.

xxx

February 9, 2013

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ကြံ့ခိုင်မှု ကောင်းလာစေရန် ဘတ်သန်း ၄၀ ကျော် အကုန်ကျခံပြင်ဆင်

Unknown | 2/09/2013 11:56:00 PM | Best Blogger Tips
     2.10.8

                              မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား


မြန်မာ-ထိုင်းနယ်စပ်ရှိ သောင်ရင်းဖြတ်ကျော် ချစ်ကြည်ရေး တံတားအား ထိုင်းဘတ်ငွေ သန်း ၄၀ ကျော် အကုန်ကျခံ ပြုပြင်သွားမည် ဖြစ်ကြောင်း မြ၀တီမြု့ရှိ ထိုင်းအစိုးရ၏ လမ်းပိုင်းတာဝန်ခံ အင်ဂျင်နီယာရုံးမှ သိရသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအား မြ၀တီ-ကော့ကရိတ် ဒေါနတောင် ရှောင်ကွင်း ကုန်သွယ်လမ်းသစ် တည်ဆောက် ဖောက်လုပ်သည့် See Sang ကုမ္ပဏီ လီမိတက်မှ Jet Ground system ဖြင့် ဇန်န၀ါရီလ ၈ ရက်နေ့မှ စတင်ပြုပြင် နေပြီဖြစ်ရာ ဇွန်လနောက်ဆုံးပတ်တွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။
“တံတားဟောင်းကို ပြုပြင်ဖို့ မြ၀တီ-ကော့ကရိတ် ဒုတိယလမ်းသစ် Project ထဲကမှ ထိုင်းဘတ်ငွေ သန်း ၄၀ အကုန်ကျခံ ပြင်ဆင်သွားပါမယ်။ ခုမှစလုပ်တုန်းပဲ ရှိသေးတော့ ပြီးစီးမှု ရာခိုင်နှုန်းကို ပြောဖို့ စောပါသေးတယ်။ ဇွန်လ နောက်ဆုံးပတ်မှာ ပြီးစီးမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ထိုင်းနိုင်ငံ လမ်းတံတား တာဝန်ခံအင်ဂျင်နီယာ MR PRALONG YOOT KASINOWONG က ဆိုခဲ့သည်။
တံတားပြုပြင်နေစဉ် ကာလအတွင်း ခရီးသည်နှင့် ကုန်စည်ကူးလူး သွားလာမှုအား လုံးဝပိတ်ထားမည် မဟုတ်ဘဲ စီးပွားရေးနှင့် ပတ်သက်၍ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားသည် ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော တံတားဖြစ်ကာ အကျယ် ၁၃ မီတာ၊ အရှည် ၄၂၀ မီတာရှိကြောင်း သိရသည်။

http://news-eleven.com/

No comments: