from Myanmar News Hub by mmnewshub
လိုင်ဇာမြို့
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၂ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃ —- ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ရောက်ရှိလာသော ငြိမ်းချမ်းရေးလမ်း လျှောက်အဖွဲ့အား အစိုးရ၏ စစ်တပ်က ဖမ်းဆီးကာနေပူလှမ်းထားကြောင်း သိရသည်။
ယခုလ ၂၁ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာသည့် ဦးနေမျိုးဇင် ဦးဆောင်သည့် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ယနေ့လိုင်ဇာမြို့မှ ဗန်းမော်သို့ အပြန်တွင် လဂျားယန်ရှိ မြန်မာအစိုးရတပ်က ထိန်းသိမ်းခေါ်ဆောင်ကာ နေပူလှမ်းထားခြင်းဖြစ်သည် ဟုဆိုပါသည် ။
၎င်းအဖွဲ့တွင် အသက် ရဝ ခန့်အရွယ် ဗန်းမော်မြို့ NLD ပါတီဥက္ကဋ္ဌဌ ဦးဘမြင့် အပါအဝင် လူ ၃၀ ကျော်ခန့် ပါဝင်ပြီး ယခုလ ၁၉ ရက်နေ့က ဗန်းမော်မှ လိုင်ဇာသို့ ထွက်ခွာလာခြင်း ဖြစ်သည် ။ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအတွက် ဆေးဝါး ပစ္စည်း ကျပ် ၁၈ သိန်းဖိုး လှူဒါန်းခဲ့ကြောင်း သိရသည် ။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment