ကျနော့်ဆိုက်အမြဲလိုလိုလာရောက်အားပေးကြတဲ့ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ၊ ကျနော် အခုတလောအလုပ်တွေရှုပ်နေလို့ ပို့စ်တွေလဲကောင်းကောင်းမတင်နိုင်တော့တဲ့အတွက် ခွင့်လွတ်သီးခံပေးကြပါလို့
အနူးညွတ်တောင်းပန်ပါတယ်။ ခုလဲအလုပ်များနေတဲ့ထဲက သူငယ်ချင်းတယောက်နဲ့တိုင်ပင်ပြီး ကရင်လူမျိုးညီအစ်ကိုမောင်နှမများအတွက် Android ဖုန်းထဲမှာ ကရင်သီချင်း RingTune အလွယ်တကူထည့်နိုင်ဖို့ Karen RingTune.apk လေးကို ဖန်တီးပေးလိုက်ပါတယ်။
ကျနော်က ဆရာတယောက်မဟုတ်သေးတဲ့အတွက် ဖန်တီးမှုကအမှားအယွင်းများပါကောင်းပါနိုင်ပါတယ်။ တကယ်လို့များအမှားအယွင်းတွေများတွေ့ခဲ့ခွင့်လွတ်ပေးကြပါနော်။ သီချင်းတွေကကျနော်တယောက်ထဲစုစည်းထားတာမဟုတ်တဲ့အတွက် တချို့သီချင်းတပုဒ်ကို နှစ်ခါထပ်ပါတယ်။
ဒါပေမယ့် သီချင်းပိုဒ်ကတော့မတူဘူးပေါ့ဗျာ. အဲကြောင့်မို့လို့ သီချင်းတွေကများသောအားဖြင့် ကျနော်ကြိုက်တဲ့သီချင်းများဖြစ်တဲ့ ယှီးယှီး သီချင်း၊ ဆိုဒ်ဖါန်ခိုင်း၊ အေစီ၊ ထူးဝါး၊ ကွာဖုး၊ ခေတ်ပေါ်သီချင်းတွေများသောအားဖြင့်ပါပါတယ်။ မယ်ဒလင်သီချင်း၊ သီချင်းဟောင်းလဲ တပုဒ်နှစ်ပုဒ်ပါပါတယ်။
မိတ်ဆွေများကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။ မိတ်ဆွေတို့ကြိုက်တဲ့သီချင်းများမပါခဲ့ရင်လဲ တောင်းပန်ပါတယ်နော်။ နောက် ကျနော်အဆင်ပြေရင်ပြေသလိုဆက်ပြီး Update လုပ်ပေးသွားမှာပါ.။
နောက်တခုပြောချင်တာက apk ဖိုင်လေး မျက်နှာဖုန်းပိုင်ရှင်က ကျနော်ကြိုက်လို့ အဆင်ပြေမယ်ထင်လို့ ထည့်တာဖြစ်ပါတယ်၊ တကယ်လို့ကာယကံရှင်အနေနဲ့ အပြစ်ဖြစ်သွားခဲ့ရင် အနုးညွတ်တောင်းပန်ပါတယ်ဗျာ.။
ဒီလောက်ပါပဲ လေကနဲနဲရှည်သွားပြီ ဖတ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

Karen RingTune.apk Screenshot.
Karen RingTune.apk ဖိုင်လေးကို ရယူချင်ရင် အောက်မှာဒေါင်းလုပ်လင့်ပေးထားပါတယ်၊ ဒေါင်းယူလိုက်ပါနော်။
Download =Karen RingTune.apk
စောမိုက်ခရိုမြော
http://sawmicromyaw.blogspot.com/

ကရင်သီချင်းနဲ့ဖုန်းထဲအလွယ်တကူRingTune ထည့်ထားချင်သူတွေအတွက် Karen RingTune.apk လေးပါ

1 comment:
ဒေါင်းတာမရဘူး လင့်ပြန်စစ်ပေးပါအုံး
Post a Comment