.

xxx

February 21, 2013

ထိုင်းမှာ မီးမပျက်ရအောင် မြန်မာအစိုးရက ကူမယ်လို့ကတိပေး

Unknown | 2/21/2013 05:52:00 AM | Best Blogger Tips


                       ထိုင်းမှာ မီးမပျက်ရအောင် မြန်မာအစိုးရက ကူမယ်လို့ကတိပေး  ထိုင်းနိုင်ငံကလိုတဲ့ သဘာဝဓါတ်ငွေ့ပမာဏကို မြန်မာနိုင်ငံက ဖြည့်ဆည်း ကူညီသွားမယ်လို့ ကတိပေးထားပေမယ့် လာမယ့်ဧပြီလကျရင် ဘန်ကောက် မြို့နဲ့ ထိုင်းတောင်ပိုင်း ဒေသအချို့မှာ လျှပ်စစ်မီး ပြတ်တောက်မယ့်အရေးနဲ့ ကြုံရဖွယ် ရှိတာမို့ ထိုင်းအစိုးရအတွက် ခေါင်းခဲနေပါတယ်။  ထိုင်းနိုင်ငံကသုံးနေတဲ့ ဓါတ်ငွေ့ပမာဏရဲ့ ၂၅%ကို မြန်မာနိုင်ငံ ရတနာ ဓါတ်ငွေ့လုပ်ကွက်က တင်ပို့နေတာ ဖြစ်ပါတယ်။  ပြင်သစ် တိုတဲလ် ကုမ္ပဏီက ဦးစီးလုပ်နေတဲ့ ရတနာ ဓါတ်ငွေ့တူးစင် ကို ၃၆ နာရီကြာ ပြုပြင်မွမ်းမံရေး လုပ်မှာ ဖြစ်လို့ ဧပြီလ(၄)ရက်နဲ့ (၅)ရက် နှစ်ရက် အတွင်း ထိုင်းနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်သွားနိုင်တဲ့ သဘော ဖြစ်ပါတယ်။ အခုတော့ ရတနာက ဒီအစီအစဉ်ကို မလုပ်သေးပဲ နောက်ဆုပ် လိုက်မယ်လို့ မြန်မာ အစိုးရဖက်က ကတိပေးလိုက်ပါတယ်။  ဧပြီလ ထိုင်းနိုင်ငံမှာလဲ သင်္ကြန်ပွဲတော်ကာလ ဖြစ်လို့ အဲဒီကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မှာ စိုးတဲ့အတွက် ရတနာဓါတ်ငွေ့ လုပ်ငန်း ပြုပြင် ထိန်းသိမ်းရေး လုပ်မယ့်ကိစ္စကို နောက်ဆုပ်ပေးဖို့ ယင်းလပ်အစိုးရက လိုလား နေတာပဲ ဖြစ်ပါတယ်။ ဒီမေတ္တာရပ်ခံချက်ကြောင့်ပဲ ရတနာ ဓါတ်ငွေ့ တူးစင် ပြုပြင်မွမ်းမံရေးကို ဧပြီ (၁၄)ရက်ထက် စောပြီး လုပ်မှာ မဟုတ်ဘူးလို့ သဘောတူညီချက် ရသွားပြီ ဖြစ်ပါတယ်။   အလတ်စားနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေ ထွန်းကာလာတဲ့ ထိုင်းနိုင်ငံ ဟာ လောင်စာဆီလိုအပ်ချက် တနေ့တခြား မြင့်မားလာနေပါတယ်။ A  Source : Feb 21 ရက်နေု့ထုတ် Bangkok Post   http://www.bangkokpost.com/news/local/336917/  ဓါတ်ပုံ - ၀န်ကြီးချုပ် ယင်းလပ် နှင့် အစိုးရအဖွဲ့


ထိုင်းနိုင်ငံကလိုတဲ့ သဘာဝဓါတ်ငွေ့ပမာဏကို မြန်မာနိုင်ငံက ဖြည့်ဆည်း ကူညီသွားမယ်လို့ ကတိပေးထားပေမယ့် လာမယ့်ဧပြီလကျရင် ဘန်ကောက် မြို့နဲ့ ထိုင်းတောင်ပိုင်း ဒေသအချို့မှာ လျှပ်စစ်မီး ပြတ်တောက်မယ့်အရေးနဲ့ ကြုံရဖွယ် ရှိတာမို့ ထိုင်းအစိုးရအတွက် ခေါင်းခဲနေပါတယ်။

ထိုင်းနိုင်ငံကသုံးနေတဲ့ ဓါတ်ငွေ့ပမာဏရဲ့ ၂၅%ကို မြန်မာနိုင်ငံ ရတနာ ဓါတ်ငွေ့လုပ်ကွက်က တင်ပို့နေတာ ဖြစ်ပါတယ်။

ပြင်သစ် တိုတဲလ် ကုမ္ပဏီက ဦးစီးလုပ်နေတဲ့ ရတနာ ဓါတ်ငွေ့တူးစင် ကို ၃၆ နာရီကြာ ပြုပြင်မွမ်းမံရေး လုပ်မှာ ဖြစ်လို့ ဧပြီလ(၄)ရက်နဲ့ (၅)ရက် နှစ်ရက် အတွင်း ထိုင်းနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်သွားနိုင်တဲ့ သဘော ဖြစ်ပါတယ်။ အခုတော့ ရတနာက ဒီအစီအစဉ်ကို မလုပ်သေးပဲ နောက်ဆုပ် လိုက်မယ်လို့ မြန်မာ အစိုးရဖက်က ကတိပေးလိုက်ပါတယ်။

ဧပြီလ ထိုင်းနိုင်ငံမှာလဲ သင်္ကြန်ပွဲတော်ကာလ ဖြစ်လို့ အဲဒီကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မှာ စိုးတဲ့အတွက် ရတနာဓါတ်ငွေ့ လုပ်ငန်း ပြုပြင် ထိန်းသိမ်းရေး လုပ်မယ့်ကိစ္စကို နောက်ဆုပ်ပေးဖို့ ယင်းလပ်အစိုးရက လိုလား နေတာပဲ ဖြစ်ပါတယ်။ ဒီမေတ္တာရပ်ခံချက်ကြောင့်ပဲ ရတနာ ဓါတ်ငွေ့ တူးစင် ပြုပြင်မွမ်းမံရေးကို ဧပြီ (၁၄)ရက်ထက် စောပြီး လုပ်မှာ မဟုတ်ဘူးလို့ သဘောတူညီချက် ရသွားပြီ ဖြစ်ပါတယ်။

အလတ်စားနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေ ထွန်းကာလာတဲ့ ထိုင်းနိုင်ငံ ဟာ လောင်စာဆီလိုအပ်ချက် တနေ့တခြား မြင့်မားလာနေပါတယ်။

်from http://maruthura.blogspot.com/

No comments: