.

xxx

Showing posts with label ဗွီဒီယို. Show all posts
Showing posts with label ဗွီဒီယို. Show all posts

March 13, 2013

ကြေးနီစီမံကိန်း မှန်မှန်ကန်ကန်လုပ်ရင် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဒေါ်စုပြော

Unknown | 3/13/2013 03:20:00 AM | | Best Blogger Tips



Published on March 13, 2013 by ဒီဗွီဘီ

လက်ပန်းတောင် ကြေးနီစီမံကိန်းကို မှန်မှန်ကန်ကန် လုပ်သွားရင် ဒေသခံတွေအတွက် သာမက တတိုင်းပြည်လုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဆက်ပြီးလုပ်ဖို့ အကြံပြုတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
...
ဒီနေ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီစီမံကိန်းဟာ ဒေသခံတွေအတွက်တင် မဟုတ်ဘူး။ မှန်မှန်ကန်ကန်လုပ်သွားရင် ကျမတို့ တတိုင်းပြည်လုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်တဲ့အတွက် ဒါဆို ဆက်ပြီးလုပ်သွားဖို့ အကြံပြုတာ ဖြစ်ပါတယ်။ ကျမအတွက်လည်း ဘာအကျိုးကျေးဇူးမှ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ကြေးနီစီမံကိန်းကို ဆက်လုပ်ခြင်းအားဖြင့် အများကြီး အကျိုးကျေးဇူးတွေ ရှိလာနိုင်ပြီး ပြည်သူတွေအနေနဲ့ သတ္တိရှိရှိနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။

“သတ္တိရှိရှိနဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ရမယ်။ အပြောင်းအလဲဆိုတာ ဘယ်လိုမှ မပြောင်းချင်ပါဘူးလို့ ပြောလည်း ပြောင်းနေမှာပဲ။ တနေ့နဲ့တနေ့ ပြောင်းနေမှာပဲ။ မပြောင်းလို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မဖြစ်မနေ ဖြစ်ရမယ့် အပြောင်းအလဲတွေကို ကျမတို့ အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်သွားရမယ်။ ရင်ဆိုင်တဲ့အခါမှာလည်း သတ္တိရှိရှိ ဥာဏ်အမြော်အမြင်နဲ့ ရင်ဆိုင်မယ်။”
ပြည်သူတွေအနေနဲ့ ဆန္ဒပြပွဲတွေကိုလည်း ခွင့်ပြုချက်တောင်းခံပြီးမှ ပြုလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

“ဆန္ဒပြချင်ရင် တရားဥပဒေအရ ဆန္ဒပြပိုင်ခွင့် တောင်းပါ။ ဒေသခံ အုပ်ချုပ်ရေးပိုင်းကလည်း အာမခံထားပါတယ်။ တောင်းရင် ပေးပါမယ်။ မတောင်းဘဲနဲ့တော့ ဆန္ဒပြဖို့ မလုပ်ပါနဲ့။ ကျမကိုယ်တိုင်က ခွင့်ပြုချက် မတောင်းဘဲ ဆန္ဒပြပွဲတွေ လုပ်ရင်တော့ ဥပဒေအရ အရေးယူပါလို့ အကြံပြုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ တက်ရောက်လာတဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကိုလည်း မေးမြန်းခဲ့ပြီး ဒေသခံအမျိုးသမီးတဦးက ဒီစီမံကိန်းကိန်းကြောင့် အမျိုးသမီတွေဟာ အလုပ်ကိုင် အခက်ခဲကြုံရကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေ ရရှိရေး စတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေး ရရှိရေးအတွက် ဦးပိုင်ကုမ္ပဏီ၊ ဒေသခံ တာဝန်ရှိသူတွေ၊ တခြားတာဝန်ရှိသူတွေကိုလည်း ပြောကြားသွားမယ့်အကြောင်းနဲ့ အဓိက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းဖို့ တုံရွာသပိတ်စခန်းကနေ ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ လမ်းလျှောက်ချီတက်ခဲ့ကြပြီး အချက် ၄ ချက်ကို တောင်းဆို ခဲ့ကြပါတယ်။

အဓိကတောင်းဆိုချက်ကတွေကတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်းရေး။ မီးလောင်ဗုံးဖြိုခွင်းမှုမှာ တရားခံကိုဖော်ထုတ်ပေးရေး။ လယ်တီဆရာတော်ကြီးရဲ့ သာသနိက အဆောက်အအုံများကို လုံးဝမပြောင်းရွှေ့ပေးရေး။ နောက်တချက်က သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှာဖြစ်လို့ သဘာဝ ပတ်ဝန်းကျင်နေရာတွေမှာ ပြုပြင်ထိန်းသိမ်းမှု အမြန်လာလုပ်ပေးရေး တို့ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရ၊ ဦးပိုင်လီမိတက်နဲ့ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

March 12, 2013

အဓိကရုဏ်း နှိမ်နင်းမှုများတွင် ပြည်သူရဲများ ကိုင်တွယ်ပုံ ကိစ္စ ရုပ်သံမှတ်တမ်း။

Unknown | 3/12/2013 06:03:00 AM | Best Blogger Tips
  တင်ဆက် ကျော်သက်မင်း။ ရိုက်ကူး သူသူအောင် ညိုမာသက်၊ ထွန်းကျော်၊ အောင်ထွန်းမြင့်နှင့် ဒီဗွီဘီ သတင်းထောက်များ။ တည်းဖြတ် ကျော်သက်မင်း
ဆက်လက်ဖတ်ရှု့ရန်

ချင်းမိုင်တက္ကသိုလ်မှာ ကရင်ရိုးရာ စောင်းကောက်တူရိယာ သရုပ်ပြတီးခတ်

Unknown | 3/12/2013 12:32:00 AM | | Best Blogger Tips


  


ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ချင်းမိုင်တက္ကသိုလ်မှာ ကရင်ရိုးရာ စောင်းကောက်တူရိယာ သရုပ်ပြတီးခတ်ခဲ့တဲ့ ကရင်ဂီတပညာရှင် Saw Klee အကြောင်းကို မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။  from ကိုးဒီသွေး
ဆက်လက်ဖတ်ရှု့ရန်

March 11, 2013

၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ

Unknown | 3/11/2013 07:05:00 AM | Best Blogger Tips
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအကြောင်းကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က စုစည်းတင်ပြထားပါတယ်။
ဆက်လက်ဖတ်ရှု့ရန်

March 10, 2013

ပြည်သူ ညီရင် ဘယ်လိုလူ ခံနိုင်မှာလဲ။

Unknown | 3/10/2013 04:44:00 PM | | Best Blogger Tips

 

 
ပြည်သူ ညီရင် ဘယ်လိုလူ ခံနိုင်မှာလဲ။ http://youtu.be/lFnE41E_56s ပန်းတနော်မြို့နယ် ခနွဲကဘို ကျေးရွာ။ လူထု ညီညွတ်စွာ တောင်းဆိုကြပြီး နောက်ဆုံး အဆင့်အနေဖြင့် သည်းခံခြင်း ကုန်ဆုံးပြီဖြစ်ကြောင်း ငြိမ်းချမ်းစွာ တောင်းဆိုခြင်းသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ပဲ လူသား ဘ၀ လူသား အသိဖြင့် လူပီပီငြိမ်းချမ်းတည်ကြည်စွာ အမှုအခင်းများကို ဆွေးနွေးအဖြေရှာလိုခြင်းကြောင့် ငြိမ်းချမ်းစွာတောင်းဆိုခြင်း ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာဖြင့် အချိန်ပေး တောင်းဆိုခဲ့ပါလျှက် လူကဲ့သို့ ပြန်လည်တုန့်ပြန် ဆက်ဆံ ဖြေရှင်းပေးခြင်း မပြုလျှင် မိမိတို့ကို လူသားသဖွယ် တန်ဖိုးမထားသော ထိုသူတို့အား လူသဖွယ် အဆင့်အတန်း မထားနိုင်တော့ပေ။

လူထုက အင်းသူကြီးဧ၊် ခြံဝင်းထဲထိ အင်အား ရာနှင့်ချီပြီး အတင်း ၀င်ရောက်ရန် ကြိုးပမ်းသော အခါ .......................... မတရား ဖမ်းဆီးထားသော ငါးခိုးဖမ်းသူဟု စွပ်စွဲထားသူများကို အမှုမှ ပိတ်သိမ်းပေးရန် အင်းသူကြီးဧ။် သားဖြစ်သူက ၀င်ရောက်ကတိပေး ဖြေရှင်းလာတော့သည်။ အင်းသူကြီးဖြစ်သူက ထွက်မတွေ့။

နှစ်ပတ် အတွင်း လူထုနှင့် ၁၈ နှစ်ကျော်ဖြစ်ပွားလာသော မတရား သိမ်းဆည်းခံရမှုဖြစ်စဉ်များ၊ ဖိနှိပ်အုပ်ချုပ်မှု ဖြစ်စဉ်များ အဆုံးသတ် ပြေလည်ရေး ဆွေးနွေးဖြေရှင်း အတိအလင်း ကြေငြာချက် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။

နှစ်ပတ်တာ ကာလ ကျော်သည်အထိ ဝေ့လည်ကြောင်ပတ် လုပ်နေအုန်းမည်ဆိုပါက ခေတ်သစ် ဆရာစံများ။ ခေတ်သစ် ဆရာစံကတော်များ ပေါ်ထွက်လာလိမ့်မည်ဟု အင်းသူကြီးအဖွဲ့ကို သတိပေးထားခဲ့ပါသည်။ (နေမျိုးဇင် facebook မှ)
Popout
 
ဆက်လက်ဖတ်ရှု့ရန်

ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာ ရဲစခန်းရှေ့(ရုပ်သံ)

Unknown | 3/10/2013 04:42:00 PM | | Best Blogger Tips


တိုင်းသူပြည်သူ အခွန်ထမ်းပြည်သူများ အတွက် ကူညီပါရစေ ဟု ဆိုင်းဘုတ်ချိတ်တားပြီး လူထုကို ဖိစီးနှိပ်စက်နေသည့်  လုပ်ရပ်များကို ကာကွယ်မပေး။ ဖြေရှင်းမပေးပဲ မဆိုင်သလို သီးခြား နေမည်ဆိုလျှင် စနစ်ဟောင်းက အကျင့်အတိုင်း လူတစု ဘက်ကိုသာ ဖေးမကာကွယ်ပေးနေမည် ဆိုလျှင် ဒုတိယ မလက်တိုကျေးရွာဖြစ်စဉ်များ ခေတ်သစ် ဆရာစံများ ပေါ်ထွက်လာလိမ့်မည်ဟု ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာ ရဲစခန်းရှေ့ မှာ ပြောခဲ့ပါတယ်။ http://youtu.be/89p8uneooX0
(နေမျိုးဇင် facebook)
Popout
ဆက်လက်ဖတ်ရှု့ရန်