.

xxx

October 18, 2012

သူကတော့ "WOT" လို့ခေါ်ပါတယ်

Unknown | 10/18/2012 06:37:00 AM | Best Blogger Tips

ကျနော်တို့ အင်တာနက်သုံးတဲ့လူတိုင်း ၀က်ဆိုက်ဒ်တော်တော်များများကို ၀င် ကြည့်ကြပါတယ် အဲဒီလိုဝင်ကြည့်တဲ့အခါမှာ တစ်ချို့ဆိုက်ဒ်တွေက Virus တွေကို လက်ဆောင်ပေးတတ်ပါတယ် ကို့စက်မှာရှိတဲ့ Anti Virus ကမနိုင်တဲ့ ကောင်တွေဆိုရင်တော့ အဲဒီကောင်တွေကိုသတ်ဖို့လုပ်ရတာတွေ စက်ကို ပြန်ကောင်းအောင်လုပ်ရတာတွေနဲ့ တော်တော်ကိုရူပ်ပါတယ် အခု အဲဒါတွေကို ဖြေရှင်းနိုင်တဲ့ Add on လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
ခင်ဗျာ

သူကတော့ "WOT" လို့ခေါ်ပါတယ် သူက ကျနော်တို့ ၀က်ဆိုက်ဒ်တွေကို သွားတဲ့အခါ ပုံမှန်အတိုင်းဆို WOT icon လေးက အစိမ်းပြနေပါလိမ့်မယ်
နဲနဲအခြေအနေမကောင်းဘူးဆိုရင် အ၀ါလေးပြနေပါလိမ့်မယ်
...
Virus တွေအများကြီးပေးမယ့်ဆိုက်ဒ် ဆိုရင်တော့ အနီပြပါလိမ့်မယ် အဲဒါ ဆိုရင်တော့ အဲဒီဆိုက်ဒ်တွေကို ရှောင်ကြဉ်လို့ရသွားပါပြီ

အဲဒီကောင်လေးကိုလိုချင်တယ်ဆိုရင်တော့အောက်ကလင့်တွေမှာ ဒေါင်းနိုင် ပါတယ်ခင်ဗျာ...ဒေါင်းပြီးရင် ကို့ browser မှာ သွင်းလိုက်ပါ Add on လေးဆို တော့အရမ်းမြန်ပါတယ်ခင်ဗျာ :)

ကိုသုံးတဲ့ Browser ကိုရွေးပြီး ဒေါင်းနိုင်ပါတယ်ခင်ဗျာ

Download Link


IT4M  http://www.facebook.com/techforeveryone009?ref=stream
ဆက်လက်ဖတ်ရှု့ရန်

ရှုံးနိမ့်ခြင်းဟူသည်

Unknown | 10/18/2012 06:19:00 AM | Best Blogger Tips
ထို့ကြောင့် ဆင်ဟုခေါ်သည်

လူတစ်ယောက်လမ်းလျှောက်လာရင်း ဆင်တစ်ကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။ ဆင်ရဲ့ ရှေ့ ခြေထောက်မှာ ကြိုးလေး သေးသေးနဲ့ ချီပြီး မြေပြင်မှာ တုတ်ရိုက် ထားတာကို တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဆင်ဘေးမှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။
...

"ဟေ့လူ ဆင်ဆိုတာ အင်မတန်အားကြီးတဲ့ သတ္တဝါဗျာ။ ခများမို့လို့ ခြေ ထောက် တစ်ချောင်းထဲမှာ ကြိုးသေးသေးလေး ချည်ပြီး ဖမ်းထားရဲတာ။ ဒါကို ဆင်ရုန်းထွက်ပြီး လူကိုရန်မူမှာ မကြောက်ဘူးလားဗျ"

ဆင်ထိန်းက တစ်ချက်ပြုံးပြီး ယခုလို ပြန်လည်ဖြေကြားပါတယ်။

" မကြောက်ပါဘူးဗျာ။ သူ့ကို ငယ်ငယ်တုန်းက ဒီကြိုးသေးသေးလေးနဲ့ ချည်ခဲ့တာ။ အဲ့တုန်းက သူ့မရုန်းနိုင်ဘူး။ အခုလည်း အဲ့ဒီ ကြိုးသေးသေး လေးနဲ့ပဲ ပြန်ချည်တယ်။ သို့ပေမယ့် ဒီကြိုးကို သူမရုန်းနိုင်ဘူးလို့ အသိစွဲသွားလို့ ဘယ်တော့မှလည်း ရုန်းတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဆင်ဆိုတဲ့ သတ္တဝါကြီးက ထိန်းလို့လွယ်တာပေါ့ဗျာ" ဟူ၍ ဖြစ်ပါတယ်။


သာဓက-

လူတွေလည်း ဒီတိုင်းပါပဲ။ အရာရာ၊ အကြောင်းကြောင်း တစ်ခုကို ရှုံးနိမ့် သွားရင် ဒါကို ငါမလုပ်နိုင်တော့ဘူးလို့ မှတ်ယူပြီး အားမာန်လျော့တတ် ကြပါတယ်။ ရည်မှန်းချက်များ၊ အိပ်မက်များကို ဆက်လက် အကောင်အထည် မဖော်တော့ပဲ စွန့်လွတ်လိုက်တတ်ကြပါတယ်။

ဒါဟာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပြီး အရှုံးပေါ် အရှုံးထပ်ခြင်း ဖြစ်ပါတယ်။ ရှုံးနိမ့်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး ရှုံးတယ်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဆိုတာကို သိရှိနားလည်ထားမှသာ အောင်မြင်လာမှာ ဖြစ်ပါတယ်။----
အောင်ခမ်း

မူရင်း---http://innewsmyanmar.blogspot.com/2012/10/blog-post_6629.html

ဆက်လက်ဖတ်ရှု့ရန်

App Cache Cleaner (မြန်မာဗားရှင်း)

Unknown | 10/18/2012 06:01:00 AM | Best Blogger Tips
App Cache Cleaner ဆိုတာလေးက ပြောရရင် ကျွန်တော်တို့ Android ဖုန်းတွေမှာ
မမြင်အောင် Run နေတဲ့ App တွေကို kill ပေးတဲ့ ကောင်လေးပါ အလွန်အသုံးဝင်ပါတယ်။
ပြီးတော့ ကျွန်တော် စိတ်ကူးပေါက်သွားမိတာက ခုဆိုရင် မြန်မာပြည်က User တွေ အတွက်
မြန်မာစာလေးနဲ့ လုပ်လို့ရရင် ကောင်းမှာပဲလို့လေ… :P
ကျွန်တော် နည်းနည်းကလိထားပါတယ်..
လိုအပ်တာလေးတွေ ထောက်ပြပေးကြပါနော်..
အသုံးပြုပြီးရင် ဘာလိုလဲ ဆိုတာကိုပေါ့
အဓိက ရယ်ရွယ်ချက်ကတော့ အသက်ကြီး ရွယ်အို
လူကြီးများ အသုံးပြုနိုင်စေဖို့ ရယ်ရွယ်ပါတယ်…
Software Screen Show
အောက်က လင့်မှာ ဒေါင်းပါ ခင်ဗျာ



ဆက်လက်ဖတ်ရှု့ရန်

Samsung Galaxy ACE 2 – I8160 Root လုပ်နည်း

Unknown | 10/18/2012 05:46:00 AM | | Best Blogger Tips
လိုအပ်တာတွေ အရင် Download ဆွဲကြစို့…
ကဲ.. အားလုံး ပြည့်စုံပြီ လုပ်ငန်း စမယ်…
1. update.zip ဖိုင်လေးကို ဖုန်း internal Memory ထဲကို ထည့်ထားပါ(အပြင်မမ်မိုရီကဒ်မှာ အလုပ်သိပ်မလုပ်ပါ)
2. ACE 2 Root I8160XXLD8_ready_to_root_ANT.tar.zip ကို ဖြေလိုက်ပါ
အထဲက I8160XXLD8_ready_to_root_ANT.tar.md5 ဖိုင်ကို သက်သက်ထုတ်ထားလိုက်ပါ။
3. Odin ကိုဖွင့်ပါ ပြီးတော့ ခုနက ထုတ်ထားတဲ့
 I8160XXLD8_ready_to_root_ANT.tar.md5
ဖိုင်ကို PDA မှာ သွားထည့်ပေးပါ။
(အောက်ပါ ပုံအတိုင်းပါ)
4. ပြီးရင် ဖုန်းကို Download Mode ခေါ်ပါ Volume Down + Home + Power နှိပ်ပြီး ခေါ်နိုင်ပါတယ်
ပြီးရင် ဖုန်းကို ကွန်ပြုတာဖြင့် စတင် ချိတ်ဆက်ပါ Driver သိရင် ပထမ အကွက်လေးမှာ ၀ါသွားပါလိမ့်မယ်
Auto Reboot နှင့် F.Reset Time နှစ်ခုကို အမှန်ခြစ်ပေးထားပါ။
ပြီးရင် Start ကို နှိပ်ပါ
Pass ဖြစ်သွားပြီး မီးစိမ်းသွားရင် ကြိုးဖြုတ်နိုင်ပါပြီ။
(အောက်ပါ အတိုင်းပါ)
[IMG]
5. နောက်တစ်ဆင့်ကတော့ ဖုန်းကို ပါဝါပြန်ပိတ်ပြီး Vol Up + Power နှိပ်ပြီး Recovery Mode ကိုဝင်ပါ
Apply From SD Card မှ update.zip ဖိုင်လေးကို Install လုပ်ပေးပါ။
ပြီးရင် Reboot System now ကို နှိပ်ပါ
Power ပြန်ပွင့်လာရင် သင့် ဖုန်း Root ပြီးသား ဖြစ်နေမှာပါ..
ပျော်ရွှင်ကျေနပ်ကြပါစေ…
Thit San Khant
thitsankhant@gmail.com
ဆက်လက်ဖတ်ရှု့ရန်

Latop မှတစ်ဆင့် Wifi လွင့်ချင်သူများ အတွက်

Unknown | 10/18/2012 02:47:00 AM | | Best Blogger Tips
ကျွန်တော် အခု Laptop အသုံးပြု သူတွေအနေနဲ့ မိမိရဲ့ Laptop မှာအသုံးပြုနေတဲ့ Internet Connection ကို Connectify Pro  ဆိုတဲ့ ကောင်လေးကို အသုံးပြုပြီး Wifi လွတ်ကာ တစ်ခြား အသုံးပြုချင်သူများအား Internet Connectionအား Wifi မှတဆင့် ပြန်ပြီး Share ပေးလို့ရမဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. အများစုကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ် .. မသိသေးတဲ့ သူများကို ရည်ရွယ်ပါတယ် .. အခုလို Connectify Pro  ကိုအသုံးပြုပြီး Share ပေးခြင်းဖြင့် မိမိလွတ်ထားတဲ့ Wifi ကို Hotspot Password ကိုမသိပဲ ၀င်ရောက် အသုံးမပြုနိုင်ခြင်း မရှိတဲ့ အတွက် .. မိမိတို့ ပေးသုံးချင်တဲ့ သူများကိုသာ Client Users များအနေနဲ့ အသုံးပြု ခိုင်းလို့ရမှာ ဖြစ်ပါတယ် .. နောက်ပြီး မိမိတို့ Share ပေးထားတဲ့ Connection ထဲကို မိမိမသိပဲ ၀င်ရောက် အသုံးပြု နေသူများ ရှိမရှိကိုလည်း Clients မှာ ကြည့်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ် ..

ကျွန်တော် အရင်ဆုံး အခုတင်ပေးလိုက်တဲ့ Connectify Pro v3.25  ကို Full Version လေးရအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို အရင် ပြောပြပေးပါမယ် .. အရင်ဆုံး Connectify Pro v3.25 ကို မိမိတို့ Share ပေးချင်တဲ့ လက်တော့မှာ Install လုပ်လိုက်ပါ .. ပြီးရင် Connectify Pro v3.25 ကိုမဖွင့် ပါနဲ့အုံး .. ကျွန်တော် အထဲမှာ ထည့်ပေးလိုက်တဲ့ Patch File လေးကို My Computer >> Local Disk ( :C ) >> Program ထဲမှာ ရှိတဲ့ Connectify ဆိုတဲ့ Folder ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် Patch File လေးကို Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ ဖွင့်လိုက်ပါ .. ပြီးရင် Patch ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..
အပေါ်က အဆင့်အတိုင်း Full Version လေးရအောင်လုပ်ပြီးသွားပြီ ဆိုရင်တော့ အောက်မှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. သုံးရတာ လွယ်ပါတယ် ..အရင်ဆုံး Hotspot Name နေရမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ အမည်တစ်ခု ပေးလိုက်ပါ .. ပြီးရင် Password တစ်ခုခု ပေးလိုက်ပါ ..
နောက်တစ်ဆင့်Internet မှာ မိမိတို့ လက်ရှိသုံးနေတဲ့ Connection အမျိုးအစားကို ရွေးပေးလိုက်ပါ .. ပြီးရင်တော့ Start Hotspot ကိုနှိပ်ပြီး စတင် Sharing လုပ်လို့ ရသွားပါပြီ .. 
တကယ်လို့ မိမိတို့ Sharing ပေးထားတဲ့ Network ထဲမှာ ဘယ်သူတွေ  Client Users များအဖြစ်နဲ့ အသုံးပြု နေလည်း ဆိုတာ သိချင်ယင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Clients မှာကြည့်ရှုနိုင်ပါတယ်..
ဒီလောက်ဆိုရင်တော့ Connectify Pro v3.25  ကိုအသုံးပြုပြီး Latop မှ Internet Connection ကို ဘယ်လို Sharing လုပ်လို့ရမလည်း ဆိုတာကို သိသွားမယ်လို့ ထင်ပါတယ် .. 



ဆက်လက်ဖတ်ရှု့ရန်

October 16, 2012

ကရင်ရိုးရာ ချည်ဖြူဖွဲ့ရခြင်း အကြောင်းရင်း

Unknown | 10/16/2012 07:32:00 PM | | Best Blogger Tips
ချည်ဖြူဖွဲ့ ရခြင်းအကြောင်းအရင်းကိုသိလိုသူ ရစ်ယာန်ဘာသာဝင် ကရင်အမျိုးသမီးတစ်ဦးနှင့် သိရှိလိုသူ ကရင့်မိတ်ဆွေ အားလုံး ထံသို့ ပြန်လည်မျှဝေပါသည်။

ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာ ပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။

ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်ဘက်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။

ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါ သော်လည်ကောင်း၊ တစ်အုပ် စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်း သိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထား
ရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ် (အမိဘက်)၊ ဖါ-ထါ် (အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စု
မကွဲ မှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်း
အသိအမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒ္ဂေတ်၊
(၄) ဖူ့ကျာပံင်၊ (၅) ဖူ့လျေင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖႜးသူရေင့် စသည့် ကိုးဦးသော ခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့် လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်း
ပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပမ်းးနေချိန်တွင် တစ်ဦးနှင့်တစ်
ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်း တွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ခြင်းကို ၀ါခေါင်လတွင်
ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင် လူကြီးများက ကြီးမားသော ရည်ရွယ်ချက်များ ထားရှိပေသည်။


ဝါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စု
စည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။

ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍ လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသော
ဘေးအန္တရာယ်ကို စုပေါင်း၍ တွန်းလှန်ကာကွယ် လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစု
ပါင်း၍ လက်ချည်းခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စု
အလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ် လာသည်။

ထိုသို့ ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လ
သည်မိုးသည်းထန်စွာရွာသွန်း၍အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍
ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။

အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များ၊ မကောင်း ဆိုးဝါးများ ၀င်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်း ဆိုးဝါးလဟူ၍ မှတ်ယူကြသည်။



ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာ မင်္ဂလာပြုသောချည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။

ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။

ဝါခေါင်လလက်ချည်ခြင်းသည်ကွဲကွာနေကြသောကရင့်ညီအစ်ကိုမောင်နှများ ပြန်လည်ဆုံဆည်းကြစေရန်ရည်ရွယ်ချက်ဖြင့်လည်း နှစ်လိုဖွယ်ဓလေ့တစ်ခုအဖြစ် ဆင်နွှဲကြပါသည်။

လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ် လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေ တတ် သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။

ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ-
(၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက် ညှင်းထုပ်ဖင်ချွန်၊(၈)နတ်ပန်းညို(ဖ၀့်ဝီ)၊(၉)ရေစသည်တို့ဖြစ်ပါသည်။



(၁)ဆန်ကော

ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကို ၀ါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂)ယောက်မ

အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြော
ဆိုရ မည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကို ဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃)ချည်ဖြူ

ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ချည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကို ဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ

ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ် ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများ လာနိုင်ပါသည်။

အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာ ကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး

ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို
ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်း ကျန
စွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာ
ဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာ သီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော်လည်း အချိန်တန်
လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့်
ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီး မြေးမြစ် များ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

(၆)ထမင်းဆုပ်

ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ် ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်းဖြစ်ပါသည်။

(၇)ကောက်ညှင်းထုပ်ဖင်ချွန်

ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထား
သဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန် အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ် စုစည်း ၍ ထက်မြက်ထူးချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈) နတ်ပန်းညို(ဖ၀့်ဝီ)

နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ
အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍
ရုံဖွဲ့ မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။

ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်းညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုးများသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည် တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင် ထိန်း သိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ် ပေးနိုင်ရန်အတွက်ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉) ရေ

ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။
ရေ၏ စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရ သည့်အရာဖြစ် သည်။ ဟောင်း နွမ်းညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီး ဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည် ပြည့်ဝစေခြင်းဖြစ်သည်။

လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေး တစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ချည်ဖြူ များကိုဖြတ်ပြီး ဖြန့်စီထားလေသည်။

လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်း တစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။

လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ချည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ချည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။


ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန်
ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသော စကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ ဖားစည်ကို တီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ ဆုတောင်းကြသည်။

လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ် ယူလိုက်သည်။ ထိုချည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်
ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။

(ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့် အလျောက် ဆိုကြသည်။
အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)

ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့် သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။

လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထား
သော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လ ပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်း ချည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်း ဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။


ဆက်လက်ဖတ်ရှု့ရန်

ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး

Unknown | 10/16/2012 09:02:00 AM | | Best Blogger Tips
၁၉၃၀-၄၀ ခှနှစ်များတွင် ကရင်နှစ်သစ်ကူးနေ့၊ ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော် ပေါ်ထွန်းရေးအတွက် "ဒေါကလူ" ၏ဥက္ကဌဖြစ်သူ ဆရာစံဘော်က အစီအစဉ်ပြုလုပ်၍ တောင်းဆိုရရှိခဲ့သည်။
ထိုသို့တောင်းဆိုရရှိခဲ့သော အခွင့်အရေး(၃)ခုအနက် ကရင်အမျိုးသားတစ်ရပ်လုံးကိုကိုယ်စားပြုသော ကရင်အမျိုးသားသီချင်းသည်လည်း အရေးပါလှကြောင်း တွေ့ရှိရပါသည်။ ကရင်အမျိုးသားသီချင်းကို စောစံဘနှင်စောသာအေးကြီးက ရေးသားတင်ပြခဲ့ရာ "ဒေါကလူ" အသင်းကြီးမှ ကရင်အမျိုးသားခေါင်းဆောင်ကြီးများက လက်ခံအတည်ပြုလိုက်သဖြင့် ကရင်အမျိုးသားသီချင်းဟူ၍ ပေါ်ပေါက်လာခဲ့သည်။
(ကရင်အမျိုးသားသီချင်းအဓိပ္ပာယ်)အို...ကျွန်ုပ် ကရင်အမျိုးသားအပေါင်းတို့
အကောင်းဆုံးသူအသင့်အား
ကျွန်ုပ် အလွန်ချစ်ခင်မြတ်နိုးပါ၏။
အသင်သည်ဖြောင့်မတ်ခြင်းကိုမြတ်နိုးတတ်၏
ဧည့်ဝတ်ကျေပွန်တတ်သူလည်းဖြစ်ပါ၏
သင်၏ကောင်းခြင်းအဖြာဖြာကို
ကျွန်ုပ်ချစ်ခင်မြတ်နိုးလှပေသည်။

(ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး၏ ဘ၀ဖြစ်စဉ်မှတ်တမ်း)လ ၁၉၀၂ခုနှစ်တွင် ပုသိမ်မြို့နယ်၊ မကြီးလဟာကျေးရွာတွင် မွေးဖွားခဲ့သည်။
လ ၁၉၂၂ခုနှစ်တွင် ပုသိမ်မြို့၊ တိုင်တစ်ရာအထက်တန်းကျောင်းတွင် (၁၀) တန်းအောင်မြင်ခဲ့သည်။
လ ၁၉၂၄ မှ ၁၉၂၇ခုနှစ်အထိ ရန်ကုန်ဂျက်ဆင်ကောလိပ်တွင် I.Sc အောင်ပြီး B.Sc (ပ)နှစ်အထိ သင်ကြားခဲ့သည်။

လ ၁၉၂၈ မှ ၁၉၃၂ခုနှစ်အထိ မန္တလေးစိုက်ပျိုးရေးကောလိပ်တွင် ဘွဲ့ရကျောင်းပြီးသည်အထိ ပညာသင်ကြားခဲ့သည်။
လ ၁၉၃၃ မှ ၁၉၄၀ခုနှစ်အထိ ပုသိမ်မြို့တွင်စိုက်ပျိုးရေးမြို့အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၄၁ မှ ၁၉၄၆ခုနှစ်အထိ ပုသိမ်ခရိုင်စိုက်ပျိုးရေးဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လ ၁၉၄၇ မှ ၁၉၅၇ခုနှဏ်အထိ နိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (SAMB) တွင်အမှုဆောင်အရာရှိ (E.O) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၅၉ခုနှစ်၊ အသက် (၅၇)နှစ်တွင် မြောင်းမြမြို့နယ်၊ ရေတွင်းရေကန်ရွာတွင် ကွယ်လွန်သည်။ ကရင်အမျိုးသားသီချင်းသံစဉ်ကို စောစံဘနှင့်အတူပြုစုခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်