.

xxx

January 26, 2014

မိမိရထားတဲ့ အင်တာနက်လိုင်း တစ်လိုင်းထဲကို Rounter မလိုဘဲ ဘယ်လို အင်တာနက် ထပ်ဆင့်လွှင့်မလဲ။

Unknown | 1/26/2014 02:34:00 AM | Best Blogger Tips

အဲ့တော့ connectify hotspot နဲ့ ပါတ်သတ်ပြီး မပြောခင်မှာ ကျနော်တို့ အင်တာနက်လိုင်း သုံးတဲ့အခါမှာ ရလာတဲ့ အင်တာနက်လိုင်းတစ်လိုင်ထဲကို နောက်ထပ် လိုင်းတွေ ထပ်ခွဲချင်တယ်ဆိုပါတော့။ ဥပမာ iphone, ipad တွေ သုံးလာပြီဆိုရင် Restore ပြန်လုပ်ဖို့အတွက် wifi လိုပါတယ်။ ဒါမှမဟုတ် ကို့မှာ ရထားတဲ့ အင်တာနက်လိုင်း တစ်လိုင်းထဲကိုပဲ မိမိအိမ်မှာ ရှိတဲ့ ဖုန်းတွေ၊ တစ်ခြား ကွန်ပျူတာတွေမှာ သုံးစေချင်တယ်ဆိုရင် ယခုပို့စ်လေးဟာ အရမ်းကို တန်ဖိုးရှိပါတယ်။ အင်တာနက်ဆိုင်ကနေ user name နဲ့ password ပေးပြီးတော့ လစဉ်ကြေးနဲ့ သုံးနေတဲ့သူတွေရှိပါတယ်။ username and password ဟာ တစ်ယောက်တည်း သုံးဖို့ ပေးတာဖြစ်လို့ ၂ လုံးပြိုင်တူဝင်တာနဲ့ တစ်လုံးက auto log out ဖြစ်သွားပါတယ်။ အဲ့ဒါဆိုရင် ကိုရထားတဲ့ အင်တာနက် လိုင်တစ်လိုင်းကို ပြန်ခွဲပြီး ဘယ်လို သုံးနိုင်မလဲ။ အဲ့တော့ Router လည်း မ၀ယ်ရအောင် မိမိကွန်ပျူတာမှာ ရနေတဲ့ အင်တာနက်လိုင်းကိုလဲ ခွဲသုံးလို့ အဆင်ပြေအောင် connectify နဲ့ သုံးပြီးတော့ ခွဲထုတ်နိုင်ပါတယ်။ လုပ်နည်းက အရမ်းလွယ်ပါတယ်။ နောက်တစ်ခုက connectify hotspot ဟာ သာမာန် router တွေထက်ကို တော်တော်ဝေးဝေးအထိကို ပြန်လွှင့်ပေးနိုင်ပါတယ်။ လုပ်နည်းကို ပြောပြပါ့မယ်။

မိမိ ကွန်ပျူတာသည် Laptop ဖြစ်ချင်ဖြစ်၊ Desktop ဖြစ်တယ်ဆိုရင်လည်း wireless stick တစ်ခု တပ်ဆင်ထားဖို့လိုပါတယ်။ laptop တွေမှာတော့ wifi က ပါပြီးသားမို့လို့ အဆင်ပြေပါတယ်။

connectify website ကို အသုံးပြုဖို့ ပထမဦးဆုံး  .net framework 4.5 ကို install လုပ်ရပါမယ်။ Download လုပ်ဖို့ ၂ ခုစလုံးကို တင်ပေးလိုက်ပါတယ်။ ၂ ခုစလုံးကို Download လုပ်ပါ။
  1. Download .Net Framework 4.5
  2. Download Connectify

  • ပထမဦးဆုံး Net Framework 4.5 ကို install လုပ်လိုက်ပါ။ (ပုံ ၁)
  • ပြီးရင်တော့ connectify installer ကို Run လိုက်ပါ။ I agree ကိုနှိပ်ပါ။ (ပုံ ၂)
  • နောက်ဆုံး အဆင့် Finished ကို နှိပ်ပြီးတာနဲ့ ကွန်ပျူတာ Restart ချခိုင်းပါလိမ့်မယ်။ ကွန်ပျူတာ Restart ချလိုက်ပါ။
  • ကွန်ပျူတာ ပြန်ပွင့်လာတဲ့ အချိန်ကျရင် connectify ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင်တော့  Next ကို နှိပ်ပြီးတော့ use connectify lite ကို ရွေးပေးလိုက်ပါ။ 
  • ဒါဆိုရင် connectify lite ပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့အချိန်ကျရင် ကျနော် (ပုံ ၇) မှာ ပြထားသလိုမျိုး  Setting ပိုင်းမှာ ပြင်လိုက်ပါ။ Hotspot Name , Password ကို ပေးလိုက်ပါ။ ပီးရင် အောက်မှာ ရှိတဲ့ Internet to share မှာတော့ မိမိ ချိတ်ထားတဲ့ အင်တာနက်လိုင်းကို ရွေးပေးရမှာဖြစ်ပြီး share over ကတော့ ကိုပြန်ပြီး လွှင့်မယ့် မိမိကွန်ပျူတာရဲ့ wireless အမျိုးအစားကို ရွေးပေးလိုက်ပြီး Apply setting ကို နှိပ်ပါ။
  • ဒါပြီးတာနဲ့ Start hotspot ကို နှိပ်လိုက်တာနဲ့ (ပုံ ၈) မှာလိုမျိုး Share လုပ်ဖို့ ပေါ်လာပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ facebook account ရှိရင် ပေါ်လာတဲ့ share ထဲက share facebook ကို နှိပ်ပေးလိုက်ပါ။ ပြီးရင် ဖေ့ဘုတ်အကောင့်ကို ၀င်ပြီးတော့ share လုပ်ပေးလိုက်တာနဲ့ အဲ့ Facebook account ရဲ့ email account ကို mail ပို့ပေးပါလိမ့်မယ်။ အဲ့လိုပို့လိုက်တာနဲ့ (ပုံ ၆) ထဲမှာ ပါသလို Username and password ကို ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် သူက activate လုပ်ဖို့ ကုတ်ပေါ်လာပါလိမ့်မယ်။ အဲ့ကုတ်ကို နှိပ်လိုက်တာနဲ့ ရက် ၆၀ Free ရသွားပါပြီ။ အဆင်ပြေနိုင်ပါစေဗျာ။ 
  • အားလုံး လုပ်ပြီးသွားရင်တော့ Connectify+မိမိနာမည် အမည်နဲ့ အင်တာနက် လိုင်းတစ်လိုင်း ထပ်တိုးလာတာကို မြင်ရပါလိမ့်မယ်။ စပြီး အင်တာနက် လွှင့်ချင်ရင် start hotspot ကို နှိပ်ပြီး ခဏ ပိတ်ထားချင်ရင်တော့ Stop hotspot ကို နှိပ်ပေးလိုက်ပါ။

(ပုံ ၁)

(ပုံ ၂)
(ပုံ ၃)
(ပုံ ၄)

(ပုံ ၅)
(ပုံ ၆)

(ပုံ ၇)



(ပုံ ၈)
(ပုံ ၉)

No comments: