.

xxx

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

December 18, 2013

မြန်မာ- ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရပြီ

Unknown | 12/18/2013 01:01:00 AM | Best Blogger Tips


18.12.2013

လာမယ့်နှစ် ဇန်န၀ါရီ ၁၂ ရက်ကစပြီး မြန်မာနဲ့ ကမ္ဘောဒီးယား အပြန်အလှန် ဗီဇာ လျှောက်ထားစရာ မလိုပဲ ၀င်ထွက်သွားလာခွင့် ရတော့မယ်လို့ ကမ္ဘောဒီးယားသံရုံးရဲ့ တာဝန်ရှိသူ မြန်မာအရာရှိက အတည်ပြုပြောဆိုပါတယ်။

မြန်မာအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့အကြား နှစ်နိုင်ငံဗီဇာ ကြိုတင် လျှောက်ထားစရာ မလိုပဲ အပြန်အလှန် သွားလာခွင့် လက်မှတ်ရေးထိုးပြီးနောက် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက် လည်ပတ်လိုသူတွေဟာ ဖနွမ်းပင် ဒါမှမဟုတ် ဆီရမ်ရိလေဆိပ်မှာ ၁၄ ရက် ဗီဇာရမှာ ဖြစ်ပြီး ဗီဇာကြေးလည်း ပေးစရာ မလိုပါဘူး။ အလားတူ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း မြန်မာနိုင်ငံကို လာတဲ့အခါ ဗီဇာကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

ဒီဗွီဘီ
ဆက်လက်ဖတ်ရှု့ရန်

November 1, 2013

အစိုးရနှင့် UNFC တို့၏ အပစ်အခတ် ရပ်စဲရေး မူကြမ်း ၈၀ ရာခိုင်နှုန်း ကွဲလွဲနေ

Unknown | 11/01/2013 01:14:00 AM | Best Blogger Tips

 

အပစ်အခတ်ရပ်စဲရေး, UNFC, တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့, ငြိမ်းချမ်းရေး
လိုင်ဇာညီလာခံကို လုံခြုံရေး ယူပေးနေသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အဖွဲ့ဝင်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အစိုးရက ပေးပို့ထားသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အခြေခံသဘောတူညီချက် မူကြမ်းနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ သဘောတူထားသည့် မူကြမ်းနှစ်ခုမှာ ၈၀ ရာခိုင်နှုန်းခန့် ကွဲလွဲနေကြောင်း UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
--------------------------------------------------------------------------------

“အစိုးရကထုတ်ပြန်တဲ့ မူကြမ်းက အရမ်းရှည်လွန်းတယ်။ တော်လှန်ရေးအဖွဲ့တွေ သိပ်နားမလည်ဘူး။ ဒီတော့ ဒီအပိုင်းကိုညှိရမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အခြေခံသဘောတူညီချက် မူကြမ်းတွင် ခေါင်းစဉ်ကြီး ၁၅ ခု ပါဝင်ပြီး UNFC က ရေးဆွဲသည့် မူကြမ်းတွင်မူ ခေါင်းစဉ်ကြီး ၆ ခု ပါဝင်ကြောင်း သိရသည်။

အစိုးရ၏ အပစ်အခတ် ရပ်စဲရေး အခြေခံသဘောတူညီချက် မူကြမ်းကို ပြင်ပသို့ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ လွန်ခဲ့သည့် ၁၀ ရက်ခန့်ကမှ UNFC က လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့အများစုမှာ အစိုးရ၏ အဆိုပါ မူကြမ်းကို မရရှိသေးကြောင်း၊ အစိုးရ၏ မူကြမ်းနှင့် ပတ်သက်၍ ယနေ့ ဆွေးနွေးဖွယ်ရှိကြောင်း သိရှိရသည်။

လာမည့် နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ တွေ့ဆုံပွဲကို UNFC အနေဖြင့် တက်ရောက် ဆွေးနွေးရန် ရှိ၊ မရှိကို ဧရာဝတီက မေးမြန်းရာ ပြောကြားရန် စောသေးကြောင်း၊ လိုင်ဇာ ဆွေးနွေးပွဲ နောက်ဆုံးရက်မှသာ ဆွေးနွေးတိုင်ပင်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖြေကြားသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် အစိုးရက တရားဝင် ဖိတ်ကြားလာပါက တိုင်းရင်းသားအဖွဲ့များ အနေဖြင့် တပေါင်းတည်းသာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ ထိုအချက်ကို ယမန်နေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသားကိုယ်စားလှယ် ၉၅ ရာခိုင်နှုန်းက သဘောတူထားပြီး မည်သည့် အဖွဲ့ကမျှ ဖောက်ထွက်ာ လက်မှတ်ထိုးမည် မဟုတ်ကြောင်း သိရသည်။

UNFC ကို တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး UNFC အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရခိုင်ပြည်တပ်မတော် (AA)၊ နာဂလက်နက်ကိုင် တပ်ဖွဲ့ NSCN တို့ကိုလည်း UNFC ၏ အပစ်အခတ် ရပ်စဲရေး မူကြမ်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့မှာမူ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

“သူတို့အဖွဲ့တွေ မတက်တာနဲ့ ဒီကိစ္စကို သဘောတူ ညှိနှိုင်းလို့ မရဘူးဆိုတာတော့ မဟုတ်ပါဘူး။ တက်တဲ့လူတွေဆီက ရလာတဲ့ သဘောထားကို သွားပေးမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

UWSA နှင့် NDAA  တို့က ကျန်းမာရေး မကောင်းခြင်း၊ ဆွေးနွေးမည့် အကြောင်းအရာမှာ မြန်မာဘာသာဖြင့် ဖြစ်သဖြင့် နားမလည်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အကြောင်းကြားကြောင်း သိရသည်။

ယမန်နေ့ လိုင်ဇာ ညီလာခံ ပထမရက်တွင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ UNFC ၏ မူကြမ်းကို ဆွေးနွေးတင်ပြခဲ့ပြီး သဘောတူညီချက် ရလဒ်ကို ယနေ့တွင် ထုတ်ပြန်နိုင်မည်ဟု သိရသည်။

http://burma.irrawaddy.org/
ဆက်လက်ဖတ်ရှု့ရန်

October 26, 2013

KUPC ၏ ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ ကရင်အဖွဲ့အစည်းပေါင်းစုံ တက်ရောက်

Unknown | 10/26/2013 06:24:00 AM | Best Blogger Tips

 

IMG_1640

အောက်တိုဘာ ၂၆ရက်။ ၂၀၁၃ခုနှစ်။ စောသိန်းမြင့်

ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ(KUPC)မှ ကြီးမှူးပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာလူထုတွေ့ဆုံပွဲတစ်ရပ်ကို ယနေ့၌ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ သောင်ရင်းခန်းမတွင် ကျင်းပကာ ကရင်အမျိုးသားအဖွဲ့အစည်း ပေါင်းစုံတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်ခေါင်းဆောင်များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် များ၊ ကရင်လွှတ်တော်အမတ်များ၊ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ ကရင်ပြည်နယ်အစိုးရမှ ကရင်ဝန် ကြီးများ၊ ကော့ကရိတ်၊ ကြားအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြ၀တီ၊ သံတောင် ကျောက်ကြီး စသည့်မြို့နယ်များမှ ဒေသခံ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံရောက် ကရင်အမျိုးသား ကိုယ်စားလှယ်များအပါအ၀င် စုစုပေါင်း ၅၀၀ကျော် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ဆက်လက်ဖတ်ရှု့ရန်

October 24, 2013

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွှန့်က ဖြစ်ခဲ့သမျှမေ့ခိုင်း၍ ဂါရ၀ပြုကန်တော့ခြင်း

Unknown | 10/24/2013 04:49:00 AM | Best Blogger Tips

မိမိကို တောင်းပန်ရန်မလို စစ်အစိုးရအဖွဲ့ဝင်များ တိုင်းပြည်ကိုသာ
ဝန်ချတောင်းပန်ဖို့ကောင်းဟု ဟံသာဝတီ ဦးဝင်းတင်ပြော

ရန်ကုန်၊အောက်တိုဘာ ၂၂
ယခင် အစိုးရများလက်ထက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က ၎င်းတာဝန်ထမ်းဆောင်စဉ် အချိန်များက အဓိက အတိုက်အခံတစ်ဦးအဖြစ် သဘောထားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သော ယခု NLD သဘာပတိ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂါရ၀ပြု ကန့်တော့၍ ဖြစ်ခဲ့သမျှ ကိစ္စရပ်များကို မေ့ဖျောက်ပစ်ရန် ပြောကြားခဲ့သည့် ဖြစ်စဉ် အပေါ် ဆရာကြီး ဟံသာဝတီဦးဝင်းက မိမိကို တောင်းပန်ရန် မလိုကြောင်းနှင့် တိုင်းပြည်ကို ၀န်ချ တောင်းပန် ဖို့သာ ကောင်းကြောင်း ပြောကြားလိုက်သည်။
ယခု အောက်တိုဘာလ (၁၆) ရက်နေ့က ကွယ်လွန်သွားသော သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း၏ နာရေးသို့ အောက်တိုဘာလ (၁၉)ရက်နေ့က ဆရာကြီး ဟံသာဝတီဦးဝင်းတင် သွားရောက်စဉ် ဦးခင်ညွန့်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းနေ့ ဖြစ်စဉ်အပေါ် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် နီးစပ်ရာ တပည့်များက ဆရာကြီး ဟံသာဝတီဦးဝင်းတင်ထံ ၀ါကျွတ်ကာလ သွားရောက် ဂါရ၀ပြု ကန်တော့စဉ် မေးမြန်းရာ ဆရာကြီးက ပြန်လည် ဖြေကြားမှုပြုရင်း အထက်ပါကဲ့သို့ ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။
““ငါ့ဘာသာငါ RFA ရုံးကို ခဏသွားတယ်။ ပြီးတော့ သခင်သိန်းမောင်အိမ် ၀င်တယ်။ ပြီးမှ ဂါးဒီးယန်း ဦးစိန်ဝင်း မိသားစုကို သတင်းသွားမေးတာ။ လူတွေက အထဲက ကြမ်းပြင်ပေါ် ထိုင်နေတယ်။ ငါက ကြမ်းပေါ်ထိုင်ပြီး အထခက်လို့ အပြင် ဆင်ဝင်အောက် ထိုင်နေတာ။ အရင်ကတည်းကလည်း ဦးစိန်ဝင်းက ဆင်ဝင်အောက်မှာ အလုပ်လုပ်တယ်၊ စကားပြောတယ်။ ငါတို့သွားလည်း အဲဒီအောက် ထိုင်ဖြစ်တာပဲ။ ဦးစိန်ဝင်း ကိုယ်တိုင် ကလည်း အဲ့နေရာကို ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးပေါ့ကွာ။အဲဒီနေ့ကလည်း ငါက မအေးအေးဝင်းနဲ့ စကား ပြောတာ။ အထဲကြမ်းပေါ်တော့ လူတွေထိုင်နေတာ တွေ့ပါတယ်။ အထဲက တစ်ယောက်ထွက်လာပြီး ငါ့ကို ဆရာကြီးဆိုလို့ ငါမော့ကြည့်တယ်။ သူကသူ့ဟာ သူမိတ်ဆက်တယ်။ သူ့ကိုငါက မသိဘူး။ ဒီဗိုလ်ခင်ညွန့်ကို အပြင်မှာလည်း မမြင်ဖူးဘူး။ မသိဘူး။ သူ့ကိုအပြင်မှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မမြင်ဖူးဘူး။ သိလည်း မသိဘူး။ သူပြောတာတော့ စုံနေတာပေါ့ကွာ။ အတော်လေးလည်း အာသွက် လျှာသွက်ကွ။ (NLD ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဦးခင်ညွန့် ကျောက်တန်းအခြေပြု နိုင်ငံရေးလုပ်မယ် ကြားတယ် အဘဟု စကားထောက်ပြောကြားသည်။) လုပ်မှာပေါ့။ သူနဂိုနိုင်ငံရေး ၀ါသနာပါတာကိုး။ လူထု စည်းရုံးရေးတွေ လည်း လုပ်ဖူးတယ်။ လူတွေလက်အုပ်ချီတာ သူကစတယ်လို့ ငါထင်တယ်။ မသေချာဘူး။ တွေ့တော့ သူက ပြောတာက အရင်ဟာတွေလည်း စိတ်ထဲမထားပါနဲ့။ ဆရာကြီးတို့လို လူတွေ တိုင်းပြည်မှာ လိုအပ်တယ်။ ဒီလို အတွေ့အကြုံများတဲ့ သူတွေ တိုင်းပြည်မှာ လိုတယ်။ ဆရာကြီး အသက် ဘယ်လောက်လဲ မေးတော့ (၈၄) ဆိုတော့ ကျွန်တော်က (၇၅) ပါ။ ဆရာကြီးက ကျွန်တော့်ထက် (၉) နှစ်ကြီးတယ် ဆိုပြီး မတ်တတ်ပဲ လက်အုပ် ချီတာပါ။ ထိုင်မကန်တော့ပါဘူး။ သူ့ကို ခွင့်လွှတ်ပါ ဘာညာလည်း မပြောပါဘူး။ ငါလည်း လမ်းကျတော့ အဖော် တစ်ယောက်ကို ပြောတယ်။ ဒီလူတွေ နောင်တမရဘူး။ ငါ့ကို သီးခြား တောင်းပန်ရမယ် မပြောဘူး။ ဒါပေမဲ့ ဒီလူတွေ တိုင်းပြည် ၀န်ချဖို့ ကောင်းတယ်။ သူတို့ လုပ်ခဲ့တာတွေဟာ အလွန်အကျွံတွေချည်းပဲ။ သူတို့တွေဟာ ဟိုပြော ဒီပြောနဲ့ အပြစ်မဲ့သလို နေနေမယ်ဆိုရင် အစဉ်အလာဆိုးဟာ အမြဲတည်တော့မယ်။ သူတို့ ကိုယ်တိုင်လည်း အပြစ်သားတွေအဖြစ် ဆုံးပါးရလိမ့်မယ်””ဟု ပြောသည်။
အာဏာသိမ်း အစိုးရအဖွဲ့ဝင်များ အားလုံးအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ခဲ့မှုများအပေါ် တိုင်းပြည်ကို ၀န်ချ တောင်းပန်သင့်ကြောင်း ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ၌ ပြောကြားခဲ့သေးသည်။
ဦးခင်ညွန့်သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အစပြုသူ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပင် ပြောကြားမှု ရှိသည့် ဦးနေ၀င်း၏ တပည့်အရင်းတစ်ဦး ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ် ပျက်သုဉ်းပြီးနောက် စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူမှု ပြုလုပ်မှုတွင် အဓိက ခေါင်းဆောင်တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။ ထို့ပြင် န၀တ၊ နယက အစိုးရ နှစ်ဆက်စလုံးတွင် ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့ပြီး အစိုးရနှင့် အတိုက်အခံဖြစ်သော ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းမှု ပြုလုပ်သည့် နိုင်ငံရေးသမားများကို ဖမ်းဆီး အကျဉ်းချမှုများတွင်လည်း အဓိက ပါဝင်ခဲ့သူ ဖြစ်သည်။
၎င်းသည် နယကအစိုးရ လက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့အစိုးရ ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်မှုဟု သုံးသပ်ကြသော ဖြစ်စဉ်ဖြင့် တာဝန်များမှ ရပ်စဲ ခံရကာ ၎င်းအကြီးအကဲ တာဝန်ယူထားသော ထောက်လှမ်းရေးဌာနရှိ လူအများအပြားနှင့်အတူ နှစ်ရှည် အကျဉ်းချ ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။
၎င်းပြန်လည် လွတ်မြောက်လာပြီးနောက် လုပ်ကိုင်ဆောင်ရွက်မှုများကို ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““ရှင်းရှင်း ပြောရရင် အခု ဗိုလ်ခင်ညွန့် လွတ်လာပြီး ဟိုတုန်းက ဗိုလ်အောင်ကြီး လုပ်သွားတဲ့ နည်းပဲ လက်ဖက်ရည်ဆိုင် ထောင်တဲ့ဟာ လုပ်ပြန်ပြီ။ အဲဒီကနေပြီးတော့ နိုင်ငံရေးမလုပ်ပါဘူး ပြောပြီးတော့ ဗိုလ်အောင်ကြီးလည်း နိုင်ငံရေးထဲ ၀င်လာတာပဲ။ ဗိုလ်ခင်ညွန့်လည်း ဒီလို လက္ခဏာတွေကို အများကြီး ပြတယ်””ဟု သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ သုံးသပ် ပြောကြားခဲ့သေးသည်။
ယခင် စစ်အာဏာသိမ်း အစိုးရ အဖွဲ့အတွင်း ပါဝင်ခဲ့သူများ အနေဖြင့် ၎င်းတို့ ပြုမူ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူလူထုကို ၀န်ချ တောင်းပန်ရေးအပေါ် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ““သူတို့တွေဟာ တိုင်းပြည်အတွက် မှားယွင်းတဲ့ အလုပ်တွေကို လုပ်ခဲ့ပြီးပြီ။ တာဝန် မရှိဘူးလို့ ပြောလို့မရဘူး။ ဦးသိန်းစိန်မှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးရွှေမန်းမှာ တာဝန်တွေ အများကြီးရှိတယ်။ ဦးခင်ညွန့်မှာ တာဝန်တွေ အများကြီး ရှိတယ်။ ဗိုလ်ခင်ညွန့်က ပြောတယ် အဲဒါတွေ ပြောမနေပါနဲ့တဲ့။ လူတိုင်းဟာ ပြောချင်တဲ့ သူတွေ တစ်ယောက် တစ်မျိုး ပြောရရင်သမိုင်းဟာ အသံတွေအမျိုးမျိုး ထွက်နေမှာပဲ။ ဒါတွေ မလုပ်နဲ့ အခုအချိန်မှာ အားလုံး မေ့ပစ် နိုင်ရမယ်တဲ့။ ဘယ်လိုလုပ် မေ့ပစ်နိုင်မလဲ။ ကျုပ်တို့မှာ ဘာအပြစ်မှ မရှိဘူး။ ကျုပ်တို့ ဘာမှလည်း မလုပ်ဘူး။ ဆိုင်လည်း မဆိုင်ဘူး။ သိလည်း မသိဘူး ဆိုပြီးတော့ အထက်အမိန့်ပဲ တည်ဆဲဥပဒေ ဗိုလ်ခင်ညွန့် ပြောတဲ့ဟာမျိုး ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့ ဘာမှမသိဘူး။ ကျုပ်တို့က တည်ဆဲ ဥပဒေအတိုင်း လုပ်ခဲ့တာဆိုတဲ့ မျောက်သုံးကောင် ၀ါဒအတိုင်း။ မမြင်ဘူး၊ မကြားဘူး၊ မပြောဘူး ဆိုပြီးတော့၊ ပါးစပ်ပိတ်ပြီးတော့၊ နားပိတ် မျက်စိပိတ် ပြီးတော့  ဗိုလ်ခင်ညွန့်လို ပုဂ္ဂိုလ်တွေက ကျင့်သုံး နေတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ လက်မခံနိုင်ဘူးဗျ။ လက်မခံနိုင်ဘူး။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့က ပြင်ရမယ်။ ပြောင်းရမယ်။ ဒီလူတွေဟာ လူမသေရင်တောင်နေမယ်၊ နိုင်ငံရေးတော့ သေရလိ့မ်မယ် ဟုတ်လား။ အလားတူပဲ ဗိုလ်ခင်ညွန့်နဲ့ ပတ်သက် ပြီးတော့လည်း သူတို့ဘက်က ဘာမှ အပြစ်မရှိဘူး။ တည်ဆဲဥပဒေအရ လုပ်တယ်လို့ ပြောတယ်။ အဲလိုဆိုရင် တည်ဆဲဥပဒေဆိုတာ ဘယ်သူတွေ လုပ်ထားတဲ့ ဥပဒေလဲ။ သူတို့ လုပ်ထားတဲ့ ဥပဒေ။ ကျွန်တော်တို့ မေ့ချင်ပါတယ်။ ကျွန်တော်တို့ အရမ်းတော့ မေ့လို့မရဘူး။ ကျွန်တော်တို့ ခွင့်လွှတ်ချင်ပါတယ် အရမ်းတော့ ခွင့်လွှတ်လို့ မရဘူး။ သူတို့ကလည်း ပြင်ရလိမ့်မယ်”” ဟုလည်း သြဂုတ်လ အတွင်းကပင် မြန်မာသံတော်ဆင့်၌ ပြောကြားခဲ့သည်။
လင်းယုန်
ဆက်လက်ဖတ်ရှု့ရန်

October 20, 2013

အယုံအကြည် မရှိသော ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲ အပေါ် မေးခွန်းထုတ်

Unknown | 10/20/2013 06:21:00 AM | Best Blogger Tips
           
အယုံအကြည် မရှိသော ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲ အပေါ် မေးခွန်းထုတ် 

 
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) သည် အစိုးရနှင့် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် အပစ်အခတ်ရပ်စဲခဲ့ပါ သည်။
၎င်းတို့ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ကရင်ပြည်နယ် မြ၀တီ ခရိုင် မြောက်ဖက်တွင် အခြေချ ခဲ့ပါသည်။ ၄င်းတို့သည် လတ်တလော အခြေ အနေတွင် မြန်မာနိုင်ငံ အနှံ့ နေရာ အများ အပြားတွင် ဗုံးပေါက်ကွဲ ခဲ့ဖြင့် ထိုလုပ်ရပ် မျိုးကို ပစ်တင် ရှုတ်ချခဲ့ ပါသည်။ ဗုံးပေါက်ကွဲ မှုကြောင့် အနည်းဆုံး နှစ်ဦး သေဆုံး ခဲ့ပြီး ဒါဏ်ရာ ရရှိ ခဲ့မှု အပေါ် ၀မ်းနည်းကြောင်း ထုတ်ဖေါ်ခဲ့ပါသည်။
 ဤသို့ကြောင့် ၄င်းတို့၏ သဘောထား အသေးစိတ်ကို သိရှိ နိုင်ရန် ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှုးချုပ် တီမိုသီကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။ ထိုကဲ့ သို့သော ဗုံးပေါက် ကွဲမှု လုပ်ရပ် မျိုးကို ရှုတ်ချ ခဲ့သော်လည်း အစိုးရ၏ သတင်းစာရှင်း လင်းပွဲ ကျင်းပ ပုံနှင့် အထောက်အထား ထွက်ဆိုမှု များကြောင့် စွပ်စွဲမှု များသည် အဓိပ္ပါယ် မရှိကြောင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါ သည်။
ဆက်လက်ဖတ်ရှု့ရန်

October 18, 2013

Unknown | 10/18/2013 07:04:00 AM | Best Blogger Tips

ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်တော်ဆေးခန်းအတွက် ဘတ်ငွေတစ်သိန်းလှူဒါန်း
 အောက်တိုဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
                        ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ်မှ မယ်တော်ဆေးခန်းအတွက် ဘတ်ငွေတစ်သိန်းလှူဒါန်း
အောက်တိုဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အခမဲ့ဆေးကုမှု ပေးနေသော မယ်တော်ဆေးခန်းသို့ ထိုင်ဝမ်ပြည်သူ့သမ္မတနိုင်ငံရှိ ထိုင်ဝမ် အမျိုးသမီးများအဖွဲ့ချုပ် (The National Women's League of the Republic of China -Taiwan)က ထိုင်းဘတ်ငွေတစ် သိန်းနှင့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

၎င်းအလှူငွေဘတ်တစ်သိန်းနှင့်အတူ ဆန် ၂၀အိတ်၊ ခြင်ထောင် ၄၀လုံး၊ ဖျာ ၁၀၀ချပ်၊ စောင်အထည် ၁၀၀တို့ကို လာရောက်လှူ ဒါန်းခြင်းဖြစ်သည်ဟု မယ်တော်ဆေးခန်းရှိ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ကြီးကြပ်သူ စောလွယ်ထူးက ပြောသည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ထိုင်းနိုင်ငံ၌ အခြေစိုက်သည့် လူမှုရေး အထောက်အကူပြုလုပ်ငန်းများကို လုပ်ဆောင်နေသော Taipei Overseas Peace Service (TOPS)မှ အဖွဲ့ဝင် ကိုယ်စားလှယ် ၃ဦးမှတဆင့် လာရောက်ပေးအပ်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ထိုင်ဝမ်အမျိုးသမီးအဖွဲ့အစည်းဟာ ထိုင်း-မြန်မာနယ်စပ်တစ် လျှောက်မှာ အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်သလို ဆေးခန်းကိုလည်း လိုအပ်တာတွေ လှူဒါန်းတာမျိုး ရှိပါတယ်။ အခုဒီလိုလာ ရောက်လှူဒါန်းတာကလည်း တနှစ်တစ်ကြိမ် ပုံမှန် လာရောက်လှူဒါန်းခြင်းမျိုးပဲ ဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

မယ်တော်ဆေးခန်းသည် အလှူရှင်အချို့၏ ထောက်ပံ့ငွေ ဖြတ်တောက်မှုကြောင့် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၌ ဆေးခန်း၏လုပ်ငန်း အားလုံး လည်ပတ်နိုင်ရန် ထိုင်းဘတ်ငွေ ၁၈သန်းခန့်ရရှိရန် လိုအပ်သည်အထိ ငွေကြေးအခက်အခဲများရှိခဲ့ကြောင်း မယ်တော် ဆေးခန်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော်လည်း လတ်တလောအချိန်၌ အဖွဲ့အစည်းလိုက်ရော၊ တစ်ဦးချင်းပါ လာရောက်လှူ ဒါန်းပေးနေသည့်အတွက် အခက်အခဲ ကြီးကြီးမားမား မရှိသေးကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။

သူမက “အခက်အခဲကတော့ နေရာထိုင်ခင်းနဲ့ လူနာတွေအတွက် စားသောက်စရိတ်၊ ဆေးဝါးလုံလောက်အောင် စီမံရတဲ့အခက် အခဲ စတာတွေပါပဲ။ အဲဒါကလည်း နှစ်စဉ် ပုံမှန် ကြုံတွေ့နေရတာတွေပါပဲ။ အခု လာလှူဒါန်းတဲ့ငွေတွေကို မယ်တော်ဆေးခန်းအ တွက်နဲ့ ရောဂါလာကုတဲ့ လူနာတွေအတွက်ပါ အကျိုးရှိဖို့ စီမံခန့်ခွဲသုံးစွဲသွားမှာပါ။”ဟု ပြောသည်။

မယ်တော်ဆေးခန်းသို့ ယခုတစ်ကြိမ် ထိုင်ဝမ်အမျိုးသမီးအဖွဲ့ချုပ် ကိုယ်စား လာရောက်လှူဒါန်းသော (TOPS) မှာ ၁၉၉၆ခုနှစ်မှစ ၍ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်ကလေးများ၏ ပညာရေးနှင့် ဖွံ့ဖြိုးမှုအစီအစဉ်များကို လုပ်ဆောင်နေသော အဖွဲ့ အစည်းတစ်ခု ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အခမဲ့ဆေးကုမှု ပေးနေသော မယ်တော်ဆေးခန်းသို့ ထိုင်ဝမ်ပြည်သူ့သမ္မတနိုင်ငံရှိ ထိုင်ဝမ် အမျိုးသမီးများအဖွဲ့ချုပ် (The National Women's League of the Republic of China -Taiwan)က ထိုင်းဘတ်ငွေတစ် သိန်းနှင့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်

ဗုံးပေါက်ကွဲမှုများ KNU နှင့် မပတ်သက်ဟု ဦးရဲထွဋ်ပြောပြီ

Unknown | 10/18/2013 06:23:00 AM | Best Blogger Tips

 

 
  
KNU, ဗုံးပေါက်ကွဲမှု, ဦးရဲထွဋ်, ရဲချုပ်, လုံခြုံရေး
ဗုံးပေါက်ကွဲမှုများမှာ KNU နှင့် မပတ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ယနေ့ ပြောကြားနေသည့် ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် မသက်ဆိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ယနေ့ညနေ ၃ နာရီခန့်တွင် ရန်ကုန်တိုင်း ဒေသကြီးရုံး၌ ကျင်းပခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်သည်။
“ဒီကိစ္စက KNUနဲ့ ပတ်သက်ခြင်းတော့ မရှိဘူးလို့ သေချာပြောပါရစေ။ KNUက ကျနော်တို့အစိုးရနဲ့ အစောဆုံး လက်မှတ်ထိုး ခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို၊ လက်ရှိချိန်မှာလည်း သမ္မတကြီးနဲ့ ၃ ကြိမ်၊ ကာချုပ်နဲ့ ၃ ကြိမ် တွေ့ဆုံခဲ့တဲ့အဖွဲ့ပါ။ သူတို့ အေ
ဆက်လက်ဖတ်ရှု့ရန်

October 16, 2013

ပြည်တွင်း ပေါက်ကွဲ မှုသည် KNU လက်ချက် မဟုတ်ကြောင်း ငြင်းဆန်

Unknown | 10/16/2013 05:20:00 AM | Best Blogger Tips
KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ                        KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီဓါတ်ပုံ - (KNU)
ပြည်တွင်း ဗုံးဖေါက်ခွဲ မှုနှင့် ထရိတ်ဒါး ဗုံးပေါက်ခွဲ မှုသည် KNU လက်ချက်ဟု စွပ်စွဲ ခဲ့လျှင် မည်သည့် အချက် အလက်ဖြင့် စွပ်စွဲ နေသည်ကို သိလိုကြောင်း၊ KNU စစ်ဦးစီးရုံး တာဝန်ခံ ဗိုလ်မှူးချုပ် ရော်ဂျာခင်က ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။
“ KNU မှာ ပြည်တွင်းမှာ ဗုံးဖေါက် ခွဲဖို့ ပေါ်လစီ မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ် ဆိုရင် ဘယ်သူက စွပ်စွဲတာလဲ ဘယ်အချက် အလက် အပေါ် အခြေခံပြီး စွပ်စွဲ တာလဲ ကျနော်တို့ ဆန်းစစ်မယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒီ စွပ်စွဲ ချက်ကို ဘယ်သူ တာဝန်ခံ မှာလဲ သိချင်တယ်။ မဟုတ်ရင် KNU ကို သိက္ခာ ချဖို့ ဖန်တီး နေတာလား ဆိုတာ ဖြေရှင်း လိုတယ်” ဟု ဆိုပါသည်။
ဆက်လက်ဖတ်ရှု့ရန်