အောက်တိုဘာလ ၁၆ရက်။ ၂၀၁၃ခုနှစ်။ စောသိန်းမြင့်
ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ်အတွက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်အတွင်း မြို့နယ် ၅မြို့နယ် စုပေါင်း ကျင်းပနိုင်ရန် ကရင်အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ဖြစ်မြောက
...
ကရင်နှစ်သစ်ကူးနေ့နှင့် ပတ်သက်ပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ရွာခမ်းမတွင
အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ကရင်နယ်ခြားစောင့်တပ် BGF (၁၀၁၉)တပ်ရင်းမှူး ဗိုလ်မှူးမောင်ဝင်း၊ ဒုဥက္ကဋ္ဌအဖြစ် ကေအဲန်ယူ စည်းရုံးရေးဌာနတာဝန်ခံ ပဒိုစောလှထွန်း၊ အတွင်းရေးမှူး ရွှေကုက္ကိုကျေးရွာ အုပ်ချုပ်ရေးမှူး မန်းစိုးရွှေ၊ တွဲဘက်အ တွင်းရေးမှူး BGF အမှတ်(၃)တိုက်နယ်မှ ဗိုလ်မှူးတင်ဝင်း၊ ဘဏ္ဍာရေးမှူး ရွှေကုက္ကိုရပ်မိရပ်ဖိ မန်းကြည်အေးနှင့် စာရင်းစစ်အဖြစ် ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးတို့ အပါအ၀င် ကော်မတီဝင်ပေါင်း ၁၉ဦးဖြင့် ဖွဲ့စည်းထားသည်။
ထို့အပြင် ၎င်းကော်မတီကို ဦးဆောင်ညွှန်ကြားရန် ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ KNU/
ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးမောင်ဝင်းက “ဒီနှစ် ကရင့်နှစ်သစ်ကူးပွဲတော်ကို မြို့နယ် ငါးမြို့နယ် စုပေါင်းကျင်းပဖို့ရယ်။ နောက်ပြီး ဒီ ကရင်နှစ်သစ်ကူးပွဲတော်ဟာ အနစ်သာရရှိရှိ ကျင်းပနိုင်ဖို့နဲ့ ကရင်အမျိုးသားရဲ့ စည်းလုံးညီညွတ်ရေး ကမ္ဘာကို ပြသဖို့အတွက် ဒီကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်တယ်။”ဟု
ထို့အပြင် ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက် မိမိတာဝန်ယူရမည့် အခန်းကဏ္ဍများကို လုပ်ဆောင်သွားရန် သက် ဆိုင်ရာ ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းခဲ့သည်ဟု ဗိုလ်မှူးမောင်ဝင်းက ဖြည့်စွက်ပြောဆိုသည်။
ယခုနှစ်ကျင်းပမည့် ကရင်အမျိုးသားနှစ်သစ်ကူး စုပေါင်းပွဲတော်မှာ ကျပ်သိန်း ၃၀၀၀ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၎င်းကုန်ကျငွေများကို ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်ရေးကို လိုလားသော ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များထံမှ အလှူငွေများ ကောက်ခံသွားမည်ဖြစ်ကြောင်းလ
ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ
ထိုစည်းဝေးပွဲသို့ တက်ရောက်ခဲ့သူ မြ၀တီမြို့နယ် ရပ်မိရပ်ဖိတစ်ဦးက “ကရင်တစ်မျိုးသားလုံး ညီညီညွှတ်ညွှတ်နဲ့ တစ်သံတည်း ဖြစ်လာအောင် ရည်ရွယ်ထားတဲ့အတွက်ကြောင့် ဖြစ်မြောက်အောင်မြင်မယ်ဆိုရ
ယမန်နေ့ အစည်းအဝေးတွင် ကေအဲန်ယူဗဟိုမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန် ခံ ပဒိုစောအားတိုး၊ ပဒိုမန်းငြိမ်းမောင်၊ KNU/
ကရင်အမျိုးသားနှစ်သစ်ကူးပွဲ
No comments:
Post a Comment