.

xxx

February 3, 2013

Ram ထပ်မစိုက်ပဲ memory တိုးချင်ရင်

Unknown | 2/03/2013 11:24:00 PM | Best Blogger Tips


                           

ကျွန်တော်လည်း ဒီနည်းကို အစ်ကိုတော်တွေဆီက မေးလာတာပါ...
ကျွန်တော် Computer က RAM 2GB ပဲရှိပါတယ်...ပြောရရင်တော့..စိတ်တိုင်းမကျဘူးပေါ့..ခဏလေး သုံးပြီးရင်..စက်ကလေးလာတာမျိုးတွေ ရှိလာပါတယ်...ကျွန်တော့်လို ပြဿနာရှိကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းလမ်းလေး တစ်ခုတင်ပေးလိုက်ပါတယ်.....
Hacking နည်းလမ်း တစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။ :P
တော်ကီ မရိုက်တော့ဘူးဗျာ.....ပွင့်ပွင့်လင်းလင်းပဲ..Computer တစ်လုံးကိုရှေ့ချပြီး ထိုင်ကလိသလို....ကျွန်တော်ရေးပေးမယ်...


>>>>My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။

>>>>Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။
အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။

>>>>Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ - Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွား ပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျွန်တော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။

>>>> ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ ခစက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။..သူငယ်ချင်းအပေါင်း အဆင်ပြေကြပါစေ...
 

ဒီအကြောင်းကိုကျွန်တော့်ကို ပြောပြခဲ့တဲ့..အစ်ကိုဇော်မင်းအောင်ကိုလည်းကျေးဇူးတင်ရှိပါသည်.....


#Einstein Kelvin#

ITgroup


 https://www.facebook.com/photo.php?fbid=374357719328732&set=a.351047714993066.76926.351018658329305&type=1&theater

No comments: