
မင်္ဂလာပါ ။
မသိသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ် ။

အရင်ဆုံးဒီပုံကိုဒေါင်ပါ ပြီးရင် photoshop မှာဖွင့်ပြီး အောက်မှာပြတဲ့လမ်းညွန်အတိုင်ုးလုပ်ရမှာပါ ။
ပုံ ၁

ပုံ ၁ မှာ ပြသလို Gradient tools ကိုရွေးပါ။

ပြီးရင်ပေါ်က Gradient color ပေါ်မှာ တစ်ချက်နှိပ်ပါ

အဲမှာ box တစ်ခုကျလာပါလေ့မယ်
ပုံမှာပြတဲ့ setting ပုံလေးကိုနှိပ်ပြီး special effects ကိုရွေးပေးပါ

ပြီးရင်ပုံမှာပြသလို အောက်ဆုံးကအရောင်လေးရွေးပြီး ok နှိပ်ပါ

ပြီးရင် layer အသစ်တစ်ခုခေါ်ပါ။

ပုံမှာပြသလို ရွေးပြီး ဓါတ်ပုံရဲ့ ညာဘက်အောက်ခြေကနေ ဘယ်ဘက် အပေါ်ထိ ဖိဆွဲသွားပါ

ဒါဆိုရင်တော့ ခုလိုသက်တန့်လေးပေါ်လာပါပြီ :)

သိပ်မပီပြင်သေးလို့ထက်ပြင်ဦးမယ်နော်
layer အထက်က Normal ကိုနှီပ်ပါ

ပေါ်လာတဲ့ effect ထဲက Screen ကိုထက်ရွေးပေးပါ ။

သတိထားမိလား တံတားရှေ့မှာ အရောင်တွေ ကာနေတယ် သဘာဝမကျသေးပြန်ဘူးထက်ပြင်ရဦးမယ်

Brush ကိုရွေးပေးပါ right click နှိပ်ပြီး brush အရွယ်အစားနဲ အမျိုးအစားကို
ပုံမှာပြသလိုရွေးပေးပါ ။
ပုံမှာပြတဲ့ သင်္ကေတာလေးရွေးပေးပါ
မဖျက်ခင်သတိထားရမှာက ဘေးက ကောလာဘောက်မှာက အနက်ရောင်ဟုတ်မဟုတ် အရင်စစ်ပါ
အနက်ရောင်နဲ့မှ အဆင်ပြေမှာပါ ။

ပြီးရင်တော့ခုလိုမျိုးပုံလေး မြင်ရမှာဖြစ်ပါတယ်
အဆင်ပြေပါစေ ။
