ရွှေဟသာင်္သတင်းဌာန၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့ နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တို့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ၌ ကြားခံ အသိ သက်သေအဖြစ် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေရှင်း အဖွဲ့အား အသိအမှတ်ပြုကြောင်း UNFC မှ ယမာန်နေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သတင်းပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါသည်။
“ ကျနော်တို့နဲ့ အစိုးရအဖွဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ့ဆုံတဲ့အခါမှာ ဂျပန် နိပွန်ဖောင်ဒေရှင်းက ကြားခံ သက်သေ အဖြစ် ဆောင်ရွက်ပေးလိုကြောင်း ရန်ကုန်မြို့ကနေ မနေ့က ဖုန်းဖြင့် ပြောကြားလာတာကို ကျနော်တို့ဘက်က လက်ခံလိုက်တာပါ။” ဟုဆို ပါသည်။
ဂျပန် နိပွန် ဖောင်ဒေရှင်း အဖွဲ့သည် UNFC အဖွဲ့နှင့် အစိုးရတို့၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွင် ကြားဝင်ခွင့်ပေးရန် အစိုး ရအားတင်ပြပြီး ခွင့်ပြုချက် ရရှိပြီးဖြစ်သည်ဟု ဥက္ကဌဖြစ်သူ Yōhei Sasakawa ကပြောကြားခဲ့ကြောင်း ဆိုပါသည်။
ဤသို့ကြောင့် ပါဝင်ခွင့် ရှိမရှိအတွက် UNFC ၏ သဘောထားကို သိရှိလိုသောကြောင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ၄င်းတို့၏ တောင်းဆိုချက်ကို UNFC အဖွဲ့၏ အရေးပေါ် အစည်းအဝေးချိန်နှင့် တိုက်ဆိုင်နေသဖြင့် လက်ခံ ကြောင်းဆုံးဖြတ်ပြီး ထိုနေ့၌ပင် အကြောင်းပြန်ကြား ခဲ့ပါသည်။
နိပွန် ဖောင်ဒေးရှင်းသည် တိုင်းရင်းသားများနှင့် အစိုးရအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်ူဖြင့် အဖြေရှာကြရန် အားပေးအားမြှောက် ပြုသွားမည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ကတည်းက ထုတ်ဖေါ်ပြောကြား ခဲ့ဘူးပါသည်။
ဤသို့ကြောင့် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa သည်၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးများကို တွေ့ဆုံခဲ့ပါသည်။ ဤကဲ့သို့ အစိုးရ၏ သဘောထားကို ရယူပြီး သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
နိပွန် ဖောင်ဒေးရှင်းသည် ၁၉၆၂ ခုနှစ်၌ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ နိုဗယ်ဆုရှင် Ayako Sono က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါသည်။ မြန်မာနိုင်ငံကိုမူ ၁၉၆၇ ခုနှစ်မှစ၍ ကျန်မားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍများ၌ အကူအညီပေးခဲ့ပါသည်။






UNFC နှင့် အစိုးရ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ၌ ဂျပန် ပါဝင်လို

No comments:
Post a Comment