်ဖတ်ရှု့ရန်

မလေးရှားမှာ အရက်တုသောက်ပြီး သေဆုံးသူ ၂၀ကျော်ရှိ

Unknown | 4/05/2013 09:44:00 AM | Best Blogger Tips
 

မလေးရှားတွင် မြန်မာအလုပ်သမားအချို့ အရက်တုကြောင့် သေဆုံး

 ဒီဗွီဘီ Published on April 3, 2013 by ရွှေအောင်

မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတချို့ မြန်မာအရက် အတုတွေ သောက်မိပြီး သေဆုံးတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့ ပူချွန်း၊ ဗလက်ကောင်း၊ ဆာတန်း ရပ်ကွက်တွေနဲ့ ပီနန်မြို့မှာ အရက်အတုတွေသောက်ပြီး သေဆုံးတာလို့ မလေးရှားနိုင်ငံ နှလုံးလှပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုစန်းမင်းဦးက ပြောပါတယ်။ "တော်တော်များသေကြတယ်။ ၂ ယောက်တွဲ၊ ၃ ယောက်တွဲ။ ဒီနေ့ည သောက်ပြီး နောက်နေ့မနက် သေတာရှိတယ်။ ဒီနေ့ညသောက် ညသေတာလည်း ရှိတယ်။ အရက်တုတွေက မလေးရှားမှာရှိတဲ့ မြန်မာတွေပဲ ထုတ်တာ။ မြန်မာနဲ့ တရုတ်တွေ ပေါင်းထုတ်တာ။
ဆက်လက်ဖတ်ရှု့ရန်

April 3, 2013

Unknown | 4/03/2013 09:45:00 AM | Best Blogger Tips

ကရင်ပြည်နယ် NLD ပါတီဥက္ကဌ နန်းခင်ထွေးမြင့် ဘုရားသုံးဆူမြို့ရှိ ပါတီဝင်များကိုသွားရောက်တွေ့ဆုံ

 ဧပြီလ၃ရက်၊၂၀၁၃ခုနှစ်။စဖန်းရှောင်း (ကေအိုင်စီ)
                                
ကရင်ပြည်နယ် NLD ပါတီဥက္ကဌ နန်းခင်ထွေးမြင့် ဘုရားသုံးဆူမြို့ရှိ ပါတီဝင်များကိုသွားရောက်တွေ့ဆုံ

ဧပြီလ၃ရက်၊၂၀၁၃ခုနှစ်။စဖန်းရှောင်း (ကေအိုင်စီ)

ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ နန်းခင်ထွေးမြင့်သည် ဘုရားသုံးဆူမြို့ရှိပါတီဝင်များကို ယမန်နေ့ ဧပြီလ ၂ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကာဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

လွန်ခဲ့သောမတ်လ၁၀ရက်နေ့ကရန်ကုန်မြို့တွင်ပြုလုပ်သော NLD ပါတီညီလာခံနှင့် ပတ်သက်ပြီးအခြေအနေများ ကို အောက်ခြေမြို့နယ်ရှိပါတီဝင်များ သိမြင်နားလည်စေရန် ရည်ရွယ်ပြီးဘုရားသုံးဆူမြို့တွင် ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု NLD ဗဟိုကော်မတီဝင်လည်းဖြစ်ကရင်ပြည်နယ် NLD ပါတီဥက္ကဌလည်းဖြစ်သူ နန်းခင်ထွေးမြင့်က ကေအိုင်စီကို ယနေ့တွင် ပြောသည်။

“ရန်ကုန်မှာကျင်းပတဲ့ ပထမဆုံးအကြိမ် NLD ညီလာခံမှာဒီကကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလေ။ အဲဒါကြောင့် ညီလာခံကအကြောင်းအရာတွေကို သူတို့ကိုသိစေချင်တယ်။ နောက်ပြီးတော့ဗဟိုကနေအောက်ခြေအထိ ပြည်သူလူထုတွေနဲ့ရင်းနှီးအောင်၊ ပိုပြီးနားလည်မှု ရှိလာအောင်ရည်ရွယ်လုပ်တာပါ” ဟုနန်းခင်ထွေးမြင့်က ပြောသည်။

ဘုရားသုံးဆူမြို့အမှတ်(၁)ရပ်ကွက်ရှိNLDရုံးတွင်မနက်၇နာရီမှစတင်ကျင်းပခဲ့သောအဆိုပါ အခမ်းအနားတွင် NLD ပါတီဝင်များအပါအဝင်မွန်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊မွန်ပြည်သစ်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များစုစုပေါင်း ၁၅၀ကျော်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင်ဒေါ်နန်းခင်ထွေးမြင့်မှပါတီ၏လုပ်ငန်းစဉ်များအကြောင်းကို ပါတီဝင်များနှင့်အတူ အပြန်အလှန် ရှင်းလင်းဆွေးနွေး ခဲ့ကြသည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်မှလွှတ်တော်ဆိုင်ရာ အကြောင်းအရာများနှင့် သိသင့်သိထိုက် သည်များကို ဆွေးနွေးခဲ့ကြပြီးအခမ်းအနားကိုမနက်၁၀နာရီတွင်ရုပ်သိမ်းလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့်မြန်မာပြည် အနယ်နယ်အရပ်ရပ်တွင် လူမှုရေးအကျိုးပြု၊ ပညာရေးအထောက်အကူပြုအခမဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘုရားသုံးဆူမြို့တွင်လည်း အဆိုပါသင်တန်းများကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ပါတီဝင်အင်အားမှာ ၁၃သိန်းကျော်ရှိပြီးနယ်စပ်မြို့တစ်ခုဖြစ်သော ဘုရားသုံးဆူမြို့နယ်တွင် ပါတီဝင်အရေအတွက် ၃၀၀ကျော်ခန့်ရှိသည်ဟုသိရသည်။

ကရင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဌ နန်းခင်ထွေးမြင့်သည် ဘုရားသုံးဆူမြို့ရှိပါတီဝင်များကို ယမန်နေ့ ဧပြီလ ၂ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကာဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
...
လွန်ခဲ့သောမတ်လ၁၀ရက်နေ့ကရန်ကုန်မြို့တွင်ပြုလုပ်သော NLD ပါတီညီလာခံနှင့် ပတ်သက်ပြီးအခြေအနေများ ကို အောက်ခြေမြို့နယ်ရှိပါတီဝင်များ သိမြင်နားလည်စေရန် ရည်ရွယ်ပြီးဘုရားသုံးဆူမြို့တွင် ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု NLD ဗဟိုကော်မတီဝင်လည်းဖြစ်ကရင်ပြည်နယ် NLD ပါတီဥက္ကဌလည်းဖြစ်သူ နန်းခင်ထွေးမြင့်က ကေအိုင်စီကို ယနေ့တွင် ပြောသည်။

“ရန်ကုန်မှာကျင်းပတဲ့ ပထမဆုံးအကြိမ် NLD ညီလာခံမှာဒီကကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်ခဲ့ခြင်းမရှိဘူးလေ။ အဲဒါကြောင့် ညီလာခံကအကြောင်းအရာတွေကို သူတို့ကိုသိစေချင်တယ်။ နောက်ပြီးတော့ဗဟိုကနေအောက်ခြေအထိ ပြည်သူလူထုတွေနဲ့ရင်းနှီးအောင်၊ ပိုပြီးနားလည်မှု ရှိလာအောင်ရည်ရွယ်လုပ်တာပါ” ဟုနန်းခင်ထွေးမြင့်က ပြောသည်။

ဘုရားသုံးဆူမြို့အမှတ်(၁)ရပ်ကွက်ရှိNLDရုံးတွင်မနက်၇နာရီမှစတင်ကျင်းပခဲ့သောအဆိုပါ အခမ်းအနားတွင် NLD ပါတီဝင်များအပါအဝင်မွန်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊မွန်ပြည်သစ်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များစုစုပေါင်း ၁၅၀ကျော်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင်ဒေါ်နန်းခင်ထွေးမြင့်မှပါတီ၏လုပ်ငန်းစဉ်များအကြောင်းကို ပါတီဝင်များနှင့်အတူ အပြန်အလှန် ရှင်းလင်းဆွေးနွေး ခဲ့ကြသည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်မှလွှတ်တော်ဆိုင်ရာ အကြောင်းအရာများနှင့် သိသင့်သိထိုက် သည်များကို ဆွေးနွေးခဲ့ကြပြီးအခမ်းအနားကိုမနက်၁၀နာရီတွင်ရုပ်သိမ်းလိုက်သည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့်မြန်မာပြည် အနယ်နယ်အရပ်ရပ်တွင် လူမှုရေးအကျိုးပြု၊ ပညာရေးအထောက်အကူပြုအခမဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘုရားသုံးဆူမြို့တွင်လည်း အဆိုပါသင်တန်းများကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ပါတီဝင်အင်အားမှာ ၁၃သိန်းကျော်ရှိပြီးနယ်စပ်မြို့တစ်ခုဖြစ်သော ဘုရားသုံးဆူမြို့နယ်တွင် ပါတီဝင်အရေအတွက် ၃၀၀ကျော်ခန့်ရှိသည်ဟုသိရသည်။
 
 
 

 
ဆက်လက်ဖတ်ရှု့ရန်

ဖားအံမြို့နယ်အတွင်းဘိလပ်မြေ စက်ရုံသစ်များမဆောက်လုပ်ရန်ဒေသခံ များဌာနဆိုင်များသို့တင်ပြမည်

Unknown | 4/03/2013 09:28:00 AM | Best Blogger Tips



 ဧပြီလ၃ရက်၊၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ဖားအံမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံသစ်များ တည်ဆောက်လာပါက ဒေသခံများအတွက် စားဝတ်နေရေးအပြင် သဘာဝပတ်ဝန်းကျင်များကို ပါထိခိုက်လာနိုင်သဖြင့် ထပ်မဆောက်လုပ်ကြရန် ဒေသခံများအနေဖြင့်သက်ဆိုင်ရာဌာနများသို့ တင်ပြမည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

... “အစိုးရဘက်ပိုင်းကတာဝန်ရှိတဲ့သက်ဆိုင်ရာ ဌာနအသီးသီးကိုတင်ပြမှာပါ။ KNU ဘက်ကိုလည်းအကူအညီတောင်းဖို့အတွက် စီစဉ်ထားပါတယ်။ ရှိပြီးသားဘိလပ်မြေစက်ရုံတွေကို ရပ်ဆိုင်းဖို့မဟုတ်ပါဘူး။ ဆက်လုပ်ကြပါ။ ဒါပေမယ့်စက်ရုံသစ်တွေတော့ ဆက်မဆောက်စေချင်တော့ပါဘူး။”ဟုဘားအံမြို့နယ် ပရင်းကုန်းကျေးရွာ ကျောင်းထိုင် ဆရာတော် ဦးဝီရိယ က ကေအိုင်စီကို မိန့်ကြားသည်။
ဆက်လက်ဖတ်ရှု့ရန်

March 30, 2013

BPHWT နှင့် PEDU တို့ ကျေးရွာအကျိုးပြု အရန်သားဖွားသင်တန်း ပူးတွဲလုပ်ဆောင်

Unknown | 3/30/2013 08:35:00 PM | Best Blogger Tips

မတ်လ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
                               
နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့-BPHWT နှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်-PEDU တို့ အမှတ်စဉ် (၁) ကျေးရွာအကျိုးပြု အရန်သားဖွားသင်တန်းကို မတ်လ ၃၁ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စတင်၍ ပူးတွဲလုပ် ဆောင်လိုက်သည်။
ဆက်လက်ဖတ်ရှု့ရန်

ကရင့်အနာဂတ် တည်ဆောက်ရေး အကောင်အထည်ဖော်ရန် ၃၇ဦးပါ ကော်မတီ ဖွဲ့စည်း

Unknown | 3/30/2013 08:33:00 PM | Best Blogger Tips


မတ်လ ၃၀ရက်၊ ၂၀၁၃ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
                               
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် မတ်လ ၂၉ရက်မှ ၃၀ရက်အထိ ကျင်းပပြုလုပ်သည့် ကရင့်ရေးရာ အစည်းအ ဝေးမှ ကရင်အမျိုးသားတို့၏ အနာဂတ်ဘ၀ သာယာလှပရေးကို တည်ဆောက်နိုင်ရန်အတွက် ၃၇ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ သဘောထားထုတ်ပြန်လိုက်သည်။
ဆက်လက်ဖတ်ရှု့ရန်

March 29, 2013

ကရင်တိုင်းရင်းသားတို့၏ ပထမဆုံး စုစည်းတွေ့ဆုံမှု

Unknown | 3/29/2013 06:10:00 AM | Best Blogger Tips



နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပေါ်ပေါက်လာသည့် ကရင်တိုင်းရင်းသားအဖွဲ့ပေါင်းစုံ၏ ပထမဆုံးအကြိမ် တွေ့ဆုံ ညှိနှိုင်းပွဲကို ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ တွေ့မြင်ရမည်ဖြ
စ်သည်။

တရားမ၀င် ကရင်လက်နက်ကိုင်အဖွဲ့များ၊ တရားဝင် ကရင်နိုင်ငံရေးပါတီများ၊ ကရင် NGO များ၊ ကရင်အမျိုးသားအရေး ဆောင်ရွက်နေကြသည့် အလွှာအသီးသီးမှ အဖွဲ့အစည်းများ တက်ရောက်ကြသည့် ပထမအကြိမ် ကရင်ရေးရာအစည်းအဝေးကြီး ဖြစ်သည်။
ဆက်လက်ဖတ်ရှု့ရန်