.

xxx

October 14, 2013

ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဦး၏ အလွဲသုံးစားမှုကြီး

Unknown | 10/14/2013 05:05:00 AM | Best Blogger Tips



ကရင်ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြားထားသော အလွဲသုံးစားမှု တစ်မှု ဖြစ်သော်လည်း၊ ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဦး(ကိုယ်တိုင် ဖုန်းဆင်းကဒ် ၄၀၀၀ ကျော် အလွဲသုံးစား လုပ်ထားသူ) က ဖုန်းဆင်းကဒ် (၆၀) အလွဲသုံးစား လုပ်ထားသူ ၄င်း၏ တပည့် ညီညီနိုင် ကို အရေးယူရန် ကိစ္စ သဘော မတူ 

13.Oct.2013

၁၃ အောက်တိုဘာ ကော့ကရိတ်

ကော့ကရိတ်မြို့ နဘူးနှစ်ခြား ကျေးရွာ စာရေး ညီညီနိုင် ၏ဖုန်း ဆင်းကဒ် အလွဲသုံးစားမှု ကို ကရင်ပြည်နယ် ၀န်ကြီးချုပ်အထိ တိုင်ကြားခဲ့ပြီး နောက် စုံစမ်းစစ်ဆေးရေး အဖွဲ့ မှ အလွဲသုံးစား လုပ်ထားကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြသည်။ ရုံးလုပ်ထုံးလုပ်နည်း အရ အများပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် အရေးယူ အပြစ်ပေးရန် ဖြစ်သော်လည်း ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဦး သည် ၄င်း၏ တပည့်ရင်းအား အရေးယူရန် အပြစ်ပေးရန် ကိစ္စကို လုံးဝ သဘော မတူဘဲ စုံစမ်း စစ်ဆေး ရေး အဖွဲ့ နှင့် တိုင်ကြားထားသူ နဘူး ကျေးရွာ သားများအား နည်းမျိုးစုံ ဖြင့် ဖိအားပေး လျက်ရှိသည်။

ငွေကျပ်သိန်း (၆၀) တန်ဘိုးရှိ ဖုန်းဆင်းကဒ် (၆၀) အလွဲသုံးစား လုပ်ထားသော နဘူးစာရေး ညီညီနိုင် အမှု အတွက် ကရင်ပြည်နယ် ၀န်ကြီးချုပ် ထံ ကျပ်သိန်း (၃၀) ကန်တော့လိုက် လျှ င် တိုင် ကြားထား သူများ ကျေနပ်သည် ဖြစ်စေ ၊ မကျေနပ်သည်ဖြစ်စေ အမှု ကိစ္စ အားလုံး" ငြိမ်း" သွားမည် ဟု လည်း
ကော့ကရိတ် မြို့ အုပ်ချုပ်ရေးမှူး ဦးဆန်းဦး မှ ၄င်း ၏ တပည့် ဖြစ်သူ အတွက် ကာကွယ်ပြောကြား
လျက်ရှိသည်။

ကော့ကရိတ်မြို့ ၊ နဘူးနှစ်ခြားကျေးရွာ စာရေး ညီညီနိုင်သည် ၄င်း ၏ ကျေးရွာအုပ်စုအတွက် ကရင်
ပြည်နယ် ဆက်သွယ်ရေးရုံး မှ ဇူလိုင်လ အတွက် တိုက်ရိုက်ခွဲတမ်း ချပေးသောဖုန်းဆင်းကဒ်(GSM ကဒ်) ၅၀ ကို (၆-၇-၂၀၁၃) တွင် ဘားအံသို့ သွားရောက်ထုတ်ယူ ခဲ့သည်။ ထုတ်ယူခဲ့သော (GSM ကဒ်) ၅၀ ကို နဘူးနှစ်ခြားကျေးရွာ အုပ်စု သို့ ယူဆောင်လာခြင်း မရှိဘဲ ၄င်း ၏ သဘောဖြင့် ပြင်ပ
စီးပွါးရေးသမားများသို့ အမြတ်တင်ရောင်း ချ လိုက်သည်။

ဧပြီ လ အတွက် ခွဲတမ်း ရရှိသော ဆင်းကဒ် (၁၀) ကဒ် ကိုလည်း နဘူးနှစ်ခြား ကျေးရွာသို့ မပေးဘဲ ၄င်း ၏ သဘောဖြင့် ပြင်ပစီးပွါးရေး သမားများ သို့ အမြတ်တင်ရောင်း ချ ခဲ့သေးသည်။ နဘူးစာရေး
ညီညီနိုင် ၏ ဆင်းကဒ် (၆၀) အလွဲသုံးစားလုပ်မှု ကိုမကျေနပ်သည့် အတွက် နဘူးကျေးရွာမှ ရွာသား (၅၆) ဦး လက်မှတ်ရေးထိုး ၍ ၂၀၁၃ သြဂုတ်လ ၆ ရက် နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ သို့ တိုင်ကြားခဲ့ကြသည်။ တိုင်ကြားမှု နှင့်ပါတ်သက် သည့် သတင်းများကို global post ဂျာနယ် ၊ရွှေနိုင်ငံသစ် ဂျာနယ်များတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

အဆိုပါ ဖုန်းဆင်းကဒ် အလွဲသုံးစားမှု ကို ဦးဝင်းမော်(ဆက်သွယ်ရေးတာဝန်ခံ) ခေါင်းဆောင် သော စုံစမ်းစစ်ဆေးရး အဖွဲ့ မှ သြဂုတ် ၂၄ ၊ ၂၅ တွင် စစ်ဆေးခဲ့ကြသည်။ စစ်ဆေးတွေ့ရှိချက်များ အရ လည်း နဘူးစာရေး ညီညီနိုင် ၏ ဆင်းကဒ် (၆၀) အလွဲသုံးစားလုပ်မှု မှာ ပေါ်ပေါက်နေပြီးဖြစ်သည်။သို့သော်
လည်း ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဦးမှာ ၄င်း၏ တပည့်ဖြစ်သူ တရားခံ ညီညီနိုင် (နဘူးစာရေး) အား ရုံးလုပ်ထုံး လုပ်နည်း အရ အရေးယူရန် လုံးဝ သဘောမတူ သည့် အပြင် စုံစမ်း စစ်ဆေးရေး အဖွဲ့ကိုလည်း ဖိအားပေးကာ စစ်ဆေး တွေ့ရှိချက်ကို ပြန်လည်ပြင်ဆင်ခိုင်းခဲ့သည်။ အလွဲသုံးစားမှု ပေါ်လွင်နေသည့် စစ်ဆေးတွေ့ရှိချက် များကို လည်း အစဖျောက်ခိုင်းကာ စက်တင်္ဘာ ၁၀ ရက်နေ့တွင် စုံးစမ်းစစ်ဆေးရေး အဖွဲ့ ကို ဒုတိယ အကြိမ် ပြန်လည် စစ်ဆေး ခိုင်း ခဲ့သည်။

ဒုတိယ အကြိမ် ပြန်လည်စစ်ဆေးမှု တွင်လည်း ညီညီနိုင်သည် ထုတ်ယူခဲ့သော ဆင်းကဒ် ၆၀ ကိုနဘူးနှစ်ခြားကျေးရွာ အုပ်စုသို့မဲစနစ်ဖြင့် ရောင်းချရန် ပေးအပ်ရမည့် အစား ပြင်ပဈေးကွက် တွင် အမြတ်တင် ပြီးမှောင်ခို ထုတ်ရောင်း ခဲ့သည် မှာ ထင်ရှားလွန်းနေသဖြင့် ယခင် စစ်ဆေးတွေ့ရှိ ချက် များကို ဖျောက်ဖျက် ၍ မရ ခဲ့ချေ။

ထို့ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဦးမှာ စိတ်ဆိုးလျက် “အဘ ၀န်ကြီးချုပ် (ဦးဇော်မင်း) ကို ** ကန်တော့လိုက်ရင် ညီညီနိုင်(နဘူး စာရေး) အမှု က လုံးဝ ငြိမ်း သွားမှာပါ ၊ ဒါက ဒီလောက်ကြီး စိတ်ပူ နေစရာ မလိုဘူး ၊ ကိုယ့်လုပ်ပိုင်ခွင့် အတွင်းမှာရှိတဲ့ ကိစ္စဘဲ” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အလွဲသုံးစားမှု တွေ့ရှိချက်များကို ကို မကျေ မနပ် မှတ်ချက်ပေးပြောကြားခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဦးသည်အောက်တိုဘာ ၁၁ ရက်နေ့တွင် နဘူး ကျေးရွာမှ တိုင်ကြားထားသူများကို ခေါ်ယူ၍ တိုင်ကြား မှု ကို ကျေအေးပေးလျှင်ဆင်းကဒ် (၁၀) ကဒ် အလကားပေးမည်ဟု(တရားမ၀င် လာဘ်ထိုး) ညှိနှိုင်းမှု လည်းပြုလုပ် ခဲ့သေး သည်။

နဘူးစာရေး ညီညီနိုင် သည်လည်း “ပြည်နယ်ဝန်ကြီးချုပ် ကို " ပေး" နိုင် လို့ က တော့ ဘာပြသနာ မှ မရှိဘူး ၊ ကျနော်တို့ ဥက္ကဌ တောင် ဆင်းကဒ် တွေ အများကြီး စာရင်း ကွာနေတာဘဲ ၊ ဘာပြသနာတက် လို့လဲ ၊ အေးဆေးဘဲ ။ ကိုယ့် အမှု ကိစ္စ လည်း ဥက္ကဌ ကိုယ်တိုင် စီစဉ်ပေးနေတာ ဆိုတော့ စိတ်ချ တယ် ။ ဒါကြောင့် နဘူး က အခြေ အမြစ် မရှိတဲ့ ကောင်တွေကို ဂရုစိုက်စရာ အကြောင်း ကို မရှိဘူး” ဟု ၄င်း တိုင်ကြားခံရမှုနှင့် ပါတ်သက် ၍ မကျေနပ်ချက် ကို အမှတ်(၄)ရပ်ကွက်ရှိ "အားသစ် လဘက်ရည်ဆိုင်" တွင် လူသိရှင်ကြား ထုတ်ဖေါ် ပြောကြား ခဲ့ သည်။

ကော့ကရိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဦး သည် ၆ လ အတွင်း ဖုန်းဆင်းကဒ် ၄၀၀၀ ကျော် အလွဲသုံးစား မှု ကျူးလွန် ထားသော်လည်း ယနေ့ အထိ အရေးယူ ခံရခြင်းမရှိသေးချေ ။ ကရင်
ပြည်နယ်ဝန်ကြီးချုပ်ရုံး မှ သြဂုတ် ၂၆ ရက်စွဲ တပ်ထားသောာ စာအမှတ် ၀၂၅ /ပအရ/၂၀၁၃/ ဖြင့် စတိ သဘော သတိပေး စာ သာ ထုတ် ပြန်ခဲ့ ဘူးသည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့ အနေဖြင့် ညီညီနိုင်၏ ဖုန်းဆင်းကဒ် အလွဲသုံးစားမှု ကို (၂) ကြိမ် တိုင်တိုင် စုံစမ်း စစ်ဆေး ဖေါ်ထုတ်ခဲ့ပြီး ဖြစ်သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဦး မှ အရေးယူ အပြစ်ပေး ရမည့် အစား ၄င်း၏တပည့်ရင်း ညီညီနိုင် လွတ်မြောက် ရေး အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ၏ အကူအညီ ကို ရယူသွားမည် ဖြစ်ကြောင်း အတိအလင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

by မန်းမျိုးမြင့် မီဒီယာ

No comments: