.

xxx

January 7, 2013

နှစ်ဘက်တပ်နေရာပြန်ချထားရေး ဆွေးနွေးဘို့ ဗမာစစ်အစိုးရ,အဆင်သင့်ဖြစ်သွားပြီ

Unknown | 1/07/2013 02:43:00 AM | Best Blogger Tips



ကရင်ပြည်နယ် သံတောင်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး-KNU တောင်ငူခရိုင်၊ တပ်မဟာ(၂)ထဲ
မှာနယ်ကျွံနေတဲ့ မြန်မာအစိုးရတပ်စခန်း ၃ခုကို အခုရက်ပိုင်းမှာပဲ အစိုးရစစ်ရဟတ်ယာဉ် တစ်စဉ်းလာ

သွားတယ်ဆိုပါလား။

ဇန်န၀ါရီလ ၁ရက်နေ့မှာ တိပ်ပုစခန်း၊ ဇန်န၀ါရီလ ၂ရက်နေ့မှာတော့ ဘူဆာခီးတပ်စခန်းနဲ့ ဘောဂလိကြီး
တပ်စခန်းတွေကိုသွားကြတဲ့အခါမှာ ကာကွယ်ရေးဌာနက,ဗိုလ်ချုပ်လှမင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင်ကျော်ဇော နဲ့တပ်မ (၆၆)မှူး ဗိုလ်မှူးချုပ်ဝင်းဘိုရှိန် ဆိုသူတွေပါတယ်တဲ့ဗျို့။

တပ်အင်အားလည်း ထပ်တိုးထားတယ်။ ဘိလပ်မြေတွေ သံတွေနဲ့ အခိုင်အမာကို စခန်းဆောက်နေကြ
တယ်ဆိုပဲဗျ။
အပစ်အခတ်ရပ်ထားတဲ့ကာလ,မှာ အဲဒီလိုတွေ ပြင်ထားတာ။ တကယ်တမ်းဆွေးနွေးကြပြီဟေ့ဆိုလျင်တော့။ 

နောက်ပိုင်းကျလျင် တပ်တွေ ဘယ်လိုနေရာပြန်ချကြမလဲ ဆိုတာ အင်မတန်ကြည့်ကောင်းမယ့်ပုံပဲ။
အဲဒီအချိန်ကျလျင် ကျုပ်တို့လက်နက်တွေ ပစ်တိုင်းထွက်လို့ ထွက်တိုင်းလည်း ရန်သူကို မှန်ပါစေ။
ဒီလို အချိန်မျိုးမှာ တစ်ချက် တစ်ကောင် ချစ်လေးမောင် ဆိုတဲ့ ကရင့်တပ်မှူး ကို သတိရ,လိုက်ပါဘိ။
ကျည်ပေါက်တာနဲ့ ရန်သူ့လက်နက်ဟာ ကိုယ့်လက်နက်ဖြစ်စေရ,မယ်ဆိုတဲ့ ခေတ်။ 

သို့ပါသော်လည်း ဒါပေမယ့်ပေါ့လေ........။

ကျန်းမာ ချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

 http://phutarmite.blogspot.com/2013/01/blog-post_3876.html

No comments: