.

xxx

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

February 13, 2013

ငါးကြီးဆီ၏ကောင်းကျိုးများ

Unknown | 2/13/2013 01:26:00 AM | Best Blogger Tips


                                     
ငါးကြီးဆီဟာ အစားအသောက်စားချင် စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetide ကိုမြင့်မားစေပါတယ် ။ အထူးသဖြင့်ငါးကြီးဆီ ဟာ အစာအိမ်ထဲရောက်တဲ့အခါ red corpuscles လို့ခေါ်တဲ့ သွေးနီဥတွေကိုများလာစေတယ် ။ အစားအသောက်စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံအားကိုတက်စေတယ် ။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်းကျန်းမာသန်စွမ်းလို့ အာဟာရဓါတ်တွေပြည့်ဝစေမှာဖြစ်ပါတယ် ။

အကယ်၍ ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့တိုက်မိခင်တွေဟာ နေ့စဉ်စားသောက်နေတဲ့အာဟာရဓါတ်တွေထဲမှာ ငါးကြီးဆီဓါတ်ကို ဖြည့်လိုက်မယ်ဆိုရင် ကလေးငယ်တွေရဲ့ဦးနှောက်နဲ့မျက်ကြည်လွှာ ကို ပိုမိုဖွံ့ဖြိုးလာစေတဲ့အပြင် ဥာဏ်ရည်ပိုင်းကိုလည်းတိုးတက်မြင့်မားစေပါတယ် ။

ဆက်လက်ဖတ်ရှု့ရန်

February 12, 2013

မျက်စိအားကောင်းစေရန်

Unknown | 2/12/2013 11:50:00 PM | Best Blogger Tips


                                       

မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။

(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။

ဆက်လက်ဖတ်ရှု့ရန်

February 9, 2013

အသည်းထိခိုက်စေသည့် အဓိက အကြောင်းရင်းများ

Unknown | 2/09/2013 11:05:00 PM | Best Blogger Tips

                           


၁) အိပ်ရာဝင်နောက်ကျခြင်းနှင့် အိပ်ယာထနောက်ကျခြင်း
၂) နံနက်ပိုင်း ဆီးမသွားခြင်း
၃) အစားအလွန်အကျွံစားခြင်း
၎) နံနက်စာမစားခြင်း
၅) ဆေးအများအပြား သောက်သုံးခြင်း
၆) ယိုများ၊ ကြာရှည်ခံဆေးသုံးထားသည့် အစားအစာများ၊ အဖြည့်ပစ္စည်များထည့်သွင်းထားသည့် အစားအသောက်များ၊ ဆိုးဆေးသုံးထားသည့်အစားအစာများနှင့် အချိုမှုန့်များ အလွန်အမင်းစားသုံးခြင်း
၇) အရက်သောက်သုံးခြင်း
၈) ကျန်းမာရေးနှင့်မညီညွတ်သည့် ဟင်းချက်ဆီများ အသုံးပြုချက်ပြုတ်စားသောက်ခြင်း (အစားအစာများကို ကြော်သည့်အခါ အကောင်းဆုံးဟင်းချက်ဆီဖြစ်သည့် သံလွင်ဆီကိုပင် တတ်နိုင်သမျှအနည်းဆုံးဖြစ်အောင် အသုံးပြုသင့်သည်.... သင့်ကျန်းမာရေးအလွန်ကောင်းနေသည့်အခါမျိုးမှလွဲ၍ ပင်ပန်းနွမ်းနယ်နေသည့်အခါတွင် ကြော်ထားသည့်အစားအစာများ မစားသုံးသင့်ပေ...)
၉) အစိမ်းအတိုင်းစားသုံးခြင်းနှင့် အနူးလွန်သောအစာများစားသုံးခြင်းတို့သည်လည်း အသည်းကိုဒုက္ခပေးနိုင်သည်... အသီးအရွက်ကြော်များကို တစ်ထိုင်တည်းသာစားသင့်ပြီး မကုန်ပါက သိမ်းမထားသင့်ပေ...
ကောင်းမွန်သည့်နေထိုင်မှုပုံစံနှင့် အစားအစာစားသုံးမှုအမူအကျင့်ကို ကျွန်တော်တို့ မွေးမြူရပေမည်... ကောင်းမွန်သည့် စားသုံးမှုအမူအကျင့်နှင့် အချိန်ကိုက်စားသုံးမှုကို ထိန်းသိမ်းလုပ်ဆောင်ခြင်းတို့သည် ကျွန်တော်တို့ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်များ စုပ်ယူနိုင်ရန်နှင့် မလိုအပ်သည့်ဓာတုပစ္စည်းများဖယ်ထုတ်နိုင်ရန် အလွန်ကောင်းမွန်သည့် စီမံချက်တစ်ရပ်ပင်ဖြစ်ပေသည်...

Ref: General knowledge

News from: Royal Hero Media
ဆက်လက်ဖတ်ရှု့ရန်

January 30, 2013

ရှားစောင်းလက်ပပ် ဘယ်လို အသုံးဝင်လဲ

Unknown | 1/30/2013 01:50:00 AM | Best Blogger Tips

                                           


ရှားစောင်း လက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက်စာ အတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင်မှာပဲ ချန်ထားခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။

၁။ ဓါးနဲ့ ပါးပါးလှီးပြီး သစ်သီး ဖျော်ရည်စက်နဲ့ မွှေပါ။

၂။ပိတ်စပါး သန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်း လက်ပပ်ရည်ကို အိုးသန့်သန့် တစ်လုံးနဲ့ ခံယူပါ။
ဆက်လက်ဖတ်ရှု့ရန်

January 26, 2013

ဆောင်းရာသီတွင် အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ရန်

Unknown | 1/26/2013 10:57:00 PM | Best Blogger Tips

                                                                  

ယခုနှစ်ကဲ့သို့ အအေးလွန်ကဲ သောဆောင်းရာသီတွင် အသားအ ရေခြောက်သွေ့ခြင်းမှာ မလွဲမသွေ ကြုံတွေ့ရမည့်ပြဿနာတစ်ခု ဖြစ် သည်။ ဆောင်းရာသီတွင် အပူချိန်ကျ ဆင်းခြင်း၊ လေထုထဲ၌ ရေငွေ့ပါဝင် မှုနည်းခြင်း၊ အေးစက်သောလေပြင်းများ တိုက်ခတ်ခြင်းတို့က သင့်အသားအရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေခြောက်သွေ့ခြင်းကို ဖြစ်ပွားစေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့ခြင်းမဖြစ်စေရန်

(၁)အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသောပစ္စည်းများ သုံးပါ။ ထိုကဲ့သို့ ရေဓာတ်ပြန် ဖြည့် ပေးသော (moisturizer) များကို ရွေးရာ၌ ရေကို အခြေခံသောပစ္စည်းများထက် အဆီကို အခြေခံသော moisturizer ကို ပိုသုံးသင့်ပါသည်။ သို့မှသာ ယင်းအဆီက သင့်ရဲ့အရေပြားပေါ်တွင် အလွှာပါးတစ်ခု ဖြစ်ပေါ်စေပြီး ရေဓာတ်ဆုံးရှုံးမှုကို အခြားလိုးရှင်းတွေထက် ပိုလျော့နည်းစေပါသည်။

(၂) ရေများများသောက်ပါ- ဆောင်းတွင်း၌ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ရန် တစ်ရက်ကို ရေတစ် လီတာမှ နှစ်လီတာခန့် သောက်သုံးသင့်ပါသည်။ ထို့အတူ အရည်ရွှမ်းသောအသီးများဖြစ်သည့်ပန်းသီး၊ သခွားသီးကဲ့သို့ အသီးများအား စားသုံးသင့်ပါသည်။ ထိုအစာများက သင့်ရဲ့အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင် သည့်အပြင်သင့်အသားအရေကိုတစ်နေ ကုန် ရေဓာတ်ပြည့်ဝနေစေပါသည်။

(၃) နေရောင်ကာခရင်မ်သုံးပါ။ နေရောင်ကာခရင်မ်ကို နွေရာသီမှာပဲ သုံးရမည့်ဆိုသည့်အတွေးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ဆောင်းရာသီနေရောင်ကလည်း သင့်အသားအရေကို ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် လမ်းမထွက်မီ နေရောင်ကာခရင်မ်ကို မျက်နှာနဲ့အခြားနေရောင်နှင့်ထိတွေ့ သည့်နေရာများကို လိမ်းထားသင့်ပါ သည်။ အကယ်၍ အချိန်ကြာကြာနေ မည်ဆိုလျှင် ထပ်မံလိမ်း သင့်ပါသည်။

(၄) ငါးမှရရှိသောအဆီဆေးများကို သုံးပါ။ လေ့လာမှုတစ်ခုအရ ငါးမှရသောအိုမီဂါ-၃ အဆီဆေးလုံးကအ လွန်အကျွံခြောက်သွေ့နေသောအသား အရေရှိသူများတွင်ပင် ရက်သတ္တပတ် အနည်းငယ်အတွင်း အသားအ ရေကို ပြန်လည်စိုပြည်လာကြောင်းတွေ့ရသည်။

(၅) အလွန်ပူသောရေများကို ရှောင်ပါ။ ဆောင်းရာသီတွင် ရေနွေးကို အသုံးပြုခြင်းက အလွန်ဇိမ်ရှိ လှသော်လည်း ဆောင်းရာသီမှာ ရေနွေးကို သုံး၍ ရေချိုးခြင်း၊ မျက်နှာသစ်ခြင်းကို မလုပ်ရပါ။ ဤကဲ့သို့ လုပ်ခြင်း ကမျက်နှာရှိဆံခြည်မျှင်သွေးကြောများ ပေါက်စေ၍ အဆီလွှာကို ပျက်စီးစေခြင်း၊ရေဓာတ်ဆုံးရှုံးမှုကို အလွန်အကျွံဖြစ်စေပါသည်။ ထို့ကြောင့် ဂျိုဂျိုဘား(သို့မဟုတ်)ဗာဒံစေ့ဆီ အနည်းငယ် ခန့်ကိုချိုးမည့်ရေထဲသို့ထည့်ပေးခြင်းက ဆောင်းရာသီမှာ သင့်အသားအရေကို အာဟာရ ပြည့်စေမှာပါ။

(၆)သင့်ရဲ့ခြောက်သွေ့ကွဲအက်နေ သည့်နှုတ်ခမ်းများကို မလျက်ပါနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းက သင့်နှုတ်ခမ်း ကို ပိုခြောက်စေပါသည်။ ဤကဲ့သို့ လျက်မည့်အစား နှုတ်ခမ်းဆီ၊ လိုးရှင်း သို့မဟုတ် သံလွင်ဆီနှင့်ပျားရည် အနည်းငယ်ရောပြီး နှုတ်ခမ်းကို သုတ် ထားသင့်ပါသည်။
(၇)လက်များကို ဂရုစိုက်ပါ - အိပ်ရာ မ၀င်မီ လိုရှင်းတစ်မျိုးမျိုးသုံးပြီး အိပ် သင့်ပါသည်။
(၈)ခြေဖနောင့်ကွဲခြင်းကို ဂရုစိုက်ပါ- ဆောင်းရာသီတွင် ခြေဖနောင့်ကွဲခြင်း က အလွန်နာကျင်သည့်ဝေဒနာကို ခံစားရနိုင်ပါသည်။ ထိုနာကျင်နေခြင်းကို သက်သာစေရန်ရေနွေးနွေးထဲတွင် ခြေထောက်ကို စိမ်ပေးသင့်ပါသည်။ ထို့နောက် ခြေထောက်အား moisturizes (သို့မဟုတ်) မာဆက်ခရင်မ် တစ်မျိုးမျိုးအားလိမ်းပေးပြီးညင်သာစွာ နှိပ်နယ်ပေးသင့်ပါသည်။ ခြေစွပ်ပွပွ များနဲ့ဖိနပ်ချောင်ချောင်များကို သုံးသင့်ပါသည်။

မိုင်ကိ
Ref: MNT
Health Updates Journal
Vol-2,No-5

ဆက်လက်ဖတ်ရှု့ရန်

January 22, 2013

နေခြည်နုနုခံယူခြင်း၏ ကျန်းမာရေး စွမ်းပကား

Unknown | 1/22/2013 02:12:00 AM | Best Blogger Tips

                                   

                             ==========================

နံနက်စောစောမှာ နေခြည်နုနု ခံယူတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ဗီတာမင်ဒီ ရရှိခြင်း

နံနက်ခင်း နေခြည်နုနုကို ၁၅ မိနစ်ခန့် ခံယူတာကြောင့် သင့်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဒီကို အလုံအလောက် ရရှိစေပါတယ်။

ဗောက်ပျောက်စေခြင်း

နေခြည်နုနုကို အနည်းငယ်ခံယူတာကြောင့် သင့်ဦးခေါင်းမှာ ဗောက်ထတဲ့ ဝေဒနာကို သက်သာစေပါတယ်။ နေရောင်ခြည်မှာ ဗောက်ပျောက်စေတဲ့အစွမ်း ရှိလို့ပါ။

ဆက်လက်ဖတ်ရှု့ရန်

ဆဲလ်ဖုန်းများ အသုံးပြုခြင်းက ဦးနှောက်၏ လုပ်ငန်းဆောင်တာကို သက်ရောက်မှု ဖြစ်ပေါ်စေနိုင်

Unknown | 1/22/2013 02:01:00 AM | | Best Blogger Tips



လေ့လာချက် အသစ်တစ်ရပ်အရ မိနစ် ၅ဝ ကြာမျှ ဆဲလ်ဖုန်း ပြောဆို ခြင်းသည် ဦးနှောက်၏ ဂလူးကို့စ် မတ္တာဘော်လစ်ဇင်ကို တိုးပွားစေသည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းလုံး၌ ဆဲလ်ဖုန်း အသုံးပြုသူ အရေအတွက် အလွန်များပြား လာပြီး လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် ထိတွေ့ခြင်းက ဦးနှောက်၌ ဘေးဥပဒ် ဖြစ်စေနိုင်သော သက်ရောက်မှု ရှိသည်ဟုဆိုသည်။ ဆဲလ်ဖုန်းမှ ထုတ်လွှတ်သော ရေဒီယို ကြိမ်နှုန်းမြင့် လျှပ်စစ်သံလိုက် စက်ကွင်းများသည် ကင်ဆာဖြစ်စေနိုင်သော သက်ရောက်မှုပင် ရှိသည်ဟု ဆိုသည်။

အချို့သော လေ့လာချက်များ အရ ဆဲလ်ဖုန်း အသုံးပြုမှုနှင့် ဦးနှောက် အကျိတ် ဖြစ်ပွားမှုတို့အကြား ဆက်နွှယ်မှု မရှိဟု ဆိုသော်လည်း ယင်းမှာ အတိအကျ မပြောနိုင်သေးသော အနေအထား ရှိသည်ဟု ဆိုသည်။ အမေရိကန် အမျိုးသား ကျန်းမာရေးဌာနမှ နိုရာဗိုကိုး ဦးဆောင်သော သုတေသန အဖွဲ့သည် သုတေသန တစ်ရပ်ကို ပြုလုပ်ခဲ့ရာ ဆဲလ်ဖုန်း အသုံးပြုမှုက လူ၏ ဦးနှောက်တွင် နေရာကွက်၍ သက်ရောက်နိုင်သည်ဟု ဆိုသည်။ သူတို့သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း လူပေါင်း ၄၇ ဦးကို စမ်းသပ် သုတေသန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှု့ရန်

January 20, 2013

ငှက်ပျောသီးနဲ့ပတ်သက်ပြီး

Unknown | 1/20/2013 11:04:00 PM | Best Blogger Tips

                               

2013-01-21

ငှက်ပျော်သီးထဲမှာ အမျှင်ဓါတ်များပြားပြီး ဝိတ်လျှော့သူ ရွေးချယ်သင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
ငှက်ပျော်သီးထဲမှာ ပါရှိတဲ့ လက်ကတင်လို့ ခေါ်တဲ့ ပရိုဒင်ဟာ အရေပြား အသစ် ပြန်ရှင်စေခြင်းအတွက်
အကျိုးပြုနိုင်တယ်။

ဂျပန်ပြည်က အသားအရေဆိုင်ရာ ကျွမ်းကျင်သူပညာရှင် တစ်ယောက်ပြောတာကတော့၊ နွေရာသီမှာ နေ
ရောင်ခြည်ဒဏ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ငှက်ပျောသီးကို ခဏ,ခဏ,စားသင့်တယ်။
အဆီထွက်တာ နည်းလာစေပြီး အသားအရေကို ချောမောလှပ,စေနိုင်တယ်တဲ့။

ငှက်ပျောသီးထဲမှာ ကယ်လီယံဓါတ်များပြားတယ်၊ ကယ်လီယံဓါတ်များလွန်းရင် လူရဲ့နှလုံးသွေးကြောအပေါ်
ဆိုးကျိုး ရှိမယ်။
ဒါကြောင့် နှလုံးရောဂါရှိလျင်တော့ ငှက်ပျောသီးကို ရှောင်စားသင့်တယ်။

Copy from http://myanmar.cri.cn/666/2013/01/21/1s23667.htm
ဆက်လက်ဖတ်ရှု့ရန်