.

xxx

March 10, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဦးစီးစနစ် ညီလာခံနောက်ဆုံးရက်မှာ အဆုံးသတ်ခဲ့ပြီ

Unknown | 3/10/2013 05:10:00 AM | | Best Blogger Tips
 အနာဂတ် ပါတီညီလာခံတွေမှာ ဗဟိုဦးစီးစနစ်မရှိတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၁ဝရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဗဟိုကော်မတီဝင် အစည်းအဝေးတွေကို ခြောက်လတစ်ကြိမ် ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပထမဆုံးအကြိမ် ပါတီဗဟိုညီလာခံ နောက်ဆုံးနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပါတီဗဟိုအလုပ်အမှုဆောင်ကို ရွေးချယ်တဲ့နေရာမှာ စဉ်ဆက်မပြတ် ဦးဆောင်မှု၊ ပါတီအပေါ် သစ္စာရှိမှုတို့ကို အခြေခံပြီး ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

No comments: