.

xxx

March 2, 2013

လာဘ်ယူအများဆုံး ၁၉ ကျောင်း ရန်ကုန်အစိုးရ ထုတ်ဖော်

Unknown | 3/02/2013 10:26:00 PM | Best Blogger Tips


                                              
(လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်းထဲတွင် တကျောင်းအပါအဝင်ဖြစ်သည့် အ.ထ.က (၁) ဒဂုံ)
ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော ကျောင်း ၁၉ ကျောင်း အမည်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။
လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်း အမည်များ
                                   
၎င်းကျောင်းများထဲမှ အထက်တန်းကျောင်းများမှာ မင်္ဂလာဒုံ (၂)၊ ဒဂုံ (၁)၊ ဗိုလ်တထောင် (၄၊ ၅)၊ ကမာရွတ် (၂)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C) ၊ လသာ (၂)၊ ဗဟန်း (၂)၊ စမ်းချောင်း (၂)၊ ရန် ကင်း (၂)၊ လမ်းမတော် (၂)၊ အလုံ (၄)၊ အင်းစိန် (၂)၊ တာမွေ (၄) နှင့် ကမာရွတ် (၅)၊ အလယ်တန်းကျောင်းမှာ ပန်းပဲတန်း (၁)၊ အခြေခံပညာ မူလတန်းကျောင်းများမှာ ကမာရွတ် (၂) နှင့် ဗဟန်း (၂၊ ၃) တို့ ဖြစ်သည်။
ဌာန ၆ ခုကိုင် ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်း ကပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အင်္ဂါညနေတွင် ပြည်တွင်း မီဒီယာများနှင့် ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မ္မတ ဦးသိန်းစိန်က သန့်ရှင်းကောင်းမွန်သော အစိုးရဖြစ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု ပပျောက် ရန် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ပြီးနောက် ပညာရေးကဏ္ဍ၌ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ တိုင်းဒေ သကြီး အစိုးရတရပ်အနေဖြင့် ပထမဆုံး တရားဝင် ထုတ်ဖော်ပြောဆိုမှု ဖြစ်သည်။
အဆိုပါ ၁၉ ကျောင်းအပေါ် မည်ကဲ့သို့ အရေးယူထားသည်နှင့် အရေးယူမည်ကို ပြောဆိုခဲ့ခြင်း မရှိပေ။ သို့သော် ယခု စာသင်နှစ်အတွက် ကျောင်းအပ်ခနှင့် အထွေထွေကြေးများကို အများသိစေရန် တရားဝင် ထုတ်ပြန်ထား မည်ဖြစ်ကာ၊ သတ်မှတ်ကြေးထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ရန် ကျောင်းများ၌ ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ် များ ထားရှိမည်ဟု ဆိုသည်။ တိုင်ကြားရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာအခိုင်အမာ လိုအပ်ကြောင်း ရန်ကုန်အစိုးရ တာဝန်ရှိသူများကဖြည့်စွက်ပြောဆိုခဲ့သည်။
ကျောင်းလခ၊ စာအုပ်ဖိုးနှင့် အထွေထွေကြေး (တရားဝင်)
                                  
Post by- မဇ္ဈိမ

No comments: