.

xxx

January 15, 2013

ကလို့ထူးဘော DKBA နဲ့ BGF တို့ကြား တင်းမာမှုက ဘာကြောင့်လဲ

Unknown | 1/15/2013 10:13:00 PM | Best Blogger Tips


Wednesday, January 16, 2013


ကလို့ထူးဘော DKBA အဖွဲ့နဲ့ နယ်ခြားစောင့်တပ် BGF အဖွဲ့ ဒီလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တင်းမာမှု ပြဿနာမှာ အသိမ်းခံခဲ့ရတဲ့
လက်နက်အလက် ၄၀ ကို ဒီကေဘီအေ အဖွဲ့က ပြန်လည်ပေးအပ်ခြင်း မရှိသေးဘူးလို့ နယ်ခြားစောင့်တပ်ရင်း ၁၀၁၅ ရဲ့တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင်စိန်ကပြောပါတယ်။

"ဒီကေဘီအေက ဗိုလ်ဘိအဖွဲ့နဲ့ ကျွန်တော်တို့တပ်ရင်းတွေ လှိုင်းဘွဲ့ မြိုင်ကြီးငူဒေသမှာ အတူနေကြတာဘဲ စားနပ်ရိက္ခာကအစ သူတို့ကိုပေးပါတယ်၊ အဲတာကို မပြောမဆိုနဲ့ လက်နက်အလက် ၄၀ လောက်ကို သိမ်းပြီး ပစ်မယ်ခတ်မယ်လုပ်တယ်။ ဒီကိစ္စကိုအေးအေး

ဆေးဆေးဘဲဖြစ်ချင်ပါတယ်။ အဆင့်ဆင့် ညှိနှိုင်း မှုအရ လက်နက်
အချို့ပြန်ပေးတာဘဲရှိတယ်။ ဒီပြဿနာမပြီးသေးဘူး”လို့ သူက ဧရာဝတီကိုပြောပါတယ်။

လက်နက်အသိမ်းခံရတဲ့တပ်ကတပ်မှူးတဦးပြောတာကတော့ " ပြန်ပေးတဲ့ လက်နက်တွေက အဟောင်း တွေအပျက်တွေဘဲပါတယ်။
အလက် ၂၀ လောက်ဘဲရှိတယ်။ ဒါကမတရားလုပ်တာ"လို့ဆိုပါတယ်။

မြိုင်ကြီးငူမှာအခြေစိုက်တဲ့ ကလို့ထူးဘောက ဗိုလ်မှူးကြီးစောဘိတို့ အဖွဲ့ကတော့ မြိုင်ကြီးငူ နယ်ထဲမှာ နယ်ခြား စောင့်တပ်ကလူတွေ သက်သတ်လွတ်မစားဘဲ မူးယစ်သောက်သားတဲ့အတွက် လက်နက် သိမ်းရတာလို့ဆိုပါတယ်။

ကလို့ထူးဘော DKBA အဖွဲ့က ဘားအံမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးမောင်လေး က "လက်နက် တချို့ပြန်ပေး လိုက်ပြီး ကျန်တဲ့
လက်နက်တွေကိုပြန်ပေးဘို့အတွက် စီစဉ်နေပါတယ်”ဆိုတဲ့ အကြောင်း မနေ့က ကော့ကရိတ်မှာ ဧရာဝတီကသတင်းထောက်ကိုပြောဆိုခဲ့ပါတယ်။

ဒီနေ့ထိ မပြီးဆုံးသေးတဲ့ နှစ်ဘက် တင်းမာမှုကြောင့် အပြန်အလှန် စစ်ရေးပြင်ဆင်မှုတွေရှိတဲ့ အ တွက် ဒေသခံတွေ စိုးရိမ်ပူပန်မှု
တွေကြီးထားနေလို့ မြိုင်ကြီးငူက ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးကပြော ပါတယ်။

နယ်ခြားစောင့်တပ်များရဲ့ အမှတ် ၂ တပ်နယ်မှူး ဗိုလ်မှူးကြီးစောကြာအင်း
ကတော့ "ကရင်တွေအားလုံး ဘယ်အဖွဲ့ နဲ့ဘဲဖြစ်ဖြစ် စည်းစည်း
လုံးလုံးညီညီညွှတ်ညွှတ်နဲ့ဖြစ်သွားဘို့ဘဲ ဆက်လုပ်သွားမယ် လို့”ဆိုတဲ့ အကြောင်းဧရာဝတီသတင်းဌာနကို သဘောထားပေးပါတယ်။

လှိုင်းဘွဲမြို့ခံတဦးပြောတာက သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် ကရင်ပြည်နယ်လှိုင်းဘွဲဒေသမှာ စစ်မီးတွေ အချိန်မရွှေးပြန်တောက်နိုင်တယ်လို့ဆိုပါတယ်။

ဧရာဝတီ

No comments: