.

xxx

Showing posts with label ဓါတ်ပုံသတင်း.. Show all posts
Showing posts with label ဓါတ်ပုံသတင်း.. Show all posts

December 6, 2012

ထိုင်သပိတ်စပြီ

Unknown | 12/06/2012 02:00:00 AM | Best Blogger Tips

 

သံဃာတော်အပါး ၁၀၀ကျော်တို့သည့် မန္တလေး အိမ်တော်ရာဘုရားတွင် ယနေ့နေ့လည် ၁ နာရီအချိန်ခန့် တောင်းဆိုချက်ငါးချက်ဖြင့် ထိုင်သပိတ်မှောက်လျှက်ရှိသည်။ (ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ)


တောင်းဆိုချက်များမှာ...

(၁) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာများကို အမြန်ဆုံးလာရောက်ဝန်ချတောင်းပန်ရန်။
(၂) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်။
(၃) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။
(၄) ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်။
(၅) ဒီမိုကရေစီအစိုးရစစ်စစ်တစ်ရပ် ပေါ်ပေါက်လာဖို့နှင့် နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုးမပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့တွင် ပါဝင်လျှက်ရှိသော တပ်မတော်သားများ အမြန်ဆုံးနှုတ်ထွက်ပေးရန်
တို့ ပါရှိကြောင်း သိရှိရသည်။




ဆက်လက်ဖတ်ရှု့ရန်

November 29, 2012

မန္တလေးမှာလည်း သံဃာတော်တွေ ဆန္ဒပြပြီ

Unknown | 11/29/2012 11:07:00 PM | | Best Blogger Tips



လက်ပန်းတောင်းတောင် သပိတ်စခန်းများကို အစိုးရက ဖြိုခွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ရှုတ်ချသည့် ထိုင်သပိတ် ဆန္ဒဖော်ထုတ်မှုအား မန္တလေးအိမ်တော်ရာ ဘုရားတွင် ဂဠုန်နီ ဆရာတော် ဦးကာဝိရ ဦးဆောင်၍ ယနေ့မွန်းလွဲတစ်နာရီ ဆယ်မိနစ်ခန့်က စတင်နေပြီဖြစ်ကြောင်း မန္တလေးရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဆက်လက်ဖတ်ရှု့ရန်

လက်ပန်းတန်းတောင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ဦးကျော်သူ [နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ] ၏ တုံ့ပြန်မှုသဘောထား

Unknown | 11/29/2012 11:06:00 PM | | Best Blogger Tips



"ရုပ်ပျက် ဆင်းပျက် ကိုင်တွယ်မှု ကိစ္စလို့ မြင်ပါတယ်။
ဒီလိုကိုင်တွယ်တာဟာ ရက်စက်ရာ ရောက်လွန်းတယ်။

"ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမယ်လို့ပဲ ပြောချင်ပါတယ်။
လောကမှာ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် ကိုယ့်ဆီပြန်လာမယ်။ ဒီလိုကိစ္စမျိုးတွေဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ကမ္ဘာမှာမြင်လို့ မကောင်းတဲ့ မြင်ကွင်းတွေဖြစ်တယ်"

ဦးကျော်သူ [နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ]

ဆက်လက်ဖတ်ရှု့ရန်

မြန်မာအစိုးရရဲများ လူမဆန်စွာ အကြမ်းဖက်မှုကြောင့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော်များ ဆန္ဒပြ

Unknown | 11/29/2012 11:04:00 PM | Best Blogger Tips



လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် သံဃာတော်အပါး၅၀ခန့် ယနေ့မွန်းလွဲ၁နာရီ၁၅မှ ၁နာရီ၄၅မိနစ်ထိ မိနစ်၃၀ကြာ ဆန္ဒပြခဲ့ကြောင်း သိရပါသည်။
ဓာတ်ပုံ-အောင်သူရ
ဆက်လက်ဖတ်ရှု့ရန်

November 19, 2012

လှေနစ်မြှုပ်ပြီး သေဆုံးသွားသော KNLAဗိုလ်မှူးစောရိုး ဈာပနအခမ်းအနား မှတ်တမ်း ဓါတ်ပုံ

Unknown | 11/19/2012 05:25:00 PM | Best Blogger Tips
 
၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)သည် အောက်တိုဘာလ ၃၀ရက်က ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့် ပြန်လည်လှော်ခတ် လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး ရေစီးသန်သည့် နေရာတခုအရောက်တွင် လှေတိမ်းမှောက်ရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူးအဖြစ် တာဝန်ယူလျှက်ရှိပြီး အသက် ၅၀အရွယ် ဇနီး နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။











ဆက်လက်ဖတ်ရှု့ရန်