.

xxx

February 3, 2013

ကိုယ့်မျက်မှန် ဖန်သားပြင်ပေါ်က ဖုန်တွေကို အစင်းရာ မထင်အောင် ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ ဆိုတဲ့နည်းလမ်း လေးတွေပါ။ ဖတ်ကြည့်ပါဦး။

Unknown | 2/03/2013 11:08:00 PM | Best Blogger Tips


တခါတလေ မျက်မှန် ဖန်သားပြင်ကို ပွတ်မိတဲ့ အခါမျိုးမှာ ကျွန်တော်တို့ ရှပ်အင်္ကျီ အစွန်းလေးနဲ့ အလွယ်တကူပဲ သုတ်ပစ်လိုက် တတ်ကြတယ်။ ဒီလို လုပ်တာဟာ နည်းမှန် လမ်းမှန် မဟုတ်တာ သိနေတာ တောင်မှ လုပ်တတ်ကြတယ် မဟုတ်လား။ နည်းလမ်း မှန်မှန် သန့်ရှင်းအောင် တကယ်တော့ sprays အကောင်းစားတွေ၊ microfiber တွေနဲ့ လုပ်ထားတဲ့ အ၀တ်စတွေ မလိုအပ် ပါဘူး။ မီးဖိုချောင်သုံး ဆပ်ပြာနဲ့ ပုံမှန် cotton အ၀တ်စလေး တစ်စလောက် ရှိရင်ကို လုံလောက်ပါပြီ လို့ the Wall Street Journal ကဖော်ပြ လိုက်ပါတယ်။
Glasses




သင့်အင်္ကျီစနဲ့ မှန်သား တွေကို သန့်ရှင်းစေတာဟာ ဘာလို့ မကောင်းသလဲ ဆိုရင် အကျီစမှာ ကပ်ပါ လာတဲ့ ဖုန်မှုန့် လေးတွေက မှန်သားကို အစင်းရာတွေ ထင်တတ် စေလို့ပါ။ ပြောရမယ် ဆိုရင် ၀ါနဲ့ပြုလုပ်ထားတဲ့ အ၀တ်စ လေးရယ် အိမ်သုံး ဆပ်ပြာရယ်နဲ့ သန့်ရှင်းပေး တာက မျက်မှန် ကျွမ်းကျင်သူ ဆီက ရရှိတဲ့ သန့်ရှင်းရေး ဆေးရည်တွေ ထက်တောင် ပိုကောင်း ပါသေးတယ်။ AOA က မျက်မှန် ဖန်သားတွေကို နေ့စဉ် ဆေးကြောဖို့ အကြံပြု ထားပြီး မျက်မှန်ကိုင်း နဲ့ နားရွက်မှာ ချိတ်တဲ့ နေရာလေးတွေက ဆံတို ဆံစတွေ နဲ့ မိတ်ကပ်တွေကို ဂရုပြု ဖယ်ရှားဖို့လည်း အကြံပေးထား ပါတယ်။ သင်သာ မျက်မှန်ကို သန့်စင်မယ် ဆိုရင် လက်လှမ်းမီရာက အရည်တွေနဲ့ မတိုက်ချွတ် မိဖို့တော့ လိုပါတယ်။ "တချို့ လူတွေက တံတွေးကို အသုံးပြုကြတယ်။ ဒီလိုတော့ မဖြစ်သင့်ဘူး" လို့ Dr. Geist က အကြံပေး ပါတယ်။ ညစ်ပတ်နေတဲ့ ဖန်သားပြင်က မျက်စိကို ရောဂါပိုး မ၀င် စေရင်တောင် တံတွေး အသုံးပြု တာက အကောင်းဆုံး နည်းလမ်း မဟုတ်တဲ့ အတွက် သူက (တံတွေးက) ကောင်းကောင်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဆပ်ပြာ ၊ ရေနွေးနွေး နဲ့အ၀တ်စ သန့်သန့် ကတော့ သင့်နေ့စဉ် မျက်မှန် သန့်ရှင်းဖို့နဲ့ အမြင်အာရုံ ကောင်းကောင်း ရစေဖို့ လိုအပ်မှာပါ။

Glasses 2


အခြား အသုံး အဆောင်တွေ ဖြစ်တဲ့ အမိုးနီးယား၊ အစွန်း ချွတ်ဆေးနဲ့ vinegar လိုသောက်ရေ ဖန်ခွက်တွေကို ဆေးကြော ရာမှာသာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ပြတင်းပေါက် မှန်သန့် ဆေးရည်တွေကို သုံးမယ် ဆိုရင် သင့်မျက်မှန် ဖန်သားပြင် ပေါ်က အလင်း ရောင်ပြန် မဟပ်စေဖို့ ကွပ်ထားတဲ့ coating တွေကွာကျစေ တတ်ပါတယ်။ သင်သာ နည်းမှန် လမ်းမှန် သန့်ရှင်းရေး ပြုလုပ်မယ် ဆိုရင်တော့ သင့်မျက်မှန် ဖန်သားပြင်ကို အကောင်းဆုံး ပုံစံအတိုင်း ရရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့် မျက်မှန် ဖန်သားပြင်ကို fancy new computer glasses တွေလို အရည်အသွေး ပြည့်အောင် ထိန်းသိမ်းထား သင့်တာပေါ့။


http://www.mymclub.net/main/index.php?option=com_zoo&task=item&item_id=783&Itemid=537

No comments: