.

xxx

February 21, 2013

ယမကာနှင့် ကျန်းမာရေး ယမကာ လုလင်များ အတွက် သတင်းကောင်း

Unknown | 2/21/2013 05:51:00 AM | Best Blogger Tips


စပိန် သုတေသီ တို့၏ လေ့လာတွေ့ ရှိမှုများ အရ ဝီစကီကဲ့ သို့ အရက်ကို နေ့စဉ် ပမာဏ အနည်းငယ် ပုံမှန် သောက် သုံးသူများ ဟာ အရက်လုံးဝ မသောက်သုံးသူများ နှင့်နှိုင်းယှဉ် လျှင် Coronary Heart Disease(CHD) လို့ခေါ်တဲ့ နှလုံး သွေးကြော ကျဉ်းရောဂါ ဖြစ်ပွားမှုရဲ့ သုံးပုံတစ်ပုံ ကိုလျှော့ချ ပေးနိုင် ကြောင်း လေ့လာ တွေ့ရှိခဲ့ ရပါ တယ်။

ဒါဟာ နှလုံး ရောဂါ တိုက်ဖျက် ရေးမှာ အလွန် ထူးခြားတဲ့ သက်သေ အထောက် အထားပါပဲ။ အသက်(၂၉)နှစ်ကစပြီး (၆၉) နှစ် အတွင်း ယောကျာ်း၊ မိန်းမ ပေါင်း (၄၄,၅၀ဝ)ခန့်ကို သူတို့ရဲ့ နေထိုင် စားသောက်ပုံ ဓလေ့စရိုက်၊ ယခင် ကျန်းမာရေး အခြေ အနေတို့ကို အသေးစိတ် မေးမြန်းစာရင်း ကောက်ကြည့် တဲ့အခါ အဝလွန်ခြင်းနှင့် ဆေးလိပ် သောက်ခြင်း တို့ကသာ နှလုံး ရောဂါ ဖြစ်ပွားမှုကို မြင့်တက် စေတယ်လို့ လေ့လာ တွေ့ ရှိရပါတယ်။


အရက်သောက်ရင် နှလုံးကောင်းမယ်

အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ကု သရေး ဗဟိုဌာနရဲ့ အဆိုအရ အရက်ကိုပုံမှန်မှီဝဲသင့်တဲ့ သတ်မှတ် ပမာဏမှာ ဘီယာ(၁၂)အောင်စ၊ Malt အရက် (ဂ)အောင်စ၊ ဝိုင်(၅) အောင်စနှင့် (ဂျင်၊ရမ်၊ ဗော့ဒ်ကာ နှင့် ဝီစကီ) ကဲ့သို့ အရက်ပြင်း (၁.၅) အောင်စခန့်ကို ရေသန့် သို့မဟုတ် အချိုရည်တစ်မျိုးမျိုးဖြင့် (၈၀)ရာခိုင် နှုန်းခန့် ရောနှော သောက်သုံး သင့်ကြောင်း အကြံပြုတိုက် တွန်းထားပါတယ်။ ယင်းကဲ့သို့ အရက်ကို ပုံမှန်အနည်း ငယ်မှီဝဲသူများသည် ဆီးချို၊ သွေးချိုနှင့် နှလုံးရောဂါ များကို ပိုမိုခံနိုင်ရည် ရှိလာကြောင်းလည်း လေ့လာတွေ့ ရှိခဲ့ရပါတယ်။

ဘီယာနှင့် ဆီးကျိတ်ကျန်းမာရေး

အသက်ကြီး လာရင် အမျိုးသား တိုင်းထိတ်လန့်ရ တဲ့ဆီးကျိတ် ရောင်ရောဂါကို နေ့စဉ်ဘီယာ တစ်ခွက်ပုံမှန် မှီဝဲရင်ဖြစ်ပွားမှုကို လျှော့ချ ပေးနိုင်တယ်လို့ ဂျာမန် သုတေသီ တို့က လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဘီယာချက်လုပ်ရာမှာ အသုံးပြုတဲ့ Hobs အပင်မှာ ပါဝင်တဲ့ Falbonoids အုပ်စု ဝင်သဘာဝဒြပ်ပေါင်း Xanth-ohumol က ဆီးကျိတ် ကင်ဆာကို အဓိကဖြစ်ပွားစေတဲ့ testosterone ဟော်မုန်း သက်ရောက်မှုကို တားဆီးပေးကြောင်း လေ့လာတွေ့ရှိပါ တယ်။ ဒါ့အပြင် ယခင် လေ့လာတွေ့ ရှိချက်များအရ Xantuohumol ဟာ Estrogen (မဟော်မုန်း)ရဲ့ receptor ကို ပူးပေါင်းဓာတ်ပြုပြီး ရင်သား ကင်ဆာ ဖြစ်ပွားမှုကိုလည်း တားဆီး ပေးတယ်လို့ သိရှိရပါတယ်။

ဒါကြောင့် ဘီယာမှာ ပါဝင်တဲ့ Xan-tuohmol ကအမျိုးသားတွေရဲ့ ဆီးကျိတ် နဲ့ အမျိုးသမီးတွေ့ရဲ့ ရင်သား ကျန်းမာရေးကို တစ်နည်း တစ်လမ်းနဲ့ အထောက် အကူပြု စေတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် အရိုးပွ ရောဂါ၊ သည်း ခြေကျောက်တည် ခြင်း၊ ကျောက်ကပ်ကင်ဆာနဲ့ typez diabetes ဆီးချို ရောဂါဖြစ်ပွားမှုကို တားဆီး ကာကွယ် ပေးနိုင်တယ်လို့ ကမ္ဘာတစ်ဝှမ်းက သုတေသီတွေရဲ့ စမ်းသပ်မှုတွေ့ရှိချက် တွေက အရက်ကို ဆေးဖြစ်ဝါး ဖြစ်ပုံမှန် မှီဝဲ သူတွေအဖို့ အချိုပေါ် သကာလောင်း သလိုပါပဲ။ ဒါပေမဲ့ အားကစား သမားတွေအဖို့ နာရီ(၆၀) ခန့်စွမ်းအင် ဆုံးရှုံးစေနိုင်တဲ့ အရက်သောက်သုံးမှုကို ရှောင်ကြဉ်သင့်တယ်လို့ သုတေ သီတွေက အကြံပြုထားပါတယ်။ ဒါကြောင့် လုံးဝမ သောက်သုံး သင့်ဘူးလို့ ယုံကြည် လက်ခံသူတွေကို စသောက် ဖို့မတိုက် တွန်းချင်သလို၊ အလွန် အကျွံ သောက်သုံး နေသူများကိုလည်း သင့်တင့်မျှတတဲ့ ပမာဏကို ဆေး ဖြစ်ဝါးဖြစ် သောက်သုံးဖို့သာ တိုက်တွန်းအကြံပြုလိုက် ပါရစေ . .။

No comments: