.

xxx

Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

February 3, 2013

ကိုယ့်မျက်မှန် ဖန်သားပြင်ပေါ်က ဖုန်တွေကို အစင်းရာ မထင်အောင် ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ ဆိုတဲ့နည်းလမ်း လေးတွေပါ။ ဖတ်ကြည့်ပါဦး။

Unknown | 2/03/2013 11:08:00 PM | Best Blogger Tips


တခါတလေ မျက်မှန် ဖန်သားပြင်ကို ပွတ်မိတဲ့ အခါမျိုးမှာ ကျွန်တော်တို့ ရှပ်အင်္ကျီ အစွန်းလေးနဲ့ အလွယ်တကူပဲ သုတ်ပစ်လိုက် တတ်ကြတယ်။ ဒီလို လုပ်တာဟာ နည်းမှန် လမ်းမှန် မဟုတ်တာ သိနေတာ တောင်မှ လုပ်တတ်ကြတယ် မဟုတ်လား။ နည်းလမ်း မှန်မှန် သန့်ရှင်းအောင် တကယ်တော့ sprays အကောင်းစားတွေ၊ microfiber တွေနဲ့ လုပ်ထားတဲ့ အ၀တ်စတွေ မလိုအပ် ပါဘူး။ မီးဖိုချောင်သုံး ဆပ်ပြာနဲ့ ပုံမှန် cotton အ၀တ်စလေး တစ်စလောက် ရှိရင်ကို လုံလောက်ပါပြီ လို့ the Wall Street Journal ကဖော်ပြ လိုက်ပါတယ်။
Glasses

ဆက်လက်ဖတ်ရှု့ရန်

January 27, 2013

KNLAတပ်မဟာ(၆)မှ ရဲဘော်တဦး၏ရင်ဖွင့်စကား

Unknown | 1/27/2013 02:38:00 AM | Best Blogger Tips

Htoo Lo

ဆက်လက်ဖတ်ရှု့ရန်

January 24, 2013

“မြန်မာအလုပ်သမားတွေ ပွဲစားနဲ့ ကုမ္ပဏီတွေဆီမှာ အလိမ်မခံရဖို့ အထူးသတိပြုကြပါရန်”

Unknown | 1/24/2013 01:14:00 AM | Best Blogger Tips

                             

(၁) မိမိ စရံငွေ မပေးမီ မိမိအပ်နှံမည့် ပတ်စပို့ ပွဲစား၏ ပတ်စပို့မိတ္တူကိုရအောင်တောင်းပါ။ မြန်မာပြည်နေရပ်လိပ်စာ အပြည့်အစုံနှင့် ထိုင်းတွင် လက်ရှိနေသည့် နေရပ်လိပ်စာတို့ကို တိတိကျကျ ရရှိအောင်တောင်းဆိုထားပါ။ ပွဲစားကိုဓါတ်ပုံရိုက်ထားပါ။လိမ်ညာမည့်သူများ ဤ အချက်များကို လိုက်လျှောမည်မဟုတ်ပါ။ ထိုအခါ သင်စဉ်းစား ဆုံးဖြတ်ပါ။
(၂) မိမိထံတွင်လာရောက် ကောက်ခံသည့် ပွဲစားမှာ ပတ်စပို့ ကုမ္ပဏီ၏ ကိုယ်စားလှယ် ဟုတ်မဟုတ်၊ ပင်ရင်းကုမ္ပဏီ သို့မေးမြန်းပါ။ ပွဲစား တစုံတစ်ခုအကြောင်းပေါ်ပေါက်ပါက ကုမ္ပဏီက ဖြေရှင်းပေးရန် တာဝန်ခံမှု ရှိ/မရှိ မေးပါ။
(၃) မိမိထံတွင် လာရောက် ပြောဆိုသည့် ပွဲစားသည် ထိုကုမ္ပဏီ၌ အမှန်ရှိ/မရှိ သွားရောက်စုံစမ်း ထားသင့်ပါသည်။ ရုံးခန်းမရှိ၊ ကုမ္ပဏီအာမခံမရှိသည့် ပွဲစားများအား လုံးဝ မယုံကြပါနှင့်။ မအပ်နှံပါနှင့်။
(၄) ပတ်စပို့လုပ်ကိုင်သည့်အခါ (ပတ်စပို့စာအုပ်+ work permit + ၁၉၀၀ ဘတ်တန်ဘိုးရှိ ကျမ္မာရေးအာမခံသွေးစစ်လက်မှတ် နှင့်အလုပ်ရှင်ပြောင်းရွှေ့ခွင့်ပါ/မပါ သေသေချာချာ ပြောဆို လက်မှတ်ထိုးပြီးမှ ငွေပေးချေခြင်းကိစ္စကို လုပ်ဆောင်ကြပါ။
ယခုနှစ်ပတ်စပို့လုပ်ငန်းစဉ်သည်ယခင်နှစ်လုပ်ငန်းစဉ်ထက်တန်ဘိုးမြင့်နေသဖြင့် မြန်မာအလုပ်
သမားများ အလိမ်မခံရစေရန် အထူးသတိထား လုပ်ကိုင်ကြပါရန် အသိပေးအပ်ပါသည်။
ရွှေလုပ်သားဂျာနယ်
ဆက်လက်ဖတ်ရှု့ရန်

December 28, 2012

မင်းသားခေါင်းဆောင်းထားသော ဘီလူး (သို့) အရှင်သောမ(ခေါ်) ဆရာမောင်မောင်အကြောင်း တစေ့တစောင်း

Unknown | 12/28/2012 11:48:00 PM | Best Blogger Tips





                              


http://www.facebook.com/javana.wetlet?sk=notes မှကူးယူတင်ပြချင်းဖြစ်ပါသည်
မဖတ်လိုက်ရသေးသူတွေ ဖတ်ရအောင်၊ဖတ်ပြီးဆင်ခြင်နိုင်အောင် ပြန်လည်ဝေမျှလိုက်ပါသည်။ ဗုဒ္ဓဘာသာကိုဖျက်ဆီးနိုင်တာ သာသနာတွင်းသား ရှင်ရဟန်းများသာဖြစ်ပါတယ်။ ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ ဗုဒ္ဓဘာသာကို မဖျက်ဆီးနိုင်ဘူးလို့ ပိဋကတ်စာပေမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။ အရှင်သောမ(ခေါ်) ဆရာမောင်မောင်လည်း ဒါတွေကို သိလို့ ဗုဒ္ဓဘာသာဝင်တွေကို မှိုင်းတိုက်ကာ ဗုဒ္ဓသာသနာပျက်စီးအောင် သာသနာတွင်းသို့ဝင်ရောက်ပြီး ဖျက်ဆီးနေတာဖြစ်ပါတယ်။ မြန်မာတွေ အမြဲတမ်း အလိမ်ခံနေရဦးမယ် အားလုံးအတွက် သတိထားစရာ အရှင်သောမ၏ နောက်ကြောင်းသမိုင်းများ ဆရာမောင်မောင်၊ ထားဝယ်အမှတ်(၅)၊ (အရှင်သောမ) အထက်ရေဖြူမြို့သူနဲ့ အိမ်ထောင်ကျပြီး သမီးနှစ်ယောက်ရခဲ့သည်။ တစ်ယောက်က နပ်စ်မ၊ တစ်ယောက်ကကျောင်းဆရာမ၊ မိန်းမကို ပစ်သွားခဲ့သည်။ မိန်းမဟာ တစ်ဖက်နိုင်ငံမှာ သမီးနှစ်ယောက်အတွက် အလုပ်လုပ်ခဲ့သည်။ ဆရာမောင်မောင်(ခေါ်) အရှင်သောမနှင့် အရာခံဗိုလ် ခင်မောင်ဝင်းတို့သည် သူငယ်ချင်းများ ဖြစ်ကြသည်။ နှစ်ဦးစလုံး မူစလင်များဖြစ်ကြသည်။ အရှင်သောမက ထောက်လှမ်းရေးဌာနမှာ အလုပ်လုပ်ပါသည်။ လူကုန်ကူးမှုကို သူငယ်ချင်းနှစ်ဦး ပေါင်းလုပ်ကြသည်။ အရာခံဗိုလ်ခင်မောင်ဝင်းသည် ဖမ်းမိပြီး ထောင်ကျသွားသည်။ အဲဒီအချိန်မှာ ဆရာမောင်မောင်(ခေါ်) အရှင်သောမသည် ရဟန်းပြုပြီး ဇာတ်မြှုတ်နေခဲ့သည်။ မြင်းခါးတောင်၊ သရက်ချောင်းမြို့နယ်မှာ ရဟန်းဖြစ်ပါသည်။ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ၊ တောကျောင်းမှာနေခဲ့သည်။ အဆင်မပြေခဲ့ပါ။ အဲဒီကမှတဆင့် ထားဝယ်မြို့၊ ဘုံမော်ရပ်၊ ဓမ္မစကြာပဋိပတ္တိရိပ်သာကျောင်းမှာ မိုးကုတ်တရားများ ပြသနေခဲ့သည်။ နေလဂျာနယ်မှာ အဲဒီရိပ်သာရဲ့ နာယကဆရာတော်ဆိုပြီး ဖော်ပြခဲ့သည်။ အဲဒီကျောင်းမှာ ပြဿနာ တက်ခဲ့ပါသည်။ အဲဒီနောက် ဘိတ်မြို့နယ်၊ ကလွင်ကျေးရွာမှာ ကျောင်းတည်ထောင်ကာ သံဃာ (၂၁၀)ပင့်ပြီး ငွေအတုများ လှူဒါန်းခဲ့ပါသည်။သံဃာများကို ငွေအစစ်နဲ့လဲလှယ် ပေးမယ်ဆိုပြီး လှူဒါန်းခဲ့သည်။ တစ်ပါးကို သိန်းကျော်စီလှူခဲ့သည်။ နောက်ပိုင်း ငွေအစစ် နှစ်သောင်းစီသာ လှူဒါန်းခဲ့သည်။ ပြဿနာများ တက်ခဲ့ပါသည်။ ငွေအတုလုပ်သောဆိုင်မှာ ထားဝယ်မြို့၊ ရှိန်းကွန်ပျူတာဆိုင်ဖြစ်ပါသည်။ အဲဒီဆိုင်မှာ ငွေအတု(၇၂)သိန်း ထုတ်ခဲ့သည်။ မှန်လုံ(၁၆)စီးနဲ့ လူတွေကို ဖိတ်ပြီးခေါ်သွားခဲ့ပါသည်။ ထားဝယ်မှာ ဖုန်း(၈)လုံးဝယ်ထားပြီး အားလုံးကို အကြောင်းစုံသိအောင် စုံစမ်းထား သည်။ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ခင်ဇော်က ဦးသောမကိစ္စကို ပြတ်အောင်လုပ်ပါ၊ မလုပ်ရင် မင်းတို့ကို ခေါင်းဖြတ်မယ်လို့ အောက်လူတွေကို ပြောခဲ့သည်၊ ငွေအတုလုပ်တာ အပြစ်မရှိဘူးလို့ ချေပပြောဆိုခဲ့ပြန်သည်၊ နောက်ပိုင်းမှာ ၀န်ကြီးချုပ် ခင်ဇော်ဟာ ရာထူးမှ ပြုတ်သွားခဲ့သဖြင့် ဦးသောမကိစ္စ အဆက်ပြတ်သွားပြန်သည်။ အဲဒီအချိန်အတွင်းမှာ သူ့အမနဲ့ သူ့ညီတို့ သေဆုံးခဲ့သည်။ မြို့သူမြို့သားများနှင့် ရွာသူရွာသားများကို ဗုဒ္ဓဂယာသို့ ငွေပိုယူကာ ဘုရားဖူးပို့ပြီး သိမ်းသွင်းခဲ့သည်။ ဘိတ်မြို့နယ်အတွင်းက ရွာတွေမှာ (၁၀)တန်းအတွက် စပေါ့ရမယ်ဆိုကာ ငွေများလိမ်ခဲ့ပြီး ရန်ကုန်သို့ ထွက်ပြေးသွားခဲ့သည်။ ယခုအခါ အိန္ဒိယနိုင်ငံမှာ ဘုရားဖူးအဖွဲ့များအတွက် ကုမ္ပဏီတစ်ခုတည် ထောင်ထားသည်။ အိန္ဒိယမှာ ပညာသင်ကြားနေသော သံဃာတော်များကိုလည်း သိမ်းသွင်းထားခဲ့ပါသည်။ စစ်တပ်ကလာသော မူစလင်အစစ် အရှင်သောမသည် စကားပြောအလွန်ကောင်းပြီး တစ်ဖက်လူကို သိမ်းသွင်းစည်းရုံးမှုအမျိုးမျိုး လုပ်ခဲ့ပါသည်။ ယခုအခါ အမှုမပေါ်အောင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အများအပြားကို ပိုက်ဆံလာဘ်ထိုး ထားသည်။ တစ်ချို့ဆရာတော်များ ဆီကို လာဘ်ထိုးဖို့ စောင့်ဆိုင်းနေသည်။ သတင်းအကြောင်းစုံကို ထားဝယ်မြို့၊ ဘိတ်မြို့တွေမှာ စုံစမ်းနိုင်ပါသည်။ ယခုအခါ ဘိတ်မြို့တစ်မြို့လုံးက လက်မခံတဲ့အတွက် ရန်ကုန်သို့ ရောက်ရှိနေတာ ကြာခဲ့ပါပြီ။ အဖက်ဖက်က ၀ိုင်းဝန်းပြီး သေချာအောင်စုံစမ်းစစ်ဆေးကာ ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ ************************************************************************  ဒါကတော့ ဒီ http://satzin20.blogspot.com/2012/02/blog-post.html ဆိုက်ဒ်မှာတင်ထားတဲ့ ချက်မေးလ်လေးတစ်ခုပါ။ မင်္ဂလာပါ Sunday, February 19, 2012 မြန်မာပြည်က အရှင်သောမ အကြောင်းကို အွန်လိုင်းပေါ်တင်လိုက်ပါဦးလို့  ဘော်ဒါတယောက်ပို့ လာတာ တင်ပေးလိုက်ပါတယ် ABC:မြန်မာပြည်က အရှင်သောမ အကြောင်းကို အွန်လိုင်းပေါ်တင်လိုက်ပါဦး တော်တော်ဆိုးတယ် အရှင်သောမ ဆိုတာသိလား တရားဟောတဲ့ထားဝယ်ဆရာတော်လေ အခု မဟနတွေကို ငွေလာဘ်ထိုးနေတယ် သူက မူစလင်ကနေ၀တ်လာတာ အခု သထုံကိုရောက်လို့ အကြောင်းစုံသိရတယ် အရင်က စစ်တပ်မှာ ထောက်လှမ်းရေး ထောက်လှမ်းရေးလုပ်ပြီး လူကုန်ကူးတာ လူကုန်ကူးလို့ ဖမ်းခါနီးမှာ ဘုန်းကြီးဝတ်လိုက်တာ အခုလည်း အိန္ဒိယမှာ ကုမ္ပဏီထောင်ထားတယ် ဦးသာသန: ဘယ်လိုဖြစ်လို့လဲ သိတယ်ဘုရား ABC: အခု မဟနတွေကို လာဘ်ထိုးနေတယ် သူ့အမှုအတွက် ဦးသာသန: အသေးစိတ်ကို ပိုပြီးသိချင်တယ် ဘာလို့လဲ ဆိုတော့ သူက ကိုယ်တို့နဲ့ အဆက်အသွယ်ရှိတယ် ကိုယ်လည်း သိပ်သဘောမကျဘူး ABC: ထားဝယ်ဓမ္မစကြာရိပ်သာကျောင်းမှာနေခဲ့တာ ဦးသာသန: အသေးစိတ်ကို သေချာပို့ပေးပါ ABC: အဲဒီမှာ နေလစာစောင်မှာ သူက အဲဒီကကျောင်းထိုင်ပါဆိုပြီး လိမ်ပြီးရေးခဲ့လို့ ပြဿနာတွေ တက်ကြတယ် အဲဒီကနေ ဘိတ်ကို ပြေးတယ် ဘိတ်မှာ ကျောင်းရှိတယ် အခု ဘိတ်မှာ မနေရဲလို့ ရန်ကုန်ကို ပြေးတယ် ရန်ကုန်တောင်မှ ကမ္ဘာအေးမှာ ၀ါဆိုတာ မဟနတွေ ညံ့ဖျင်းတာ ဦးသာသန: ဒါဆို တပည့်တော် စုံစမ်းမယ် ABC: ထာဝယ်မှာ သံဃာတွေကို ပင့်ပြီး ပိုက်ဆံ 100000 စီကို အတုလုပ်ပြီးလှူတယ် နောက်မှ အစစ်နဲ့လည်းပေးမယ်လို့ပြောတယ် ဦးသာသန: အခု အိန္ဒိယ သံဃာတွေကိုလည်း သူက စည်းရုံးနေတာ ABC: အဲဒါမဟုတ်ဘူး ဦးသာသန: တပည့်တော် စိတ်ဝင်စားသွားပြီ တိုက်ခိုက်တော့မယ် ABC: အခု တပည့်တော် သထုံ ဇင်းကျိုက်မှာ ရောက်နေလို့ သူနေခဲ့တဲ့ ကျောင်းက မနေ့ညက ဖုန်းဆက်လို့ အကုန်သိရတယ် ဦးသာသန: ငါ့ရှင်နဲ့ကိုယ်နဲ့ လက်တွဲမယ် ငါ့ရှင်က မြန်မာနိုင်ငံက သတင်းတွေကိုပို့ ကိုယ်က အိန္ဒိယ မှာ လှုပ်ရှားမယ် ABC: အိန္ဒိယမှာ ကုမ္ပဏီထောင်ထားတယ်အခု ဗိုလ်မှုးတစ်ဦးနာမည်နဲ့ တပည့်တော် မက်ဆေ့နဲ့ပို့မယ်လေ ဦးသာသန: ဘုရားဖူးတွေလည်း သူက ခပ်တည်တည်လုပ်နေတာ ABC: မေးက တပည့်တော်ပိတ်မိထားလို့ အ၀င် အထွက်မရဘူးဖြစ်နေတယ် ဦးသာသန: အိန္ဒိယ မှာ ကိုယ်က အခုရှိနေတယ် ABC: ဘုရားဖူးတွေကို သူက စည်းရုံးနေတာ ဦးသာသန: နောက်ရက် ပို့ထားပေးပါ ABC: အဲဒါကို မေးဖြန့်ပြီး မက်ဆေ့တွေ ဖြန့်ပါနောင်ကြီး ဦးသာသန: အခု သေချာသိရင် ကိုယ် လုပ်တော့မယ် ABC: အခုလ 20 ရက်နေ့ မဟန အစည်းအဝေးရှိတယ် အဲဒီမှာ သူက လာဘ်ထိုးနေပြီ ဦးသာသန: မေးကနေ မက်ဆေ့ထက် ပိုပြီးပြန့်အောင် ဖြန့်ပေးမယ် ABC: အခု တော်တော်များများကို လာဘ်ထိုးပြီးသွားပြီ နောက်ထပ်ရောက်မယ့် မဟနတွေကို လာဘ်ထိုးဖို့စောင့်နေတာ မူစလင်အစစ်ပါ သူက ပိုက်ဆံ 100000 အတုတွေကို နောက်မှ ငွေ 20000 နဲ့ သွားပြန်လဲတယ်လေ အဲဒီကစပြီး သူ့အမှုပေါ်တာ ဦးသာသန: တပည့်တော်တို့လည်း သူ့ကို သိပ်မယုံဘူး ထားဝယ်သူတွေနဲ့ လှုပ်ရှားနေတာ တပည့်တော် စုံစမ်းအုံးမယ် ABC: စုံစမ်းပါနောင်တော် သူက တော်တော်ဆိုးတယ် မူစလင်အစစ်ကနေ လုပ်နေတာ အဓိက ဓမ္မစကြာရိပ်သာကျောင်းကို သိရင် ပိုကောင်းမယ် နောင်တော် တပည့်တော် နောက်နေ့မှ ဖုန်းနံပါတ်ယူလာမယ် ဦးသာသန: အိုကေ ဦးဝိဇယ ***မကြာခင်မှာ အကြောင်းစုံလင်စွာ သိရတော့မှာပါ။


copy from   http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:311111
ဆက်လက်ဖတ်ရှု့ရန်

ကရင်သက္ကရာဇ် ၂၇၅၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်သို. ဖိတ်ကြားအပ်ပါသည်

Unknown | 12/28/2012 07:07:00 AM | Best Blogger Tips


 တောင်ကိုရိးယားနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာတိုင်းရင်းသား ညီအစ်ကို
မောင်နှမများခင်ဗျား။

ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မြန်မာအသင်းခန်းမ၊ဖူချွန်းမြို.တော်တွင် ၆ ရက် ၁ လပိုင်း ၂၀၁၃ ခုနှစ်
(တနင်္ဂနွေနေ.)နေ.လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ စည်ကားသိုက်မြိုက်
ဆက်လက်ဖတ်ရှု့ရန်

December 25, 2012

ရေတွင်းလေးသို့အပြန် (မိုးသီးဇွန်)

Unknown | 12/25/2012 03:00:00 AM | Best Blogger Tips

နေ့ သစ်သတင်းစာမျက်နှာမှMan

ကျနော်ရန်ကုန်ရောက်တော့ ကျနော် ကြီးပြင်းခဲ့တဲ့ရပ်ကွက် ကိုသွားကြည့်တယ်။ ရပ်ကွက်က သင်္ဃန်းကျွန်း မိကျောင်း ကန် အပိုင်း ၁ ရပ်ကွက်။ ၁၉၉၁ ခုနှစ်မှာ ကျနော်တို့ ရပ်ကွက်ကို ဦးသန်းရွှေ အစိုးရလက်ထက်မှာ သိမ်းဆည်းသွား တယ်။
ကျနော်တို့ကို ကျူးကျော်သူတွေလို့ သတ်မှတ်ခဲ့တယ်။ ရပ်ကွက်ကို အမြန်ဖျက်ကြဖို့ နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့ကြတယ်။ အ နိုင်ကျင့်ခဲ့ကြတယ်။ လူတွေပထမတော့ တောင့်ခံသေးတယ်။ နောက်တော့ တယောက်ချင်းရွေ့ပေးခဲ့ကြရတယ်။ အဖေ နဲ့ နိုင်ချစ်သောင်းတို့ နှစ်အိမ် သုံးအိမ်ပဲကျန်တော့တယ်။ ဘယ်သူမှမရှိတော့ဘူး။ နောက်တော့ ဘူဆိုဇာတွေနဲ့ လာထိုး တော့မှာ ကျနော့်အဖေနဲ့ နိုင်ချစ်သောင် (မွန်) ကိုစိုးမင်း(ရခိုင်) တို့ဟာ လက်လျော့ပေးလိုက်ကြရတယ်။
ဆက်လက်ဖတ်ရှု့ရန်

November 25, 2012

** ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ **

Unknown | 11/25/2012 04:23:00 PM | Best Blogger Tips

** ကိုးဘွဲ့ရဆရာတော်၏ ဒဿနစကားများ **

By မောင်မြင့်
11/25/2012

၁။ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ။
၂။ ပါရမီပြည့်အောင် စောင့် မနေပါနဲ့၊ တောင်း မယူပါနဲ့၊ လုပ်ယူပါ။
၃။ မိဘကို စွမ်းနိုင်ပါလျက် မလုပ်ကျွေးဘဲ တမင်ပစ်ထားရင် ကြွေးလည်း တင်တယ်၊ လူယုတ်မာလည်း
 ဖြစ်တယ်။
၎။ လူကိုပဲ ညာလို့ ရမယ်၊ ကံကိုတော့ ညာလို့ မရဘူး။
၅။ ဆွေမျိုးပျက်, ဥစ္စာမွဲ , ရောဂါစွဲရုံနဲ့တော့ မငိုပါနဲ့။ အကျင့်ပျက်, ဘာသာပျက်ရင်သာ ငိုပါ။
၆။ တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေမယ့်၊ ပုဂံကိုကျောခိုင်းပြီး ပြေးရင်တော့ ဘယ်တော့မှမရောက်ဘူး မှတ်။
၇။ ``ငါ ဘာ လုပ်နိုင်တယ်´´ လို့ မကြွားပါနဲ့၊ ငါ ဘာလုပ်နိုင်ကြောင်း လက်တွေ့ပြပါ။
၈။ ဘ၀မြင့်အောင် လုပ်ပါ။ ဒါပေမဲ့ ဘ၀င်တော့ မမြင့်လေနဲ့။
၉။ မိုးကို မျှော်ကြည့်ပါ။ ဒါပေမဲ့ ခြေထောက်နဲ့ မြေကြီးနဲ့တော့ မလွတ်စေနဲ့။
၁၀။ သက်သာ ခိုတဲ့လူဟာ ဘယ်တော့မှ မသက်သာဘူး။
၁၁။ ကိုယ့်ကို ကိုယ်ခိုင်းပါ။ ကိုယ်မခိုင်းရင် သူများက လာခိုင်းလိမ့်မယ်။
၁၂။ လူဆိုတာ လူ့အကြောင်း သိရမယ်၊ ပို သိတဲ့သူဟာ ပညာရှိပဲ။
၁၃။ ဒီလိုနေရင် ဒီလိုပဲ နေရမယ်။ ဒီလို မနေမှ ဒီလို မနေရမှာ။
၁၄။ ကိုယ့်နောက်မပါမယ့် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေအတွက် ကိုယ့်နောက်ပါမယ့် အကုသိုလ်
တွေနဲ့ မလဲမိပါစေနဲ့။
၁၅။ ကိုယ်ကြိုက်တာကိုပဲ မလုပ်သင့်ဘူး၊ ကိုယ်လုပ်သင့်တာကိုပဲ ကြိုက်ရမယ်။
၁၆။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။
၁၇။ လူမှန်ရင် ၃ တန်းတော့ အောင်ရမယ်၊ သင်ပညာ၊ ကြံပညာ၊ ကိုယ်တွေ့ပညာဆိုတဲ့ ၃ တန်း။ ၁၈။ ငွေဒင်္ဂါးကို ထွေခင်းကစားလို့ရပေမဲ့၊ သေခြင်းတရားကိုတော့ ကွေကွင်းသွားလို့မရနိုင်ဘူး။
၁၉။ စိတ်ဓါတ်ကျသလား? ပြန်ကောက်ထား၊ အရေးကြီးတယ် သူမရှိလို့ မဖြစ်ဘူး။
၂၀။ သူတော်ကောင်း ဖြစ် မဖြစ်, သူတော်ကောင်း စစ် မစစ် သိချင်ရင် အခုသေရဲ မသေရဲ ပြန်တွေးကြည့်။
၂၁။ ပထမနဲ့ ဒုတိယဟာ အဝေးကြီး မဟုတ်၊ နည်းနည်းလေးပဲ ပို ကြိုးစား။
၂၂။ သင့်နေရာ နံပါတ် ၂ ဟာ ၊ ၃ ကနေ တက်သွားတာလား၊၁ ကနေ ဆင်း လာတာလား? သတိထား။
၂၃။ ကြီးကျယ်အောင် လုပ်၊ ကောင်းအောင် လုပ်၊ ပိုကောင်းအောင် လုပ်။
၂၄။ အောင်နိုင်သူထက် တန်ဖိုးရှိသူက ပိုကောင်းတယ်။
၂၅။ စစ်ဆိုတာ စိတ်ကစတယ်၊ စိတ်ဆိုတာ အတွေးအာရုံက စတယ်။
၂၆။ ဟိုဘက်ကမ်းရောက်ချင်ရင် ပင်လယ်ထဲရွက်လွင့်ပါ။ တကယ်အောင်မြင်ချင်ရင် အခုပဲ စလုပ်ပါ။
၂၇။ ဖြစ်ချင်တာက ဆန္ဒ ၊ ဖြစ်နေတာက ဘ၀ ၊ ဖြစ်နိုင်တာက စ။
၂၈။ အရေးကြီးတာက အရေးမကြီးတာတွေကို အရေးတကြီးမလုပ်မိဖို့ဘဲ အရေးကြီးတယ်။
၂၉။ ကိုယ့်ကြောင့် သူတစ်ပါး၊ ကိုယ် စိတ် နှစ်ပါး၊ ဆင်းရဲ မသွားပါစေနဲ့။
၃၀။ အားငယ်ပါ။ စိတ်ဓါတ်တော့မကျပါနဲ့။
၃၁။ အသေးအမွှားတွေကို အရေးထားနေရင် ကြီးမားတာတွေကို လုပ်လို့ မရတော့ဘူး။

မူရင်း= http://www.facebook.com/photo.php?fbid=551722948187892&set=a.31...

လေးစားစွာဖြင့်
မောင်မြင့်

Copy from http://satekuupuyar.blogspot.com/2012/11/blog-post_5826.html
ဆက်လက်ဖတ်ရှု့ရန်