တစ်ခါခါ မိမိတို့ကွန်ပျူတာထဲကို Photo.exe တို့ New folder.exe တို့ Music.exe တို့လို .exe ယောင်ဆောင် Virus တွေဝင်လာတတ်ပါတယ်...ဝင်လာတယ်ဆိုတာ အဲဒီဖိုင်တွေကို ဘာမှန်းမသိလိုက်ပဲ သွားဖွင့်လိုက်မိလို့ဗျ...အရင်ဆုံး မိမိမှာရှိတဲ့ Antivirus နဲ့ သတ်လိုက်...ဒါပေမယ့် စက်ထဲမှာကျန်နေတဲ့ အဲလိုဖိုင်မျိုးတွေကို သွားဖွင့်လိုက်မိရင် ပြန်ပြန်ပေါ်လာဦးမှာပါပဲ...ဖျက်လိုက်ရင် မရဘူးလားဆိုတော့ ရတယ်ဗျ...ဒါပေမယ့် ကွန်ပျူတာထဲမှာ ဝင်သွားပြီဆိုရင် သူက သူ့ဟာသူ ကော်ပီတွေပွားပြီး ပြန်ပြန်ပေါ်အောင် လုပ်နေတတ်တယ်...ဘယ်ကပဲ ဝင်လာလာ အသိသာဆုံးကတော့ မိမိစက်မှာ တပ်လိုက်သမျှ USB လို Flash Drive တွေ၊ Memory Card တွေမှာခုနက .exe ဖိုင်တွေပေါ်ပေါ်နေတော့တာပါပဲ...အဲလို မပေါ်စေချင်ဘူး၊ အဲဒီ Virus ကိုရှင်းချင်ရင်တော့ မိမိစက်ထဲက .exe အယောင်ဆောင်တွေအားလုံးကို ရှာပြီးဖျက်ထုတ်ရတော့မှာပါ...တစ်ခုသတိထားရမှာက .exe ဆိုတာ Application File အမျိုးအစားဆိုတော့ တကယ့် Application File တွေကို သွားဖျက်မိရင် ကိုယ့်စက်ထဲက Software တွေအလုပ် လုပ်တော့မှာ မဟုတ်ပါဘူး...တစ်ခုချင်းဆီရှာမယ်ဆိုရင် အရေအတွက်ပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်...အဲဒီတော့ ကျွန်တော်တို့ Window ရဲ့ Search Option ကို သုံးပြီး .exe အယောင်ဆောင်တွေကို ရှာလိုက်ကြရအောင်...
Window XP မှာ .exe Virus ရှာနည်း
Window XP မှာ .exe Virus ရှာနည်း